မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးကျော်သီဟက ၅၄၃၁၇ မဲရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးခင်မောင်ဝင်းက ၃၄၁၅၁ မဲသာရရှိခဲ့သဖြင့် NLD ပါတီက ၂၀၁၆၆ မဲ အသာဖြင့်အနိုင်ရရှိခဲ့သည်။ NLD ပါတီက ၆၁ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ခြင်းဖြစ်ပြ
ပြင်ဦးလွင်မြို့နယ်တွင် မဲရုံပေါင်း ၁၉၉ ရုံရှိပြီး၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၃၃၈၀၅ ဦးရှိကြောင်း ၄င်းမြို့နယ်မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
---------------------------------------
update 10:31 PM
ပုလဲမြို့နယ်တွင် မဲရုံ ၁၁၀ ရှိရာ ၉၂ ရုံတွင် မဲများရေတွက်ပြီးစီးပြီဖြစ်သည်။
မဲရလဒ်အရ NLD ပါတီက ၈၁ နေရာတွင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ကျန်ရှိသောမဲရုံများသည် တောင်ပေါ်ဒေသများမှဖြစ်သည်။ မဲများကို
ဆက်လက်ရေတွက်နေဆဲဖြစ်သည်။
ပုလဲမြို့နယ်တွင် မဲရုံ ၁၁၀ ရှိရာ ၉၂ ရုံတွင် မဲများရေတွက်ပြီးစီးပြီဖြစ်သည်။
---------------------------------------
update 10:28 PM
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၃၈၃ ရုံရှိသည့်အနက် ၂၅၉ နေရာကို NLD ပါတီက အနိုင်ရရှိနေပြီး၊ ကျန် ၂၄ ရုံတွင်သာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသဖြင့် NLD ပါတီက ကျောက်ပန်းတောင်းမြို့နယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီဖြစ်ကြောင်း 7Day News သတင်းထောက်က ကျောက်ပန်းတောင်းမြို့နယ်မှ သတင်းပေးပို့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၃၈၃ ရုံရှိသည့်အနက် ၂၅၉ နေရာကို NLD ပါတီက အနိုင်ရရှိနေပြီး၊ ကျန် ၂၄ ရုံတွင်သာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသဖြင့် NLD ပါတီက ကျောက်ပန်းတောင်းမြို့နယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီဖြစ်ကြောင်း 7Day News သတင်းထောက်က ကျောက်ပန်းတောင်းမြို့နယ်မှ သတင်းပေးပို့သည်။
7Day News Journal
-----------------------------------------
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၅)
Reviewed by သစ်ထူးလွင်
on
23:31
Rating:
12 comments:
နည်းနည်းကြာနေလို.စိတ်ပူနေတာခုမအလုံးကြီးကျ.သွားတော.တယ်ကိုသစ်ေ၇.ဒီနေ.တော.ဘု၇ားတောင်မ၇ှိခိုး၇သေးဘူး
ဒါပဲလေ ။ ဒီလိုပဲဖြစ်ရမှာပေါ့။
very happy,Congratulation NLD!
I very proud of NLD. That is my dream.Thanks god............
ကိုသစ်ရေ
ကျေးဇူးပြီး အနိုင်ရနယ်မြေအားလုံးစုပေါင်းပြီးတင်ပေးပါအုံး
CONGRATULATION !! NLD!
ကျနော်တို့ရဲ့ ကျေးလက်ကပြည်သူတွေ အကြောက်တရားတွေကို ဘေးဖယ်ပြီး ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်မှာတဲ့အတိုင်း ဘယ်ဟာကအမှား ဘယ်ဟာကအမှန်ဆိုတာ ရဲရဲဝန့်ဝန့်ဆုံးဖြတ် ခဲ့မှုကြောင့် NLD အနိင်ရတာတွေ တောက်လျှောက်မြင်နေရပါတယ်၊ ၀မ်းမြောက်စရာပါ။ NLD ရဲ့အောင်မြင်မှုဟာ ပြည်သူတွေရဲ့အောင်မြင်မှုပါ။
ကျောင်းဆောက်ပေးမယ်၊ လမ်းခင်းပေးမယ် ဆိုတဲ့မက်လုံးတွေကို နားမယောင်ဘဲ ၀ိုင်းဝန်းကူညီကြတဲ့ ပြည်သူပြည်သားတွေ၊ ကိုယ်တတ်တဲ့ပညာနဲ့ အင်တိုက်အားတိုက် တတပ်တအားပါဝင်ခဲ့တဲ့ အနုပညာရှင်တွေ အကုန်လုံးကို လေးစားချီးကြူးပါတယ်။ ကြီးနိုင်ငယ်ညှင်း ပြုကျင့်ခံရခြင်းများမှ ကင်းဝေးကြပါစေ။
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်
ပြည်သူတွေဘက်ကတော့တာဝန်ကြေသွားပြီ။။ကျန်တာကတော့ အမတ်မင်းတွေရဲ့ တာဝန်ပဲနော်။။။
ကိုယ်ကိုတိုင်ဝင်ကပြီးအော်ဟစ်ပစ်လိုက်ချင်တယ်တိုင်းတစ်ပါးရောက်နေရတာနာတယ်ကွာ
အရမ်းကို ၀မ်းသာလွန်းလို့ တစ်ညလုံးတောင် အိပ်မပျော်နိုင်ပါဘူး.44 နေရာလုံး နိုင်တယ်လို့ကြားပါတယ်.အခု 41 နေရာဆိုတော့ ဘယ်နေရာတွေများ ကျန်ခဲ့တာလဲ သိပါရစေ.မြန်မာ့အသံမှာ လွင့်တဲ့ ဒီမိုမွေးနေ့ ဆိုတဲ့.ဇတ်လမ်းတိုလေးထဲက စကားအတိုင်းပြောရရင်'ဒါပဲလေ.ဒါအမှန်ပဲလေ.ဒီလိုပဲဖြစ်ရမှာပေါ့'ဆိုတဲ့အတိုင်းပါပဲ..မည်သူတွေဘာပဲ ပြောပြော ဘယ်လောက်ပဲညစ်ပတ်2 ဘယ်လိုပဲ ဖယောင်းသုတ်2 ဘယ်လိုပဲ တင်းကြပ်2 .ဘယ်လိုပဲခြိမ်းခြောက်2..ဒါတွေအားလုံးမရှိခဲ့ဘူးဆိုရင်..ဒီထက်ပိုပြီး မဲပိုလာမှာဆိုတာ..23နှစ်တောင်ကွာသွားပေမဲ့..ပြည်သူတွေဟာ NLD ကို မမေ့သေဘူးဆိုတာရယ်။ဒါဟာ ပြည်သူတွေရဲ့ စစ်မှန်တဲ့အသံဆိုတာကို နားလည်သင့်ပါပြီ.အမေစုကို ထောက်ခံအားပေးခဲ့ကြသော သတ္တိရှိပြည်သူများကို မှတ်တမ်းတင်အပ်ပါသည်.နောင်လာမယ့် 2015 ရွေးကောက်ပွဲတွင် လဲ ဒီထက်ပိုလျှံ သော အောင်မြင်မှုများဆွတ်ခူးကြပါစို့လို့....ဖော်မပြတတ် အောင် ရင်ထဲမှ ပီတိဖြစ်ရပါသည်.
ဖြစ်နိုင်ရင်...အဲဒီကြံ့ဖွတ်တွေကို တစ်မဲမှကိုမရစေချင်ဘူး
ရွံ လို့ ...
Post a Comment