ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံးအဖွဲ့တို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေးဆွေးနွေးခဲ့
ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 8 Apr, 2012
by Myit Makha Mediagroup on 8 Apr, 2012
၂၀၁၂ခုနှစ် ဧပြီလ ၈ရက် နံနက် ၁၀နာရီခွဲခန့်အချိန်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်
ကရင်အမျိုးသားအစည်းအရုံးအဖွဲ့(KNU) နှင့် တွေ့ဆုံပြီး
တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
လုပ်ငန်းစဉ်အကြောင်း ၊ ကရင်တိုင်းရင်းသားများ လိုအပ်ချက် နှင့်
ရှေ့လုပ်ငန်းစဉ်အကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်မတို့ရဲ့
တွေ့ဆုံပွဲဟာ အဓိကအားဖြင့်တော့ ကျွန်မတို့
ဒီကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်
အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ပြောဖြစ်တယ်။
ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ အတွက်ကို ကျွန်မတို့
ကရင်တိုင်းရင်းသားများအနေနဲ့ တိုင်းရင်းသားတွေအနေနဲ့ လိုအပ်ချက်က ဘာလဲဆိုတာ
ကျွန်မတို့ ဆွေးနွေးတာ ဖြစ်တယ်။ ကျွန်မတို့ နောက်ထပ်
ဘယ်လိုဆက်လက်ဆောင်ရွက်မှုတွေ လုပ်မလဲဆိုတာကို အသိပေး ဆွေးနွေးတာ ဖြစ်ပါတယ်။ “
ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က
ပြောသည်။
ကရင်အမျိုးသားအစည်းအရုံးအဖွဲ့သည်
တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်နေသလို စစ်မှန်သော
ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော်အစိုးရနှင့်
တိုင်းသူပြည်သူများ၏ လုပ်ဆောင်ချက်သည်လည်း အရေးကြီးကြောင်း
ကရင်အမျိုးသားအစည်းအရုံးမှ ပြောကြားခဲ့သည်။
“စစ်မှန်တဲ့ငြိမ်းချမ်းရေးကို
အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုလုပ်ငန်းတွေကို ဘယ်ပုံစံနဲ့
လုပ်ဆောင်မလဲဆိုတာ ကျွန်မတို့ ဆွေးနွေးတာ ရှိပါတယ်။ ကျွန်မတို့
ဆွေးနွေးပြီး လက်ခံထားတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ထုတ်တယ်ဆိုတဲ့
အခါမှာ တိုင်းသူပြည်သားတွေ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်
နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်မှုဟာလဲ
အရေးပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံးမှ နော်စီဖိုးရာစိန်က ဆက်လက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ဦးတည်ချက်သည် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ပေါ်လာရန်
ကြိုးပမ်းနေခြင်းကြောင့် ယခုကဲ့သို့ ကရင်အမျိုးသားအစည်းအရုံးနှင့်
တွေ့ဆုံဆွေးနွေးရခြင်းကို အန်အယ်လ်ဒီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အင်မတန်မှ အားရကြောင်းနှင့် ထူးခြားသော
ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်တာကြောင့်မို့
တိုင်းရင်းသားများ အားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ
ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့
အမျိုးသားရင့်ကြားစေရေးကို အများကြီး အထောက်အကူ ဖြစ်စေနိုင်တဲ့ အလျောက်
ဒီလိုတွေ့နိုင်တာကို ကျွန်မတို့ အင်မတန်မှ ၀မ်းသာတယ် အင်မတန်မှ ဂုဏ်ယူတယ်
ဆွေးနွေးရတာ ကျွန်မတို့ အင်မတန်မှ အားရပါတယ်။ အမြင်ချင်းလဲ တူနေတယ်ဆိုတာကို
တွေ့ရပါတယ်။ အမြင်ချင်းတူတာကြောင့်မို့ နောင်ညီညွတ်မှုအတွက် ဒါဟာအင်မတန်မှ
ကောင်းတဲ့ အလားအလာလို့ ကျွန်မပြောနိုင်ပါတယ်။” ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် (KNU) ကရင်အမျိုးသား အစည်းအရုံးတို့သည်
တစ်နာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပ
သတင်းထောက်အချို့၏ မေးမြန်းချက်များကို ဖြေကြားပေးခဲ့ပြီး နေ့လည်
၁၂နာရီခွဲခန့်အချိန်တွင် ပြီးဆုံးခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံးသည်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံခဲ့စဉ်၌
တိုင်းပြည်တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် နှင့်
ကရင်အမျိုးသားအစည်းအရုံးကို မတရားအသင်းဟု အမည်တပ်ခေါ်ဆိုခြင်းကိစ္စများကို
ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံးအဖွဲ့တို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေးဆွေးနွေးခဲ့
Reviewed by သစ်ထူးလွင်
on
18:28
Rating:
3 comments:
ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတဲ့ စကားကောင်းကောင်းနားမလည်ပါ။
၈ ပြည်နယ်လုပ်မည်ပာုပြောကြသည်။ ဗမာလူမျိုးအကုန်လုံးအတွက်
ပြည်နယ်တစ်ခု ဟုဆိုကြသည်။
ထိုသို့ဆိုလျှင် ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုသည်မှာ ကရင်ပြည်နယ်က
တစ်ကျပ်ရလျှင် ဗမာပြည်နယ်ကလည်း တစ်ကျပ်ရမည်ဟု ဆိုလိုသလားဟု
တွေးမိသည်။ ဒီလိုဆိုရင်တော့ မမျှတဟုထင်ပါသည်။ ကရင်ဖြစ်စေ၊ ဗမာဖြစ်စေ၊ ဘယ်နိုင်ငံသားမဆို တစ်ယောက်လျှင် တစ်ကျပ်နှုန်းဟုဆိုပါက
ပိုပြီးမျှတမည်ဟုထင်ပါသည်။ နားလည်သူများရှင်းပြကြစေချင်ပါသည်။
မျှတမှုဆိုတဲ့အဓိပါယ်ဟာနက်ရှိုင်းပါလိမ့်မယ်။သာတူညီမျှဆိုတာလည်းအလားတူပါဘဲ။ကြိုးစားမှုခြင်း၊အားထုတ်မှုခြင်း၊ဥာဏ်ပညာခြင်း၊ရိုးသားမှုခြင်း-စသည်တို့
တူညီမှုမရှိဘဲမျှတဘို့၊ညီမျှဘို့ဆိုတာတွေတူညီဘို့မလွယ်သလို၊ပိုင်ဆိုင်မှုတွေခြင်းမတူတာကလည်းညီမျှဘို့အပိုင်းတွေမှာအဟန့်အတားတွေဖြစ်နေပါတယ်။ကျွန်
တော်တို့ညှိနိုင်တဲ့အရာတွေကိုတဆင့်ပြီးတဆင့်ညီအောင်ဆောင်ရွက်ကြမှသာညီ
မျှမှု၊မျှတမှုတွေနဲ့နီးစပ်လာမှာပါ။ထိုက်သင့်တဲ့အချိန်နဲ့ထိုက်သင့်တဲ့ဆောင်ရွက်မှုတွေ၊စောင့်စည်းမှုတွေ၊လေ့လာမှုတွေ၊သင်ကြားမှုတွေ၊ညှိနှိုင်းမှုတွေဆက်
တိုက်ပြုမှရပါလိမ့်မယ်။အခြေအနေတွေတည်ဆောက်မှုမရှိဘဲနဲ့အပေါ်ယံညီ
ညွတ်ခြင်လို့၊မျှတခြင်လို့မရနိုင်ပါဘူး။အားလုံးတကျပ်စီရခြင်ရင် တကျပ်စီ
ရအောင်လုပ်နိုင်မဲ့အသိပညာအတတ်ပညာကြိုးစားအားထုတ်မှုတွေညီနိုင်သ
လောက်ညီရပါလိမ့်မယ်။စူကြုံနိမ့်မြင့်ရှိသင့်သလောက်ရှိနိုင်တာကိုနားလည်
ဘို့ကြိုးစားကြပြီး၊ကွဟချက်ကြီးမားမှုတွေကိုနဲနိုင်သမျှနဲအောင်ဆောင်ရွက်
ကြရပါမယ်။ကွာဟချက်ကြီးမားမှုဟာညီညွတ်မှု၊မျှတမှုရဲ့အဓိကရန်သူလို့
ထင်မြင်မိပါတယ်။
နယ်စပ်တလျှောက်ဒုက္ခေ၇ာက်နေ၇ရှာတဲ.က၇င်လူမျိုးတွေသနားစ၇ာ
အ၇မ်းကောင်းတယ်။မြှောက်ပေးတိုင်းလျှောက်လုပ်တဲ.ကျောင်းဆင်းခါစ
ဗိုလ်ပေါက်စတွေလဲက၇င်ပြည်မှာကြွကုန်တာမနည်းတော.ဘူး၊
KNU ကအမေစုကိုယုံကြည်အားကိုးနေပုံ၇တယ်။တကယ်ညိမ်းလို၇င်တော.
နှစ်ဖက်အပြီးညှိဖို.အချိန်ကောင်းဘဲ။
၊အောင်သောင်းတို.၊အောင်မင်းတို.၊ပွဲဆူတိုင်းအမြဲပါတဲ.ဆူပါငဖါးကြီး
မြတ်ခိုင်တို.လွှတ်လို.တော.အလကားဘဲ။ကချင်ကိစ္စနဲ.၀ကစ္စ
သာကြည်.တော.။
အမေ၀င်ပြောမှဖြစ်မှာပါ၊......
Post a Comment