ရန်ကုန်မှာ ၂၄ နာရီ မီးပေးတော့မယ်လို့  မီးရထားဝန်ကြီးဦးအောင်မင်း ပြောကြား

ဧပြီလ ၆ ရက်နေ့  ၂၀၁၂
ရန်ကုန်မြို့တော်ကို အလှည့်ကျ မီးပေးစနစ်မှ ၂၄ နာရီ မီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည်         ဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ယနေ့ ဧပြီလ (၆) ရက်နေ့ မှာ KNU နဲ့ ရန်ကုန်မြို့ မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ပြောကြားလိုက်ကြောင်း               ဆွေးနွေးပွဲ မှာ တက်ရောက်သတင်းယူနေတဲ့ သတင်းထောက်တဦး က Myanmar News Now ကိုပြောပြပါတယ်။  
အဆိုပါ ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် အဖွဲ့ဝင် ၂၁ ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ကလည်း ရန်ကုန်တစ်မြို့လုံးအတွက်
ယနေ့ည တွင် စမ်းသပ်၍ ၁၂ နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းထောက်
တွေကိုပြောပါတယ်။

ယနေ့ ရန်ကုန် အလုံမြို့ နယ် အတွင်းက လျှပ်စစ်ဓါတ်အားပေးရေးရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်း
လင်းပွဲမှာ ညနေ ၅ နာရီ ကနေ မနက် ၅ နာရီ အထိ မီးပေးမယ်လို့ ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်
အားပေးရေးအဖွဲ့ က ဥက္ကဌဦးအောင်ခိုင် ကပြောဆိုလိုက်တာဖြစ်ပါတယ်။
 Myanmar News Now
ဓါတ်ပုံ(ဒီဗွီဘီ)
ရန်ကုန်မှာ ၂၄ နာရီ မီးပေးတော့မယ်လို့  မီးရထားဝန်ကြီးဦးအောင်မင်း ပြောကြား ရန်ကုန်မှာ ၂၄ နာရီ မီးပေးတော့မယ်လို့   မီးရထားဝန်ကြီးဦးအောင်မင်း ပြောကြား Reviewed by သစ်ထူးလွင် on 16:16 Rating: 5

50 comments:

pyaponthu said...

သတင်းကောင်းဘဲ။ရန်ကုန်ဘဲလား။တတိုင်းပြည်လုံးအတိုင်းအတာ နဲ့ဆိုရင် ဘယ်တော့လောက် ဖြစ်နိုင်ခြေရှိလဲ

ကေကေ said...

ယုံအောင်လဲပြောကြပါ... ပြောတဲ့အတိုင်းလဲ ဖြစ်အောင်လုပ်ပါ....
ဒါမှ ပြည်သူတွေက ယုံကြည်လာမှာပါ....

Richard said...

ကောင်းတာပေါ့

Snow Nwe said...

တကယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါဘဲ ။

midnight said...

အကောင်းဖကကမြင်ရင် မီးလာတာ သဘောကျပါတယ်။ ဒါပေမယ့် လျှပ်စစ်ဝန်ကြီး စွမ်းအင်ဝန်ကြီး စသည့် ၀န်ကြီးတွေ ဆီက အသံဘာမှမကြားရဘဲ မီးရထာဝန်ကြီးက မီးအကြောင်းပြောတယ် မြန်မပြည်က ၀န်ကြီးတွေက ဟာသပဲ။

DAWSINJAY said...

အပြောမဟုတ် အလုပ်နဲ့ သက်သေပြ၇င် ယုံ၇မှာပေါ့ ..အခုတော လိမ် မလိမ်စောင့် ကြည့် အုန်း မှာ။

Unknown said...

မီးရထား ဝန်ကြီး............မီးပေးစနစ်တင် မဟုတ်ဘူး၊စုတ်ပြတ်သတ်နေတဲ့ ဘူတာနဲ့ လက်မှတ် တန်းရုံလည်း ကြည့်ပါဦး။အိပ်ကပ်ထဲမှာပြည့်နေရင် နဲနဲပါး စိုက်ထုတ်ပြီး ပြင်ဆင်ပေးပါလား။

ပြည်ချစ်သား said...

အထက်က midnight ပြောတာအပြည့်ဝလက်ခံတယ်
ကိုယ်တာဝန်အပြည့်ယူထားတဲ့ဝန်ကြီးကတော့ဘာဆိုဘာမှတောင်မပြောဘဲနဲ့ မီးရထားဝန်ကြီးကပြောနေ
တော့...ကိုယ့်တာဝန်ကိုယ်မယူနိုင်ရင်ရာထူးကနေနုတ်
ထွက်တာအကောင်းဆုံးဘဲနော်....ဦးဇော်မင်းရေ

ယောမင်းကြီးသား said...

မီးရထားဝန်ကြီးက လျှပ်စစ်ဝန်ကြီးဖြစ်သွားပီလား

hein min soe said...

တကယ်ပေးမှာလားဟင်.............တကယ်ဆိုရင်တော့ကောင်းပါတယ်

gwantaylay said...

ဒီလိုညတိုင်း မှောင်တဲ့မီး..လင်းနိုင်ခွင့်ရှိရင် အတိုင်းထက်အလွန်ပဲ..။

Shwe Mg said...

ရန်ကုန်မြို့ကြီး ၂၄ နာရီ မီးပြန်ပေးတဲ့အတွက်...မီးရထားဝန်ကြီးကို ကျေးဇူးတင်ပါတယ်...ခင်ဗျာ...(လျှပ်စစ်ဝန်ကြီးဇော်မင်း ပြည်သူကို မျက်နှာထွက်မပြရဲလို့)

Anonymous said...

နာမည်ကောင်းလဲ လိုချင်တယ် မကောင်းတဲ့ အကျိုးမရှိတဲ့ အလုပ်တွေ လုံးဝမလုပ်ကြပါနဲ့  သမိုင်းကောင်းတွေကျန်အောင် စိတ်ဓာတ်တွေ ပြင်ပါ။ဂတိ တည်မှလဲ လူထု၇ဲ့ လေးစားမှု၇မယ်ဗျ နွေ၇ာသီမှာ အလှည့် ကျမီးပေးတာတော့ တော်တော်အရုပ်ဆိုးတယ် ကိုယ်ချင်းစာတ၇ားများများထားလေ ငြိမ်းချမ်းသာယာလေဘဲ...တိုင်ပတ်မနေကြပါနဲ့  အားလုံးအပြုသဘော ဆောင်ကြပါတော့ ။

ရ္မေခွပ်ဒေါင်း said...

အပြောနဲံ့ အလုပ်ညီပါစေ

freedom from fear said...

ဘယ်လိုတွေလဲ။ မျက်စိကို လည်ရော။

သွေးသောက် said...

ယနေ့ ညတွင်လို့ ပဲပြော တာ ပါ၊၊ စာကိုသေချာစွာဖတ်ပါ၊

xxxman said...

ကိုယ့် တာဝန်ကိုယူကြရင်ကောင်းမယ်ထင်တယ်နော်....မီးရထားဝန်ကြီးဆိုလည်းဒီလျှပ်စစ်ဘက်မှာဘာမှဝင်မပါရင်ကောင်းမယ်..ဘာလို့ လဲဆိုတော့ ဦးဇော်မင်းကျတော့ အောက်တာပေါ့ .ဒေါင်းတယ်..လေ။။ ၀ိုင်းပြောတာကိုခံနိုင်ရင်တော့ ကောင်းတာပေါ့ ..နောက်ထပ်ခင်ဗျားဆီကကြားချင်တဲ့ သတင်းတွေက။။မီးရထားနဲ့ လမ်းနဲ့ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာတွေပါပဲ........

Bravo said...

well plan ဘာမှမရှိသေးပဲ အာဆီယံခေါင်းဆောင်လုပ်ချင်နေရတာလဲ။ ဘာလဲ ငါတို့နိုင်ငံမြို့တော်မှာတောင် လျှပ်စစ်မီးမှန်အောင်မပေးနိုင်သေးဘူးဆိုတာ ခေါ်ကြွားတာလား။ ဂုဏ်တွေအရမ်းတက်နေအုံးမယ်နော်။

88independent said...

မီး ရ ထား တဲ့ ၀န်ကြီးပြောတာမှန်နိုင်ပါတယ်။

MaChit said...

"ရန်ကုန်မြို့တော်တွင်ရှိသည့် လူနေရပ်ကွက်အားလုံးကို ညနေ ၅ နာရီ မနက် ၅ နာရီ အထိ မီးပေးမည်၊ နေ့လည်တွင် အလှည့်အကျ အုပ်စု အစီအစဉ်အတိုင်း မီးပေးသွားမည်။ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး အဖွဲ့နှင့် မည်သည့်နိုင်ငံရေးပါတီနဲ့မှ ချိတ်ဆက်ထားခြင်း မရှိပါဘူး။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတလို့ ၊ မလူံလောက်လို့သာအလှည့်ကျ မီးပေးစနစ်ကို ကျင့်သုံးရတာပါ။" ဟု ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။

MaChit said...

"ရန်ကုန်မြို့တော်တွင်ရှိသည့် လူနေရပ်ကွက်အားလုံးကို ညနေ ၅ နာရီ မနက် ၅ နာရီ အထိ မီးပေးမည်၊ နေ့လည်တွင် အလှည့်အကျ အုပ်စု အစီအစဉ်အတိုင်း မီးပေးသွားမည်။ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး အဖွဲ့နှင့် မည်သည့်နိုင်ငံရေးပါတီနဲ့မှ ချိတ်ဆက်ထားခြင်း မရှိပါဘူး။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတလို့ ၊ မလူံလောက်လို့သာအလှည့်ကျ မီးပေးစနစ်ကို ကျင့်သုံးရတာပါ။" ဟု ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။ Which News is right ?????

john said...

အော်......မီးရထားဝန်ကြီးဆိုတော့ လျှပ်စစ်မီးက သူနဲ့လည်းဆိုင်တယ်ထင်ပါတယ်။ -မီး- ဆိုတဲ့ စာလုံးက သူလည်း ဆိုင်တယ်လေ။

လူမှန် said...

ဒီလိုလုပ်ကြည့်လိုက် ဘာသံထွက်လာမလဲ နားစွင့်လိုက် အခြေအနေမဟန်ရင် ပြန်ပြင်လိုက်နဲ့  ဟုတ်တော့ဟုတ်နေပြီ၊ မလောက်ပါဘူးပြောထားတဲ့ လျှပ်စစ်ဓါတ်အားက ဘယ်ကပြန်ရလာပြန်တာလဲ။ ဘယ်အရာမှမှန်မှန်ကန်ကန်မပြောကြပါလား

ရွှေမန်းမောင် said...

မီးရထားဝန်ကြီး ဦးအောင်မင်းခင်ဗျာ
လျှပ်စစ်ဝန်ကြီး တာဝန်ကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ပေးပါ။
တာဝန်ယူနိုင်တဲ့လူက တာဝန်ထမ်းဆောင်တာမျိုးဘဲဖြစ်စေချင်ပါတယ်၊
အားပေးပါတယ်ခင်ဗျာ။

Anonymous said...

အမြဲတမ်းလာမယ်ဆိုရင်တော့ ကောင်းတာပေါ့ . . နယ်မြို့ လေးတွေကိုလဲ အမြဲလင်းနိုင်အောင်လုပ်ပေးပါ . .

chusinmye said...

တရက်ထည်းလား?ဘယ်လောက်ကြာကြာပေးမှာလဲ...ဒီနေ့ဒီလိုပြောပြီး
နက်ဖြန်ကြရင်ပြန်ပြင်ပြောမှာလား...ရထားဝန်ကြီး ကရောလုပ်ပိုင်ခွင့် ပေးပိုင်ခွင့်ရှိရဲ့လား... အငြိမ့်စင်ပေါ်မှာလို ပြတ်လုံးထုပ်နေတာလားဗျာ.. ပြည်သူတွေတော့ စိတ်ညစ်လိုက် ဝမ်းသာလိုက်နဲ့ ကြာရင်နှစ်လုံးရောဂါရနိုင်တယ်.. ဒီသီတင်းကြားရုံနဲ့မပျော်ကြနဲ့အုံးနော်.. >>သတိ ရူးတတ်သည်<<<

ဥုံဖွ said...

မီး....ရ....ထားတဲ.၀န်ကြီးဆိုတော.မီးပေးနိုင်မှာပေါ့ဟုတ်ဖူးလား
ဒါနဲ. နိုင်ငံခြားကပေးမဲ့အကူအညီထဲမှာ တစ်နိုင်ငံလုံးမီးရရှိအောင်
လုပ်ပေးနိုင်မဲ့ အကူအညီမျိုးရောမပါဘူးလား နည်းပညာလေးတွေ
မ စ ပါလို.အမေရိကန်တို.အီးယူတို.ရေ

feels said...

ဦးဇော်မင်း ခင်မျာ အလုပ်တွေ မနိုင်မနင်း နဲ့ ပင်ပန်းနေရှာပုံရပါတယ်.. သူ့ကိုနားပါစေ ကျန်တဲ့သူတွေ သူ့နေရာ မှာဝိုင်း ကူ ကိုင်တွယ်ပေးကြပါ

ေ၇ာသမမွှေ said...

တကယ်ဆို ဘူတာ၇ုံတွေ လျှပ်စစ်မီးမှန်အောင်ဦးအောင်မင်းက ဦးဇော်မင်းကို အ၇င်ပြော၇မှာ

gemuk said...

ဇော်မင်းကလက်နဲ့ေ၇းတာကို အောင်မင်းကခြေနဲ့ ဖျက်တယ်ပေါ့ လေ။ဖထီးတို့ ပြန်၇င် အောင်မင်းပြောဟုတ် မဟုတ်စောင့် ကြည့် ကြတာပေါ့ ကွာ

zzmyoe said...

တကယ်၂၄ နာရီမီးလင်းမယ်ဆိုရင် ပထမဆုံးကျေးဇူးတင်ရမှာ မီဒီယာတွေပါဘဲ။ အားလုံးဝိုင်းဝန်း တောင်းဆိုကြရင် လိုသလောက်မရတောင်လုပ်သလောက်တော့ ရမှာပါ၊

freedom from fear said...

၂၄နာရီမီးပေးဖို့များ ဘာလို့စမ်းသပ်ရမှာတုန်း။ အရင်က မပေးဘူးတာကြနေတာပဲ။ မှားနေပြီ ဘာမှားနေမှန်းကို မသိတာ။ ညဏ်ပဲမမှီ တော့တာလား။

12345678 said...

ဒို့်မြန်မာနိုင်ငံမှာ ကွန်ပျူတာသုံးတာ ဖယောင်းတိုင်းနဲကြည့်နေရတယ် ပြောသလို လုပ်မှာဆိုရင် ပိုပြီကောင်းမှာပေါ့နော်

goldinnwa.US said...

ယုံအောင်လဲပြောကြပါ၊ဒို.ကတော....ယုံဘူး.......ယုံဘူး.........

irris said...

တကယ်လားဟင်....၀မ်းသာ၇မှာလား ..၀မ်းနည်း၇မှာလား မောင်ဇော်မင်း၇ယ်...........

စည်သူ said...

မြန်မာပြည်သူတွေ ၂၄ နာ၇ီမီး ၇၇င် ၊ သစ်တောပြုန်းတီးမှု သက်သာအောင် ၊ မီးဖိုချောင် LPG gas ဖေါဖေါသီသီ သုံးနိုင်၇င် မှေ၇ာင်းစမ်းပါဗျာ ၊ GAS ကို ၊ ပြည်ပကို --...။ ။ ။ ခုတော. ယိုးဒယားက GAS မ၀င်၇င် ၇န်ကုန် မှာ GAS ဈေး တက်ပြီ ၊

KoTOE said...

အားလုံးတို့ .....
ခင်ဗျားတို့ ကလဲ...တခုခုဆိုစွတ်အော်တော့တာဘဲ
ဒီလျှပ်စစ်နဲ့ ဆိုင်တာကဦးဇော်မင်းမဟုတ်ဘူးဗျ
ခင်မောင်စိုး...ကြည့်လဲအော်ကြပါဗျာ။

sean said...

7day facebook ဖတ်လိုက်မှ စိတ်ဓါတ်ကျသွားတယ် .. ၃ရက်မှတရက်ထဲ ၂၄နာရီပေးမှာ.. ကျန်တဲ့၂ရက်ကအရင်ခွဲတန်းအတိုင်းတဲ့.. လျှော့ ရင်သာရှိမယ်မပိုနိုင်ဘူးပေါ့

ပုသိမ်သားလေး lionsun said...

ယုံတော့ ယုံချင်ပါတယ်။ ယုံရဲဘူး....

အေးမြသီတာ said...

လာနေတဲ့မီးလေးပြတ်သွားပါ့မယ်
အပြောမကြီးကြပါနဲ့နော်.....

Aung Hein Khant said...

ဒီအချိန်ထိတော.မီးမပျက်သေးဘူး/တစ်ရက်ဘဲထင်ပါတယ် စောင်.ကြည်.ရမှာပေါ.

kiddykid said...

ယုံလား..

kk said...

မီးရထားဝန်ကြီးက လျှပ်စစ်ဝန်ကြီးကဘာလုပ်နေလဲ..ဘယ်သူနဲ့သက်ဆိုင်တာလဲ..
ဘယ်သူပြောပြော အရေးကြီးတာ မီးမှန်မှန်ရဖို့ပဲ ..ပြည်သူကိုနှစ်သိပ့်တဲ့ စကားတော့မဖြစ်ပါစေနဲ့...

said said...

ဒီလိုညာတိုင်း.... ငါနဲ့မီး အတူနေခွင့်ရှိရင် အတိုင်းထက်အလွန်ပဲ ဟဲဟဲ...။ ကျွန်တော်ကတော့မထင်ရေးချမထင်။ကြေးစည်များထုသလိုပါပဲ။ထုတုန်းပဲအသံမြည်ပါတယ်

hannahlui said...

ရော..လာ ပြန်ပြီ.နောက်တယောက်..ပြောပြီး..တာပဲ..
စကားတွေကို...တာဝန်မယူ..ရင် မပြောပါနဲ..နော်..နော်...

ရာရာ said...

ဆည်မှာရေနည်းနေတယ်...တာဘိုင်တွေအပြည့်မလည်နိုင်ဘူး။ ဒါကြောင့် သုံးစွဲမှုနဲ့ထုတ်လုပ်မှု အချိုးမညီဘူး..။ မီးဖြတ်..၊ အလှည့်ကျစနစ်နဲ့ပေး..။..ဒီလိုလုပ်တာ သူငယ်တန်းကလေးတောင်လုပ်တတ်တယ်...။ ဘယ်နေရာကနေစွမ်းအင်ပိုထုပ်လုပ်ပြီး ဘယ်လိုအခြေအနေတည်မြဲအောင်လုပ်ရမယ် ဆိုတာကိုသိတာကမှ အရည်အချင်းအစစ်။

aung naing said...

ရန်ကုန်တင်မဟုတ်ဘူးတနိင်ငံလုံး၂၄နာရီမီးလင်းအောင်လုပ်ဖို့အစိုးရမှာတာဝန်ရှိတယ်လေ၊လုပ်နိုင်ရင်လုပ်မလုပ်နိင်ရင်အလုပ်ကထွက်တော့၊ဆုပေးဒဏ်ပေးစနစ်ဘဲ။ဘာမှမတိုးတက်ဘဲမလုပ်ဘဲပြည်သူလစာညာစားမနေနဲ့၊

aunglwin said...

xxxman ခင်ဗျားက ဇော်မင်းလား၊ ဒါမှမဟုတ် ဇော်မင်းsponser ပေးထားတဲ့သူလား။ ဇော်မင်းဒေါင်းမှာကြောက်နေတာ။ မီးရထားစက်ခေါင်းအသစ်တွေ သီလ၀ါကိုရောက်နေတာကောသိလား။ သူတာဝန်သူလုပ်နေတာ အကောင်းမြင်စမ်းပါ၊ post တွေကို နှမြောဖို့ကောင်တယ်။

သွေးငယ် said...

ဟုတ်ပါ့မလာ မောင်ကာလု ရဲ့..........

သွေးငယ် said...

ဟုတ်ပါ့မလာ မောင်ကာလုရဲ့............

အင်ပေါ့ အင်ပေါ့........

Powered by Blogger.