ဧည့်စာရင်းစစ်တယ်ဆိုပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်ခန်းထဲအထိ ၀င်ပြီး ရိုက်ပုတ်ခဲ့တဲ့ နေပြည်တော်ပျဉ်းမနားကဖြစ်ရပ်

နေပြည်တော်ပျဉ်းမနားတွင် ရာအိမ်မှူးဆိုသူ ဧည့်စာရင်းစစ်သည်ကိုအကြောင်းပြီး မင်းမဲ့စရိုက်ဆန်ဆန် ယောင်္ကျားဖြစ်သူအား နာကျင်အောင်ရိုက်နှက်ပြီး ဇနီးဖြစ်သူအား အရှက်တကွဲအကျိုးနဲအောင် ရိုက်နှက်ခြင်း အင်္ကျီရင်ဘတ်အားဆွဲဖြဲခြင်းစသည့်တို့ ပြုလုပ်ခဲ့ပြီး ပုံစံ (၆၆)ပါ ထုတ်ပစ်လိုက်မယ်ဟု ခြိမ်းခြောက်ခဲ့သော ဖြစ်ရပ်တစ်ခုသည် (၇.၄.၂၀၁၂)နေ့က ဖြစ်ပွားခဲ့ရာ တရားစွဲဆိုရာတွင် ကြန့်ကြာခဲ့ပြီးမှ ယခုအခါတွင် (၃၀.၄.၂၀၁၂)ရက်နေ့မှ တရားစွဲတင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကလေးကတော့ --- နေပြည်တော် ပျဉ်းမနား၊ကင်ပွန်းတန်းအုပ်စု၊ သဲကျွန်းရွာနေ ကိုယဉ်ထွေး (၂၉)နှစ်သည် ( 7.4.2012)ရက်နေ့ည (၁၁း၃၀) အချိန်ခန့်က ယင်း၏နေအိမ်အပေါ်တွင် အိပ်ပျော်နေစဉ် ကိုယဉ်ထွေးအား တုတ်ဖြင့် ရိုက်နှိုးသဖြင့် ကြောက်လန့်တကြားနိုးလာပြီး ကိုယဉ်ထွေးအား လူသုံးဥိးက လက်နှိပ်ဓါတ်မီးဖြင့်ဝိုင်းထိုးကာ ၀ါးတုတ်ကိုယ်စီဖြင့် ကိုယဉ်ထွေးအား ၀ိုင်းရံထားပြီး အိမ်အောက်ထပ်သို့ ခေါ်ဆောင်သွားသည်။

အိမ်အောက်ရောက်သွားသောအခါ လှေခါးထစ်ရင်းတွင် ရာအိမ်မှူး ကိုသိန်းဆင့်၊ အမည်မသိတို့တွေ့ခဲ့ပြီး ``ငါရာအိမ်မှူးကွ ဧည့်စာရင်းစစ်ဖို့လာတာ မင်းတို့ပုံစံ (၆၆)ပြ စမ်းဟု ရင့်ရင့်သီးသီးတောင်းခံလာသဖြင့် ကိုယဉ်ထွေး၏ဇနီးက ပုံစံ (၆၆)ထုတ်ပြစဉ် ရာအိမ်မှူး ကိုသိန်းဆင့်ဆိုသူက ဒါတွေမလိုဘူး၊ ပေါင်းလောင်းက ပုံစံ (၆၆)တွေလာမပြနဲ့ဟုဆိုကာ စာရွက်စာတမ်းအကုန်လုံးကို လွှင့်ပစ်လိုက်သည်ဟုဆိုသည်။ထိုအချိန် အိမ်နီးချင်းများကလည်း မျက်မြင်သက်သေအဖြစ် ရှိခဲ့သည်။
ထိုအခါ ကိုယဉ်ထွေးကတောင်းပန်သော်လည်းမရပဲ  ကိုသိန်းဆင့်နဲပါလာသူ ရဲသွေးက ဘာမပြောညာမပြောပဲ ကိုယဉ်ထွေးအား လက်သီးနှင့်ထိုးကြိတ်ရာ ကိုယဉ်ထွေးဇနီး မမြင့်မြင့်က ၀င်ရောက်ဟန့်တားစဉ် ကိုသိန်းဆင့်ကလဲ မမြင်မြင့် ရင်ဘတ်အားတွန်းလားဆွဲလားလုပ်ပြီး အကျီင်္ဆွဲဖြဲခဲ့ရာ ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်း သက်သေများကလည်း ၀င်ဆွဲသော်လည်း မရရှိခဲ့ကြောင်း၊ ဧည့်စာရင်းလာစစ်ချိန်တွင် ရာအိမ်မှူးနှစ်အပေါင်းအပါတို့မှာ အရက်သေစာသောက်စားမူးယစ်နေပြီး ဘောင်းဘီတိုမှသာ ၀တ်စဉ်ထားကြောင်းလဲ ဘေးပတ်ဝန်းကျင်က ပြောဆိုကြားခဲ့သည်။

ယင်းတို့သည် ကိုယဉ်ထွေး၏ ၀ိုင်းထဲက ပြန်ထွက်သွားတော့လည်း ကိုယဉ်ထွေးအား ဆဲဆိုကြိမ်းမောင်းပြီး ခြံစည်းရိုးကိုပါ ရိုက်နှက်သွားခဲ့ကြောင်းလည်း ပြောကြားသည်။

ကိုယဉ်ထွေးလည်း အကိုတော်စပ်သူကိုဖုန်းဆက်ခေါ်ပြီး ရပ်ကွက်အုပ်ချူပ်ရေးမှူးကို သွားတိုင်ရန်ပြင်ဆင်နေစဉ် ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးကျော်မြင့်ကလည်း ကိုယဉ်ထွေး မတရားခံနေရသည့်ကိစ္စအား ကြေလည်အောင်မဖြေရှင်းပေးပဲ ကိုယဉ်ထွေးကိုသာ ``မင်းမိသားစုရဲ့ ပုံစံ (၆၆)ကို အပြီးဖယ်ပစ်လိုက်ရမလား´´ဟု ခြိမ်းခြောက်ခဲ့သည်။ထို့ကြောင့် အားကိုရာမဲ့နေသော ကိုယဉ်ထွေးကလည်း မျက်မြင်သက်သေတွေအားခေါ်ဆောင်ကာ ပျဉ်းမနား ရဲစခန်းသို့တိုင်ရာ ရဲစခန်းက တရားရုံးသို့ ဦးတိုက်လျှေက်ရန် ပုံစံ (က-ခ)ပေးလိုက်ပြီး ဦးတိုက်လျှောက်စေရာ (27.4.2012)နေ့က ကျင့် (၂၀၂)အရ ရဲစခန်းကို အဆိုပါ အမှုအား ပြန်လည်စစ်ဆေးစေခဲ့ကြောင်းနှင့် (31.4.2012)တွင် တရားရုံးချိန်ရှိကြောင်းလည်း သိရသည်။

``ဘာဖြစ်မလဲဆိုတာတော့ မသိရဘူး။ ဒီလိုအမှုမျိုးက အမှန်တကယ်တိုင်း အမှုဖွင့်စစ်ဆေးမယ်ဆိုရင် ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၂၃)(ထိုးကြိတ်မှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၅၂ (သူတစ်ပါးပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ထိခိုက်ဒဏ်ရာရစေမှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ (အမျိုးသမီးအားကာယ အိနြေ္ဒ ဖျက်စီးမှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၆ (ဆဲဆိုကြိမ်းဝါးမှု) စတဲ့  ပြစ်မှုဆိုင်ရာ ပုဒ်မ အနည်းဆုံး  (၅)ခုလုံးနဲ့ အမှုဖွင့်လို့ရပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တရားရုံးတွေ၊ ရဲတွေကို ဘာဖိအားပေးပြီး ဘယ်လိုလုပ်မလဲဆိုတာတော့ အားလုံးကစိုးရိမ်နေရပါတယ်´´ ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

နေပြည်တော်သတင်းထောက် (Myanmar News Now)
ဧည့်စာရင်းစစ်တယ်ဆိုပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်ခန်းထဲအထိ ၀င်ပြီး ရိုက်ပုတ်ခဲ့တဲ့ နေပြည်တော်ပျဉ်းမနားကဖြစ်ရပ် ဧည့်စာရင်းစစ်တယ်ဆိုပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်ခန်းထဲအထိ ၀င်ပြီး  ရိုက်ပုတ်ခဲ့တဲ့ နေပြည်တော်ပျဉ်းမနားကဖြစ်ရပ် Reviewed by သစ်ထူးလွင် on 00:36 Rating: 5

21 comments:

Anonymous said...

ဒီလိုအဖြစ်အပျက်တွေ ကြာနေရတာ စိတ်ဆင်းရဲဖို့ကောင်းပါတယ်..။ နိုင်ငံတော်က ဒီမိုကရေစီစနစ် ပြောင်းလဲဖော်ဆောင်နေပေမယ့် အောင်ခြေအဆင့်တွေမှာ အရင်အကျင့်တွေ မစွန့်နိုင်ပဲ ငါအာဏာပိုင်အဖွဲ့အစည်းကကွ..ဆိုပြီး ထင်တိုင်းကြဲတတ်တဲ့သူတွေ နယ်မြိုတွေ၊ ကျေးရွာတွေမှာ တွေ့နေရဆဲပါ။ ဒါတွေကို ပြောင်းလဲအောင် စနစ်တကျ လုပ်သင့်နေပါပြီ..။

phyoe said...

ရာအိမ်မှူးတွေ အုပ်ချုပ်ရေးမှူးတွေဆို ပြည်သူတွေကို ဒီလိုလုပ်ဖို့ ခန့်ထားပေးသလားမသိပါဘူး ဗျာ။ အမှန်တကယ်ဆို ရပ်ကွက်၊ကျေးရွာကို အမှန်တကယ် အကျိုးပြုတဲ့လူပဲခန့်ထားသင့်ပါတယ် အများသဘောဆဒ္ဒနဲ့ခန့်ထားသင့်ပါတယ်

ကေါင်းကေါင်း said...

မင်မဲ့တိုင်းပြည်ကိုဖြစ်နေတော့တာပါလား ဘာဥပဒေစိုးမိုးမှု့မှကိုမရှိတော့ပါလားကြံ့ဖွတ်နဲ့စစ်ခွေးအစိုးရမြန်မြန်ပြုတ်မှဘဲတိုင်းပြည်ငြိမ်းချမ်းမှာပါ. တရားရုံးဆိုတာလည်းမတရားသူကြိံးဘဲရှိတဲ့မြန်မာပြည်အတွက်ပြည်သူတွေရဲ့ဘဝရင်မောစရာပါလား

nunuohn said...

ဧည့်စာရင်းဆိုတာဘယ်နိုင်ငံမှမရှိတော့ပါဘူး၊သူ့စစ်တပ်ကလူကြီးတွေကိုတော်လှန်သူတွေကှိုရှာဖွေစစ်ဆေးဘို့လုပ်ထားတဲ့စနစ်ပါ၊အမှန်ကတော့တော်တော့်ကိုလူအခွင့်အရေးချိုးဖေါက်ပြီး၊ရမ်းကားတဲ့လုပ်ရပ်ပါ၊ရပ်ကွက်တိုင်းမှာရာအိမ်မှုးတို့၊ဆယ်အိမ်မှုးတို့
ဆိုတာ သူခိုး၊အရက်သမား၊အလုပ်မရှိအကိုင်မရှိ၊ဂျပိုးတွေများတယ်
ဒီဧည့်စာရင်းတိုင်တဲ့စနစ်ကလဲမရှိသင့်တော့ဘူး၊

cherish said...

31.04.2012 မှာ ရုံးချိန်းရှိတယ် ဆိုတော့ သေချာတယ် ဒီအမှုက လုံးဝပြီးတော့မှာ မဟုတ်ဘူး။ ၄ လပိုင်းမှာ ၃၁ ရက်မရှိဘူးလေ။ :)

ရွှေ said...

ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကစလို့ မြို့နယ်၊ ခရိုင်၊ တိုင်း ပြည်နယ် အဆင့်ဆင့်ကို ပြည်သူတွေက ရွေးချယ်ခွင့်မရသမျှ ဒီပြသနာကရှိနေမှာပါ။ လူသိများတာနဲ့ လူသိနည်းတာ ဒါဘဲကွာပါလိမ့်မယ်။

အရင်ခေတ် စနစ် အကျင့်ဆိုးတွေက သွန်သင်လိုက်လို့ ဒီလို လူတွင်ကျယ်လုပ်လို့ရတဲ့ အလုပ်မျိုးကို လုပ်ချင်သူအများစုကလည်း အခွင့်အရေးသမားတွေပါ။

အခုတော့ ပြောရဦးမယ်
တပည့်မကောင်း ဆရာ့ခေါင်း။
သားသမီးမကောင်း မိဘခေါင်းတဲ့ ရှေးကဆိုစကားကြောင့်
ဘယ်သူက တာဝန်အရှိဆုံးလဲ။

ဘယ်လိုမှ သုံးစားလို့မရတဲ့ သူတို့အချင်းချင်းဖွင့်ပြောကြသလို အရည်အချင်းမရှိ၊ အတန်းပညာမတတ်၊ ကိုယ်ကျင့်တရားမကောင်းတဲ့ ဖွတ်အများစုပါတဲ့အစိုးရဘဲ။

တရားနည်းလမ်းကျ ဖြေရှင်းဘို့ ၂၀၁၅ ဟာ နက်ဖြန်ဖြစ်ချင်တယ်။

Truth Seeker said...

နေပြည်တော်မှာတောင် ဒီလိုဖြစ်နေတယ်ဆိုတော့ တစ်နိုင်ငံလုံးကို ဘယ်လိုအုပ်ချုပ်နေသလဲဆိုတာ စဉ်းစားစရာပါ။

Anonymous said...

ဗိုလ်ချုပ်စကားဌားသုံးလိုက်ရတော့မယ်၊
အဲ့ဒီလိုဖာသည်တွေကြောင့်ဖာနိုင်ငံကြီးဖြစ်လာပြီ
ဘယ်မှာလဲဥပဒေစိုးမိုးရေး
အားကိုမိတဲ့သူကလည်း၊ကားကိုပါတယ်ဆိုမှ၊ယောင်ချာချာလုပ်နေတယ်။
ဘာမဟုတ်တဲ့စာတပုဒ်အကြောင်းပြ၊
အဲ့ဒီလိုတာဝန်ယူစိတ်မရှိတဲ့သူတွေကိုလည်းမုန်းတယ်။

leoumyo said...

ဒီကောင်တွေ မဲရှုံးလို့ ရူးနေတာ
ဟိုလိုက်ကိုက် ဒီလိုက်ကိုက် လုပ်နေကြတာလေ
ခွေးရူးထက်ဆိုးနေပြီ
သမ္မတကြီးမှ ထိရောက်စွာ အရေးယူပေးပါ

jaboe said...

ပျဉ်းမနားရဲစခန်းကအမြဲတမ်းဒီလိုဘဲ၊ဒါရဲအရေးပိုင်တဲ့အမှူဘဲF.I.Rဖွင့်ရမှာပိုက်ဆံပေးမှအမှူ့ဖွင့်ပေးတယ်၊တာဝန်မှူး၊စခန်းမှူး၊ဂတ်စါးရေး၊အားလုံးအတူတူဘဲဝါးစေ၊ ငွေမပေးလို့ကတော့အမျိုးမျိုးပညာပြညစ်တော့တာဘဲ၊အော်-ကူညစ်ပါရစေ

တန`င်္လာကိုကို said...

ကျွန်တော်ဘယ်တော.မှမမေ.တာလေးရင်ဖွင်.ပါရစေအိမ်ကိုဧည်.စာရင်းလာ
စစ်ကြတယ်ဗျာ၊အခန်းတိုင်းစစ်ယုံမကဘူးဗျာညီမနဲ.မမအိပ်နေတဲ.အပျိုခန်းထဲ
ဝင်၊အပျိုလေးတွေခြင်ထောင်ပါမပြီးဖွင်.ရှာတာ။ မမကောကျွန်တော်ကောစိတ်
တိုပြီးအဲဒီမီးကင်းစောင်.တဲ.ကောင်နဲ.ရန်ဖြစ်လုနီးဖြစ်တာအမေကထိန်းသွား
လို.ပေါ.။ အဲဒီခေတ်သွားဖြစ်လဲကျွန်တော်ဘဲအချုပ်ထဲရောက်မှာ၊နောက်ဆက်
တွဲအများကြီးဒုက္ခရောက်မှာ။ အဲလိုမြိုသိပ်ကြိတ်ခံခဲ.ရတဲ.တစ်ချိန်ကိုပြောပြတာပါ။

a said...

ပြည်သူတွေရဲ့အနာဂါတ်ကမတွေးရဲစရာပဲအောက်ဆုံးအဆင့်ကသူတွေကိုတောင်ရဲနဲ့တရားေ၇းကအမှန်အတိုင်းမလုပ်ရဲကြဘူးဆိုတော့၊ကြားနေရတာတွေကတော့မတရားတာတွေများလာပြီစနစ်တကျကိုညွှန်ကြားထားလို့လက်ရဲဇက်ရဲလုပ်နေကြသလိုပဲ၊နိုင်ငံကျော်သိန်းစိန်အနားမှာဖြစ်တာဆိုတော့မသိပဲတော့မနေပါဘူးဘာလုပ်မလဲစောင့်ကြည့်ကြတာပေါ့။လွှတ်တော်ကတော့ဆင်ဖမ်းမယ်ကျားဖမ်းမယ်တော့လုပ်နေပြီ။(ထုံးစံအတိုင်း)

nldgeneration@gmail.com said...

ဒီအမှု့ကို သေသေချာချာလုပ်မပေးဘူးဆိုရင်တော့
ရှေ့လျှောက်ပြည်သူတွေရဲ့ ဘ၀ကတော့ ရင်လေစရာပါပဲ......
ဒီထက်ပိုဆိုးတာတွေမဖြစ်ခင်.......... ဒီအမှု့ကိုမှန်မှန်ကန်ကန်လေ ဆောင်ရွက်စေချင်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေပါတယ် သက်ဆိုင်သောသူများ ခင်ဗျာ။

Soe said...

ဂျပန်တွေ မြန်မာတွေကို ဒီလိုပဲ နှိပ်စက်ခဲ့တာ
အခု အဲဒီနေ၇ာကို ကြံ့ဖွတ်က ယူထားလိုက်တယ်

byeiktar(byeikchitthu) said...

မိုက်တယ်ကွာ ရာအိမ်မှူးရာ....

အမှန်တရား said...

ဘယ်သူ့အားကိုးနဲ့မိုက်နေကြတာလဲခွေးမသားတွေထိထိရောက်ရောက်အရေးမယူလို့ကတော့နောက်လဲဒါမျိုးတွေဖြစ်နေကြဦးမှာပဲ

kaungkin said...

တင်ပြချက် တကယ်မှန်တယ်ဆိုရင် ဥပဒေနှင့်အညီ ထိထိရောက်ရောက်
အရေးယူသင့်ပါတယ်။

pyaponthu said...

မယောင်ရာဆီလူးတယ်ဆိုတာအဲ့ဒါဘဲ။အေားအေးဆေးဆေးနေတဲ့မြန်မာပြည်သားအစစ်တွေကိုတော့ တချန်လုံးစစ်တယ်။နင်တို့သတ္တိရှိရင်မန္တလေးကတိုက်ကြီးတွေ၊ASIA worldတွေကိုသေချာစစ်ကြပါ။တရုတ်တွေကိုတော့မစစ်ဘူး။တကယ့်နိုင်ငံခြားသားတွေကိုတော့မစစ်ဘူး။ဘယ်လိုတိုင်းပြည်လဲ

Anonymous said...

ခက်တယ်ဗျာ ... ကျွန်တော်သာ သမ္မတဆိုရင် ..... ကျန်တာတွေထား ..... အင်တာနက်မှာ ပါတာတွေ ၊ ဂျာနယ်တွေ နဲ. သတင်းဌာန တွေမှာဖေါ် ပြတာတွေကိုတော. -- တိတိကျကျ ၊ မှန်မှန်ကန်ကန် ၊ မြန်မြန်ဆန်ဆန် ဥပဒေနဲ.အညီလုပ်ဖို.၊ MEDIA နဲ.ပြန်ရှင်းလင်းဖို.ညွှန်ကြားမှာ ....ဒါက တချက်ခုတ် ၂ ချက်ပြတ် ၊ အစိုးရကိုလည်းလူတွေ .. လေးစားလာမှာ ၊ ခုတော. ပြောချင်ရာပြောကြ ၊ လုပ်ချင်၇ာလုပ်မယ် ဆိုတဲ. မူနဲ.လုပ်နေတယ် ။

Chit Tha Mee said...

ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေ မိမိ အဆင့်အတန်းကို သိထားသင့်ပါတယ်။ တာဝန်ရှိတာမှန်ပါတယ်၊ လုပ်ပိုင်ခွင့် နဲ.အခွင့်အာဏာကို အသုံးမချဘဲ အခြားဖြေရှင်းလို.ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ လက်ရှိ အနေအထားမှာ အုပ်ချုပ်ရေးအဖွဲ.အစည်းတွေ Smmoth ဖြစ်ဖို.လိုအပ်ကြောင်းပါ။ နိုင်ငံတော်က Cleean Government လုပ်နေတယ်လို. Announce လုပ်နေချိန်မှာ ဒါမျိုး နိုင့်ထက် စီးနင်းလုပ်တာ မှန်တယ်ဆိုရင် မကောင်းပါဘူး၊ နေပြည်တော်ကောင်စီ နယ်မြေ ဆိုတာ နိုင်ငံတော် သမ္မတ ကြီး တိုက်ရိုက် အုပ်ချုပ်နေတာပါ။ မြို.နယ် အုပ်ချုပ်ရေးမှူးတွေအနေနဲ. မိမိတို.ရဲ.တပည့် ( ရပ်/ ကျေး အုပ်မှူး)တွေကို လိုအပ်တာထက်ပို ပြီး လုပ်ပိုင်ခွင့် / အခွင့်အာဏာ / တာဝန် တွေပေးထားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြသနာတွေ ဒါထက်ပို ရှိလာမယ်လို. သုံးသပ်ပါတယ်။ အပြုသဘောဆောင်တဲ့ အတွေးနဲ. တင်ပြရခြင်းပါ။

ကောင်းကောင်း said...

အထက်ကလူတွေ ထက်တောင်သာနေပြီထင်တယ်။ ဒါတောင် ဘာမဟုတ်ညာမဟုတ် ကလေက၀ရာအိမ်မှူးရာထူးမို့လို့ ရပ်ကွက်ဥက္ကဌသာ သူဖြစ်ရင် တစ်ရက်ကွက်လုံး အရိုက်ခံရမလားမသိဘူး၊ သြော် လူတွေလူတွေ ရာထူးရဲ့အရသာကို တော်တော်လေးအင်တိုက်အားတိုက် အသုံးပြုကြတာပါပဲလား။ ခွေးကို ခြံစောင်ခိုင်းတာ ဟောင်လိုက်တာမှ နားကိုငြီးနေတာပဲ။ လူတွေ့တာနဲ့ ဟောင်တော့တာပဲ။

Powered by Blogger.