သပိတ်ကျင်းလယ်ယာမြေသိမ်းယူမှု တိုင်ကြားသူ ဖမ်းဆီးခံရ

လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို တိုင်ကြားတဲ့အတွက် သပိတ်ကျင်းမြို့နယ်က လယ်သမားတစ်ယောက် ဒီနေ့မနက်က အဖမ်းခံရတယ်လို့ သိရပါတယ်။
AFP
စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)
မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ် ချောင်းကြီး ကျေးရွာက ကိုသန်းအေးကို ဒီနေ့မနက်ပိုင်းမှာ တောင်ယာကိုအသွား နယ်ခံရဲတပ်ဖွဲ့က ဖမ်းသွားတဲ့အကြောင်း ဇနီးဖြစ်သူ မလှဝင်းက RFA ကို ပြောပြပါတယ်။ "ကိုသန်းအေးကို ကျေးရွာရဲကင်းမှုးနဲ့ ရဲတပ်သားကြည်နိုင်ဦးတို့ ဦးဆောင်ပြီးတော့ ဖမ်းဝရမ်းလည်း မပါဘဲနဲ့ သပိတ်ကျဉ်း ရဲစခန်းကို အတင်းအားဓမ္မ မတရားခြိမ်းခြောက်ပြီးတော့ပေါ့။ ဖမ်းခေါ်သွားတာ။ ဒီချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်ဆန်းဦး ကနေပြီးတော့ သူတို့ရဲစခန်းကို အမှုဖွင့်ပြီး လာတိုင်တယ်လို့ ပြောတဲ့အခါကျတော့ ဘာ့ကြောင့်ဖမ်းရတာလဲလို့ မေးတဲ့အခါကျတော့ ရွာသူရွာသားတွေကို ကျမအမျိုးသား ကိုသန်းအေးက ဦးဆောင်ပြီးတော့ တိုင်ကြားပေးတဲ့အတွက် အဲဒီလိုမတိုင်ကြားနိုင်အောင် သူ့ကို ခြေချုပ်လုပ်ပြီးတော့ ဖမ်းတယ်လို့ ပြောတာပဲ။" ၂၀၀၇ ခုနှစ်က သပိတ်ကျင်းမြို့နယ် အတွင်းရှိ လယ်ယာမြေတွေကို မြို့နယ်ဥက္ကဋ္ဌက သိမ်းယူပြီး ရွှေတူးဖေါ်တဲ့အခါ လူသေတာ၊ အိမ်တွေ ပြိုကျသွားတာတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ အတွက် သူ့အနေနဲ့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ မလှဝင်းက ဆက်ပြောပြပါတယ်။ ကိုသန်းအေးကို မဖမ်းခင် မြို့နယ်ဥက္ကဋ္ဌက ဒီကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးမယ့် အကြောင်း ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇ ခုနှစ်ကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့သလို အခု သမ္မတဦးသိန်းစိန် လက်ထက်မှာလည်း ဒီကိစ္စရပ်တွေကို ထပ်မံတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

RFA
သပိတ်ကျင်းလယ်ယာမြေသိမ်းယူမှု တိုင်ကြားသူ ဖမ်းဆီးခံရ သပိတ်ကျင်းလယ်ယာမြေသိမ်းယူမှု တိုင်ကြားသူ ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 08:57 Rating: 5

5 comments:

skyworld said...

ဟာ လုပ်ကြပါအုံး သက်ဆိုင်ရာအဖွဲ့ တို့ ရေ ။ တို့ အမြန်လမ်းဘေးက နား
နေစခန်းတို့ ။ 115 မိုင်တို့  နေပြည်တော်တစ်ဝိုက်တို့ က မြေတွေတောင်
အစိုးရက အရင်သိမ်းထားတာတွေ အခုဆို နစ်နာကြေးတွေပေးနေပြီ။ သပိတ်
ကျင်းက အုပ်စုတွေမသိသေးဘူးထင်တယ် ။ ဒါက တောင်သူတွေက ဘိုးစဉ်
ဘောင်ဆက်လုပ်ကိုင်စားသောက်လာတာ ဒါက လွဲလို့ လဲ ဘာမှ မလုပ်တတ်
ကြဘူး လုပ်စားနေတဲ့ ယာလယ်တွေလဲသိမ်းသေးတယ် လူလဲဖမ်းသေးတယ်
ဆိုရင် တော်တော်အစွန်းရောက်သွားပြီ ကူညီပေးကြပါအုံး သက်ဆိုင်ရာ
အဖွဲ့ တို့ ရေ.....

Myanmar said...

အမှန်တရားကို မြတ်နိုင်းပါတယ်ဆိုရင် အမှန်တရားကို လုပ်ပြရဲရတယ် ..။ အမှားကိုအမှားတိုင်း ကျင့်သုံးမယ်ဆိုရင် ဒီအမှုတွေ မပေါ်နိုင်ပါဘူး

Ar Ga said...

အခုချိန်ထိ ဒီလို ကိစ်စတွေ ၇ှိတုန်းလား ? အမှုနိုင်တာ ၊ မနိုင်တာ တစ်ပိုင်းပါ ၊ တိုင်တဲ့သူကို ဖမ်းတယ်ဆိုတာကတော့ ကြီးနိုင် ငယ်ညှင်း မပျောက်သေးတာကို ပြနေတာပါ။ ဒီမိုကေ၇စီ နိုင်ငံ တည်ဆောက်နေတာနဲ့ ဆန့်ကျင်ဘက်ပါ ။ သမတကြီး ၊ NLD နဲ့ Media တို့ေ၇ .. အားကိုးပါတယ်ဗျာ ..

Aung San Win said...

တရားမျှတမှုရှိအောင်လို့ တိုင်တန်းတဲ့သူကို ဖမ်းတာနေမှာပေါ့။ မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေက အငြိမ်းစား ချုပ်ကြီး ဦးသန်းရွှေ လက်အောက်မှာပဲရှိနေပါသေးတယ်။ သမ္မတ ဆိုတာကလည်း အယောင်ဆောင် ဟန်ပြသက်သက်ပါပဲ။ အမေစုရေ သားသားတို့ကို ကယ်တင်ပေးပါနော်။ အမေက မျှော်လင့်ချက်ပဲ။

a said...

လူကောင်းတွေကိုနှိပ်ကွပ်၊သူရုတ်တွေကိုကာကွယ်အပြောသက်သက်ရုပ်သေးအစိုးရ၊လုပ်တဲ့အပြောင်းအလဲတွေကလည်းပြည်သူအတွက်၁၀%သူတို့အရောင်တောက်ဖို့၉၀%ဆိုတာတွေပဲပြောင်းတယ်။ပြည်သူအတွက်ဆိုဒီလိုလွယ်တာတွေကိုတောင်အမှန်အတိုင်းမလုပ်ပေးဝံ့တဲ့အစိုးရ။

Powered by Blogger.