ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ
လုံးဝရယူခွင့် မပြုကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က
ထုတ်ပြန်ထားသည်ဟု ယခုသတင်းရရှိ သည်။ အဆိုပါစာကို ပြည်ထဲရေးဝန်ကြီးဌာန၊
ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ ယခုလ ၂၉ ရက် ရက်စွဲ၊ စာအမှတ်(၂) ၄/ ရကပ/ ကမရ ဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။
အထက်ပါကဲ့သို့ ခရိုင်အဆင့်အထိ ကော်မရှင်များထံမှ သတင်းရယူခွင့်မပြုဘဲ တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြုစာရင်းကိုသာ ရယူကြရန်သာဖြစ်ကြောင်း ရေးသားထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်းတပ်ဖွဲ့၊ စရဖအပါအ၀င် သတင်းရယူလိုသော အဖွဲ့အစည်းများ အနေဖြင့် မဲရုံ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ကော်မရှင်ခွဲများထံ မှ ကြားဖြတ်သတင်းရယူလိုပါက မဲရေတွက်ခြင်းလုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည့်အပြင် အချက်အလက်ကိန်းဂဏန်းများယွင်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲရလဒ်အခြေအနေများကို သိရှိလိုပါက တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ရုံးများသို့သာ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ဆက်လက်ညွှန်ကြား ကြပ်မတ်ပေးပါရန် အကြောင်းကြားပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကိုယ်စား တစ်ဦးကလက်မှတ်ရေးထိုးထုတ်ြ ပန်လိုက်ခြင်းဖြစ်သည်။
““ဒါဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ညွှန်မှူးလက်မှတ်ထိုးထုတ်ပေးလိုက်တဲ့
သတင်းထောက်တွေအတွက် သတင်းယူခွင့်ဆိုတဲ့ ကဒ်ပြားကြီးက အလကားပဲပေါ့””ဟု
ပြည်တွင်းဂျာနယ်တစ်စောင်မှ သတင်းထောက်တစ်ဦးကပြောသည်။
Update 5:12 ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု၊ ထန်းတောတိုက်ကျေးရွာနေ ကိုဇော်လင်း ၂၅ နှစ်၊ ကိုတောက်ထွန်း ၃၀ နှစ်တို့ညီအစ်ကိုနှစ်ဦးသည် မဲပေးရန်အတွက် မင်းတိုင်ပင်ကျေးရွာမဲရုံသို့သွားခဲ့ရာ မဲစာရင်းထဲတွင် ၎င်းတို့အမည်မပါရှိ၍ မှတ်ပုံတင်ကိုင်ကာ မဲရုံရှေ့တွင်တစ်နေကုန်ထိုင်စောင့်နေခဲ့သည်။
ထိုသို့ထိုင်စောင့်နေစဉ် ထန်းတောတိုက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းက မဲပေးချင်လျှင်လိုက်ခဲ့ဟုဆိုကာ မဲရုံမပိတ်မီ ထိုသူနှစ်ဦးကို မဲရုံရှေ့မှရွာဘက်သို့ခေါ်ဆောင်သွားကာ လက်သီးဖြင့်ထိုးခဲ့သည်ဟုဆိုသည်။
လက်သီးဖြင့် အထိုးခံရနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ယနေ့ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းအား ပုလဲမြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟုသတင်းရရှိသည်။
7Day News Journal
အထက်ပါကဲ့သို့ ခရိုင်အဆင့်အထိ ကော်မရှင်များထံမှ သတင်းရယူခွင့်မပြုဘဲ တိုင်းဒေသကြီး/
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌ
ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲရလဒ်အခြေအနေမျာ
““ဒါဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ညွှန်မှူးလက်မှတ်ထိ
Update 5:12 ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု၊ ထန်းတောတိုက်ကျေးရွာနေ ကိုဇော်လင်း ၂၅ နှစ်၊ ကိုတောက်ထွန်း ၃၀ နှစ်တို့ညီအစ်ကိုနှစ်ဦးသည် မဲပေးရန်အတွက် မင်းတိုင်ပင်ကျေးရွာမဲရုံသို့သွားခဲ့ရာ မဲစာရင်းထဲတွင် ၎င်းတို့အမည်မပါရှိ၍ မှတ်ပုံတင်ကိုင်ကာ မဲရုံရှေ့တွင်တစ်နေကုန်ထိုင်စောင့်နေခဲ့သည်။
ထိုသို့ထိုင်စောင့်နေစဉ် ထန်းတောတိုက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းက မဲပေးချင်လျှင်လိုက်ခဲ့ဟုဆိုကာ မဲရုံမပိတ်မီ ထိုသူနှစ်ဦးကို မဲရုံရှေ့မှရွာဘက်သို့ခေါ်ဆောင်သွားကာ လက်သီးဖြင့်ထိုးခဲ့သည်ဟုဆိုသည်။
လက်သီးဖြင့် အထိုးခံရနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ယနေ့ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းအား ပုလဲမြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟုသတင်းရရှိသည်။
7Day News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၀)
Reviewed by သစ်ထူးလွင်
on
17:47
Rating:
6 comments:
တော်တော်မိုက်ရိုင်းတဲ့လူတွေပဲ ခုထိလူအသိစိတ်ဓာတ်မရှိကြသေးဘူး :(
လူစိတ်မရှိကြတဲ့ကောင်တွေကွာ...အဲဒီကျေးရွာအုပ်ချုပ်ရေးမှုးကိုပြောလိုက်ပါ..ဒီခေတ်အတိုင်းအတာမှာ လုပ်ချင်တိုင်းလုပ်လို့ဘယ်သူမှမသိဘူးမမှတ်ပါနဲ့လို့ နည်းနည်းလုပ်လည်းတစ်ကမ္ဘာလုံးကသိနေတယ်လို့ သိအောင်ပြောပြလိုက်ပါဗျာ..တယ်လည်းခက်ကြတဲ့ကြံ့ဖွတ်လူတွေပဲ...
ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ
"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ "
ကြံ့ဖွတ့်....စည်းရုံးထားတဲ့
စာမတတ်ပေမတတ်....ကောင်တွေထင်ပါရဲ့ .......
ကိုယ်သမီးတောင်...ချကျွေးမဲ့ကောင်တွေထင်ရဲ့ .........
ဒေ၀ဒတ်နဲ့ ပေါင်းမိတဲ့သူတွေလိုဖြစ်မယ်နော်
မိုက်ရိုင်းလိုက်တာ ဖွတ်ရဲ့ ထမင်းစားကျွန်ခံနေတဲ့ ကောင်ကများ ထောင်ချပစ်လိုက်စမ်းပါ . . မင်းမဲ့ တိုင်းပြည်ကျနေတာပဲ . . ဒါကြောင့် နင်တို့ ကို ဘယ်သူမှ မေတ္တာမရှိတာ . . ဆန်ကုန်မြေလေးတွေ . .
လျော်လိုက်ပါကွာ..လက်သီးနဲ့ ထိုးတာထက်အဲဒီခွေးမသားနာတာနဲ့ တွေ့ 
မယ်...
Post a Comment