ထားဝယ်၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။
အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ဦးစိုးမောင်လေး က ဆိုသည်။
ကျေးရွာလမ်းချဲ့ရန်အတွက် တစ်ရွာလုံးအနေအထားဖြင့်ချဲ့ရမည်ဆိုလျှင် လုပ်ပေးနိုင်ကြောင်း ၊ လမ်း အတွက် လှူလျှင် ကုသိုလ်ရသည်ဟုပင် ခံယူကြောင်း ခြံစည်းရိုးအဖျက်ခံရသူများနှင့် ကျေးရွာသူ ရွာသား အချို့ကပြောသည်။
“ ကျွန်တော်ကိုလည်း ဘိလိယက်ခုံပိတ်ဖို့၊ လမ်းဘေးက ကွမ်းဆိုင်လေးကို ပိတ်ပေးရမယ်လာပြောတယ် ” ဟု အုပ်ချူပ်ရေးမှူး၏ ဖခင်က ဆိုသည်။ ဝေဒီကျေးရွာအတွင်းတွင် ဘိလိယက်ခုံပိုင်ရှင်သုံးဦးရှိသည်။
ကြားဖြတ်ရွှေးကောက်ပွဲပြီးကတည်းက အသေးအဖွဲကိစ္စလေးများမှသည် ယခုကဲ့သို့ ခြံစည်းရိုးဖျက်ပေး ရသည့် ကိစ္စများအထိ ခွဲခြားဆက်ဆံမှူများရှိကြောင်း အုပ်ချူပ်ရေးမှူး၏ ဖခင်ကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အန်အယ်လ်ဒီ ရုံးသို့ ဆက်သွယ်ရာ “ ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အကြံပေးရုံပဲ အကြံပေးနိုင်တာပါ ” လောင်းလုံမြို့နယ်မှာ အင်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးရွှေတင်က ဆိုသည်။
ယခုကဲ့သို့ ပါတီဝင်များအရေးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွှေးကောက်ပွဲတွင် စည်းရုံးရေး အတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဒီကျေးရွာမှ အင်အယ်လ်ဒီပါတီ စည်းရုံးရေးမှူး ကိုစောမောင်လေး က ပြောကြားသည်။
လောင်းလုံမြို့နယ်၏ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်စိုးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဝေဒီကျေးရွာတွင် ဖြစ်နေသည့်ကိစ္စကို မသိသေးပဲ လွတ်တော် မတက်ဖြစ်သေး၍ ပြန်ရောက်လာလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ။
Yangon Press International

အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ
Reviewed by သစ်ထူးလွင်
on
00:11
Rating:
6 comments:
ဥပဒေနဲ့ညီ၇င်၊အများ နည်းတူဆို၇င်မင်းတို့လွန်တယ်ဒီမိုကေ၇စီဆိုတာ
လမ်းပေါ်ဆေး၇ိုးလှမ်း လုပ်လို့မ၇ဘူးကိုယ်ကမှန်နေလို့လား၊ဥပဒေမသိ
အများနည်းတူဆို၇င်မဲနဲ့မခြိမ်းခြောက်ပါနဲ့။
ဒီလိုကိစ္စများဖြစ်ပေါ်မည်စိုးပါသဖြင့် ၀န်ထမ်းများပါတီနိုင်ငံရေးကင်းရှင်းရန်လို အပ်ကြောင်းအမိန့်ထုတ်ပြန်ထားရပါသည်။ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်ဖြစ်မြို့နယ်အုပ်ချုပ်ရေးမှုးများဖြစ်ဖြစ်၎င်းတို့သည်လည်းပါတီစွဲကင်းရှင်းရပါမည်။ပြည်သူများကိုဖိနှိပ်ချုပ်ခြယ်ပြီးခွဲခြားဆက်ဆံ၍မရပါပြည်သူများသည်လည်းပြည်သူအလုပ်ဖြစ်သည့်မိမိနှစ်သက်ရာပါတီကိုမဲပေးခြင်းဖြစ်ပါသည်။ငါ့ပါတီမဲမထည့်လို့ငါဆော်လိုက်မည်ဆိုသည့်စိတ်ဓာတ်ရှိသည့်ကျေးရွာအုပ်ချုပ်ရေမှူးများကိုအများဆန္ဒနှင့်အညီထုတ်ပါယ်ပစ်ရန်တောင်းဆိုနိုင်ပါသည်။ကျေးရွာအုပ်ချုပ်ရေးမှူးများမှာယ္ခင်ကသူကြီးများဖြစ်ကြပါသည်။
သူများကိုပဲကြည့်လို့မရဘူးလေ...ကိုယ့်ကိုယ်ကိုယ်...လဲပြန်ကြည့်အုံးမှပေါ့...ဒါပေမယ့်ပေါ့လေ.....လုပ်တဲ့သူကဘာအတွက်လုပ်သလဲဆိုတဲ့အပြင်ခံရတဲ့သူကလဲဘာသဘောနဲ့ပြောတာလဲဆိုတာစဉ်းစားရမှာပေါ့....
မကြာခင်မင်းတို့ဖြုတ်တော့မှာပါ..လုပ်ထားကြ
ဒီကောင်တွေတော့ကွာ
NLD ပါတီဝင်နှင့်ထောက်ခံမေးပေးသူများလောင်းလုံမြို့နယ်တွင်၇ာခိုင်နှူန်းအားဖြင့်၇၀ကျော်တွင်ရှိပေလိမ့်မည်။ပါတီဝင်တဦးနှစ်ဦး၏ဥပဒေ မညီလို့အရေးယူတဲ့အကြာင်းကိုရေးကြီးခွင်ကျယ်လုပ်သတင်းရေး ပြီးတဖက်ကိုအများပြည်သူအမြင်စောင်းစေရန်ရည်ရွယ်သည့်သတင်းဟုထင်မိပါသည်။ကျွန်တော်မြန်မာ့အလင်းသတင်းစာဖတ်ရသည့် ခေတ်ကိုလွန်မြောက်လိုပါသည်။
Post a Comment