အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်တက်ရောက်နိုင်ဖို့ ဥပဒေဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဥပဒေအကြံပြုလွှာတစ်စောင်ကို သမတအပါအ၀င် တာဝန်ရှိသူတွေကို ဧပြီ ၂၁ ရက်နေ့က ထပ်မံပေးပို့လိုက်ပါတယ်။ ဒီအကြောင်းကို ဒီဗွီဘီ သတင်းထောက် ဦးအံ့ဘုန်းမြတ်က ရန်ကုန်ကနေ သတင်းပေးပို့ ထားပါတယ်။
ဥပဒေဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဦးဥာဏ်ဝင်း နှင့် မေးမြန်းချက် (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
17:56
Rating:
3 comments:
ဇယား ၎
ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ
(ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည်)
ကျွန်ုပ်...........သည် ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်/
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ် ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်
စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်။ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို
ထာဝစဉ်ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ထို့အပြင်ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်
မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်/
ကျမ်းသစ္စာပြုပါသည်။
ဗိုလ်ချုပ်က ရိုးရှင်းစွာတွေးတယ်၊ ရိုးရှင်းစွာလုပ်တယ်..
နိုင်ငံနဲ့ လူမျိုးအတွက် တကယ်အကျိုးဖြစ်ထွန်းမယ့် ကိစ္စဆိုရင် ဘာပဲလုပ်ရလုပ်ရ..
အောင်ဆန်းအက်တလီ စာချုပ်၊ ချုပ်ဖို့ အင်္ဂလန်မှာ အစည်းအဝေးလုပ်ကြတုန်းကတောင် တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးမယ် ဆိုတဲ့စာသား တစ်ခါတည်း မထည့်ရကောင်းလားဆိုပြီး ပြတ်ပြတ်သားသား အရေးဆိုခဲ့တယ်။ နောက်မှ ဦးဘဖေတို့က ဒီမိုကရေစီနိုင်ငံတွေရဲ့ သဘောသဘာဝအတိုင်း လွှတ်တော်ရဲ့ သဘောတူညီခွင့်ပြုမှုရမှသာ သူတို့လည်း စာချုပ်ထဲထည့်ချုပ်လို့ရနိုင်တာ.. သူတို့ ညစ်ပတ်တာ မဟုတ်လောက်ပါဘူး.. ဆိုလို့ ဗိုလ်ချုပ်က အောင်ဆန်းအက်တလီစာချုပ်ကို လက်မှတ်ထိုးခဲ့တာ... ပြောချင်တာက ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်က.. ဘာအကြောင်းပြချက်တွေလာလာ.. အဓိက..က လွတ်လပ်ရေးရဖို့ကြိုးစားတာဖြစ်တယ်.. လုပ်ရပ်တိုင်း၊ ခြေလှမ်းတိုင်း၊ စကားလုံးတိုင်း၊ အတွေးတိုင်းဟာ လွတ်လပ်ရေးရဖို့ပဲ ဖြစ်ရမယ်ဆိုတဲ့ ရိုးရှင်းတဲ့အတွေးမျိုးနဲ့ ရိုးရှင်းစွာ လုပ်ဆောင်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ.. ဗိုလ်ချုပ်ရဲ့ ရိုးသားရဲရင့်မှုနဲ့ ပတ်သက်ပြီး နေမ၀င်အင်ပါယာရဲ့ အကြီးအကဲတွေက အသိအမှတ်ပြု လေးစားလွန်းလို့ လွတ်လပ်ရေးတောင်းဆိုမှုကို အသိအမှတ်ပြု တုံပြန်ခဲ့တာပါ။
ဆိုလိုတာက ညစ်ပတ်နေတယ်လို့ ထင်ရင် ခင်ဗျားတို့ညစ်ပတ်နေတယ်လို့ ရိုးရှင်းစွာ ပြောနိုင်ရမယ်။ အဲလို ပြောနိုင်ဖို့ ကိုယ့်ဖက်ကလည်း အစွမ်းကုန်ရိုးသားမှု ရှိဖို့လိုမယ်။ ကောက်ကျစ်စဉ်းလဲသူကို ရိုးသားဖြောင့်မတ်မှုနဲ့သာ အနိုင်ယူလို့ ရနိုင်ပါတယ်။
ပြည်တွင်း အရေးအရာကိစ္စတွေမှာ အမျိုးသားရေးရိုးသားပွင့်လင်းမှု ရှိမှ ထိရောက် အောင်မြင်တိုးတက်မှာပါ။
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး...
အာဏာကိုပဲအဓိကထားဦးထိပ်ပန်ဆင်နေတာပဲ။
တိုင်းပြည်သာယာဝပြောေ၇း။
ပြည်သူတို့ရဲ့အကျိုးစီးပွါးကိုကာကွယ်စောင့်ရှောက်ရေး။
အကတိလိုက်စားခြင်းကိုထိရောက်စွာတားမြစ်ရေး။
ဒါတွေကိုအဓိကထားဥပဒေရဲ့အထက်မှာ
မည်သူတဦးတယောက်မှမရှိစေရဆိုတဲ့ဆောင်ပုဒ်ကို
လက်ကိုင်ကျင့်သုံးစေေ၇း..
ဒါတွေကအဓိကအရေးပါချက်။ဆိုတာသိသင့်ပြီ။
Post a Comment