ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း လေးခွဖြင့် ချောင်းမြောင်း
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံးသည် ဧပြီ ၁ ရက်နေ့က
ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများ
တွင် ပါဝင်ကူညီ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ''၂၈ ရက်နေ့ ကစပြီး ပြန်
လှုပ်ရှားခဲ့တယ်။ ၂၉ မှာ မျက်လုံး ထဲက သွေးကျလာလို့ တစ်ရက် နားခဲ့တယ်။
နောက်ပိုင်း နေ့တိုင်း လှုပ်ရှားခဲ့တယ်။ မဲရုံကိုယ်စား လှယ်လည်း လုပ်ခဲ့သလို
မဲရုံ စစ်ဆေးတဲ့နေရာမှာလည်း လုပ်ခဲ့ တယ်''ဟု ၄င်းက NLD ယာဉ်တန်းများ
မြို့တွင်း၌ လှည့်လည် ရန် ပြင်ဆင်နေချိန် ဧပြီ ၂ ရက်က ပြောသည်။ ၄င်းသည်
ပြီးခဲ့သည့် မတ်လ ၁၈ ရက် ည ၇နာရီ ဝန်းကျင်ခန့်က နေပြည် တော် ကောင်စီ
ဥတ္တရသီရိမြို့နယ်အတွင်း NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူနှင့်
စည်းရုံးရေးအဖွဲ့အား လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်ခံခဲ့ ရစဉ်က
ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံတွင် လေး
ရက်ကြာဆေးကုသမှု ခံယူခဲ့ရသည်။ ''အခု မျက်လုံးက သွေးနည်း နည်းကျ တာကလွဲရင်
အရင်လို မူးတာတို့၊ အန်တာတို့ ဘာမှမရှိတော့ ပါဘူး။ အရင် ကထက် အများကြီး
ပိုသက်သာ လာပါပြီ''ဟု မပွင့်ဖြူပြုံး က ၄င်း၏ ကျန်းမာရေး အခြေအနေအား
ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားသည်။ ဆရာဝန်ထံ တစ်ပတ်တစ်ခါ
ပြသနေရဆဲပင်ဖြစ်ပြီး ကုန်ကျ သည့်ဆေးကုသစရိတ်အား NLD ပါတီမှတာဝန်
ယူဖြေရှင်း ပေးကြောင်း၊ ပျဉ်းမနားဒေသခံ ပါတီဝင်များက
အနီးကပ်စောင့်ရှောက်ပေး ထား ကြောင်း သိရသည်။ ''သူကတော့ ဧပြီ ၁ ရက်
ထိအောင်နိုင်ရေးကို မမှိတ်မသုန် လုပ်နေတာပါပဲ''ဟု ဥတ္တရသီရိ
မြို့နယ်ကိုယ်စား လှယ်လောင်း ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ဧပြီ ၂ ရက်က
ပြောသည်။
By: Popular Myanmar News Journal
ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံး ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့
Reviewed by သစ်ထူးလွင်
on
18:55
Rating:
7 comments:
လေးစားပါတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။
သို့
လူကြီးမင်း.. ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်မှုမှာ ရုပ်ဆိုးအကျည်းတန်ပြီး အောက်တန်းကျလှပါတယ်။ သင်သည် မည်သူဖြစ်သည်ကို မသိရသော်လည်း သင်သည် မည်သို့သောသူဖြစ်သည်ကို အများပြည်သူအား သိရှိစေသည်။ သင်သည် မိမိစိတ်ဆန္ဒအရသော်လည်းကောင်း၊ သင်၏ အထက် ခေါင်းဆောင်မှ စေခိုင်ချက်အရသော်လည်းကောင်း၊ ကျူးလွန်ခဲ့မိသော အောက်တန်းကျသည့်လုပ်ရပ်ကို မိမိကိုယ်ကို ပြန်လည် သုံးသပ်တွေးတောကာ ရှေ့ဆက် အမှန်တရားကိုသာ ကူးပြောင်းလုပ်ဆောင်ပါလေ။ ယခုလုပ်ရပ်အား ၀န်ခံမှုမပြု လက်သည်မပေါ်သည့်တိုင်ဖြစ်သည်ဆိုစေဦးတော့ မည်သို့သော အစု၊ အဖွဲ့မှ အောက်တန်းကျသည်ကို ပြည်သူအားလုံးဆင်ချင်နိုင်သည်ဖြစ်ရာ ဂုဏ်သိက္ခာမရှိသော လူကြီးမင်းတို့သည် အနှေးနှင့်အမြန် အဆုံးသတ်ကြရမည်မလွဲပေ။ ထို့ကြောင့် ပင်ကိုယ်စိတ်အရင်းခံကောင်းကြသော မြန်မာလူမျိုးစုမှ တစ်ယောက်အပါအ၀င်ဖြစ်သော သင်သည် ယနေ့မှစပြီး ဂုဏ်သိက္ခာမရှိ၊ စာနာမှုမရှိ၊ အတ္တကြီးသူ တို့၏ နောက်လိုက်ခွေးလုပ်မနေပဲ၊ လက်ပါးစေလုပ်မနေပဲ၊ လက်ကိုင်ဒုတ်အဖြစ် အသုံးချမခံပဲ .. ငြိမ်းချမ်းရေးကိုလိုလားသော.. တရားဥပဒေဆိုးမိုးရေးကိုလိုလားသော.. ပြင်ဆင်ရေးဆွဲရန်ရှိသော ဥပဒေပြင်ဆင်ရေးဆွဲရန်လိုလားသော.. ပြည်သူကို ရင်ဝယ်သားကဲ့သို့ ဂရုစိုက် အလေးအနက်ထားသော အမေစုကို သင်နှင့် သင်ကဲ့သို့ အခြားခြားသောသူများကပါ စေတနာမှန်နှင့် ပါဝင်ပံ့ပိုးကူညီထောက်ခံရင်း သင်၏ မိုက်ပြစ်ကို ကျေပါစေ။ သင်တို့၏ မိုက်ပြစ်များကို ချေပါလေ။
မြန်မာလူမျိုးများသည် သည်းခံခွင့်လွှတ်တတ်ကြသော်လည်း
သံသယာသည် လည်သည့်သဘောရှိ၏။ အချိန်မှန်၊ အမြင်မှန်ရပါမှ သင့်နှင့် သင့်မိသားစု သင့်ပါတ်ဝန်းကျင် အေးချမ်းသာယာလိမ့်မည်။
တရားတာလား မတရားတာလား ကြားက လူက ပေးဆပ်ခဲံ့ရပီ အို ဘယ်လို့ များပါလဲ
ကိုယ့်ကိုယ်ကို၇ှက်မိပါတယ်။ နိုင်ငံအတွက်တာဝန်ကျေသူတွေအာလုံးကို လေးစားဂုဏ်ပြုပါတယ်။ ။
တကယ်ဂုဏ်ယူလေးစားပါတယ်ညီမလေး၊ကျန်းမာရေးဆက်ဂရုစိုက်ပါ၊နောင်တခောတ်ရဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပါစေ၊
ဘာလဲ....ဒေါင်အလံတွေကောင်းကင်ပျံတာကို ဘယ်နွားကျောင်းသားက လေးခွနဲ့ ထုတာလဲ
လမ်းဘေးကစိတ်ဓာတ်နဲ့ တော့ကျောင်းတတ်မနေစမ်းပါနဲ့ ကွာ...
စိတ်ဓာတ်နဲ့လုပ်ရပ်ကတော့ တဂယ်ချီးကျူးဂုဏ်ယူမိပါတယ်
မောင်သန်းေ၇ွှ ၇ဲ. မြေး ခေါင်းကိုမှန် ခဲ.ကြည်.ပါလား ၊ ချက်ချင်းမမိ၇င် ကြိုက်သလိုပြော ဗျာ ...---
Post a Comment