ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၄)

ပုလဲတွင် NLD ပါတီ အနိုင်ရရှိ

ပုလဲ၊ ဧပြီ ၁၊ (10 PM)


စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဒေါ်ခင်ဆန်းလှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်ကို ဆန္ဒမဲ လေးသောင်းကျော်ဖြင့် အနိုင်ရရှိ ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါမဲဆန္ဒနယ်တွင် သွားရောက်သတင်းယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့်သည်။

ပုလဲမြို့နယ်ရှိ မဲဆန္ဒနယ်ပေါင်း ၈၁ရုံတွင် မဲရွေတွက်ပြီးစီးခဲ့ပြီဖြစ်သည်။
ပုလဲမဲဆန္ဒနယ်မှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ပြိုင်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း အနို်င်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်ခဲ့သည်။

-------------------------------
နေပြည်တော် မဲဆန္ဒနယ်များ အားလုံး NLD အနိုင်ရရှိ ဟုဆို

နေပြည်တော်၊ ဧပြီ ၁ ( 8 : 56 )


အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ရှိ မဲဆန္ဒနယ် လေးနယ်လုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ NLD ပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်စန္ဒာမင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။


နေပြည်တော် ဇမ္ဗူသီရိ မဲ
ဆန္ဒနယ်တွင် ၈၈ မျိုးဆက် ကျောင်းသူတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ဆန္ဒမဲ ငါးထောင်ကျော်ဖြင့် ၎င်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်တွင် ဦးမင်းသူ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေ အား ဆန္ဒမဲ ခုနှစ်ထောင် နီးပါဖြင့်၎င်း၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဦး ဖြိုးဇေယျာသော်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးသာဌေးအား ဆန္ဒမဲ နှစ်ထောင်ကျော်ဖြင့် ၎င်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား ဆန္ဒမဲ သုံးထောင့်နှစ်ရာအကွာဖြင့်၎င်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းကဆိုသည်။
 The Voice Weekly
------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ မြင်ကွင်း (မန္တလေး)
The Voice Weekly
  ----------------------------------
မကွေးတိုင်း မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း
ပဲခူးတိုင်း(အရှေ့) သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဦး
ပဲခူးတိုင်း (အနောက်) လက်ပံတန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ထန်းတပင် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းဦး ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင်တို့ အနိုင်ရရှိကြောင်း သိရပါသည်။

 Burma VJ Media Network
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၄) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၄) Reviewed by သစ်ထူးလွင် on 22:20 Rating: 5

14 comments:

ဧနဒီ said...

ပျော်နေတဲ့အပျော်တွေနဲ့အတူ ကိုသစ်ကိုလဲ အထူးပဲ ကျေးဇူးတင်စကားပြောကြားပါတယ်ခင်ဗျာ။

Unknown said...

ktd said
အရမ်းကို အတိုင်းမသိ အတိုင်းအတာမရှိ ၀မ်းမြောက်မိပါသည်။

ရ္မေခွပ်ဒေါင်း said...

နေပြည်တော်မှာတောင် အားလုံးနိုင်တယ်ဆိုတော့ ၀မ်းသာစရာပဲပေါ့....သတင်းတွေကိုဆက်တိုက်တင်ပေးနေတဲ့ ကိုသစ်ထူးကိုလည်း ကျေးဇူးတင်ပါတယ်.......

yarsuthit said...

very happy for Nay Pyi Taw result

အမေစု said...

ကိုသစ်ထူးလွင်ရေ..ကျေးဇူးပဲဗျို့.မနက်ကတည်းကသတင်းထိုင်ဖတ်နေတာ အခုထိထမင်းမစားရေမချိုးရသေးဘူး စက်နားကကိုမခွါနိုင်ဖြစ်နေတာ သတင်းကိုမပြတ်တင်ပေးနေတဲ့အတွက် အားလုံးကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်.အောင်မြင်ပါစေ...

tkm said...

ကြားရတဲ့သတင်းတွေက
ဝမ်းသာစရာပဲဟေ့..
လက်ကျန်သတင်းတွေကို
နောက်နေ့မှဆက်ဖတ်တော့မယ်..
ကိုသစ်ထူးလွင်ရေ......
ကျေးဇူးအများကြီးတင်ပါတယ်

kawliya said...

Thanks for NLD voter. NLD Party is won in everywhere by a landslide victory. We'll be freedom for speech, freedom for democracy.

shan lay said...

ိတကယ်ဝမ်းသာလိုက်တာ။နှစ်ပေါင်းများစွာမျိုသိပ်နေခဲ့ရတာ
တွေ အခုမှအသဲကြား မဲတစ်ပြားပေးနိုင်ခဲ့ပါပြီ

Anonymous said...

သတင်းတွေကို အချိန်နဲ့အညီ တင်ပေးတဲ့အတွက် ကျေးဇူးအထူးပဲဗျာ..

အမြင်သစ် said...

နိုင်တဲ့နေရာအတိအကျ နောက်ဆုံးရသတင်းလေးတွေလုပ်ပါအုံး
၄၄ နေရာမှာ အားလုံးလား

nan win said...

ဝမ်းသာတယ်ဗျာအမေစုနှင်.တကွပြည်သူတွေအားလုံးဒီထက်မကပျာ်၇ွှင်ကြပါစေ

Anonymous said...

၄၄နေ၇ာလုံးလုံးNLDနိုင်ပြီ..ပျော်လွန်းလို့မျက်၇ည်တောင်ကျတယ်ကိုသစ်ေ၇....

Anonymous said...

အရမ်းဝမ်းသာတယ်ဗျာ ....
ကျေးဇူးပါ ကိုသစ်ရေ...

Han Gyi said...

အရမ်းပျော်တယ် ကိုသစ်ရေဘယ်လိုတောင်ကျေးဇူးဆပ်ရမှန်းမသိဘူး။ ကိုသစ်ရဲ့ဆိုဒ်ကြောင့်အချိန်နဲ့တစ်ပြေးညီသိရတာ။ အရမ်းကိုကျေးဇူးကမ္ဘာပါဘဲဗျာ။

Powered by Blogger.