သင်္ကြန်ဒုတိယအကြတ်နေ့ကဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းမှု

ဓါတ်ပုံ(Google Images)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာမှာ သင်္ကြန်ဒုတိယအကြတ်နေ့  ဧပြီလ ၁၅ ရက်နေ့ နေ့လည်(၁း၃၀)နာရီခွဲက လမိုင်းအပိုင်ကော့ဒွတ်ကျေးရွာမှ လူငယ်အများစုနဲ့ သံဖြူဇရပ်အပိုင်အနင်းကျေးရွာမှ လူငယ်အချို့ (စုစုပေါင်း၂၅ယောက်ခန့်) 
Canter အမြင့်(ဒေသအခေါ် ရှမ်းကား / လိုင်စင်မဲ့) တစ်စီးနဲ့ရောက်လာခဲ့ပြီး ရွာခံလူငယ်

အချို့ကို လေးခွနဲ့ပစ်၊ အုတ်ခဲကျိုး၊ခဲလုံးများဖြင့်ပစ်ပေါက်၊ ဒါးနဲ့လိုက်ရမ်း၊ ပေါက်တူးဖြင့်ခုတ်၊ 
သံတုတ်ဖြင့်ရိုက် လက်နက်မျိုးစုံနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့ကြပါတယ်။
 ထွေလာဂျီ တစ်စီးရဲ့ရှေ့ မှန်ကိုလည်း ရိုက်ခွဲခဲ့ပါတယ်။
 
လက်နက်မျိုးစုံဟာ သူတို့ကားနဲ့ တစ်ပါတည်း ယူဆောင်လာခဲ့ ကြတာပါ။ ဖြစ်ရပ်ပြီးပြီးချင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှုးဦးသောင်းနဲ့ ထင်းရူးရဲစခန်း

 စခန်းမှုးသန်းထိုက် ထံမှာ တိုင်တန်းဖို့သွားခဲ့ကြပါတယ်။ သို့သော်တစ်ယောက်မှ မတွေ့ခဲ့ရပါ။ 
ရဲတပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သားနှစ်ယောက်လိုက်လာပြီး သက်သေခံကျန်ရစ်ခဲ့တဲ့ ဓါးတစ်လက်ကိုသိမ်းဆည်းပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မှတ်တမ်း ယူသွားခဲ့ပါတယ်။
သို့သော် ယနေ့အထိအရေးယူမှု တစ်စုံတရာ မပြုလုပ်ပေးကြပါ။ ငြိမ်းချမ်းနေပြီဖြစ်တဲ့ဒေသမှာ တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာပါ။

 
နှစ်ဆန်းတစ်ရက်နေ့မှာ စခန်းမှုးကို အမှုအကြောင်းမေးမြန်းတော့ အမှုဖွင့်ချင်ရင် သံဖြူဇရပ်မြို့နယ်ရဲစခန်းမှာမှ ဖွင့်လို့ရမယ်လို့ပြောပါတယ်။ ထင်းရူးကျေးရွာဟာ 

သံဖြူဇရပ်မြို့နယ်နဲ့ ၁၈ မိုင်ခန့်ဝေးပါတယ်။
 
ပြီးတော့လည်း အဲဒီစခန်းမှုးဟာ ငွေမရနိုင်တဲ့အမှုဆိုရင် လုံးဝကိုင်တွယ်လေ့မရှိသူအဖြစ် အဲဒီရွာမှာ နာမည်ကျော်ပါတယ်။ အစိုးရအာဏာစက် သက်ရောက်မှုအားနည်းတဲ့ဒေသမျိုးမှ
ာ စခန်းမှုးတစ်ယောက် ကာလရှည်ကြာ ရှိနေခြင်းဟာ မရိုးသားမှုတွေ ဖြစ်လာစေမှာ အသေအချာပါ။

 ကျေးရွာလူထုက အမှန်တကယ်အားထားယုံကြည်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးဆိုတာလည်း အဓိကလိုအပ်ချက်ပါ။အခုဖြစ်တဲ့ အမှုအတွက် ထင်းရူးလူငယ်တွေနဲ့ ရပ်မိရပ်ဖ လိုချင်တာက လက်နက်မှု နာကျင်စေမှုတွေနဲ့ အရေးယူ မပေးနိုင်ရင်တောင် တရားဝင်တောင်းပန်မှုလောက်ဖြစ်ဖြစ်ပါ။

ကျော်ဇေယျ 
Myanmar News Now
သင်္ကြန်ဒုတိယအကြတ်နေ့ကဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းမှု သင်္ကြန်ဒုတိယအကြတ်နေ့ကဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းမှု Reviewed by သစ်ထူးလွင် on 08:47 Rating: 5

21 comments:

mike said...

ထော်လာဂျီမှာရှေ့မှန်ရှိလို့လား..????

ကိုကို said...

လာပြန်ပြီငတုးံ
ထော်လာဂျီမှာရှေ့မှန်တပ်ထားရင်ရှိမှာပေါ့။
မတပ်ထားရင်ဘယ်ရှိမှာလဲ။

Anonymous said...

ရှိတာပေါ့ဟ

khin oo may said...

တပြည်လုံးကို လှည့်လည်ကြည့်ရှူနေရင်တော့လည်း ဒါမျိုးတွေ့ရမှာပေါ့. တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အေးချမ်းစွာ ပျော်ရွင်ခဲ့တာမျိုးကို အသားပေးသင့်ပါတယ်။

shingyi said...

FIRဖွင့်မထား၇င်၇ဲစည်းကမ်းနဲ့တွေပြီ။

စစ်မုန်း said...

မမြင်ဘူးဘူးလား

ရွာသား said...

မှန်ရှိတဲ့ထော်လာဂျီမမြင်ဖူးဘူးထင်တယ်ရေးမယ်ဆိုရင်လည်းမေးပြီးရေး။

Thar Htet said...

ထော်လာဂျီဆိုတာ ဘယ်လို ကားမျိုးခေါ်တာလဲ ဆိုတာပေါ်မူတည်ပါတယ်။ တချို့ ထော်လာဂျီ ခေါ် ဒိန်းဒေါင်းခေါင် တုတ်တုတ် တွေမှာ မပါပေမယ့် တချို့သော ထော်လာဂျီ ခေါ်ရနိုင်တဲ့ တစ်လုံးထိုး အင်ဂျင်တပ် ကားတွေဟာ ရိုးရိုးကားဘော်ဒီမှာ တပ်ဆင်ထားတာမို့ အသံကြားရမှသာ ခွဲခြားနိုင်တာမျိုးပါ။ ဒါကြောင့် ထော်လာဂျီ ရှေ့မှန်ခွဲခံရတယ်ဆိုတာ ဖြစ်နိုင်ပါတယ။
အခုကိစ္စက မင်းမဲ့စရိုက်ဆန်လွန်းနေတာတွေ များလာပါတယ်။ အုပ်စုဖွဲ့ရမ်းကားနေကြတာတွေကို ထိထိရောက်ရောက် အရေးယူပါမှ နောင်ကျဉ်သွားမှာပါ။ ဒါကြောင့် ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။

ရွာသား said...

မှန်ရှိတဲ့ထော်လာဂျီမမြင်ဖူးဘူးထင်တယ်

မောင်မောင် Comment said...

ထော်လာဂျီ ရှေ့မှန် ရှိတယ်လေ ကွာ။ အပြာရောင်တွေလေ ရှေ့က အင်ဂျင်အလုံးလိုက် ဖော်ထား ပြီးတော့ မှန်ပါတယ် ။ ဘေး နှစ်ဘက်ဖွင့်ဟ။ သိပ်မပိန်းပါနဲ့ milke ၇ယ်။

ရွာသား said...

မှန်ရှိတဲ့ထော်လာဂျီရှိတယ်ကွ

Nyein Chan said...

ရှိတာပေါ့..ဒါပေမယ့် နည်းတယ်...အောက်မှာကြည့်ပါ...
http://www.radioaustralia.net.au/burmese/sites/default/files/imagecache/ra_article_feature/images/2012/03/23/Pagan%205.jpg

shingyi said...

င်္FIR မဖွင့်၇င် ၇ဲ Manuel အ၇ ၇ဲစည်းကမ်းအ၇ အေ၇းမယူ၇င် မယူသူ အပြစ် မွန် ပြည်နယ်၇ဲမှူးကြီး ဘယ်လိုလုပ်မလဲ။

တောသားလေး said...

တရုတ်ထော်လာဂျီမှာတော့မှန်ပါတယ်

khin maung than said...

ဗမာပြည်ကထော်လာဂျီမှာရှေ့မှန်ပါတယ်မှတ်ပါ။

မောင်ငွေ said...

မောင်းတဲ့သူရဲ့အခန်းမှာ လေကာမှန်တပ်ထားတာရှိတပ်ပါတယ် ကိုမိုက်..ရယ်။
ခုအဖြစ်က မူးပြီးရမ်းတာလည်းမဟုတ်။တမင် အနိုင်ကျင့်သလို၊ တမင် ဆူပူမှုဖြစ်အောင်စသလိုဖြစ်နေတာပေါ့။ တရားဥပဒေမစိုးမိုးသေးတဲ့ဒေသကအဖ်ြစ်အပျက်တွေကို ခုလို net.မှာတင်ပေးတော့ လူသိများပြီး တရားဥပဒေလည်းနောက်ကလိုက်လာစိုးမိုးမလားပေါ့။မျှော်လင့်ရတာလေ။

chartake mglay said...

၇ှိတာပေါ့ငတုံရဲ့မမြင်ဖုးဘူးလား

မရဲရင့် said...

လမိုင်းအပိုင်ကော့ဒွတ်ကျေးရွာမှ လူငယ်အများစုနဲ့ သံဖြူဇရပ်အပိုင်အနင်းကျေးရွာမှ လူငယ်အချို့ ကလက်တုံ့ပြန်တာဖြစ်မှာပါ။
ထင်းရှုးရွာမှာေ၇မပက်ဘဲသနပ်ခါးလိမ်းကြပါတယ်။ယိုးဒယားဓလေ့ ကူးစက်လာတာပါ။
ဆိုးတာကသနပ်ခါးလိမ်းသလိုအဖွဲ့လိုက်ပြုမူပြီး မဖွယ်မရာကို နှိက်ပါတော့တယ်။
မွန်ဓလေ့မဟုတ်သည့်အတွက် မွန်လူကြီးများမိမိတို့သားသမီးများအားဆုံးမသွန်သင်သင့်ပါတယ်။

zmt said...

မွန်တွေမှမဟုတ်ပါဘူး သင်္ကြန်ဆိုတာ ပြောမှတော့ ဘယ်လို လိုက်ဆုံးမ နိင်တော့မှာလည်း ...

han moe said...

ထင်တော့ထင်သားဗျို့ သတင်းကြီးကတ၀က်ပဲပါတယ်လို့ ဘာဂျိတ်မှမရှိပဲနဲ့တော့ နှစ်ရွာပေါင်း ကားငှားပြီးမလာလောက်ပါဘူး ပြီးတော့ သတင်းတင်တဲ့လူရဲ့ပိုလေးစေလိုတဲ့ဆန္ဒ ကိုလည်း (((Canter အမြင့်(ဒေသအခေါ် ရှမ်းကား / လိုင်စင်မဲ့) တစ်စီးနဲ့ရောက်လာခဲ့ပြီး ))) လိုင်စဉ်မဲ့ဆိုတာကိုအသားပေးထားတယ် ဆိုတာကိုတွေ့ရတယ် နောက်ပြီး (((အမှုအတွက် ထင်းရူးလူငယ်တွေနဲ့ ရပ်မိရပ်ဖ လိုချင်တာက လက်နက်မှု နာကျင်စေမှုတွေနဲ့ အရေးယူ မပေးနိုင်ရင်တောင် တရားဝင်တောင်းပန်မှုလောက်ဖြစ်ဖြစ်ပါ။)))) သူတို့ကတိုင်တာပဲ ဒါပေမယ့် အမူ့ဖြစ်လာခဲ့ရင် သူတို့ဘက်ကလည်းအပြစ်ရှိသူတွေပါနေတဲ့အတွက် ဖွင့်ချင်သလိုမဖွင့်ချင်သလို လုပ်နေလို့ ဖြစ်တဲ့သဘောပါ အဲဒီတော့ အမူ့လည်းမဖွင့်ဘူး တရားဝင်တောင်ပန်မူ့ ဆိုတာကတော့ လျှော်ကြေးပေါ့ဗျာ ရှင်းရှင်းလေးပါ ကျွန်တော်မမြင်မသိပေမယ့် သုံးသပ်ပေးလိုက်မယ် သူတို့ ထင်းရူး၇ွာက ခံလိုက်ရတဲ့လူတွေက တိုင်ချင်တယ် လျှော်ကြေးလိုချင်တယ် မခံရပဲလုပ်လိုက်တဲ့လူတွေက မဖွင့်ချင်ဘူး အဲဒီသဘော ဆိုးတယ် နည်းပညာကို ကိုယ်ကျိုး အတွက်အသုံးချခြင်တဲ့လူတွေကရှိသေး

Anonymous said...

အကျိုး၇ှိမယ့်commentမပေးဘဲ ထော်လာဂျီမှန်ပါမပါငြင်းနေတယ် ဒို့နိုင်ငံတော့ တိုးတက်အုန်းမယ်

Powered by Blogger.