လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell(ဓါတ်ပုံ-Google Images) |
မြန်မာနိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့လည်း ဖိတ်ခေါ် ထားတဲ့ အပြင်၊ မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကိုလည်း ပြန်လည် ရုပ်သိမ်းဖို့ရှိတယ်လို့ Mr.Campbell က ပြောပါတယ်။ မြန်မာအစိုးရရဲ့ သတ္တိရှိရှိ ရဲရဲ တင်းတင်း ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဆက်ဆံရေး ထူထောင် လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲလို့ သုံးသပ်တဲ့အခါမှာ၊ အိန္ဒိယနိုင်ငံနဲ့ တိုင်ပင် ဆွေးနွေးနိုင်တဲ့အတွက် လည်း အိန္ဒိယနိုင်ငံကို ချီးကျူးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့တုန်းက မြန်မာ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရခဲ့တဲ့နောက်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ကို ပြန်လည် ရုပ်သိမ်း ပေးမယ့် အကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလိုပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့် မသွားဖို့နဲ့၊ ပြောင်းလဲမှုအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုတော့ အရေးယူမှု တွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
By ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)
မြန်မာ့အရေး အိန္ဒိယအကြံပေးချက် အမေရိကန် ချီးကျူး
Reviewed by သစ်ထူးလွင်
on
05:20
Rating:
4 comments:
ကြိုဆိုပါတယ်ဗျာ။နစ်သစ်မှာမင်္ဂလာသတင်းကောင်းတခုပေါ့
အမေရိကန်ရဲ့စိတ်ဓါတ်ကိုအထူးလေးစားပါတယ်။
ကမ္ဘာကြီးမှာမတရားမှုကိုကြားကအမုန်းခံပြီး
ဝင်ဖြေရှင်းတဲ့စိတ်...တခြားတိုင်းပြည်မှာကြီးနိုင်ငယ်ညှင်း
အုပ်ချုပ်သူလူတန်းစားတွေကိုလမ်းမှန်ရောက်အောင်တွန်းပြနိုင်တဲ့
အရည်အချင်း..ကမ္ဘာကြီးမှာခေတ်အဆက်ဆက်
ဦးမော့နိုင်တဲ့လူမျိုးကြီး..နိုင်ငံကြီး..မျှတမှု
လူ့အခွင့်အရေးကိုအလေးထားတက်မှု
လူ့တန်ဖိုးကိုကမ္ဘာမှာချပြနိုင်တဲ့နိုင်ငံတခု။
အားနည်းသူကိုအားပေးမည်သည့်နိုင်ငံကိုမဆို
တိုးတက်ကြီးပွါးလိုစိတ်..ကမ္ဘာကြီးမှာ
နယ်ချဲ့ကိုလိုနီစနစ်ကိုပျက်သုန်းစေခြင်းသည်
သူများထက်သာလွန်နေခြင်းပင်။
မြန်မာနိုင်ငံကိုဒီမိုကရေစီစစ်စစ်ဖြစ်ဖို့
ဝိုင်းရံပေးပါ။ကာကွယ်ပေးပါ။အကြံဥဏ်ပေးပါလို့ဖိတ်ခေါ်ပါတယ်။
ပြည်သူတွေအတွက်အပြည့်အ၀ကူညီနိုင်ပါစေ..
ဒို့ ပေါက်ဖော်ကြီးကကော ဘာ အကျန် တွေ ပေးသေးလဲဗျ။
Good News.
Post a Comment