ပဲခူးမြို့ က ဒုတိယ မြို့နယ်တရားသူကြီးအိမ်မှာ လည်ပင်းကို မီးပူနဲ့ကပ်ခံလိုက်ရတဲ့ အိမ်အကူမိန်းကလေး မအေးယုအောင်ကို သူ့အမေက တွေ့ခွင့်ရခဲ့ပေမယ့် ပြန်ခေါ်လာလို့မရသေးပဲဖြစ်နေပါတယ်။ရန်ကုန်မြို့  မရမ်းကုန်းမြို့ နယ်က အိမ်တအိမ်မှာပေးတွေ့ တာဖြစ်ပြီး၊ လွတ်လွတ်လပ်လပ်တွေ့ ခွင့်မရခဲ့ဘူးလို့ ဆိုပါ
တယ်။ သမီးဖြစ်သူနဲ့ တညလောက်အိပ်ခွင့်တောင်းတာတောင်းပေးမအိပ်ဘဲ ငွေသုံးသိန်းပေးပြီ လက်ဗွေ နှိပ်ယူထားလိုက်တယ်လို့ ဒေါ်ကြူ က ပြောပါတယ်။ ဒီအမှု့ ကို သင်္ကြန်ပြီးရင် တရားစွဲမယ်လို့ 
ရှေ့ နေဦးမြင့်အေး က ပြောထားပါတယ်။ အပြည့်အစုံကို (ရုပ်/သံ)ဆက်လက်ကြည့်ရှုနားထောင်နိုင်ပါတယ်။
ဒီဗွီဘီ
မီးပူနဲ့ကပ်ခံလိုက်ရတဲ့ မအေးယုအောင် အခြေအနေ မိခင်ဒေါ်ကြူ ရဲ့  ပြောပြချက် (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
07:08
Rating:
23 comments:
ဒီအမှုအတွက် တရားသဖြင့်မဖြစ်မချင်း လုံးဝမကျေနပ်နိုင်ပါဘူး။ ဆက်လက်ပြီး အမှန်တရားဖက်က၊ နိမ့်ပါးသူဖက်က ရပ်တည်သွားပါ့မယ်။
ဒီကိစ္စမှာ ကာယကံရှင် မိဘတွေရဲ့ အသိဥာဏ်မဲ့မှုလည်း အများကြီး ပါတယ်။ ဆင်းရဲလို့ သူများအိမ်မှာ အိမ်ဖော်အဖြစ်ခိုင်းရတယ်ဆိုတာအထိ ခွင့်လွှတ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်သမီးပျိုလေး အခြေအနေကို ဘာမှ မသိရအောင်ထိ စိတ်ချလက်ချ ပစ်ထားတာမျိုးကျတော့ မိဘ မဆန်လှဘူး။ ခုလိုမျိုး ကိစ္စတွေဖြစ်လာတဲ့အခါမှာကျတော့ တာဝန်သိ ပြည်သူတွေပါ တကယ်အလုပ်ရှုပ်ရတယ်။ ကူညီကြတဲ့သူတွေကို ကျေးဇူးတင် ဂုဏ်ယူပါတယ်။ သို့သော်လည်း ဒုံရင်း ဒုံရင်း ပြန်ရောက်မသွားဘို့လည်း သတိပြုစေချင်တယ်။ တစ်ချို့လူတွေက အများစေတနာကို အလွဲသုံးစား လုပ်တတ်ကြတယ်။
ဒီကိစ္စမှာ ကာယကံရှင် မိဘတွေရဲ့ အသိဥာဏ်မဲ့မှုလည်း အများကြီး ပါတယ်။ ဆင်းရဲလို့ သူများအိမ်မှာ အိမ်ဖော်အဖြစ်ခိုင်းရတယ်ဆိုတာအထိ ခွင့်လွှတ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်သမီးပျိုလေး အခြေအနေကို ဘာမှ မသိရအောင်ထိ စိတ်ချလက်ချ ပစ်ထားတာမျိုးကျတော့ မိဘ မဆန်လှဘူး။ ခုလိုမျိုး ကိစ္စတွေဖြစ်လာတဲ့အခါမှာကျတော့ တာဝန်သိ ပြည်သူတွေပါ တကယ်အလုပ်ရှုပ်ရတယ်။ ကူညီကြတဲ့သူတွေကို ကျေးဇူးတင် ဂုဏ်ယူပါတယ်။ သို့သော်လည်း ဒုံရင်း ဒုံရင်း ပြန်ရောက်မသွားဘို့လည်း သတိပြုစေချင်တယ်။ တစ်ချို့လူတွေက အများစေတနာကို အလွဲသုံးစား လုပ်တတ်ကြတယ်။
ကလေးငယ် ဝန်ချတောင်းပန်ခြင်း ၊ နောက်နောင် နိုင်ငံတော်ဥပဒေကို လေးစားလိုက်နာပါ့မယ် ဝန်ခံခြင်း ၊ ထိုက်သင့်သော နစ်နာကြေးများ ပေးဆောင်စေခြင်း ၊ ဥပဒေနဲ့ထမင်းစားပြီး ဥပဒေကို လှည့်စားမှုအတွက် ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊?ပြုလုပ်စေခြင်း ကိုလိုလားပါသည်။
ဦးအေးမြင့်ရေ...ပြန်ပေးမှုပါပေါင်းထည့်ပြီးဆွဲပါဗျို့ ။ ဒါဟာပြန်ပေးဆွဲထားတာပဲ ။
ဒီလောက်တောင်အတင်.ရဲလှတာ .... သမ္မတကြီး ရဲ.ဆွေမျိုး တော်စပ် သူများလား ဟ .....။ လုပ်ချင်တိုင်းလုပ်နေပါလား ၊
ဆုရယ် မိဘမဆန်ဘူးလို့တော့ မပြောပါနဲ့။ သနားပါတယ်။ မိဘတိုင်းဟာ ကိုယ့်ရဲ့သားသမီး ဒီလိုဖြစ်တာ ဘယ်သူခံချင်မှာလဲ။ အပြစ်မပြောပါနဲ့။ မအေးယုအောင်ရဲ့ မိခင်ရင်ထဲမှာ ဘယ်လောက်ခံစား နေရမယ်ဆိုတာ ပုံကြည့်တာနဲ့ ခန့်မှန်းလို့ရပါတယ်။ သူလဲ သူ့အကြောင်းနဲ့သူရှိမှာပေါ့။ ပိုက်ဆံမရှိရင် မရှိတဲ့သူဟာ မရှိအားပြုပြီး အလိုလိုနေရင်းကို သိမ်ငယ်နေတယ်။ မိဘမဆန်တာ မီးပူကပ်တဲ့ တရားသူကြီးကတော် ကိုယ့်သားသမီးချင်းကိုယ်ချင်းမစာတာ။ ကိုယ့်သားသမီးကို သူများက မီးပူနဲ့လာကပ်ရင် ဘယ်လိုခံစားရမလဲ?
မှန်ကန်တဲ့ဘက်ကဘဲ ရပ်တည်ပြီး အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်တယ်။
အနိုင်ကျင့်ပြန်ပေးဆွဲထားတာကိုအားလုံးသိနေတာတောင်အာဏာပိုင်တွေဘာမှမလုပ်သေးဘူးအံ့သြစရာပဲ၊သိန်းစိန်ကတော့ပြောလိုက်ရင်မိုးတစ်လုံးလေတစ်လုံးနဲ့။
ငွေ ၃ သိန်းပေးပြီး လက်ဗွေနှိပ်ယူထားတယ်ဆိုတော့ ကလေးမရဲ့ မိခင်ဟာ စာမတတ်ဘူးလို့ ဆိုလိုတာလား။ ဒါဆိုရင်ဒီတရားသူကြီးမှာ အပြစ်နောက်တခုကျူးလွန်ဖို့ အကွက်မြင်မြင် ခြေလှမ်းနောက်တလှမ်းပြင်နေတာပဲ။ စာရွက်လွတ်မှာလက်ဗွေယူတာဆိုရင်တော့ အသေအချာအကွက်ဆင်တာပေါ့။
တရားသူကြီးတယောက်အနေနဲ့ ဘယ်အရာကမှန်ကန်တယ်၊ ဘယ်အရာကမမှန်ကန်ဘူးဆိုတာ သာမာန်လူတွေထက်ပိုသိမယ်ထင်ပါတယ်။ အကောင်းဆုံး ကလေးကိုရအောင်ပြန်ခေါ်ပါ။ ပြန်မထည့်ရင် တရားစွဲပါ။ အသက်မပြည့်သူကို ခြောက်လန့်သင်ကြားထားပြီး ပြန်မထည့်ရင် နောက်တမှု ထပ်တိုးတာပေါ့။
ငွေသုံးသိန်းပေးပြီး၊ လက်ဗွေ နှိပ်ရတယ်ဆိုတော့ စာချုပ်ပေါ်မှာ လက်ဗွေနှိပ်ရတာလား။ စာချုပ်ပေါ်မှာ လက်ဗွေ နှိပ်ရတယ်ဆိုရင် စာချုပ်မှာ ဘာတွေရေးထားလဲ နည်းနည်း သိချင်ပါတယ်။ တရားသူကြီးဆိုတော့ သူ့ဘက်က ဘာတွေခိုင်လုံအောင်လုပ်ခြင်လဲ မသိပါ။ မအေးယုအောင် ဘက်က စိုးရိမ်လို့ မေးကြည့်တာပါ။
တရားစွဲ ရုံလောက်ကတော့ ဒုတိုင်းမတရားသူကြီးလင်မယားက ပျင်းတောင်ပျင်းသေးတယ် ပြောလိမ့်မယ်။ သမ္မတကြီး၊အမေစု၊လွှတ်တော်၊ သိအောင်လုပ်ရမှာပါ။ ဒါမှ နောင်သိပ်အနိုင်မကျင့်ရဲ့ကြတော့ဘူး။
အထက်ပါပြောခဲ့ကြတဲ့ commet တွေကိုကြည့်ရင်....su ဆိုတဲ့တစ်ယောက်ပြောထားတာကတစ်ဖက်စောင်းပြောနေရာရောက်တယ်.....မိဘတွေအသိဥာဏ်မဲ့တယ်ဆိုတာရှိခဲ့လဲထားပါ...ဒီလိုအသိဥာဏ်မဲ့တဲ့လူတွေမတရားခံနေရရင် အသိဥာဏ်ရှိတဲ့မတရားတာလုပ်တဲ့ လူဘက်ကနေပြောနေမှာလား....တာဝန်သိပြည်သူတွေ ကတာဝန်ကိုသိတတ်လို့....မတရားတာကိုမခံနိုင်လို့...ဒီကိစ္စမှာဘယ်လိုကိုယ်ကျိုးအတွက်မှမရှာပဲ....၀ိုင်းဝန်းကူညီနေကြတာပါ....ဒါကို ခင်ဗျားအနေနဲ့...မကူညီသော်လဲပဲ.....အပြစ်ပြောစရာကိစ္စတစ်စုံတစ်ရာမရှိပါဘူး....ထင်မြင်ချက်ကိုပြောတာမှန်သော်လဲပဲ.....သေသေချာချာစဉ်းစားပြီးပြောစေချင်ပါတယ်......
ဒီကိစ္စက တစ်ဦးတစ်ယောက်ထဲနဲ့ဆိုင်တယ်လို့ ပြောလို့မရပါဘူး
ဒါတမျိုးသားလုံးကိစ္စဖြစ်တယ် ငွေအာဏာနဲ့အနိုင်ကျင့်လို့ရသွားရင်
နောင်ကိုအားလုံးဒီလိုဖြစ်သွားမယ် မတရားအနိင်ကျင့်တာတွေခံစားကြရမယ်
နိုင်ငံတော်သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေဆီအထိ တိုင်ကြားကြပါ
အမှန်တရားကိုမြတ်နိုးသူတိုင်း လိုက်ပါဆောင်ရွက်ပေးကြပါ
မတရားလုပ်တာကို လက်ပိုက်ကြည့်မနေကြပဲ ဝိုင်းဝန်းကူညီပေးကြပါ
su ကြောင်တောင်တောင်နဲ့ ဘာတွေလာပြောနေတာလဲ မင်းအဖေက သွားတွေ့တာတောင် လွတ်လွတ်လပ်လပ်တွေ့ခွင့်မရဘူးလို့ ဆိုထားတယ်လေ
တာဝန်သိပြည်သူတွေပါ တကယ်အလုပ်ရှုပ်ရတယ် ဆိုရအောင် မင်းကဘာလုပ်ပေးနှိုင်လို့ ပြောနေတာလည်း ဘေးထိုင်ဘုပြော စောက်ပိန်းကများ မင်းမလုပ်ပေးနိုင်ရင် အသာနေ တာဝန်သိသူတွေ ကြည့်လုပ်သွားလိမ့်မယ်၊။။။၊၊၊၊
အကြောင်း အကျိုး---အကောင်းအဆိုး ကာယ ၀စီ မနော ပြုသမျှ ကံ
ပြု သူ အသစ်--ဖြစ်သူအဟောင်း--
စာတက်တာရယ်နုံချာတာကို
အခွင့်ကောင်းယူတဲ့တ၇ားသူကြီး
အပြစ်ာကြီးတယ်
ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်ကျင်အသိုင်းအ၀ိုင်း
ကြားမှာ အရမ်းကျောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက်
အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊
အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့
အသက်ပဲရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။
ဒီလိုကောင်တွေရှိနေသရွေ့ နိုင်ငံဟာလည်း နာမည်ပျက်နေတာပဲ ဒီလိုလူတွေကို တရားစွဲပေးပါ ဗျာ မခံနိုင်လို့ပါ............
လက်ဗွေနှိပ်နှိပ် ဘာစာချုပ်ဖြစ်ဖြစ် ကလေးက အသက်မပြည့်သေးလေ။မိဘအုပ်ထိန်းမှု့အောက်မှာဘဲရှိသင့်တယ်။ဘယ်မိဘမဆို သားသမီးမချစ်တဲ့သူမရှိပါဘူး။အကြောင်းတခုခုရှိလို့ဒီလိုဖြစ်တာ။မြန်မာပြည်ရဲ့တရားရေးဘယ်လိုဆိုတာ စောင့်ပြီးကြည့်ရအုံးမယ်။
စကားတွေအများကြီးပြောနေမယ့်အစား ပိုက်ဆံစုထည့်ပြီး ရှေ့နေဌားပြီး တရားစွဲမလား ၊ ဒါမှမဟုတ် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို အခကြေးငွေဌားပြီး စုံစမ်းကြမလား ၊ အရေးကြီးတာက ငြင်းခုံနေဖို့ထက် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အမြန်ဆုံးထိရောက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ၊ သဘောတူကြမလား ။ သဘောတူမယ်ဆိုရင် အစီအစဉ် (၁) ကို စမယ် ၊
သမ္မတကြီးက စစ်တပ် ၊ ၇ဲ ၊ ကြံ.ဖွတ် လုပ်တာတွေ ကိုကာပေးထားရုံတင် မက တော.ပါလား ၊ ဒီမိုကေ၇စီ ဆီသွားနေတယ်သာပြောတယ် ၊ လုပ်ပုံကိုင်ပုံ ၊ သတင်းစာတွေ အနေအထား ၊ ဦးနေ၀င်းလက်ထက် ၊ ဦးသန်းရွှေ လက်ထက်နဲ့ အားလုံးအတူတူပါဘဲလား ။ တစ်ခုခုတော့မှားနေတာအသေအချာပါ------------- ။
သြော် မြန်မာပြည်မှာ ဘယ်လိုလူတွေကို တရားသူကြီးတွေခန့်ထားရတာလဲ.မသိပါဘူး... တရားသူကြီးအိမ်က စပြီး မတရားမှုတွေ ရာဇ၀တ်မှုတွေလုပ်နေမှတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်က လာတော့မှာလဲ.. ဒီအမှုကို အမိန့်ချပြီးတဲ့အထိ တင်ပေးစေချင်ပါတယ်.. ကိုသစ်တို့ရေ..
Totpe သယ်ရင်း သဘောတူတယ် ပိုက်ဆံဘယ်လိုစုမလဲ
တက်နိုင်သလောက် ကူညီချင်ပါတယ် ဦးမဆောင်နိုင်ပေမဲ့
နောက်ကလိုက်ဖိုတော့အသင့်ရှိတယ် uaungaung1986@
ငါအကောင့် ပိုဆက်သွယ်လိုက်ပါ နောက်ပြီး လူတိုင်းကိုကို
အလူခံဖို့လိုတယ် ကူညီမဲ့သူတွေများပါတယ်
Post a Comment