ဓာတ်ပုံ ASSOCIATED PRESS
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ
လူထုရဲ့ အဆုံးအဖြတ်မို့ ကြံခိုင်ဖွံဖြိုးရေး ပါတီက လက်ခံသလို အနိုင်ရ
ကိုယ်စားလှယ်လောင်း တွေကိုလည်း ကြိုဆိုတယ်လို့ ပြည်ထောင်စု
ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက
ပြောပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သူတို့ပါတီရဲ့ အားနည်းချက်ရှိရင်
ပြင်ဆင်ဖို့ လိုမယ်လို့လည်း ပြောသွား ပါတယ်။
လက်ရှိအာဏာရ ကြံခိုင်ဖွံဖြိုးရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ ပါတီကြီး ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၅ နေရာမှာတော့ တစ်နေရာဘဲ အနိုင်ရခဲ့ပါတယ်။ ဒါဟာ လူထုရဲ့ ရွေးချယ်မှု ဖြစ်ပြီးတော့ ဒီရလဒ် အပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လက်ခံတယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဗွီအိုအေ ကို ပြောပါတယ်။
“လူထုရဲ့ အဆုံးအဖြတ်ပါပဲ။ လူထုရဲ့ အဆုံးအဖြတ်ကို ကျနော်တို့က လိုက်နာရမှာပေါ့။ နောက်တခါ ကျနော်တို့ ဒီဥစ္စာ နဲ့ ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အားလုံးက ကျနော်တို့ ပါတီ က လိုလားတဲ့ လမ်းစဉ်တွေပဲလေ။ ဒါကြောင့် ကျနော်တို့ ဒီလမ်းစဉ် မှာ ပါဝင်တဲ့ လူမှန်သမျှ ကြိုဆိုရမှာပေါ့။ အဲဒီအချိန်မှာ လူထု အဆုံးအဖြတ်ပေးတဲ့ အပေါ် ကျနော် တို့ လိုက်နာရမှာပေါ့။ ဒါ အားလုံး ဒီအတိုင်းပဲ ခံယူပါတယ်။”
ဒီ ရလဒ် အပေါ် လက်ခံတယ် ဆိုတဲ့ အခုလို ပြောဆိုချက်ဟာ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကြီး တစ်ခုလုံး ရဲ့ သဘောထားနဲ့ တစ်ထပ်တည်း ကျပါ့မလား လို့ ဦးဌေးဦးကို မေးကြည့်တော့
“အားလုံးက ကြိုဆိုမှာပါ။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်ပဲလ။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြတာပဲလေ။ တည်ငြိမ် အေးချမ်းမှု ရှိဖို့ လိုတယ်။ ဖွံ့ဖြိုး တိုးတက်မှု ရှိဖို့ လိုတယ်။ ဒါ ကျနော်တို့ ပါတီက ပြည်သူတွေ အတွက် ကျနော်တို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ လက်တွေ့ အကျိုးရှိတဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်နေပါတယ်။ အရင်တုန်းကလည်း လုပ်ပါတယ်။ အခုလည်း လုပ်ပါတယ်။ လုပ်နေတဲ့ လုပ်လက်စ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေလည်း ပြီးပြတ်အောင် ကျနော်တို့ လုပ်ပါ့မယ်။ နိုင်တယ်၊ ရှုံးတယ် ဆိုတဲ့ နေရာတွေလည်း ကျနော်တို့ မကြည့်ပါဘူး။ ကျနော်တို့ ရွေးချယ် မခံရဘူးဆိုလည်း ပြည်သူအတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေ ရှိရင် ကျနော်တို့ ပြီးပြတ်အောင် လုပ်မှာပါ။”
အထူးသဖြင့်ကတော့ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အခုကတည်းက စ လို့ သူတို့ ပါတီ ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ လိုမယ် လို့လည်း ဦးဌေးဦးက ပြောပါတယ်။
“စိုးရိမ် ပူပန်မှု ဆိုတာ ထက် စာလို့ရှိရင်တော့ ကျနော် တို့ အားနည်းချက်တွေ ရှိရင် ကျနော်တို့ ပြင်ရမှာပေါ့။ နောက်တစ်ခါ လူထု အနေနဲ့ ကျနော်တို့ လုပ်ဆောင်တဲ့ အပေါ်မှာ သိအောင်လည်း ကျနော်တို့ လုပ်ရမှာပေါ့။ တကယ်တော့ ရွေးကောက်ပွဲ ရလဒ် ဆိုတဲ့ ဥစ္စာ အနိုင် အရှုံးက လေးချက် အပေါ် မူတည်ပါတယ်။ ပထမ တစ်ခု က ပါတီက ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်တွေ၊ အဲဒီ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မှုတွေ၊ ဒါပါတီ နဲ့ ဆိုင်ပါတယ်။ ဒုတိယကတော့ ကျနော်တို့ ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်တွေ အားလုံး သူတို့ကနေ ပြီးတော့ ပါတီက ချမှတ် ထားတဲ့ ပြည်သူအတွက် ချမှတ်ထားတဲ့ ကျနော်တို့ လမ်းစဉ်တွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မယ့် လူလား ဆိုတာလည်း ကြည့်ပါတယ်။ တတိယ တစ်ခုကတော့ လှုံ့ဆော်မှုပါ။ မဲ ဆွယ် စည်းရုံးမှုတွေ အပါအဝင် ကြော်ငြာတာတွေ မီဒီယာတွေ နဲ့ လှုံ့ဆော်မှုတွေ ကိစ္စလည်း ရှိပါတယ်။ ဒီအချက်အလက်တွေ အပေါ်မူတည် ပြီး သုံးသပ်ပြီးတော့မှ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပါ့မယ်။ သို့သော်လည်းပဲ အဓိက ကျတာကတော့ မဲ ဆွယ် စည်းရုံးမှု ထက်စာလို့ ရှိရင် အကျိုးပြု လုပ်ငန်းတွေ ကျနော်တို့ လုပ်ဖို့ပဲ မှန်းထားပါတယ်။”
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် မကျေနပ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြားဖို့ အစီအစဉ်များ ရှိပါသလား လို့လည်း ဦးဌေးဦးကို မေးကြည့်ပါတယ်။
“ကျနော်တို့ လောလောဆယ်တော့ တိုင်ဖို့ ဆိုတဲ့ ဥစ္စာတွေက သက်ဆိုင်ရာ မဲ ဆန္ဒနယ်တွေ က ကျနော်တို့ဆီ တင်တာတွေ တော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ အသေးအဖွဲ့တွေတော့ ရှိကောင်း ရှိနိုင်လိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ မြင်နိုင်တာလည်း ရှိမယ်။ မမြင်နိုင်တာတွေ လည်း ရှိပါမယ်။ ကျနော်တို့ မြင်နိုင်တဲ့ ဥစ္စာတွေကတော့ မဲ ရုံအတွင်း ကိုက် ၅၀၀ အတွင်းမှာ မဲ မဆွယ်ရဘူး ဆိုရင် ဆွယ်တဲ့ ကိစ္စတွေကို တော့ မြင်နိုင်တာပေါ့။ ဒါကြောင့် အဲဒီ ဥစ္စာလေး တွေကတော့ တိုင်တာထက် စာလို့ရှိရင် ဒါလေးတော့ ဒီလို ဖြစ်နေပါတယ် ဆိုပြီး ကော်မရှင် ကို အသိပေးတာတွေ ရှိနေပါလိမ့်မယ်။”
ဒါကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဆက်သွယ် မေးမြန်းထား တာပါရှင်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အများစု အနိုင်ရတယ် ဆိုပေမဲ့ လွှတ်တော်ထဲမှာ တခြားနိုင်ငံရေး ပါတီတွေနဲ့ အားလုံး ပူးပေါင်းပြီးတော့ ပြည်သူ့အကျိုး အတွက် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိသလို၊ အခုကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံး နဲ့လည်း ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အတူလက်တွဲ ပြီးတော့ လူထု အကျိုးအတွက် ဆောင်ရွက်သွားမယ် လို့ ဦးဌေးဦးက ပြောပါတယ်။
VOA

ရွေးကောက်ပွဲရလဒ် ကြံခိုင်ရေးပါတီလက်ခံ
Reviewed by သစ်ထူးလွင်
on
04:28
Rating:
18 comments:
ပြောတော့လဲ မင်းပါပဲ ... ဟစ်ဟစ်
ကျနော်တို့ မြင်နိုင်တဲ့ ဥစ္စာတွေကတော့ မဲ ရုံအတွင်း ကိုက် ၅၀၀ အတွင်းမှာ မဲ မဆွယ်ရဘူး ဆိုရင် ဆွယ်တဲ့ ကိစ္စတွေကို တော့ မြင်နိုင်တာပေါ့။ အဲ့ဒီ (၁) ခုထဲလားငါတို့ကတော့ခွင့်လွှတ်တယ်ဟေ့ မင်းတို့က-
မဲဝယ်မှု
ချိမ်းခြောက်မှု
အမိန့်ပေးမှု
ဖယောင်းသုပ်မှု
မဲလိမ်မှု
ကျွန်တော်မသိတာတွေတောင်ရှိအုံးမယ် ကျန်တဲ့ ပြည်သူတွေက comment ရေးပြီးတင်ပေးကြပါ
အခုလို လက်ခံတာ ၀မ်းသာပါတယ်..
ဒါပေမယ့် ဒါဟာ စုစုပေါင်းမှ ၄၅ နေရာထဲမို့လို့လည်းဖြစ်မှာပါ..
အထွေထွေ ရွေးကောက်ပွဲမှာသာ ဒီရလဒ်မျိုးဆို လက်ခံနိုင်ပါ့မလား ဆိုတာစဉ်းစား စရာပါ..
အဲဒီလိုမဖြစ်အောင် ကြံ့ခိုင်ရေးအနေနဲ့ လူထုထောက်ခံမှု ရရှိအောင် ကြိုးပမ်းဘို့ လိုပါမည်။ လာမည့် 2015 ရွေးကောက်ပွဲမှာ အနည်းဆုံး 25-30 ရာနှုန်း ရရှိမှသာ တပ်မတော်သား 25 ရာနှုန်းနဲ့ပေါင်းပြီး.. အာဏာချိန်ခွန်ကို ထိမ်းထားနိုင်ပါမည်။ အဲလိုမဟုတ်ပဲ ယခု လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲရလဒ်အတိုင်းသာ ဖြစ်မည်ဆိုလျှင် စစ်တပ်ကြောထောက်နောက်ခံပြု ပါတီအနေနဲ့ လက်ခံ နိုင်မည်မဟုတ်ပဲ ဒီမိုကရေစီပြုပြင်ရေးမှာ ပြည်သူလူထုနှင့် စစ်တပ်အကြား အာဏာလွန်ဆွဲပွဲဖြစ်လာနိုင်မည်ဖြစ်သည်။ ဆီးရီးယားကဲ့သို့ ဖြစ်မလာနိုင်ဘူးဟု ဘယ်သူမှ မပြောနိုင်ပါ။ လူထုအုံကြွမှုမှတစ်ဆင့်ပြည်တွင်းစစ်ဖြစ်လာနိုင်ပါသည်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်သောင်လည်းကောင်း၊ အာဏာရ ပြည်ခိုင်ဖြိုး အစိုးရအနေဖြင့်သော်လည်းကောင်း ပြည်သူလူထုထောက်ခံမှုရအောင် ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် ကြိုးပမ်းစေလိုပါသည်။ ပြည်သူချစ်သော ပြည်ခိုင်ဖြိုးပါတီ ဖြစ်ပါစေဟုဆုတောင်းပါသည်။
အရေးကြီးတာကပြည်တွင်းငြိမ်းချမ်းရေးကိုအရင်တည်ဆောက်ဘို့လုပ်ပါ။
အပြစ်အခတ်တွေရပ်စဲမှုညှိပါ၊နစ်နာခဲ့တဲ့တိုင်းရင်းသားတွေကိုညှာတာပြီးသူတို့ပြည်
နယ်တွေဖွံ့ဖြိုးမှုအမြန်ရအောင်ဆောင်ရွက်ဘို့လိုပါတယ်။တပြိုင်နက်တည်းမှာ
ပိတ်ဆို့မှုတွေပွင့်လာရင်လုပ်ရမဲ့လုပ်ငန်းစဉ်တွေအားစိုက်လုပ်ပါ။ကိုယ်ကြိုးရှာအဂ
တိလိုက်စားမှုတွေတိုက်ဖျက်ပါ။အပြောတဲ့အလုပ်နဲ့သက်သေပြပါ။ပါတီတွင်းဥပဒေ
ချိုးဖောက်တဲ့သူတွေကိုသန့်စင်ပါ။အခြေခံဥပဒေမှာပြည်သူအကျိုးမပြုတဲ့ဥပဒေ
ကိုပြုပြင်ပါ။ခေါင်းမမာကြပါနဲ့နိုင်ငံတိုးတက်မှုကိုဦးစားပေးပါ။ပြည်သူ့အသံနား
ထောင်ပါ။မျိုးဆက်သစ်ကိုနေရာပေးပါ။
[ကျနော်တို့ မြင်နိုင်တဲ့ ဥစ္စာတွေကတော့ မဲ ရုံအတွင်း ကိုက် ၅၀၀ အတွင်းမှာ မဲ မဆွယ်ရဘူး ဆိုရင် ဆွယ်တဲ့ ကိစ္စတွေကို တော့ မြင်နိုင်တာပေါ့။ ဒါကြောင့် အဲဒီ ဥစ္စာလေး တွေကတော့ တိုင်တာထက် စာလို့ရှိရင် ဒါလေးတော့ ဒီလို ဖြစ်နေပါတယ် ဆိုပြီး ကော်မရှင် ကို အသိပေးတာတွေ ရှိနေပါလိမ့်မယ်။]
၇ီတောင်ရီလိုက်ချင်တယ်...ဗြဲဟဲဟဲ....နင်တို့ ပြောတဲ့ ကိုက် ၅၀၀ ဆိုတာ မဲရုံပတ်ပတ်လည်မှ ကိုက် ၂၀၀ ပဲ ရှိတော့ နင်ပြောသလို လုပ်ရရင် ရွာ့အပြင်ကို ရုံးကို ရွေ.ပေးရမှာပေါ့ ...စဉ်းစားပြီးပြောပါဟယ်....
တော်စမ်းပါ. မပြောင်းဖူး ၇ာ အခု တမျိုး တော်ကြာတမျိုး
(လူကောင်း၁ယောက်ကိုမှားပြီး ကြိုးတုပ် အပြစ်မ၇ှိဘူးဆိုပြီး ပြန်လွှတ်တယ် အဲလူကို မင်းကငါသဘောထားကြီးသူတော်ကောင်း ဆိုပြီးပြောတဲ့လူစားမျိုး)
ပြောတော့ ဘုရားဘုရား လုပ်တော့ ကားရားကားရားဆိုတာ သူတို့ လိုလူမျိုးပေါ့
တတိုင်းပြည်လုံးအနေနဲ့လဲေ၇ွးကောက်ပွဲလုပ်ကြည့်ပါအုံး
တိုင်းပြည်၇ဲ့လတ်စားမှုအကြီးဆုံကလဲဒီပါတီကဘဲ နိုင်ငံကိုဆင်း
၇ဲတွင်းပို့လိုက်တာလဲဒီပါတီကိုထူထောင်ထားတဲ့လူတွေဘဲ ပြည်
သူပိုင်ငွေတွေကိုအလွဲသုံးစာလုပ်ပြီး သူတို့ငွေဖြစ်အောင်ယူတာ
လဲဒီပါတီ ပြည်သူကိုသတ်သာသနာကိုစော်ကားတာလဲ ဒီပါတီ
ထဲကလူတွေပဲ ပြည်သှူဆန္ဒခံယူတော့မှပြည်သူမဲကိုညစ်ပတ်ပြီး
အနိုင်လိုချင်တာလဲဒီပါတီ၇ဲ့ဒီပုတ်ထဲကဒီပဲကလူတွေ့ပါ၊
ဒီပါတီကလူတွေကိုအံ့သြဆုံတခုကတော့ လူကြီးဖြစ်ပါ၇ဲ့နဲ့မျက်
နှာဗြောင်တိုက်ပြီ အမှန်တ၇ားတွေကိုငြင်းဆို၇ဲတဲ့သတ္တိကတော့
အတော်အံ့သြလောက်ပါတယ် အတူလက်တွဲလုပ်မယ်ဆို၇င်
တောင်အတော်သတိထား၇ပါ့မယ်
၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်တယ်စိုတာ ဘာကြောက်လဲ တနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံးကို ကြံဖွတ် ထဲအတင်းဝင်ခိုင်းတာကို မဲခိုးတာကို ဒါကို တတိုင်းပြည်လုံးကသိတယ် ပြောရင် အစိုရကနှိပ်ကွက်မှာကြောင့်လို့ အလျှောပေးထားရတာ။ ကိုကိုယ်ကို တော့၂၀၁၀ ရွေးကောက်ပွဲမှာ မှာငါတို့ နိုင်တယ်ဆိုပြီးအထင်မကြီးနေနဲ့  ရှက်စရာကြီး။။အခုရွေးကောက်ပွဲမှာတောင် မဲခိုးထည့်တာရှိသေးတယ် တခြားနိုင်ငံတွေကလာပြီးစောင့်ကြည့်နေတောသိပ်မလုပ်ရဲဘူး သူတို့ရဲလိမ်လည်မှုတွေပေါ်မှာကြောက်လို့လေ ။အားလုံးကသိတယ် ကြံဖွတ်ရေ ...........မပြောချင်လိုပါကွာ..........
မဲ ဆွယ် စည်းရုံးမှု ထက်စာလို့ ရှိရင် အကျိုးပြု လုပ်ငန်းတွေ ကျနော်တို့ လုပ်ဖို့ပဲ မှန်းထားပါတယ်။
အင်း.... ၀ါသနာ၊ ၀ါသနာ။ စေတနာတော့ဖြင့် တစ်စက်ကလေးတောင် ရှိပုံမရ။ ပြည်သူလူထုထည့်ဝင်ငွေနဲ့ လုပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အလံတွေလာထောင် ကျောက်တိုင်တွေစိုက်ရုံနဲ့တော့ ပြည်သူကို ဘယ်လိုမဲဆွယ်စည်းရုံးမှု လုပ်ချင်သေးလို့လည်း။ ဒါကို အကျိုးပြုလုပ်ငန်းလို့ ခေါင်းစဉ်တပ်၊ ရွေးကောက်ပွဲ အောင်နိုင်ရေး တိုင်းသူပြည်သားတွေကို ငွေထုတ်ချေး... ပြည်သူတွေကလည်း ငါတို့ ပိုက်ဆံ ငါတို့ ပြန်ယူတာပဲဆိုပြီး လိပ်ပြာသန့်သန့် လက်ခံနေတာ...... အဲလိုမျိုးကို အကျိုးပြု လုပ်ငန်းလုပ်တယ်တဲ့လား။ သူတို့ဝါသနာက သူများကိုတိုက်ခိုက် မိမိကိုယ်မိမိ အကျိုးပြုလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာတော့ ပြည်သူအားလုံးက သိလွန်းလို့... သေနတ်မကြောက်ရလို့ကတော့ ၂၀၁၅မှာ ဒီထက်တောင် မြင်သာထင်သာ ရှိသွားဦးမယ်။
ဘက်မလိုက်ဘဲပြောပါမယ်။ အနှစ်ချုပ်ဘဲပြောပါမယ်။
ရှင်းရှင်းလေးပါဘဲ။
ပါတီထောင်ကတည်းက ရိုးသားမှုမရှိဘူး။
ပါတီလမ်းစဉ်မူဝါဒတွေက မရိုးသားဘူး။
ပါတီခေါင်းဆောင်တွေ ရိုးသားမှုမရှိဘူး။
ပါတီကတင်လိုက်တဲ့အမတ်လောင်းတွေက ရိုးသားမှုမရှိဘူး။
ဒီတော့ လူထု လက်မခံတာ ဆန်းလားဗျာ။
ဆရာကြီးလူထုဦးစိန်ဝင်းပြောသလို
မြန်မာလူထုက နိုင်ငံရေးအသိ မညံ့ဘူးဆိုတာပါဘဲ။
ပြင်ရမှာတွေ ကတော့အများကြီးပဲ...အောက်ကလူတွေကကို..မကောင်းတာ..အောက်
ခြေကို အရင်ကိုင်ပြီးဖြေရှင်းသင့်တယ်...အကြံလေးပေးကြည့်တာပါ...ကြိုက်လွန်းလို့တော့မဟုတ်ဘူး.....
ဒါဘဲလေ ..ဒီလိုဘဲဖြစ်ရမှာပေါ့ ...ဒါအမှန်တရားဘဲဟာကို
အားနည်းချက်တွေရှိရင် ပြင်မယ်လို့ မပြောရဘူး ၊ အားနည်းချက်တွေ အားလုံး ( ကကြီး မှ အ အထိရှိသည် ) ပြင်မယ်လို့ပြောပါ ၊ ဒါတောင် သုံးခွက် တစ်ခွက်တင် ယုံကြည်ဘို့ခက်မယ် ၊ဘာလို့လဲ ဆိုတော့ ကိုယ်မှား နေတာ ကိုယ်မသိရင် ခက်တယ်လေ ။
အေးကွာ အသိတရားလေနဲနဲ ရလာတောလဲ သက်သာတာပေါ့ အပြစ်တွေက
အဟက်အဟက် ရယ်ရတယ် ဦးဌေးဦးရယ် ဘယ်တူလဲမတိဘူးနော် မဲဆွယ်တုန်းက ဒို့အမေကိုပုတ်ခတ်ပြောဆိုပြီး မဲဆွယ်တာ လက်မခံလို့လည်းရမှမရတာ လက်မခံရင်ဘာဖြစ်သွားမလဲဆိုတာ နင်တို့အသိပါနော် ခုမှအပိုတွေလာပြောနေတယ်
ရှက်လဲ ရှက်ပါတယ် ရှက်လဲ မရှက်နိုင်ပါ . . ကိုင်ဇာသီချင်းလိုပေါ့
ဟေ့ကောင်မင်း တောပြောတောင်ပြော လျှောက်ပြောမနေနဲ့ နေပြည်တော်မှာ လက်ငင်းေ၇တွင်းတွေ ကြံ့ဖွတ်က လိုက်ပိတ်နေပြီကြားတယ်။ အဲဒါအ၇င်သွားလုပ်ပေးလိုက်ဦး။ ပြီးမှ ဆက်ပြော။ ။
Post a Comment