မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက် အရသိရှိရသည်။
မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့ ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။
ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်
မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့်
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။
Yangon Press International
ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ
Reviewed by သစ်ထူးလွင်
on
19:09
Rating:
18 comments:
သမ္မတကြီး ကတော့ အလုပ်နဲ့သက်သေပြနေပြီ
NLD ရေ
ဂျပန်နိုင်ငံနဲ့ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေက လေးလွန်းလို့ လျှော့ပေးနိုင်မယ့်သူများကို ထပ်ပြီးမျှော်လင့်နေရဦးမျာပါခင်ဗျား။
ဂျပန်ကို တင်ခဲ့တဲ့ အကြွေး ဂျပန်က လျှော်ပစ်ခဲ့ သလို ပြည်သူတွေ ကို တင်ခဲ့တဲ့ အကြွေးတွေ ပြည်သူတွေက လျှော်လိုက်ကြယင်တောင် သံသရာကြွေး ကိုတော့ ဘယ်သူလာပြီး လျှော်ပစ် ပါအံ့
special thank ပါ japan ဂျပန်ကလူကြီးမင်းတွေကိုအတိုင်းထက်အလွန်ကျေးဇူးတင်ပါတယ်.ဘဘကြီးဦးသိန်းစိန်တော်တယ်ဗျာအရမ်းကိုတော်ပါတယ်.အရင်လူတွေထားခဲ့တဲ့ရွှံ့ကိုရွှေဖြစ်အောင်လုပ်ပြလိုက်ပါဘဘကြီးသိန်းစိန်...
Thanks a lot all Japan leaders n japanese.
အရာရာကိုလိုချင်ရင်ပေးဆပ်ရတာပဲ
ကိုယ်က အရင်ပေးဆပ်ခဲ့ ရင် လည်း အရာရာဟာရောက်လာခဲ့တာပါ။ ကောင်း ပါတယ်
တိုင်းပြည်အတွက် ကောင်းသောသတင်းဖြစ်ပါတယ်။ အနှောင်အဖွဲ့တွေတော့ လွတ်စေချင်တယ်။
ဘဘဦးသိန်းစိန်ရဲ့ စွမ်းဆောင်ချက်ကြောင့်လို့ ထင်နေကြသလား
အများပြည်သူများ။ အကြောင်းရှိလို့ အကျိုးဖြစ်တာပါ ။
ကဲ ဘဘ သမ္မတကြီးရေ ဂျပန်ကတော့ လျှော်လိုက်ပြီ တတပြီးယုတ်တဲ့ (တရုတ်)ကရော လျှော်မှာလား တောင်းမှာလား အိမ်းနီးချင်း ဆွေမျိုးပေါက်ဖော်လို့ သုံးတက်တဲ့ တတယုတ်ကို ရော ဘယ်လိုဆုံးဖြတ်ခိုင်းမှာလဲ မြန်မာပြည်က သယံဇာတတွေတော့ တတယုတ် တွေကြောင့် ကုန်သလောက်ဖြစ်နေပြီနော်
သမတ ဦးသိန်းစိန် ကို ဂရုဏာသက်မိပါသည်။
အကြွေးတွေကိုယူတုန်းကယူထားပြီး၊လုပ်ချင်တိုင်း
လဲလုပ်သွားကြလို့ ၊တိုင်းပြည်လဲမွဲပြီးကျန်ခဲ့တယ်။
အကြွေးထုပ်ကြီးနဲ့ ထားခဲ့တဲ့ သူတွေကတော့၊
သေတဲ့လူတွေလဲသေပြီ။ရှိတဲ့လူတွေလဲရှိကြသေးတယ်။
သူတို့ နဲ့ ဘာမှမဆိုင်သလို ထားခဲ့ကြတာ။
ဒါလားပဲာ့...ဥက္ကဌကြီးတို့ ၊နိုင်ငံတော်အကြီးအကဲ ဆိုတဲ့၊
ခွေးမသားတွေပြောခဲ့ကြတဲ့ မျိုးချစ်စိတ်ဆိုတာ .......
သမ္မတကြီး ဦးသိန်းစိန်နဲ့ အကြံပေးပညာရှင်များ ကျန်းမာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ...
နိုင်ငံသားတို့ရဲ့ အကျိုးကို ရှေးရှုဆောင်ရွက်နေတဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဒုတိယအကြိမ် အလေးပြုပါတယ်...
ပထမအကြိမ် အလေးပြုတာက မြန်မာနိုင်ငံကို လူလိုသူလို မဆက်ဆံဘဲ လက်လွှတ်စပယ် ဆက်ဆံတဲ့၊ သဘာဝ သယံဇာတတွေကို သွေးစုတ်ဖုတ်ကောင်လို ယူချင်တိုင်းယူနေတဲ့ စိနတွေရဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူ့သဘောအတိုင်း ရပ်တန့်ပေးတဲ့ ရဲရင့်သောဆုံးဖြတ်ချက်ကို ချပေးနိုင်လို့ပါ...
အခြားဗိုလ်ချုပ်ကြီးများ...တိုင်းပြည်ချစ်တတ်ပါစေ...
စိနတွေဆီက ငွေချေးပြီး အကျိုးမပြုတဲ့ ဆည်တွေဆက်ဆောက်နေတာ၊ မဂ္ဂါဝပ် ၁၀၀၀ ထွက်မယ်ပြောပြီး ၁၀၀ လောက်ပဲ ထွက်တဲ့ လျှပ်စစ်စီမံကိန်းတွေ ဆက်လုပ်မှာတွေ ရပ်ပစ်သင့်ပါပြီ...
၁၁ ဘီလျံ - ၃.၇၂ ဘီလျံ = ၇.၂၈ ဘီလျံ
ဘယ်သူတော်တာလဲ။မှားနေပြီ။
ဂျပန်ရယ်..ကျမ်းကြိန်စာပြင်ပြီးမှလျှော်ပါလား။
ခဏလေးစောင့်သင့်တယ်။
နောက်ကိုပြည်သူသဘောထားကောက်ခံစေချင်တယ်။
လျှော်ပေးတာ ပြန်မတင်အောင် နေ၇ာ၇ လူကြီးမင်းအပေါင်းတို. သတိသံဝေဂ၇၇င် ကျေနပ်လှပါပြီ။
သမ္မတကြီးအားအလေးပြုလျှက်ပါ.......။သန်း၆၀သောပြည်သူတွေအတွက်သမ္မတကြီးအမြဲကျန်းမာနေပါစေ။
သေသေချာချာကြည့်ကြပါဦး၊ ဓါတ်ပုံထဲမှာသမ္မတ မျက်နာ မဲ့နေသလို ပါဘဲ့၊
သူ့ အရင် မျိုးချစ် (သူ့ အမျိုး တွေအတွက်သာ သိတတ်၊ချစ်တတ်တဲ့) ပုဇွန်ခေါင်း၊ ခေါင်းရှောင်ကြီးတွေ လုပ့်သွား တာ ငါကရှင်းပေး (အပြောခံ) နေရတယ်လို့ တွေးနေမလားလို့ ထင်မိလို့ ပါ။
တိုင်းပြည်ကိုတကယ်ချစ်တာပါပြောပြီးလွှတ်တော်ထဲအမတ်ဝင်လုပ်နေတဲ့စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေရှက်တတ်ရင်သတ်သေဖို့ကောင်းတယ်ဗျာ.....
ဂျပန် နိုင်ငံက ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ တ၇ုပ်ကတော့ ယူဖို့ပဲသိတယ် ပေးဖို့မစဉ်းဘူး။ ခွေးတရုတ်တွေ။
အဲဒီငွေတွေထဲကတစ်ဝက်လောက်ကနေပြည်တော်မှာရှိတဲ့ကန်ဒေါ်လာ ၇သန်းတန်အိမ်တွေ။တရုတ်နိုင်င်္ငကဇိမ်ခံအိမ်တွေ တရုတ်နိုင်ငံကဘဏ်တွေ ထဲမှာရယ် အခြားစိန်တွေရယ် သားစဉ်မြေးဆက်ဖြုန်းတီးတာတွေရယ်ဆိုတဲ့ခေါင်းစဉ်တွေအောက်မှာပျောက်ဆုံးခဲရတာတွေပါ။ ဒီသမ္မတကြီးကျမှ ဟယ်ရီပေါ်တာလို တံမျက်စည်းပျံ မစီးရပဲ တံမျက်စီးနဲ့ရှင်းနေရတဲ့ရှေ့အဆက်ဆက်က အမှိုက်တွေ အမှိုက်တွေ။ ။ကမ္မတကြီးခေါင်းကိုက်မယ်ဆိုလည်း ကိုက်လောက်ပါတယ်...
Post a Comment