လှည်းကူးမြို့နယ်တွင် ရာအိမ်မှူးကို ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား
ရေးသားသူ - ကျော်မြတ်ဇံ
လှည်းကူးမြို့နယ် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး တစ်ဦး လှည်းကူးမြို့နယ် ရာအိမ်မှူးနှင့် အချင်းများရာမှ အဆိုပါ ရာအိမ်မှူးကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ သည့် ဧပြီ(၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ် မှာ ယင်းနေ့ ည ၈ နာရီအချိန် ဦးသိန်းဇော် (၃၃)နှစ် ရာ အိမ်မှူး ပန်းတောကုန်းကျေးရွာ ၊ ဖောင်ကြီး အရှေ့ကျေးရွာ အုပ်စု လှည်းကူးမြို့နယ် နေသူသည် ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ တာဝန်ပေးချက်အရ လှည်းကူးမြို့နယ် “၀” ဂိတ်သို့
ဆန္ဒမဲပေးပြီး ပြန်သွားသူများ၏ သွားလာရေး အခက်အခဲကို ကြည့်ရှုရန် ဆယ်အိမ်မှူး ဦးကြည်ရှင်း နှင့် အတူ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ရာ ငမိုးရိပ်ဆည် အလယ်ဂိတ် အလွန် တောင်ပေါ် အရောက် မျက်နှာခြင်းဆိုင်မှ မီးထွန်း မောင်းနှင် လာသော ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်လိုက်စဉ် ဆိုင်ကယ်မောင်းသူမှ ဦးသိန်းဇော်အား “ (-----) ၊ ဘယ်လိုမောင်းတာလဲ” ဟု အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးကျော်ဦးက ဆဲဆိုပြီး ဆိုင်ကယ်ကို ရပ်လိုက်၍ ဦးသိန်းဇော် ကလည်း ဆိုင်ကယ်ကို ရပ်လိုက်ကာ “ငါ့ကိုဆဲတာ ဘယ်သူလဲ” ဟု ပြောဆိုစဉ် ဗိုလ်ကြီး ကျော်ဦးက “ငါ့ကို ဘာကောင်ထင်လဲ” ဟုပြောဆိုကာ MA-5 ပစ္စတို သေနတ်ဖြင့် ဦးသိန်းဇော်၏ မျက်နှာဝဲဘက်အခြမ်း ၊ ဘယ်ဘက် နားထင် အား တစ်ချက်ရိုက်ကာ သေနတ်ဖြင့် ပစ်သောကြောင့် ဦးသိန်းဇော်၏ ဝဲဘက်ပုခုံးတွင် ပေါက်ထွက် ဒဏ်ရာရရှိခဲ့သည်။
ဗိုလ်ကြီးကျော်ဦးသည် လှည်းကူးမြို့နယ် စစ်အခြေခံလေ့ကျင့်ရေးတပ် ကြည်း/၂၇၇၆၆ မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည်။“တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့အရေးကြီးပါတယ် ၊ဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ် ၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒကလည်းဒါပါပဲ” ဟု လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမတ် ဦးဖြိုးမင်းသိန်း ကပြောသည်။
ဦးသိန်းဇော်သည် အဆိုပါဒဏ်ရာကို လှည်းကူးဆေးရုံတွင် ကုသနေရာမှ ရန်ကုန်ဆေးရုံကြီးသို့ ဦးနှောက်နှင့်အာရုံကြော အထူးကြပ်မတ် ဆောင်တွင် ယခုအခါ ကုသနေရကြောင်း သိရသည်။ ဦးသိန်းဇော်က လှည်ကူးမြို့နယ် ဖောင်ကြီးရဲစခန်းသို့ တရားလို ပြုလုပ်တိုင်ကြားခဲ့သဖြင့် ယခုအခါ ဗိုလ်ကြီးကျော်ဦးကို စစ်စည်းကမ်းများ အရ အရေးယူထားကာ (ပ)၃၀/၁၂ ပုဒ်မ ၃၂၆/၃၂၅ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီအမှုကို ဖောင်ကြီး ရဲစခန်းက အမှုစစ်ဒုရဲအုပ် ဦးလှထွန်းအောင်ကျော်က စစ်ဆေးနေပါတယ်၊ တရားဥပဒေအရ မှန်မှန်ကန်ကန် နဲ့နှစ်ဦး နှစ်ဖက်စလုံး အမှန်အတိုင်းဖြစ်အောင် စစ်ဆေးသွားမှာပါ” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ နောက်ဆုံးကြားရသော သတင်းများအရ ဦးသိန်းဇော်အား ပြည်သူ့ဝန်ထမ်းကို မချေမငံ ပြောဆို ဆက်ဆံ မှုဖြင့် အမှတ်(၁) စစ်အခြေခံလေ့ကျင့်ရေး တပ်မှ ဗိုလ်ကြီး တင်မျိုးထွဋ် က အမှုဖွင့် ထားကြောင်း သိရ သည်။
ရန်ကုန်တိုင်းမ်

သေနတ်ဖြင့် ပစ်ခံရသူ ဦးသိန်းဇော်အား ပြည်သူ့ဝန်ထမ်းကို မချေမငံ ပြောဆို ဆက်ဆံ မှုဖြင့် အမှုဖွင့် ထား
Reviewed by သစ်ထူးလွင်
on
15:41
Rating:
20 comments:
ပြည်သူ့ ဝနိထမ်းဆိုပြီး သူကသေနတ်နဲ့ စ ပြစ်တယ် တဦးနဲ့ တဦးစကားများတဲ့ ကိစ္စမှာ တာဝန်ကြောင့် ကိုင်ခွင့် ရှိတဲ့ လက်နက်နဲ့ အခွင့်ေ၇းယူပြစ်ပြီး အြ့ပစ်ခံ၇သူကို တ၇ားပြန်စွဲတာတော့  သဘာဝမကျဘူး တ၇ားဥပဒေ အ၇မကျေလည်မှု ကို တိုင်၇ဘို့ ရှိတာ မင်းတို့ လိုကောင်တွေကိုလူသတ်လိုင်စင်ထုတ်ပေးထားတာမဟုတ်ဘူး..ထွီ..
ပြည်သူကမှားအုံးတော့ နိုင်ငံ့ဝန်တမ်း တစ်ယောက်အနေနဲ့ သေနပ်ကိုလုံးဝကို သုံးခွင့်မရှိဘူးဆိုတာ မသိဘူးလား။ ဒီလိုကောင်ကို ထောင်တစ်သက်တကျွန်းကို ချပစ်ရမှာ။
သေနတ်နဲ့လည်းပစ်ခံရသေးတယ်။အမှု့လည်းဖွင့်ခံရသေးတယ်။သြော်စစ်တပ်
သေနတ်ပေးကိုင်ထားတာ
နိုင်ငံကိုကျူးကျော်လာတဲ့ရန်ကို ကာကွယ်ဖို့လား
ကိုယ်နဲ့ မတည့်တဲ့သူကို ပြစ်ဖို့လား ဟင်...
တစ်စိတ်လောက်ရှင်းပြပါလား....
သေနတ်ကိုင်ထားတာ
နိုင်ငံကို ကျူးကျော်လာတဲ့ ရန်ကို ကာကွယ်ဖို့လား
ဒါမှမဟုတ် ကိုယ်နဲ့ မတည့်တဲ့သူကို ပြစ်ဖို့လား
တစ်စိတ်လောက်ရှင်းပြပေးပါလား....
မင်းကလည်း စဆဲတယ် စပြီး သေနတ်နဲ့ပြစ်တယ်
ဒါတောင် တရားပြန်စွဲတယ် ဆိုတော့ေ-ာက်ရှက်မရှိဘူးလား...
ဘယ်လိုလုပ်မလဲပြောင်းနေပါပြီလို့ပြောနေကြသူများနှင့်ယုံနေကြသူများ။
တပ်မတော်ကပြည်သူကိုကာကွယ်ဖို့ လားးးးးးပြည်သူတွေကိုပစ်ဖို့ လားးးးးးးးးးးး
(ပစ်သူ) ဒိုင်း . . .
(ခံရသူ) အား . . .
(ပစ်သူ) သူသားကို အနိုင်ကျင့်တယ်
(ခံရသူ) အသံမထွက် မေ့နေပြီ
(ပစ်သူ) သူ့ကို တရားစွဲပေး
(ခံရသူ) ထောင်ကျသွား
အဲ့ဒါ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော တကယ့်အဖြစ်အပျက်
ဥပဒေအထက်တွင် အစိုးရလူကြီးများရှိသည်
ပုံ/
ီနိုင်ငံတော် အစိုးရ နှင့် ၀န်ကြီးများတစ်စု
မပြောလိုတော့ပါဘူး နှစ်ဦးလုံးအာဏာရူးတွေပါပဲ
ဒီအသုံးမကျတဲ့ ဗိုလ်ကြီးကျော်ဦးနဲ့ ဗိုလ်ကြီး တင်မျိုးထွတ် တို့ကို ကြုံတဲ့လူက တယောက် ပါးတချက်စီရိုက်ပြီး ဥပဒေရဲ့အမြင့်ဆုံးဒဏ်ငွေ တစ်ထောင်စီပေးလိုက်ကြပါ။
အဲ ယူနီဖောင်းဝတ်မထားတဲ့အချိန်ပေါ့။
နို့ တာဝန်ချိန်ဆိုပြီး ပြသနာရှာနေဦးမယ်။
ဒီကောင်တွေ အရက်သောက်ချိန်ဆို အကောင်းဆုံးဘဲ။
ပြည်သူ့အမြင်ကိုပြောရရင် မြန်မာနိုင်ငံသားတိုင်း နက်လက်ကိုင်ဆောင်ခွင့် မရှိသလောက်ဖြစ်သည်။ သို့သော် စစ်တပ်ကို ပြည်သူများက နားကြည်းစေနိုင်သော နေရာရောက်နိုင်သည် ။။ နက်လက်သည် သေစေနိုင်သည့်လက်လက်ဖြစ်ခဲ့သော်လည်း တာဝန်အရ ကာကွယ်တာ ဖြစ်ခဲ့မှု တစ်ထောင်ပေးပီ ပါးရိုက်တာနဲ့တူနေပါမည်လော့ ..။ စစ်တပ်သည် ပြည်သူက မွေးပေးခဲ့သော အရာဖြစ်သည် မြန်မာစကားပုံအရ ဆန်ကောင်းထဲ ကြွက်ချေးရောခဲံ့သည်ဖြစ်နိုင်ခဲ့ပါသည်။
ရပ်ရွာအုပ်ချုပ်ရေးဥပဒေအရဆိုရင် ရာအိမ်မှူးဆိုသူကလဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့လက်အောက်က အမှုထမ်းလို့ပြောနိုင်တာပဲ တပ်မတော်သားဖြစ်လို့လက်နက်ကိုင်ဆောင်ခွင့်ပြုထားပေမဲ့ ရပ်ရွာအုပ်ချုပ်ရေး အတွက် တာဝန်ထမ်းဆောင်နေသူကို အလွယ်တကူစိတ်မထင်ရင်မထင်သလို ပြစ်ခတ်ဖို့ခွင့်ပြုထားတာမဟုတ်ဘူး ဆိုတာကို တပ်မတော်သားတွေသိဖို့လိုတယ်။
စစ်တပ်ကပြည်သူနဲ့ဖြစ်တဲ့ပြသနာမှာ
လက်နက်အားကိုးပြီးဖြေ၇ှင်ပိုင်ခွင့်၇ှိလို့လား အ၇ာ
၇ာကိုလက်နက်နဲ့ဖြေ၇ှင်နေမယ်ဆို၇င်ပြည်သူနဲ့တပ်
မတော်ကြားမှာအမုန်ပွါးမှုတွေမျာတထက်များလာ
နိုင်တယ်ဆိုတာကိုေ၇ာတပ်မတော်ကအ၇ာ၇ှိတွေ
မစဉ်းစားတော့ဘူးလား လက်နက်အားကိုအမိန့်
အာဏာအားကိုးပြီးပြည်သူကိုအနိုင်ကျင်နေတာ
တော့သူ၇ဲပေါနိုင်လွန်းပါတယ်
လွန်ပါ့ဗျာ သူကပဲသေနတ်နဲ့ ပစ်သေးတယ် သူကပဲပြန်တရားစွဲတယ်လို့  စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တာ မင်းလိုကောင်မျိုးကြောင့်ကွ
အဲဒီတင်မျိုးထွဋ် ဆိုတာဘာကောင်လဲ နေရာတိုင်းမှာသူ့တာဝန်နဲ့သူရှိတယ်ဆိုတာဒီလိုအာဏာရူးတွေအခုထိနားလည်တိုင်သေးဘူးလား
လုပ်ပိုင်ခွင့် အာဏာကို လက်ကိုင်ထားပြီး ပြည်သူကိုလည်းစော်ကားသေး၊လက်နက်အားကိုးနဲ့မတရား နိုင်လိုမင်းထက် ပြုတဲ့ စစ်ဗိုလ်ကို ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ ဆိုတာစောင့်ကြည့်နေပါမယ်။ပြည်သူကပေးတဲ့ လက်နက်နဲ့ပြည်သူကိုပြန်သတ်ဖို့ လုပ်နေပြီ၊ကြည့်ရတာ မင်းစိတ်ပေါက်နေတဲ့ စစ်ဗိုလ်လား မသိဘူး၊တပ်မတော်တစ်ခုလုးံ ပြည်သူရဲ့အကြည်ညို ပြန်ရအောင် လုပ်ဆောင်နေချိန်မှာ ဘာမဟုတ် တဲ့စစ်ဗိုလ်တစ်ယောက်ကြောင့် တပ်မတော်တစ်ခုလုံး နာမည်အပျက်မခံပါနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ခင်ဗျား..........။
ဟာ ....... ဆိုးလိုက်တဲအဖြစ် သေနတ်နဲ့လည်းအပစ်ခံရသေး တရားလည်းအစွဲခံရသေး သူခိုးက လူ လူ ဟစ်ဆိုတာ ဒါမျိုးပြောတာနေမယ် ..............
အခုပြသနာ က သတင်းမှာပါတဲ့အတိုင်းဆို (၂)ယောက်လုံးက တာဝန်ထမ်း
နေတဲ့အချိန်ပဲ၊ သေနတ်နဲ့လွယ်လွယ် ပစ်လို့ရလား၊
ဖေါင်ကြီးဆိုတာ ရန်ကုန်မြို့နဲ့နီးနီးလေး၊ ဟိုးအစွန်အဖျားမှာဖြစ်နေတာတွေကို
မှန်မမှန် သက်သေခံနေတာထင်တယ်၊ဦးသိန်းဇော်ကယူနီဖေါင်းဝတ်ကိုတော့ သတိထားပြီးဆက်ဆံမှာပါ၊အားလုံးအပေါ်ဗိုလ်လုပ်နေတော့မော့ကြည့်ရင်တောင် မခံနိုင်ဘူး၊ခေါင်းငုံ့လက်အုပ်ချီ နေရမလိုဖြစ်နေပြီ၊
အာဏာရှင်စိတ်ဓါတ်၊လုပ်ရပ် စွန့်ပစ်ရမည့်အချိန်ရောက်နေပြီ၊
ယခု ဖြစ်ပြီးပြီ ၊ နောင် မ ဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ၊ ဘယ်လိုထိန်းချုပ်မလဲ ။
zmaung
ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး
Post a Comment