ဧရာဝတီတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဌအား လိုအပ်သလိုအရေးယူပေးပါရန်တိုင်ကြားခြင်း

ဧရာဝတီတိုင်းမှာ ကွန်ပျူတာ လုပ်ငန်းငန်းရှင် အသင်းနဲ့ ကွန်ပျူတာပညာရှင်အသင်းမှာ ဦးမောင်မောင်ဦးနဲ့ ဒေါ်မြတ်မြတ်မိုးဆိုတဲ့ လင်မယားနှစ်ယောက်က အသင်းအဖွဲ့ခုတုံးလုပ်ပြီး ထင်ရာစိုင်းနေပါတယ်။

ဧရာဝတီတိုင်းမှာ ကွန်ပျူတာ လုပ်ငန်းငန်းရှင်အသင်းမှ မတ်လတုန်းက ပြပွဲပြုလုပ်သွားပါတယ်။ အသင်းဥက္ကဌဦးမောင်မောင်ဦး မှ ကျွန်တော်တို့ EC အလုပ်မှုဆောင်တွေကို အရေးကြီးတဲ့ကိစ္စဘာတစ်ခုမှတိုင်ပင်ညှိနှိုင်းတာမလုပ်ဘဲ  သူတို့ စိတ်တိုင်းကျလုပ်ခဲ့ပါတယ်။

 နောက်ပြီးပြပွဲပြီးလို့ ငွေစာရင်းရှင်းတမ်းလည်း ဘာမှအသိပေးတာမရှိဘဲ သူတို့လုပ်ထားတဲ့ ရှင်းတမ်းတွေကို စာရင်းစစ်တွေနဲ့ ဘဏ္ဍာရေးမှူးတွေကို လက်မှတ်ထိုးခိုင်းပါတယ်။
စာရင်းတွေက ပြခန်းဖိုးတွေပိုက်ဆံမသွင်းတာ၊ company တွေက စပွန်ဆာရတာတွေမသွင်းတာအပါအ၀င် စာရင်းဖျောက်ထားတာတွေအများကြီးပါ။
အသေးစိတ်ကို ဧရာဝတီတိုင်း ကွန်ပျူတာ လုပ်ငန်းငန်းရှင်အသင်းမှ သက်ဆိုင်ရာဌာနတွေကို တိုင်ထားတဲ့ တိုင်စာမှာ ဆက်လက်ဖတ်ရှုပါ။

Ayeyarwady MCIA


ဧရာဝတီတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဌအား လိုအပ်သလိုအရေးယူပေးပါရန်တိုင်ကြားခြင်း ဧရာဝတီတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဌအား လိုအပ်သလိုအရေးယူပေးပါရန်တိုင်ကြားခြင်း Reviewed by သစ်ထူးလွင် on 07:30 Rating: 5

11 comments:

abcd said...

လာပြန်ပြီ ဒီလင်မယားသတင်း
အဲဒီ အစိုးရကျောထောက်နောက်ခံ အသင်းတွေကလည်း လုပ်စားဖို့လောက်ပဲ စဉ်းစားနေတာ။ ဧရာဝတီသားတွေ အသင်းချုပ်ကိုတိုင်နေလည်း ဘာမှထူးမှာမဟုတ်ဘူး။ အဲဒီအသင်းချုပ်က ဥက္ကဌဆိုတဲ့သူကိုယ်တိုင်ကိုက လုပ်စားနေတာ။ အဲတော့ အကြံပေးချင်တာက အခုလိုအင်တာနက်မှာ သူတို့ လုပ်ရပ်တွေများများတင်ပြီး အကုန်လုံးက သူတို့အကြောင်းသိအောင်သာလုပ် တိုင်နေလို့ ဘာမှမထူးဘူး

saw said...

တိုင်းပြည်တိုးတက်ဖို့ IT က အရေးကြီးပါတယ်.ဒီလို IT ဖွံဖြိုးဖို့ ဦးဆောင်နေတဲ့MCIA အသင်းမှာ ဒီလိုလူကြီးလူကောင်းမပီသတဲ့သူတွေမပါဝင်သင့်ပါဘူး
"ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက်
ဖြောင့်ဖြောင့်လိုက်သည်"

AthayLay said...

ဟားဟား
ရိုးသား သူခိုးများ ဧရာဝတီသားဖြစ်နေပြီပေါ့

မိုးမခ said...

သမိုင်းကြောင်းသိသူများ ၀င်ရေးခြင်းဖြင့် အဖြစ်မှန်ကို ဖော်ထုတ်ပေးကြပါ။
ဦးမောင်မောင်ဦး အသင်းဥက္ကဌလုပ်နေသည်မှာ ၈ နှစ်ရှိပါပြီ။ အသင်းဥက္ကဌနေရာကို ရယူခဲ့ခြင်းမှာလည်း ရနံ့မသင်းလှပါ။ ယခင် ဥက္ကဌကို ဂျောက်ချပြဿနာရှာပြီး ဆွဲချခဲ့တာပါ။ ယခင်ဥက္ကဌ စိတ်ပျက်လို့ ဘုန်းကြီး အပြီးဝတ်သွားတာ ယခုအထိပါဘဲ။ ပုံထဲမှာ ပါတဲ့ sponsorေ တွက ပိုက်ဆံတွက်လိုက်ရင် အနည်းဆုံးဘယ်လောက် ရမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ အသင်းချုပ်က စစ်ကြည့်လိုက်ပါ။ အဲဒါကို အသင်းထဲမှာပါတဲ့ စာရင်းစစ်တွေ EC member များ သူတို့ အလိုကျ ယိမ်းရင်တော့လဲ ကိုယ်ဖော်တဲ့ဆေး ကိုယ်စားရမှာပေါ့။

မိုးမခ said...

tzm ပြောတာမှန်တယ်။ အသင်းချုပ် ဥက္ကဌ ကိုယ်တိုင်က ဖယ်မပေးတဲ့ ဥက္ကဌထဲမှာပါတယ်။ လုပ်စားနေကြတာလေ။

AthayLay said...

ဒီလင်မယား ကျလည်းကျတဲ့လင်မယားပဲ။ ကျောင်းသားဘ၀တုန်းက (တို့အရေး) သပိတ်မှောက်တော့ ကျောင်းသားအရေးဆိုပြီးပါ စစ်အစိုးရလက်ထပ်ကျတော့ ယောက်ျားကကြံ့ခိုင်ရေးထဲဝင် မိန်းမက အမျိုးသမီးရေးရာထဲဝင်၊ အခုတော့ ပါတီခေတ်ရောက်တော့ ကြံ့ခိုင်ရေးထဲဝင်ရကျိုးနပ်ပြီပေါ့။ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးနဲ့က သူ့ အမျိုးတွေကျနေတာပဲ ပိုင်တာမှ ဘာပိုင်သလဲမမေးနဲ့။ နယ်မြို့တွေမှာကလည်း နည်းပညာမတိုးတက်တော့ သူတို့လိမ်စားလို့ကောင်းနေတာပေါ့။ ကလေးတွေ ကလေးမိဘတွေ မျက်စိမကျယ် အမြင်မကျယ် သူတို့ပြောတိုင်းယုံနေကြတာပဲ။ လူကြီးတွေကိုယ်တိုင်ကိုက အိုင်တီနဲ့ပတ်သက်ရင် သူငယ်တန်းကလေးလောက်တောင် အသိအမြင်မရှိတော့ ဒီအချိန်က သူတို့အတွက် အချိန်ကောင်းအခါကောင်းကြီးပေါ့ဗျာ။ အပေါ်မှာပြောထားသလိုမျိုး အသင်းအဖွဲ့တွေဆိုတာကလည်း တကယ်ရည်ရွယ်ချက်ရှိရှိလုပ်နိုင်တဲ့အသင်းအဖွဲ့ဆိုတာခက်ရှားရှားပဲ။ ရန်ကုန်က အသင်းတွေကတော့ EC တွေက သူ့အလုပ်နဲ့သူရှိကြတာဆိုတော့ အဲလောက်ကြီးပြောင်ပြောင်တင်းတင်းလုပ်စားတဲ့သူမရှိဘူးပေါ့။ သူတို့လင်မယားရဲ့ဆရာကတော့ တစ်ချိန်က softguide ကွန်ပျူတာသင်တန်းဖွင့်ပြိး အခြေခံပညာကျောင်းတွေကို သုံးမရတဲ့ cyrix စက်အစုတ်တွေရောင်းပြီး ကွန်ပျူတာကဏ္ဍဖျက်စီးခဲ့တဲ့ လူပေါ့။ အခုတော့ ကိုယ့်စေတနာကိုယ်အကျိုးပေးနေလောက်ပါပြီ။

abcd said...

မောင်မောင်ဦးရေ မင်းကွာ အခုထိပုံစံမပြောင်းသေးဘူး အလုပ်လုပ်တာ အဲဒီ အသင်းတွေအဖွဲ့အစည်းတွေမပါဘဲ မင်းအောင်မြင်အောင်မလုပ်တတ်ဘူးလား။
မင်းနောက်က ကလေးတွေတောင်အလုပ်တွေအောင်မြင်နေကြပြီ။ မင်းက အဲဒါတွေနဲ့ပဲအချိန်ကုန်နေ။ မင်းစားရလည်း နည်းနည်းပေါ့ကွာ ဘာလို့ မလွတ်မကင်းတွေပဲစားချင်နေရတာလဲ မင်းမှာ ကိုယ်ပိုင်အရည်အချင်းမရှိဘူးထင်တယ်။ ဒါမှမဟုတ်မင်းမိန်းမ အတွေးအခေါ်တွေ လွှမ်းမိုးနေတာလား။

မိုးမခ said...

ဒီမှာတင်တာလဲတင်ပေါ့ နိုင်ငံတော်သမ္မတ အထိကို တိုင်ပြစ်ရမှာ သေသေ ချာချာတိတိကျကျ ကိုရေးပြီးတင်ရမှာ။ အမြစ်ပြုတ်အောင်ကို လုပ်ပြစ်ရမှာ ဒီလိုနယ်တွေမှာ ဘာမှလဲ ဟုတ်တိပတ်တိကို လုပ်နိုင်တာလဲ မဟုတ်ဘဲနဲ့ အသင်းတွေကို မဖွဲ့သင့်ဘူး သူတို့တွေအတွက် အကွက်တွေ ဖန်တီးနေတာဘဲ။ ဒါတွေဟာ တကယ့်အဖြစ်မှန် ဟုတ်မဟုတ် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ MCF စတာတွေက ဟုတ်လား/မဟုတ်လား စုံစမ်းမှု ပြုသင့်တယ်။ ဟုတ်တယ်ဆို ပထမအကြိမ် သတိပေး နောက်တကြိမ် action ယူ ဆိုတာမျိုးလုပ်သင့်တယ်။ အသင်းဖွဲ့ပြီး ရန်ကုန်က လူများ မျက်နှာလွဲခဲပြစ် မလုပ်သင့်ပါဘူး။ ရန်ကုန်က အသင်းများ ကိုယ့်ထမင်းအိုး မထိဘူးဆိုပြီး လွှတ်ထား တာလား တော့လဲမပြောတတ်ဘူး။
အရေးအခင်းတုန်းကလဲ လှုပ်ရှားလိုက်တာမှ ထွက်ပြေးပြီးပုန်းတောင် အိပ်ရတယ်။ နောက်တော့လဲ ကြံ့ခိုင်ရေးထဲယောကျားက၀င် မိန်းမက အမျိုးသမီးရေးရာလုပ် တက်သမျှအဖွဲ့အစည်း နယားပါးယားလုပ်ပြီး လုပ်စားတာ ဟုတ်မဟုတ် ပုသိမ်မြို့မှာ မေးကြည့် Softguide က ဦးအောင်သန်းညွန့်က ဆရာရင်း။

Shurlaomourng said...

မိုးမခပြောတာမှန်တယ်မောင်မောင်ဦးမင်းမ၇ှူက်ဘူးလား၊ငါလဲပုသိမ်သားဘဲမင်းတို့လင်းမယားလုပ်နေတာငါအကုန်သီနေတယ်ကြံ့ခိုင်ေ၇းထဲဝင်ပြီးလုပ်ချင်တိုင်းလုပ်နေတာမင်းတို့အဖွဲ့ပါဝါရှိတုံ့လုပ်ထားအုံးပေါ့ကွာ

mcia ayeyarwady said...

ကိုshurlaomourng, ကိုsoegyi, ကိုမိုးမခ, ကိုAthaylay တို့ခင်ဗျာ
အကိုတို့သိတာကို ကျွန်တော်တို့ email ကိုပေးပို့ပေးစေချင်ပါတယ်
ayeyearwadymciaec@gmail.com

မိုးမခ said...

အဲဒီအသင်း ၂ သင်းက ဘယ်မှာဖွဲ့ထားတာလဲ သူတို့အိမ်မှာလား။ သက်ငယ်အသင်းမရှိဘူးလား သူ့သမီးဝင်ရအောင် အဲလိုရှိရင် သူ့သမီး ဥက္ကဌ ဖြစ်ဦးမှာ။ အသင်းက မောင်မောင်ဦးတပည့်မဟုတ်တဲ့ EC များ ရန်ကုန် အသင်းကို ထိထိရောက်ရောက်တိုင်သင့်တယ်။ မျက်နှာနာတာလဲ နာတာပေါ့။ အဲလိုမှ မဟုတ်ရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီး ကိုယ့်ထမင်းကိုယ်စား ရင်တောင် အုတ်ရော ရော ကျောက်ရောရော အထင်အမြင်သေးစရာဖြစ်လာမယ်။ သိထားသလောက်တော့ ပညာရှင်အသင်းက EC တွေက ရန်ကုန်က လူကြီးတွေ ပုသိမ်ကိုလာတုန်းက ပုသိမ်ဟိုတယ်မှာ အကြောင်းအရာ တွေဖွင့် ချပြီးတိုင်တယ်။ (ဦးသိန်းဦးတို့ ဦးသောင်းတင်တို့ နောက်ထပ်လဲပါသေးတယ် လာကြတာ)လုပ်ငန်းရှင်အသင်းနဲ့ သူမိန်းမ (ပညာရှင်အသင်း EC)အကြောင်းကို ဖွင့်ချတာ။ အဲဒီပွဲမှာ မောင်မောင်ဦးတို့ လင်မယား က ကိစ္စ တစ်ခု အကြောင်းပြပြီး လစ်ပြေးနေတာ။ လုပ်ငန်းရှင် ဘက်က EC တစ်ယောက်လား နှစ်ယောက်လားဘဲတက်တယ်။ ပညာရှင်အသင်းက လုပ်ငန်းရှင်အသင်းကို ရှေ့မှာထားပြီးတိုင်တာ။ တိုင်တယ်ဆိုတော့ သိပြီးပြီဘဲလေ ဒါပေမယ့် MCF ကလဲ သိပ်မလှုပ်ဘူး အဲဒီတော့ ပညာရှင်အသင်းဘက်က EC တွေ ၈ ယောက်လား ၉ ယောက်လား အကုန် နှုတ်ထွက်စာတင်လိုက်တာ ဒေါ်မြတ်မြတ်မိုး တစ်ယောက်ဘဲကျန်တယ်။ ကွန်ပျူတာတက္ကသိုလ်/နည်းပညာတက္ကသိုလ် က ဆရာ/မ တွေနဲ့ တခြား အပြင်က IT ဘွဲ့ရ EC တွေ အကုန် တစ်ယောက်မကျန် နှုတ်ထွက်ကုန် ကြတယ်။ ဘယ်သူက သိက္ခာအကျခံပြီး ဒီလိုအလုပ်လုပ်မှာလဲ။ အများနဲ့ တစ်ယောက်ဖြစ်ကြတာ စဉ်းစားသာ ကြည့်ပါတော့။ သူတို့က ဦးမောင်မောင်ဦးနဲ့ ဒေါ်မြတ်မြတ်မိုး ပူပေါင်းပြီး ပြိုင်ပွဲတွေလုပ်တာကို လုပ်ငန်းရှင်အသင်းနဲ့ ပညာရှင်အသင်း ပူးပေါင်းကျင်းပသည်ဆိုတော့ လုပ်တာ ပညာရှင်အသင်းက EC တွေ ဘယ်သူမှ မသိရဘူး။ လုပ်ငန်းရှင်ဘက်ကလဲ တော်တော်များများ မသိရဘူး သူတို့အိမ်မှာ စားအိမ်သောက်အိမ်လုပ်နေတဲ့ သူ့တို့ တပည့်(EC) တွေ ဘဲသိတယ်။ အဲဒီလို ရန်ကုန်အသင်း MCF ကိုတိုင်လို့မှ မထူးခြားဘူး ဆိုရင် အထက်အသင်းတွေက action မရှိဘူးဆိုရင် အထက် အသင်းတွေကိုပါ တိုင်ပါ။
တကယ်တော့ လူကြီးတွေနဲ့ ပဏာသင့်အောင် မိန်းမက ကတော်တွေက တဆင့် တအိအိနဲ့ ၀င်ထွက်တာ။ ခေတ်အဆက်ဆက်ပါဘဲ။ လူကြီးတွေကလဲ IT နဲ့ ပါတ်သက်ပြီး ဘာမှ မသိတော့ ဧရာဝတီတိုင်းထဲ ပွဲလုပ်နိုင်ရင်ကို ဟုတ်လှပြီထင်နေတာ အရင်ကတည်းက ဂျာနယ်တွေမှာ ပွဲလုပ်မယ်ဆိုပြီး လျှောက်ပြောပြီး မလုပ်ဖြစ်လို့ ဆိုပြီး တောပြောတောင်ပြော တွေနဲ့ မိုးလုံးပြည့် မုသာဝါဒ ဆိုတာ သူတို့လင်မယားဘဲ။ ဘွဲ့တွေ တစီတန်းကြီး လျှောက်ချိတ်ထားတာ လဲ တချို့ဟာတွေ က တကယ်ရတာ မဟုတ်ဘူး။ စီးပွားရေးတက္ကသိုလ်က ဘွဲ့တွေက လျှောက်ရေးထားတာ။ ဘယ်သူမှ ရိုက်စစ်လို့ရတာမှ မဟုတ်တာ။ သူတို့လင်မယား ပုသိမ်မှာ ငုတ်တုတ်ကြီးနေပြီး အချိန်တန်တော့ ဘွဲ့တွေကောက်တပ်နေတာ။ စကားပြောလိုက်ရင် အရမ်းဖိန့် တာဘဲ။ မယုံရင်နှုတ်ဆက်ကြည့်လိုက် တောင်ပေါ်သွားတဲ့လမ်းမှာ တွေ့သေးတယ်ပြောကြည့် တိုင်းမှုးကြီးက urgent ခေါ်လို့ ထသွားရတာတို့။ မတွေ့တာ ကြာပြီလို့ နှုတ်ဆက်ကြည့်လိုက် UMFCCI အစည်းအဝေး နည်းနည်းကြာသွားလို့တို့ ဒီလို အလုံးတွေလဲလိမ့်လာတာ။ လူချင်း မရင်းနှီးရင် လဲဖုန်းဆက်ပြီး သင်တန်းကိစ္စ ဘာကိစ္စဆိုပြီး အစ်ကြည့်ပေါ့။ အဲလိုတွေ ပြောမှာ သေချာတယ်။

Powered by Blogger.