ဒေါ်အောင်ဆန်းစုကြည်- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတာသဘင်နောက်ဆုံးရက်.......(ရုပ်/သံ) ၈၈ မျိုးဆက်သစ်သံချပ်အဖွဲ့ သင်္ကြန်အတတ်နေ့ညနေ ၅ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် သံချပ်ဖြင့်ဖျော်ဖြေခဲ့သည်။
14 comments:
ကျုပ်က အမေစုကို သီးသန့်တော့ လက်အုပ်ချီ ကန်တော့ခြင်းမပြုရသေးပါဘူး။ ဒီထဲမှာ ကားပေါ်မှ အမေစုကို လက်အုပ်ချီကန်တော့သွားသေား ညီမလေး ဒီနေ့ဒီချိန်မှစပြီး ဘဝခရီး အကောင်းကြီးဝေဖြာ လိုရာပြည့် ရတနာတိမိုး ရွာသွန်းလို့ တိုးစေသော်။ ဒီနေရာမှာ ဖြီုး စာလုံးဟာ ဘယ်သောအခါမှ ကောင်းစေတာမတွေ့ရ၍ ၊ ပြည့်စုံစေတာမတွေ့ရ၍ မသုံးပဲထားလိုက်ပါသည်။
အဆင့်အတန်း မခွဲခြား ပြည်သူတွေနဲ့ တသားတည်း ရှိနေတဲ့ အမေစု ရဲ့ အပြုံး၊ နှစ်ပေါင်းများစွား ထောင်နံရံတွေကြားထဲမှာ နေခဲ့ရပြီး ယခုမှ လွတ်လွတ်လပ်လပ် သင်္ကြန်ပွဲကို ပျော်ရွှင်စွာဆင်နွှဲခွင့် ရရှာတဲ့ ၈၈ ကျောင်းသားတို့ရဲခေါင်းဆောင် ကို မင်းကိုနိုင်ရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ ဟန်ပန်၊ ကားပေါ်ကနေ အမေစုကို လက်အုပ်ချီကန်တော့ သွားတဲ့ ညီမငယ်တစ်ယောက်ရဲ့ လေးစားစရာကောင်းတဲ့ အမူအယာ- အို ... ပြောမပြတတ်အောင် ဘ၀မှာ မမေ့နိုင်စရာကောင်းတဲ့ ကြည်နူးဝမ်းသာစရာ မြင်ကွင်းလေးပါလား။
အဆင့်အတန်း မခွဲခြား ပြည်သူတွေနဲ့ တသားတည်း ရှိနေတဲ့ အမေစု ရဲ့ အပြုံး၊ နှစ်ပေါင်းများစွား ထောင်နံရံတွေကြားထဲမှာ နေခဲ့ရပြီး ယခုမှ လွတ်လွတ်လပ်လပ် သင်္ကြန်ပွဲကို ပျော်ရွှင်စွာဆင်နွှဲခွင့် ရရှာတဲ့ ၈၈ ကျောင်းသားတို့ရဲခေါင်းဆောင် ကို မင်းကိုနိုင်ရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ ဟန်ပန်၊ ကားပေါ်ကနေ အမေစုကို လက်အုပ်ချီကန်တော့ သွားတဲ့ ညီမငယ်တစ်ယောက်ရဲ့ လေးစားစရာကောင်းတဲ့ အမူအယာ- အို ... ပြောမပြတတ်အောင် ဘ၀မှာ မမေ့နိုင်စရာကောင်းတဲ့ ကြည်နူးဝမ်းသာစရာ မြင်ကွင်းလေးပါလား။
ဒီနှစ်သင်္ကြန်ဟာ 88 မျိုးဆက်သစ်တွေရဲ့ အတိပ်နိမိတ်ကောင်းပါပဲ...ဘာဖြစ်လဲဆိုတော့ malaysia lottery magnum 15.4.2012 ပထမဆုပေါက်မဲနံပါတ်ကတော့ ( 1988 )ပါပဲဗျာ.. ကိုမင်းကိုနိုင် သံချပ်အဖွဲ့ကလည်း 88 မျိုးဆက်..88 မျိုးဆက်ဆိုပြီး အတိပ်စိမ်းတွေပေးနေတာကို..မထိုးမိတာ အရမ်းနာတယ်...အဲဒီနေ့က နည်းနည်းများသွားတယ်လေ...။
ဒို့လူငယ်လေးတွေအားလုံး တကယ့်ကို လေးစား အတုယူသင့်လှတဲ့ အမေစုပါ။ လူတိုင်း ပါဝါဆိုတာကို လိုချင်ကြတယ် မက်မောကြတယ် နည်းမျိုးစုံနဲ့ တည်ဆောက်ကြတယ်။ လက်နက်အားကိုး ပညာအားကိုး ဆွေမျိုးအားကိုး ဥစ္စာဓနအားကိုး စသည်ဖြင့်မျိုးစုံပေါ့ ... အဲဒါတွေ ဘယ်ဟာမှမကောင်းဘူး သူတော်ကောင်းတို့ မချီးမွမ်းအပ်ဘူး။ အမေစုကတော့ မေတ္တာ တရားနဲ့ ပါဝါဆိုတဲ့ စွမ်းအင်ကို တည်ဆောက်တည်။ သင်္ကြန်မှာ လျှောက်လည်ပြီး အစွမ်းကုန် ပျော်နေ ကဲနေတဲ့ ကလေးတွေ အမေစုကို မြင်လိုက်ရတဲ့အချိန် သူတို့မျက်နှာမှာ ပြောင်းလဲသွားတဲ့ ခံစားချက် အော်တိုမက်တစ်လက်အုပ်ချီဖြစ်သွားတဲ့ အပြုအမူ အားလုံးဟာ အာဏာနဲ့ လက်နက်နဲ့ လူအုပ်စုအားကိုးနဲ့ တည်ဆောက်ထားတဲ့စွမ်းအင်တွေ ပါဝါတွေမဟုတ်ပါဘူး။ ၂မိနစ်မပြည့်တဲ့ ဗီဒီယိုကလစ်လေးကိုကြည့်ပြီး မျက်ရည်လည် တဲ့အထိ heart ထိသွားခဲ့ပါတယ်။ လူရမ်း ကားတွေ နည်းမျိုးစုံသောင်းကျန်းပြီး ကြီးပွား ချမ်းသာအောင် ပါဝါတည်ဆောက်ထားတာ လုံးဝအားမကျလိုက်ပါနဲ့။ သူတို့ အတွက် နောက်ဆုံးပျားရည်တစ်စက်နဲ့တူတဲ့ ကုသိုလ် အကျိုးလေးကို ခံစားနေတာပါ။ မြတ်စွာဘုရားဟောခဲ့တဲ့ ကံနဲ့ကံ၏အကျိုးတွေကိုယုံပါ လက်တွေ့မှာလည်း အများ ကြီးတွေ့နေမြင်နေရပါတယ် ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာပြည်မှာလူဖြစ်နေပြီးတော့ ဟင်းအိုးထဲမွှေတဲ့ယောင်းမက ဟင်းအရသာမသိတဲ့ လူမိုက်ရဲ့ အဖြစ်မျိုးမဖြစ်ကြပါစေနဲ့။
လူငယ်လူကြီးအားလုံး မင်္ဂလာရှိသော မြန်မာနှစ်သစ်မှ စပြီး အမြဲတမ်း ကောင်းရာမြတ်နိုး ကောင်းကျိုးဆောင်နိုင်ကြပါစေ ကောင်းကျိုးဝေဖြာ ကောင်းမိုးတွေရွာနိုင်ကြပါစေ ...
အမေစု နဲအမေစုကိုချစ်တြဲ့ပည်သူတွေကိုကြည့်ပြီးစိတ်ကြည်နူးလိုက်တာဗျာ...့
ပျော်စရာကောင်းတယ်ဗျာ.. ဒီမြင်ကွင်းတွေအတွက် သတင်းတင်ပေးသူအား ကျေးဇူးအထူးတင်လျက်...
ဖိုးတောက်
ပြည်သူကိုမေတာပေးလျှင်ပြည်သူဆီမှလေးစားချစ်ခင်ရိုသေမှုကိုပြန်ရပါ၏။
အစိုးရအရာရှိကြီးများအားကျအတုယူကြပါကုန်။
မျက်ရည်ကျအောင်ထိတယ်ဗျာ။ ။
ဒို့ချစ်သောအမေ...
ကျက်သရေမင်္ဂလာအပေါင်းခညောင်း
ပါတယ်။
အမေနှစ်သစ်မှာလူသစ်စိတ်သစ်နဲ့
ပြည်သူအားလုံးရဲ့အခက်ခဲများစွာကိုဖြေ
ရှင်းပေးနိုင်ပါစေ..
အမေစု ကျန်းမာပြီး အသက်ရှည်ရှည်နေပေးပါနော်.
ကောင်းကျိုးအထွေထွေနဲ့ ဒေါင်းအိုးဝေများ တွန်ကြ ကကြပါစို့
ခေတ်အဆက်ဆက် ကနေ ခွပ်ခဲ့ရလို့ ကျနော်တို့ရဲ့ တောင်ပံများလည်းပင်ပန်းနွမ်းနယ်ခဲ့ပါပြီ အိုးဝေတွန်သံမှသည် အမိမြန်မာပြည်ကြီး ငြိမ်းချမ်းရေးဆီသို့
ကားပေါ်က အမျိုးသမီးက လက်အုပ်ချီပြီး အမေစုကို ကန်တော့သွားတယ်။
ကြည့်ရတာ ကြည်နူးစရာပဲ။
ကြည့်နေရင်နဲ့အရမ်းပီတိဖြစ်တယ်ဗျာ...အမေစုရဲ့ အပြုံး။ကိုမင်းကိုနိုင်ရဲ့ မြူးကြွတဲ့ မြင်ကွင်း။NLD ပါတီဝင်များရဲ့ညီညွတ်မှုစွမ်းအား။ကားပေါ်က ညီမလေးရဲ့ ရိုသေကိုင်းရှိုင်းနေပုံ ကျေနပ်စရာ ကောင်းတယ်ဗျာ။ဒီနှစ်သင်္ကြန်ကတော့ အရမ်းကို ပြည့်စုံသွားပြီဗျာ...
Post a Comment