ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀
ကို ပယ်ဖျက်ပေးမဲ့အကြောင်း ဧပရယ်လ ၁၉ ရက်ထုတ် Asahi Shimbun သတင်းစာမှာ
ရေးသားထားပါတယ်။ အဲဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလျံနဲ့ ညီမျှပါတယ်။
ဒီကိစ္စကို လာမဲ့စနေနေ့ တိုကျိုမှာ မြန်မာသမ္မတ ဥိးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ တွေ့ဆုံတဲ့အခါ တရားဝင် ကြေငြာမယ်လို့ သိရပါတယ်။ အကြွေးတွေလျှော့ပေးပြီးတဲ့နောက်
မှာ ဂျပန်အစိုးရရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်စမဲ့အကြောင်း လည်း Asahi Shimbun သတင်းမှာ ရေးသားထားပါတယ်။
ဒီကိစ္စကို လာမဲ့စနေနေ့ တိုကျိုမှာ မြန်မာသမ္မတ ဥိးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ တွေ့ဆုံတဲ့အခါ တရားဝင် ကြေငြာမယ်လို့ သိရပါတယ်။ အကြွေးတွေလျှော့ပေးပြီးတဲ့နောက်
ဒီဗွီဘီ
ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမည်
Reviewed by သစ်ထူးလွင်
on
16:44
Rating:
11 comments:
ဘီလျံ ၃၀၀ ပယ်ဖျက်ပေးမယ်ဆိုတော့ ဘယ်လောက်များ ကျန်အုံးမလဲမသိဘူးနော်၊ ပယ်ဖျက်ပေးတာကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးကြီးလှပါပေ့ ၇.၃ ဘီလီယံ ကျန်သေးတယ် ဒို့နိုင်ငံလည်း အ၀ှာနိုင်ငံ ကျနေတာပဲ သူများသနားမှ............... မောင်မင်းကြီးသားများ သက်တော်ရာကျော်ရှည်ကြ ပါစေ
သာဓုပါဗျာ။
အဲ့ဒီ့ ငွေတွေ ဘယ်မှာ ၊ ဘယ်သူက သုံးခဲ့တယ်ဆိုတာ လွှတ်တော်အမတ်တွေ စုံစမ်း ထုတ်ဖော်သင့် တယ်ဗျာ။ ပြန်မဆပ်ရတောင် အကြွေးတင်တဲ့ သမိုင်းတော့ ကျန်ခဲ့တယ်ဗျာ ၊ ဘယ်သူသုံးသွားလဲ သိချင်တယ် ....... သိချင်တယ်......
ဦးသန်းရွှေ ကတော့ တရုတ်ဆီက ငွေချေးပြီး နေပြည်တော်တည်တယ်ဗျာ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် အဖြေတော့ရှိတယ်......
ကျေးဇူတင်ပါတယ်ဗျာ..လူတစ်ယောက်ကို အကြွေး ၆၂ဒေါ်လာလျော့သွားပါပြီ။
တရုတ်က ကော မ လျှော်ပေးသေးဘူးလား။
ဂျပန် နဲ့ တရုပ် စေတနာ ကတော့ အတော်ကွာပါတယ်.....ကျေးဇူးတင်ပါတယ်..
ပိုက်ဆံတွေကို ဘုန်းတဲ့သူက တော့ ဘုန်းသွားပြီးခပ်တည်တည်ပါဘဲ..
arikatho bosai mas ဘာ ကိုဂျပန်ကြီးတို့ရာ
ဒီပိုက်ဆံတွေ လက်သယ်မပေါ်သေးပေမယ့်
လက်တွေ့ဆန်ဆန် အပြောနည်းနည်း ထိထိရောက်ရောက်ရှိတယ်လို့တော့
ပြောချင်ပါတယ်။
သူများနိုင်ငံတွေလို ဆရာကြီးလည်းသိပ်မလုပ်ဘူး
ဘယ့်သူ့အရေးမှ ကြားမ၀ဘူး
လုပ်သင့်တယ်ထင်ရင် လုပ်ပြတက်တဲ့ကိုဂျပန်ကို
ariga tho ပါ
ကျေးဇူးတင်ပါတယ်..အဲဒီပိုက်ဆံတွေတော့ ပြည်သူလဲ မသိ ဘယ်တုန်းကယူပြီး ဘယ်မယားတွေပြုပြင်ဖို့အတွက် ဘယ်ဗိုလ်ချူပ်တွေ ဘယ်လိုယူပြီး ဘယ်လိုစာရင်းတင်သွားလဲမသိပါ..တိုင်းပြည်ကတော့ နွံနစ်နေဆဲပါ...
ဘာဖြစ်ဖြစ်ကျေးဇူးတင်တာအမှန်ပါ
။အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီးအကြွေးပတ်လည်ဝိုင်းအောင်မြန်မာပြည်ကိုအုပ်ချူပ်ခဲ့သောဗိုလ်ချူပ်နဲ့အပေါင်းပါများတို့ကို သမိုင်းက ဘယ်တော့မှခွင့်မလွှတ်ဘူး။ကျွန်းသစ်၊ကျောက်စိမ်း၊ကျောက်မြက်ရတနာမျိုးစုံ ၊ဂတ်စ်၊ရေနံသဘာဝတွင်းထွက်ပစ္စည်းရောင်းထားတဲ့ပိုက်ဆံတွေဘယ်ရောက်သွားပြီးလဲ
Post a Comment