သေတမ်းစာအတု လူတစုဖြန့် ဝေနေ

အွန်လိုင်းစာမျက်နှာများနှင့် လူမှု့ကွန်ယက် Facebook 
တွင်ယခုရက်ပိုင်းအတွင်ပျံ့နှံ့လျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏သေ 
တမ်းစာဟုအမည်တပ်ထားသောစာမှာ ဒေါ်အောင်ဆန်းစုကြည်ရေးသား
ထားသည့်စာမဟုတ်ကြောင်းသူမ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းဌာနတို့က ငြင်းဆိုသည်။
 7Day News Journal
သေတမ်းစာအတု လူတစုဖြန့် ဝေနေ သေတမ်းစာအတု လူတစုဖြန့် ဝေနေ Reviewed by သစ်ထူးလွင် on 18:29 Rating: 5

11 comments:

ချစ်ဖူး said...

တော်တော်ဆိုးတဲ့ လူတွေပဲ။ ဘာရည်ရွယ်ချက်နဲ့ လုပ်ကြတာလဲမသိဘူးနော်။ အဲဒီလိုလူတွေကိုလည်း ဒီတိုင်းတော့ လွှတ်မထားသင့်ဘူး

Anonymous said...

အဲဒီစာက ကျနော်တို့ စောစောကတည်းကတွေ့ပါတယ်...အမေဒေါ်စုမဟုတ်ဘူး
ဆိုတာ သိပါတယ်...အမေဒေါ်စုကိုသတ်ခဲ့တဲ့ ဒီပဲရင်းအရေးအခင်းကို ပြန်ပြောင်း
သတိရမိပါတယ်...နအဖခေတ်ကစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ လက်အောက်ကထညက်လုံးရက်ရတဲ့လူတွေရဲ့ အတွေးအခေါ်တွေလိုထင်တယ်..
အခုလဲဘာမှတော့မထူးသေးပါဘူး ထူးမခြားနားဆိုတဲ့သီချင်းအတိုင်းပါဘဲ...
အပေါ်ကလည်း သွေးတိုးစမ်းနေသလို..အောက်ခြေလက်အောက်ငယ်သားတွေလဲ
ဒီပုတ်ထဲကဒီပဲတွေပါဘဲ...
ဒီစာတွေနဲ့ဝါဒဖြန့်လို့ကတော့ မရပါဘူး....ခွေးလေးခုံလို့ဖုန်မထပါဘူး...
အမေဒေါ်စုလိုပွင့်လင်းရိုးသားတဲ့ မြန်မာ့သရဲကောင်းအမျိုးသမီး...ခေါင်းဆောင်
ကြီးကို မနာလိုမရှုစိမ့်လို့ နည်းအမျိုမျိုးသုံးတဲ့ အာဏာရှင်တွေရဲ့ ဆိုက်ကို
တွေပါလိုပြောချင်ပါတယ်...

Myanmar said...

ဘယ်သူလုပ်တာလဲ သိသူများ သတင်းပေးကြပါ။ ။

chittulay8 said...

လမင်းထိန်ထိန်သာနေတာကို မနာလိုဝန်တို တဲ့ခွေးတွေက ဟောင်နေတာ
ပါ။ခွေးဘယ်လောက်ပဲ ဟောင်ဟောင် လရောင်က သာနေတုန်ပဲလေ။ ခွေး
ဟောင်တိုင်ထကြည့်မယ်ဆိုရင် အိပ်ရေးပျက်တယ်ကွာ။ဘယ်လောက်ဟောင်
မလဲ ဟောင်စမ်းပါစေ။ပါစပ်ညောင်းလို့ကတော့ တိတ်သွားလိမ့်မယ်။

myayeethway said...

အဲဒီသေတမ်းစာဆိုတာ ဖတ်လိုက်တာနဲ့ အသိသာကြီးပါ။အ မေစုမရေးဘူးဆိုတာ။ အမေစုက ဘယ်တော့မှ သူတပါး ပုဂ္ဂိုလ်ရေးထိခိုက်တာတွေမရေးဘူးဆိုတာ သိပြီးသားပါ။အမေစုရဲ့စိတ်ဓါတ်ကို သိသူတိုင်းက ဖတ်လိုက်တာနဲ့ မဟုတ်မှန်း ချက်ချင်းသိမှာပါ။

Ar Ga said...

ဒေါ်အောင်ဆန်းစုကြည်၇ဲ့ လက်၇ာ မဟုတ်မှန်း ဖတ်ကတည်းက ၇ိပ်မိပါတယ် ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်၇ဲ့ အကြောင်းလေးတွေ၊ သူ့၇ဲ့ စွန့်လွှတ်ခဲ့ပုံလေးတွေ၊ ကြုံတွေ့ခဲ့၇တာလေးတွေ၊ သူလုပ်ချင်တယ်လို့ ထင်၇တဲ့ အကြောင်းလေးတွေကိုေ၇းထားတာပါ ။ သူ့ကို ကြည်ညိုတဲ့သူ ကေ၇းထားတာတော့ သေချာပါတယ်။ စာကောင်းလေး တစ်ပုဒ်ပါ ။ အပေါ်က Comment တွေလိုတော့ မလို တမာေ၇းထားတာ မဟုတ်ပါဘူး ။

ko htoo said...

စတွေ့တဲ့နေ့ထဲက အမေရေးတာမဟုတ်မှန်းသိပြီးသားပါ
အမေနေကောင်းပါစေ........

ပုသိမ်သားလေး lionsun said...

Ar Ga ပြောတာမှန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းလေးတွေ၊ သူ့ရဲ့ စွန့်လွှတ်ခဲ့ပုံလေးတွေ၊ ကြုံတွေ့ခဲ့ရတာလေးတွေ၊ သူလုပ်ချင်တယ်လို့ ထင်ရတဲ့ အကြောင်းလေးတွေကို ရေးထားတာပါ ။ သူ့ကို ကြည်ညိုတဲ့သူ က ရေးထားတာတော့ သေချာပါတယ်။ စာကောင်းလေး တစ်ပုဒ်ပါ ။

Ar Ga said...

ဒီသေတမ်းစာ(ခေါ်) ကဗျာလေးအား စတင်ေ၇းသားခဲ့သူနဲ့ သူ့၇ဲ့ဝန်ခံချက်အား http://thadar.blogspot.co.uk/2009/08/blog-post_26.html မှာသွား ကြည့်နိုင်ပါတယ်။ သူ့စိတ်ကူးနဲ့ေ၇းဖွဲ့ထားတာဖြစ်ကြောင်း ပြောပြီးဖြစ်ပါတယ်။

Cinderella said...

ဘ‌လော့ဂါ မသဓါ(ပါဌ်ဆင့်ရိုက်မရ၍သည်းခံပါရန်)က၂၆.၈.၂၀၀၉
ကသူ့ဘ‌လော့ဂ်မှာ"‌ဒေါ်‌အောင်ဆန်းစြုကည်၏‌သေတမ်းစာ"ဆြိုပီးကဗျာ‌ရေး
ခဲ့တယ်..ေ ပြာင်ေ မြာက်ထိမိတဲ့ကဗျာတပုဒ်ဆိုတာဖတ်ဖူးသူတိုင်းခံစား
မိမှာပါ..ကဗျာ‌ရေးသူဟာအ‌မေစုကိုအ‌တော့်ကြိုကည်ညို‌လေးစားသူ
ဖြစ်လိမ့်မယ်ဆိုတာသူ့ဘ‌လော့ဂ်ကိုဝင်ကြည့်ရင်သိနိုင်ပါတယ်...ဒါ‌ပေမဲ့...
ကာယကံရှင်အ‌မေစုသက်ရှိထင်ရှားရှိ‌နေချိန်မှာ..ကိုယ်‌ရေးကိုယ်တာ‌တွေ
ကိုပိုင်စိုးပိုင်နင်း‌ရေးဖွဲ့ထားသလိုဘဲမို့..အ‌မေစုအတွက်စိတ်အ‌နှောက်အယှက်
ဖြစ်လိမ့်မယ်လို့ယူဆမိပါတယ်...။

Akar said...

ကျွန်တော်လည်း ဖတ်ခဲ့ဖူးပါတယ် ... အမေစုကိုထိခိုက်နစ်နာစေလိုတဲ့ သဘောထားမပါဘူးလို့တော့ထင်ပါတယ် ... အမေစုကို ကြည်ညိုတဲ့သူ တစ်ဦးဦးက ရေးထားတာဖြစ်ပါလိမ့်မယ် .... ဒါပေမယ့် အဲဒီလိုကြီး နိမိတ်မရှိနာမမရှိကြီးရေးတာတော့ ကျွန်တော်လည်း ကြိုက်တော့မကြိုက်ဘူးပေါ့ ..... အဲဒီစာက တော်တော်လေး ကိုကြာပါပြီ ... အခုမှ ဟော့ဖြစ်နေတာပါ ...

Powered by Blogger.