မြန်မာ့ပညာရေးကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည်ဟု ဆို

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အီတလီ အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးသွားရန် စီစဉ် လျက်ရှိကြောင်း အီတလီ ဆီး နိတ်လွှတ်တော်အမတ် မစ္စတာMalpeli Giuseppe က ပြောသည်။
ထိုသို့ ကူညီရာ၌ ကျောင်း သားကျောင်းသူများအား အီတလီနိုင်ငံရှိ တက္ကသိုလ်နှင့် ကော လိပ်များတွင် ပညာသင်ကြား နိုင်မည့် ပညာသင် ဆုများ အပါ အဝင် အခြေခံပညာကျောင်း များမှ ထူးချွန် ကျောင်း သား ကျောင်းသူများအား ဆက် လက် ပညာသင်ကြားနိုင်ရေးအတွက် ရန်ပုံငွေများပေးအပ်မည့် အစီ အစဉ်များလည်း ပါဝင်ကြောင်း ၄င်းက ရှင်းပြ သည်။ ”အီတလီ အစိုးရအနေနဲ့ ဒီအစီအစဉ်ကို စတင်ဆောင် ရွက်ဖို့ စီစဉ်ထားတာကြာပါပြီ။ ပိတ်ဆို့အရေးယူမှုတွေ ရှိနေ သေးတဲ့ အတွက် ကူညီဖို့ အဆင်မပြေဘူးဖြစ်နေတာ။ အခု ပိတ်ဆို့မှု တွေကို ဖယ်ရှား ဖို့ ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင် မှာ အီတလီ အစိုးရနဲ့ မြန်မာ အစိုးရ အကြား ညှိနှိုင်းပြီး ဒီအစီအစဉ်တွေ ကို အကောင်အထည်ဖော်သွား ပါမယ်” ဟု ၄င်းက ထပ်မံ ပြောကြား သည်။
 Popular Myanmar News Journal
မြန်မာ့ပညာရေးကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည်ဟု ဆို မြန်မာ့ပညာရေးကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည်ဟု ဆို Reviewed by သစ်ထူးလွင် on 04:29 Rating: 5

3 comments:

လွတ်လပ်ရေးကောင်းကင် said...

ွှအဲဒါပဲလေ ၊ ဒီမိုကရေစီနဲ့အတူ ပါလာမယ့် အရာတွေပေါ့ ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုကသာ နိုင်ငံအတွက် ရေရှည် အားထားရမယ့် အရာပါ ။ အဓိကအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် နိုင်ငံတကာက မြန်မာပြည်သူတွေအပေါ် စေတနာတွေ သနားညှာတာစိတ်တွေ စီးဆင်းနေကြပါပြီ ။

ကိုဖြိုး said...

အဲဒါကိုသိလို့ အမေစုကိုလွှတ်တော်ထဲကိုဝင်ခွင့်ပေးခဲ့တာပေါ့.. ဒီပိတ်စို့မှုတွေကို သူတို့ဖာသာသူတို့မဖြေရှင်းနိုင်ဘူးလေ ..
အမေစုကယ်မှရမယ်ဆိုတာကိုသိလို့ ပေါ့.

... said...

ပေးတာတွေတွေ့ပီးသိပ်ဝမ်းသာမနေနဲ့
ဘာတွေပြန်လိုချင်လို့လဲစောင့်ကြည့်ကြဦး..
ဘယ်နိုင်ငံမှ ဘကြီးနွားအလကားမကျောင်းဘူးခင်ဗျ

Powered by Blogger.