နမ့်စန်မြို့ နယ် ကာလေကျေးရွာမှာ အရပ်သားတဦးကို စစ်သားတဦးမှ ဓါးဖြင့်ထိုးသတ်ခဲ့
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ကာလေကျေးရွာ တွင် (3-4-2012)ရက်နေ့က အမှတ်(၁၅၂) ကာလေတပ်မှ တပ်သားတစ်ဦးသည် ၄င်းကျေးရွာ၌ နေထိုင်သော ကိုကတုံး ခေါ်ဒေသခံပြည်သူတစ်ဦးအား ကိုကတုံး ၏ အခန်း၌ပင် ဓါးဖြင့် (၅)ချက်တိတိ ထိုးခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
ထို့အပြင် ......“စစ်တပ်ကိုဘာမှတ်နေသလဲ...စစ်တပ်အကြောင်းသိအောင်လုပ်ပြလု
ိက်တာ ” ဟုကြိမ်း ၀ါးခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့တစ်ဦးမှပြောပြပါသည်။
ထိုတပ်သားအမည်နှင့် ရာထူးကိုမူမသိရှိရပါ။
၎င်းတပ်မှာ (ရ.လ.ခ) ခိုလမ်၏လက်အောက်တွင်တည်ရှိပြီး ယခင်ကာလများ တွင်လည်း ပြည်သူအားအနိုင့်ကျင့်စော်ကားရာ
ရောက်သည့် လုပ်ရပ်ပေါင်းများစွာကို ပြုလုပ်ခဲ့ဖူးကြောင်း  ဒေသခံများက Myanmar News Now ကိုပြောပြပါသည်။ 
Myanmar News Now
နမ့်စန်မြို့ 
4 comments:
Ko Htet said...
ဥပဒေများအားလေးစားလိုက်နာသည့်နေရာ တွင်အတုမရှိသည့် တပ်မချော်ကြီး ဖြစ်ပါသည်။
amtkhunlay said...
မင်းမဲ့ တိုင်းပြည်မဟုတ်သော်ငြား မင်းမဲ့စရိုက်တို့ကို ထိုထိုသော စစ်သားတို့တိုင်းပြည်မြို့ရွာအနှံ့ ပြုမူနေကြပေသည်။ အထိမ်းအကွပ်၊ ပညာ မရှိသော ထိုစစ်သားတို့တွင် လူသတ်လက်နက်ရှိနေခြင်းကား ပြည်သူတို့အတွက် အလွန်ပင် အန္တရာယ်ရှိလှပေသည်။ အဘယ်သို့သော ဥပဒေဖြင့် အရေးယူကြမည်နည်း။
Shwe Mg said...
“စစ်တပ်ကိုဘာမှတ်နေသလဲ...စစ်တပ်အကြောင်းသိအောင်လုပ်ပြလိုက်တာ ” ဟားဟား....၀ါးလုံးခေါင်းထဲ လသာနေတဲ့..လူမိုက်တွေ...ကိုယ်ပြည်သူအချင်းချင်းကြတော့ ဘယ်လိုနှိပ်စက်ရမလဲ နည်းပေါင်းစုံနဲ့..သူတို့တက်တယ်...ကိုလူမျိုး၊ ကိုယ့်နိုင်ငံကို...ဂုတ်သွေးစုတ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အန္တာရယ်ကနေ ပြည်သူကိုဘယ်လိုကာကွယ်မလဲ မစဉ်းစားဘူး...ဥပဒေမဲ့လုပ်ရပ်တွေကို စစ်သားမို့၊ ၀န်ထမ်းမို့..အရေးမယူခဲ့ရင်...နောက်နောင် ပိုဆိုးလာဖို့ပဲရှိတယ်...
Peace said...
တောင်ပိုင်းဆို နမ့်စန်ဖြစ်လိမ့်မယ် ထင်တယ်။
Powered by Blogger.