မြန်မာ့အင်တာနက်ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည်

တိုကျို ဧပြီ ၂၁

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်တိုးတက်ရေးစီမံကိန်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန်ရှိကြောင်းသိရသည်။
တိုကျိုမြိုကတွင် ဧပြီင်္၂၁ရက်က ကျင်းပသည့် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးတွင် ဂျပန်က ညွှန်းဆိုပြသသည့် မဲခေါင်ဒေသတွင်းနိုင်ငံ(၅) နိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အဆိုပါ စီမံကိန်းနှစ်ခုအားရေးဆွဲထည့်သွင်းထားခြင်းဖြစ်သည်။
ထိုဖွံ့ဖြိုရေးစီမံကိန်းများတွင် မြန်မာနိုငငံက (၁၂)ခု။ကမ္ဘောဒီးယားက (၈)ခု၊လာအိုက (၇)ခု၊ထိုင်းက (၄)ခု၊ဗီယက်နမ်က (၂၆)ခုတို့ဖြစ်ကြသည်။
ထိပ်သီးအစည်းအဝေးတွင် အခြေခံအဆောက်အုံစီမံကိန်း (၅၇)ခုကို မိမိတို့အဆိုပြုတင်ပြခဲ့ပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒက ထုတ်ဖော်ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲအပြီး မဲခေါင်-ဂျပန်နိုင်ငံအကြီးအကဲများထွက်ခွာစဉ်။

 Yangon Media Group
မြန်မာ့အင်တာနက်ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည် မြန်မာ့အင်တာနက်ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည် Reviewed by သစ်ထူးလွင် on 10:55 Rating: 5

14 comments:

အမျိုးသားနိုင်ငံရေးဝါဒီ said...

အင်တာနက်နဲ့ဆက်သွယ်ရေးစနစ်က အထူးလိုအပ်လှပါတယ်.. ဂျပန်က အခုလိုကူညီမယ့်သတင်းကြရတဲ့အတွက် အတိုင်းအထက်လွတ်ပဲဗျာ... ကြိုဆိုပါတယ်...

အရှိအတိုင်း said...

အင်း..ဒီတစ်သက် ဒီconc;ကကောင်းဦးမယ်ပေါ့...

ayesoe said...

မြန်မာသတင်းမှန်သမျှ ဒီသတင်းက အကျိုးအရှိဆုံးပဲ

Anonymous said...

အမြန်အကူအညီပေးကြပါ ညာဘက်လက်ကဖုန်းနဲ့ ဘယ်ဘက်လက်ကဖုန်းကို
ခေါ်တာ ဧရိယာပြင်ပရောက်နေတယ်လို့ပြန်ဖြေတာ ရင်နာလွန်းလို့ (လူကြီးမင်း
ဖုန်းဝယ်တာမှားတယ်လို့)ပြန်ဖြေရမှာ

Anonymous said...

အမြန်အကူအညီပေးကြပါ ညာဘက်လက်ကဖုန်းနဲ့ ဘယ်ဘက်လက်ကဖုန်းကို
ခေါ်တာ ဧရိယာပြင်ပရောက်နေတယ်လို့ပြန်ဖြေတာ ရင်နာလွန်းလို့ (လူကြီးမင်း
ဖုန်းဝယ်တာမှားတယ်လို့)ပြန်ဖြေရမှာ

လင်းသစ် said...

မြန်မာဘက်က
ဘာတွေလိုက်လျှော ပေးရတယ်ဆိုတာလေးလဲ
သိချင်မိပါတယ်
ကိုသစ်ရေ...

နေစိုး said...

ဒီလိုအကူအညီမျိုးကမှပြည်သူတွေခံစားခွင့်ရမယ်ဗျို့။၂သိန်းနဲ့ဂုတ်သွေးစုတ်မဲ့ကောငိတွေလည် မစုတ်နူိုင်တော့ဘူး။တယုတ် chinaအကူအညီမျိုးဆိုရင် တိုင်းပြည်ကအကြွေးတွေနစ် crony တွေအနှစ်တွေကြီးစားသွားမှာဗျို့။သမ္မတ ကြီးကလည်း ဂျပန်းတွေကိုလာရောက်ရင်နှီးမြှပ်နှံဖို့ခေါ်လိုက်တာ။ဘယ်မှာလဲလျှပ်စစ် ရှိသမျှကို တယုတ် နှင့်ထိုင်း ကို ရောင်းပြီးနေပြီလေ။

bomberman said...

ကျွတ်ကျွတ်ကျွတ်
ကိုရွှေဂျပန်တော့ နာမည်ပျက်တော့မှာပဲ
သေချာ မကောင်းအောင် လုပ်ထားပါတယ်ဆိုမှ
အဲဒီအတွက် ပေးတဲ့ ယန်းတွေတော့ သပိတ်ဝင် အိတ်ဝင်ပဲ

Aung Soe Oo said...

အရင်စစ်အစိုးရလက်ထက်ကအော်အော်နေတဲ့စီပွါးရေးပိတ်ဆို့တာတို့မမှူပါဆို ကမ္ဘာမှာရပ်တည်ဖို့ကမ္ဘာနဲ့လိုက်လျောညီထွေရှိဖို့လိုတယ်ဆိုတာကိုလက်ရှိအစိုးရသဘောပေါက်သွားတဲ့အတွက်ရရျိတဲ့အကျိုးအမြတ်တခုပါတကယ်ကိုဖြစ်သင့်တာပါ တချိန်ကအဆင်းရဲဆုံးတိုင်းပြည်ဘင်္ဂလာဒေ့စ်နိုင်ငံတောင် စင်ကာပူ-ဘင်္ဂလားဖုန်းခေါ်ရင် ၁ မိနစ်ကို ၆ cents တဲ့ မြန်မာနဲ့စင်ကာပူဖုန်းခေါ်ရင် ၁ မိနစ်ကို ၁ ဒေါ်လာတဲ့ဗျာ တိုင်းပြည်ဘယ်အဆင့်မှာကျန်ခဲ့သလဲစဉ်းစားသာကြည့်ကြပါဗျာ..

နေကြာရိုး said...

အကြွေးတွေ လျှော်ပစ်တယ်ဆိုပြီး ပျော်နေရင်တော့ ဗိုလ်ချုပ်ပြောတဲ့ကိန်းရောက်မှာ လည်း စိုးရသေး။ အစိုးရက ဒီအကြွေးတွေအတွက် တိုင်းပြည်ကို ဘာတွေလုပ်ခွင့်ပေးခဲ့ပါလိမ့်။ နားလှည့်ပြီး ပါးရိုက်တတ်တယ်ဆိုတာလည်း သတိလေးချပ်အုံးမှနော။် ဒီခေတ်ကြီးမှာ ဒေါ်လာတစ်ဆယ်တောင် အကျိုးမဲ့ ဘယ်သူကမှ အလကားမပေးဘူးဆိုတော့။
ပြည်သူတွေရဲ့ အပူကို အစိုးရက အမှန်အတိုင်း ရှင်းပြနိုင်ပါစေ။ ပြီးမှ မြစ်ဆုံလို လိုက်ကန့်ကွက်နေရတာ အချိန်ကုန်လူပန်း။

Anonymous said...

ဂျပန်တွေ ချမ်းသာကြီးပွားကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။နောက်နှစ်နှစ်ဆယ်အတွင်းမှာ မြန်မာတွေကျေးဇူးပြန်ဆပ်နိုင်ပါလိမ့်မယ်။ဂျပန်အရှံးမရှိပါ။

Unknown said...

အင်တာနက်ကိုတိုးတက်အောင်ကူညီမယ်ဆိုတော့ ကျေးဇူးအထူးတင်ပါတယ်
ဝမ်းသာပါတယ်....။မြန်မာစကားပုံရှိတယ်နော်....ပျက်အစဉ်..ပြင်ခန
ဆိုတာ...။ဂျပန်နည်းပညာလောက်ကတော့ မြန်မာကပျင်းတောင်ပျင်းသေး
တယ်.....။မြန်မာက ဖျက်ကင်းနစ်ပညာအ၇မ်းတော်တယ်နော်....။

ရာရာ said...

ကြည်လည်းလုပ်ဦး ကိုဂျပန်ရေ...မင်းတို့ အင်တာနက်စပိတွေပါနှေးသွားလို့ ပြီးမှကြောက်ပါပြီဗျ လို့မအော်နဲ့နော်...

naywinhan said...

ကျွန်တော်ထင်ပါတယ် ဗျာ လုံးဝ ကိုဗျာ ဘယ်နိုင်ငံ က ပဲ လာ လုပ်ပေး လုပ်ပေး ကမ္ဘာ့ အကောင်း ဆုံး အင်တာနက် ကြီး မြန်မာပြည်မှာ ဖြစ် လာ ရင်.........ဒီ အစိုရ က တော့ လိုင်းကို ချ ထားအုံး မှာ ပဲ ဗျ........မြန်မာပြည် ကလူတွေ က သတင်းတွေ ကို အင်တာနက် တင် ကြတာ လေဗျာ.............မထင်ပါဘူး ဘယ်တော့ မှ ကောင်းလာမှာ မဟုတ်တာကိုပါ

Powered by Blogger.