ရန်ကုန်သင်္ကြန် ယာဉ်မတော်တဆမှု ၄ ဦးသေ၊ ၁၀၀ ကျော် ဒဏ်ရာရ

မဟာသင်္ကြန် အကြတ်နေ့ (ပထမရက်) ရန်ကုန်မြို့တော် မြင်ကွင်း
ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ၎ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ထံမှစုံစမ်း သိရသည်။

ရေကစားရာမှ ဖြစ်ပွားသောယာဉ် မတော်တဆမှုမှ ဒါဏ်ရာရသူ ၅၀ ဦး၊ ပုံမှန် ယာဉ်တိုက်မှုမှ သေဆုံးသူ ၄ ဦး၊ ဒါဏ်ရာရသူ ၅၆ ဦး စုစုပေါင်း ယာဉ်မတော်တဆမှုကြောင့် ၄ ဦး သေဆုံး၊ ဒါဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့ ကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

၂၀၁၁ခုနစ် သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး ဒါဏ်ရာရသူ ၆၉ ဦး ရှိခဲ့ကြောင်း ၂၀၁၀ ခုနစ်သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု မှာ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး ဒါဏ်ရာရသူ ၃၃ ဦးရှိခဲ့ကြောင်း ယင်း ဌာနမှ ဆက်လက် သိရှိရသည်။
 The Voice Weekly
ရန်ကုန်သင်္ကြန် ယာဉ်မတော်တဆမှု ၄ ဦးသေ၊ ၁၀၀ ကျော် ဒဏ်ရာရ ရန်ကုန်သင်္ကြန် ယာဉ်မတော်တဆမှု ၄ ဦးသေ၊ ၁၀၀ ကျော် ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 06:52 Rating: 5

9 comments:

live said...

နေပြည်တော်ကို အမှီသေးပါဘူးဗျာ။ ကိုသစ်ထူးလွင် နေပြည်တော် ကုတင် ၁၀၀၀ ကို နဲနဲ သွားကြည့်ပါဦး၊ ရန်ကုန်လောက်ကို စာမဖွဲ့ဘူးဗျ။ မိဘတွေအတွက် တော့ စိတ်မကောင်းစရာတွေ အများကြီးပဲ။

Metal_Heart said...

သင်္ကြန်ပွဲတော်ကြီးပာာ အကုသိုလ် များနဲ့ ပြည့်နေတဲ့ပွဲကြီးပါ။ သရုပ်ပျက်လူငယ်တွေ မူးယစ်ရမ်းကားကြ၊ ရန်တွေဖြစ်ကြ၊ မူးပြီးမောင်းတဲ့ ကားတွေ တိုက်ကြ၊သေကြေ ဒဏ်ရာရကြ။ အခု မိန်းကလေးတွေကပါ အရက်တွေ ဘီယာတွေ သောက်လာကြပြီး အ၀တ်အစားတွေကလည်း အပေါစား ဖော်ချွတ်မယ်တွေလို အထင်ကြီးစရာမရှိ။ နိုင်ငံခြားကလူတွေ မြင်တွေ့ရရင် ရှက်ဖွယ်လိလိ မြန်မာ့ သင်္ကြန်ပါ။
အစကတည်းက ဗုဒ္ဓ ဘာသာမှာ မရှိခဲ့တဲ့ သင်္ကြန်ရိုးရာဟာ ဗြဟ္မာဏ အယူတစ်မျိုးပါ။ အိန္ဒိယ၊ထိုင်း၊ကမ္ဘောဒီးယား နဲ့ လာအို တို့ မှာလဲ တပြိုင်တည်းလိုလို ကျင်းပကြပါတယ်။ ထိုင်းမှာ ဆိုရင်လည်း နှစ်တိုင်း လူ ၂၀၀ ကျော် သေတာလဲ ဒီသင်္ကြန်ပါပဲ။
ဒုစရိုက်တွေသာ များတဲ့ ဒီသင်္ကြန်မဏ္ဍပ်တွေနဲ့ ရေပက်ခြင်းအလေ့အထ ကို ပိတ်ပင်သင့်ပါပြီ။

Bravo said...

မဟာသင်္ကြန်ကိုဖျက်ဆီးနေတာ မူးယစ်ရမ်းကားဖေါ်ချွတ်မှုတွေပဲ။ အဲဒါတွေဘယ်နေရာတွေမှာ အဖြစ်များလဲဆိုတာ ယဉ်ကျေးမှုကို တကယ်ထိန်းသိမ်းချင်တယ်ဆိုရင် လေ့လာဆန်းစစ်ဖို့လိုပါတယ်။ ကျနော့်အမြင်ကတော့ ခရိုနီများရဲ့ နာမည်ကြီးမဏ္ဍပ်တွေမှာ အများဆုံးတွေ့နေရတယ်ထင်ပါတယ်။ out skirt လို့ခေါ်တဲ့ မြို့ပြင်မဏ္ဍပ်တွေထက် ကန်တော်ကြီးပါတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း စသဖြင့် အမေကျော်ပြီးဒွေးဒေါ်ယဉ်ကျေးမှုကိုလွမ်းနေကြတဲ့ပုဂ္ဂိုလ်များရဲ့ရေကစားမဏ္ဍပ်တွေများ တွေ့ရတာပိုများပါတယ်။ အထိအခိုက်၊အသေအပျောက်သတင်းကိုလည်း အမှန်အတိုင်းထုတ်ပြန်ရင်ဒီထက်အများကြီးပိုမယ်ဆိုတာ လူတိုင်းရင်ထဲမှာသိနေကြမှာ အမှန်ပါ။ ထင်လင်းမြင်သာစွာရေးသားပြောဆိုကြမှပဲ အမှားကိုမြင်ပြီး အမှန်ကိုပြင်နိုင်အောင်အားလုံးဝိုင်းဝန်းတွန်းအားပေးနိုင်ကြမှာပါ။ နှစ်သစ်မှာ အတွေးသစ်၊အမြင်သစ်တွေနဲ့ အဖေါ်အချွတ်တွေ နည်းလာကြပါစေ။ မြန်မာ့ယဉ်ကျေးမှုကို ပြည်သူတွေနဲ့တကွ ခရိုနီတွေ တန်ဖိုးထားနားလည်နိုင်ကြပါစေလို့ နှစ်သစ်မှာဆုတောင်းမိပါရဲ့။

Taunggyiသူ said...

metal-heartပြောတာထောက်ခံပါတယ်။
သင်္ကြန်ရိုးရာဟာ ဗြဟ္မာဏ အယူတစ်မျိုးပါ။
ထေရ၀ါဒဗုဒ္ဓ ဘာသာစစ်စ်ဖြစ်တဲ့အတွက်အိမ်မှာအတာအိုးလည်းမထားပါ။
ရေ၊ငွေ၊အချိန်ဖြုန်းတီးမှုသက်သက်ပါ

ကိုယ်တော်ချော said...

သင်္ကြန်ပိတ်ခိုင်းတဲ့သူ ရူးလို့ပဲဖြစ်ရမယ် သင်္ကြန်ဆိုတာ နှစ်ဟောင်းကုန်ပြီးနှစ်သစ် ရောက်လို့ နှစ်ဟောင်းက အညစ်အကြေးတွေဆေးကြောတာလို့ မှတ်ယူထားတယ် လူသေတယ်ဆိုတာလည်း အညစ်အကြေးတွေမို့ ဆေးချပစ်တာလေ ဘာမှ လွမ်းစရာမရှိဘူး နှစ်သစ်နဲ့မတန်တဲ့သူတွေပေါ့ မိန်းကလေးတွေ မူးကြ ကွဲကြ ပြဲကြ ပြကြတာလည်း စိတ်ဓာတ်တွေဖော်ထုတ်ကြတာ ကုတ်ကမြင်းတွေ သင်္ကြန်ရောက်တော့ ဘူးပေါ်သလိုပေါ်ကြတော့တာလေ အင်တာနက်ပေါ်ရောက်ပြီး အရှက်တွေ ဗြန်းဗြန်း ကွဲကြတော့တာပဲ မြန်မာနိုင်ငံမှာလူဦးရေ သန်း(၆၀) ကျော်ရှိတဲ့အထဲမှာ အမျိုးသမီးဦးရေ သန်း (၄၀)ရှိတယ်ဆိုရင်တောင် အပေါ်အလော်ဝတ်တာ (၁)သန်းမရှိပါဘူး ဗျာ အားလုံးကို သိမ်းကျုံးမပြောသင့်ပါဘူးနော့ သင်္ကြန်တွင်း မှာ အပြင်မထွက်ဖြစ်ပေမယ့် သင်္ကြန်ရောက်တိုင်း ပျော်ရွှင်ရပါတယ် လူဆိုတာ ကာလ ဒေသ နဲ့ သဟာ့ဇာတ ဖြစ်အောင်နေတတ်ရမယ်လို့ထင်ပါတယ် ကိုယ်ဖြစ်စေချင်တာထက် ပတ်ဝန်းကျင်နဲ့ အလျဉ်းသင့်အောင်နေနိုင်ဘို့ လိုမယ်လို့ထင်ပါတယ် သူများမကောင်းပြောတိုင်း မကောင်းဝင်ပြောပြီး မကောင်းဘူးပြောတဲ့ ပုံတွေကိုပဲ လိုက်ရှာကြည့်တဲ့သူတော့ မဖြစ်ပါစေနဲ့ နော့

Anonymous said...

ဟုတ်တယ်။ရိုးရာသင်္ကြန်ကသေမင်းကိုအံတုပွဲဖြစ်နေပြီ။
ဟိုးတုန်းကလိုဖလားလေးနဲ့ပက်မဏ္ဍပ်များစွာဆောက်ခွင့်ပြုမယ်။
သံချပ်ကားအလှပြကားများထွက်ခွင့်ပြုမယ်ဆိုရင်
သင်္ကြန်ကိုကားတွေနဲ့စီတန်းလှည့်လည်တဲ့ကိစ္စနည်းသွားမယ်လို့
ထင်တယ်။မြန်မာတွေကသံချပ်ကိုအရမ်းစိတ်ဝင်စားကြတယ်။
ဟာသတွေအကတွေနဲ့ဆိုပြီးအားပေးကြမှာ။
ရေပက်ခံတဲ့နေရာကိုကားတွေပေးမ၀င်ပဲလမ်းလျှောက်ပြီးရေပက်ခံဖို့
စီစဉ်ကြည့်ရင်ကောဖြစ်နိုင်မလား။ရေပက်ခံမဏ္ဍပ်ကို
မြို့နယ်တိုင်းမှာတခုအကြီးကြီးဆောက်ထားမယ်။
ဖျော်ဖြေေ၇းအစီအစဉ်တွေနဲ့အတူရေကိုဖြန်းပက်..
လူတွေကစင်အောက်မှာစီတန်းပြီးကြည့်
စင်ရဲ့ဘေးဘက်မှာရေပက်မဏ္ဍပ်လုပ်ပေးထားမယ်။
ဖျော်ဖြေသူကဖျော်ဖြေရေပက်သူကရေပက်နေ
စင်အောက်မှာလူတွေကမတ်တပ်ရပ်အားပေးကကြခုန်ကြ
ပြန်ချင်ရင်ပြန်ကြ..ကားတွေကိုမဏ္ဍပ်ရှေ့ဝင်ခွင့်မပေးပဲထားမယ်။
တခြားနေရာတွေကိုရေပက်မဏ္ဍပ်သီးသန့်မလုပ်ပဲ
ကိုယ့်အိမ်ကရေကိုခွက်နဲ့လောင်းကြရင်
တ၀က်လောက်မတော်တဆမှုကင်းစင်မယ်လို့ထင်ပါတယ်။
မူးနေကြတော့ဖြစ်မှာပဲ..ဒီအတွက်..
ကာမောင်းသူတွေကိုမူးရင်ဒဏ်ငွေနဲ့ဖမ်းဆီးမယ်ဆိုရင်လည်း
အခြေအနေတိုးတက်နိုင်တယ်။
ဖြစ်နိုင်မဖြစ်နိုင်တာထက်စိုးရီမ်လို့
တွေးကြည့်တဲ့အတွေးလေးပါ။

အောင်သက်ဦး said...

လူဦးရေလျှော့ချချင်ရင်သင်္ကြန်ပွဲသာများများကျင်းပလိုက်တော့။ဟဲဟဲလျှော့စေရမယ်။

HtetNWin said...

မြို့ပေါ်သင်္ကြန်တွေက လူမျိုးပါင်းစုံ..စရိုက်ပေါင်းစုံ..ယဉ်ကျေးမှု့မျက်စေ့နဲ့အဲဒါတွေကိုကြည်ရင်တော့ ဘယ်လိုမှအဆင်မပြေဘူးဗျ။ ရိုးရာသင်္ကြန်ကတော့ တောနယ်ဘက်တွေမှာရှိလောက်ပါသေးရဲ့။

ehmoowh12 said...

pi said
ရိုးရာသကြံန်ကတော့ ပျော်ဖို့ ကောင်းပါတယ်.လာမယ့်နှစ်ဒါထက်မကပျော်ရွှင်စရာတွေကျင်းပပေးစေချင်ပါတယ်.

Powered by Blogger.