ကိုယ်တိုင်အခက်အခဲကြုံတွေ့ နေရတဲ့ က၀မြို့ နယ်က လယ်သမားတဦးရဲ့ ပြောပြချက် (ရုပ်/သံ)
ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ဘဏ္ဍာကျေးရွာ၊ ကျားကြီးသောင်မြေနုကျွန်းပေါ်သောင်များတွင်
နှစ်ပေါင်းများစွာ လယ်ယာလုပ်ကိုင်နေသော လယ်သမားများအပေါ်နည်းမျိုးစုံဖြင့်ဖိနှိပ်ချုပ်ချယ်မှု
များ ပြုလုပ်ခံနေရကြောင်းသိရပါသည်။
ကျားကြီးသောင်မြေနုကျွန်းပေါ်တွင် ၂၀၀၄-ခုနှစ်က လယ်ယာမြေ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရန်ငွေပေး
ဝယ်ယူ၍လည်းကောင်း၊ တစ်ဧက(၃၀၀၀ိ/)ကျပ်နှုန်းဖြင့် စစ်မှုထမ်းဟောင်းရုံးဆောက်ရန် ရန်ပုံငွေ
အဖြစ် နှစ်စဉ်ပေးဆောင်ကာ ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် လယ်သမားများက မိမိတို့လယ်ယာမြေအ
ဝင်းအ၀ိုင်းတွင် တာဖို့ပြီး ပင်လယ်ရေမလွှမ်းမိုးရန် ဒုနှင့်ဒယ်နှင့်ငွေကြေး ကုန်ကျခံပြီး ပြန်လည်
ပေါက်ဖို့ဝန်းရံတားခဲ့ရပါသည်။
ထိုသို့ တာဝိုင်းရာတွင် မြေသားသေရန် အနည်းဆုံး(၃)နှစ်ခန့် ပေါက်ဖို့ရပြီး၊ လယ်မြေ(၂၅) ဧက
လုပ်ကိုင်သည့်လယ်သမားတစ်ဦးလျှင် သိန်း(၅၀) ခန့်ကုန်ကျခဲ့ရပါသည်။
ထိုသို့ငွေကုန်ကြေးကျခံပြီး (၃)နှစ်ခန့်လောက်ပြုပြင်လုပ်ကိုင်ပြီးနောက် တဖြည်းဖြည်း ယခု
အချိန်တွင် လယ်စိုက်ပျိုးရန် လယ်ယာမြေများကောင်းမွန်လာသည့်အချိန်တွင် ဌာနဆိုင်ရာမြေ
များဟုသတ်မှတ်ကာနည်းမျိုးစုံဖြင့် သီးစားခများအဆမတန်တောင်းခံခြင်း၊ စိုက်ပျိုးနေသည့်
လယ်မြေများမှ အတင်းအဓမ္မဖယ်ခိုင်းခြင်း၊ လယ်မြေများကိုသိမ်းယူခြင်းများပြုလုပ်၍ ကိုယ်တိုင်
မစိုက်ပျိုးဘဲ လယ်ယာမြေများကိုအဆမတန်ဈေးများဖြင့် လယ်သမားများအား ၀ယ်ခိုင်းခြင်း၊
မ၀ယ်နိုင်သည့်လယ်သမားများအား လယ်ယာမြေများမှနှင်ထုတ်ခြင်း၊ များကို အာဏာပိုင်များမှ
ပူးပေါင်းပြုလုပ်နေပါသည်။
က၀မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌဦးရဲမြင့်၊ က၀မြို့နယ် ဘဏ္ဍာကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးကျော်ခင်ဦး၊ က၀မြို့နယ်မြေစာရင်းဦးစီးမှူး ဦးတင်ဝင်း၊ က၀မြို့နယ်တရားသူကြီး ဦးကြည်စိုး
တို့ဧ။် လုပ်ဆောင်မှုများကြောင့် (၇) နှစ်ကျော်ခန့် လယ်ယာလုပ်ကိုင်ခဲ့သည့် လယ်သမားများနှင်
့ ၄င်းတို့ဧ။်မိသားစုဘ၀ ပျက်စီးခဲ့ကြရသည့် အခြေအနေများကို ကယ်တင်ပေးနိုင်ရန်အတွက်
ထိရောက်စွာ ဖော်ထုတ်ဆောင်ရွက် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
Myanmar News Now

လယ်သမားများအပေါ်နည်းမျိုးစုံဖြင့်ဖိနှိပ်ချုပ်ချယ်မှု များ
Reviewed by သစ်ထူးလွင်
on
07:42
Rating:
4 comments:
မဆလ ခေတ်က ကျပ်တည်းလို့ ၈၈ အရေးအခင်းဖြစ်လာတယ်။
၈၈ ကြောင့် န၀တ၊ နအဖ တွေ အာဏာတည်ဆောက်လာကြတယ်။
န၀တ၊ နအဖတွေ မဆလတွေထက် ကိုယ်ကျိုးကို ကြည့်လွန်းလို့ ခေတ်က ဘယ်သူသေသေ ငါကောင်းစားဘို့ အယူအဆတွေ ကြီးမားလာတယ်။ မတရားသဖြင့်ရလာပေမယ့် ဒါ က တရားတယ်လို့ဖြစ်လာအောင် ဒါ ဟာ အမှန်လို့ ယုံကြည်လာအောင် လူတွေကိုလှည့်ဖျားပြီး သူ့တို့ကံကြောင့်ဖြစ်တယ်လို့ ပြောဆိုယူဆတာတွေနဲ့ အမှားတွေကိုဖုံးကွယ်လာကြတယ်။ အများလက်ခံအောင် အမှန်တွေဖြစ်အောင် လုပ်ကြံကြတယ်။
အောက်ခြေလူတွေက ပိုပြီးတော့ ကျပ်တည်းဆင်းရဲလာရတယ်။ လူလတ်တန်းစား ဆိုတာပျောက်သွားတယ်။
အစိုးရနဲ့ပတ်သက်တဲ့လူနည်းစုဟာ လူဖြစ်နေသမျှ လောဘရှိကြတယ်ဆိုပေမယ့် လောဘကို အတောမသတ်နိုင်ကြတော့ဘူး။
အာဏာရှိရင် ငွေရှိမယ်။ ငွေရှိရင် အာဏာကို ဖျားယောင်းမယ်။ ဒါနဲ့ဘဲ လူတွေဟာ အာဏာ၊ ငွေနောက်ကို လောဘခိုင်းစေမှုကြောင့် ငမ်းငမ်းတက်လိုက်တော့တာဘဲ။
ပြည်သူ့ပိုင် ပစ္စည်းကို ငါယူတာ၊ ခိုးတာမဟုတ်။
မိန်းမ အမျိုး (၂၀) ရှိတာငါမသိဘူး။ အလိုတူရင် ဘယ်သူနဲ့ အိပ်အိပ် အကုသိုလ်ကံမမြောက်ဘူး
ဆိုတဲ့ အယူအဆတွေကြီးလာပြီး
အမှားတွေကို အမှန်ဖြစ်အောင် လောဘကြီးသူတွေက ပိုက်ဆံတွေ၊ အာဏာတွေ လာဘ်ထိုးပြီး အများက သူကုသိုလ်ကံကြောင့် ဖြစ်လာတယ်လို့ လက်ခံလာအောင် လုပ်လာတာကြောင့်...
ပညာမဲ့တဲ့ အာဏာရှိသူ၊ ငွေရှိသူတွေက နေရာကောင်းတွေရှိအောင် ရအောင် ဖန်တီးကြတော့ ပညာရှိတဲ့သူတွေ ဘေးရောက်အပြင်ထွက်ဖြစ်ကုန်ကြရတယ်။
မျိုးရိုးစဉ်ဆက် ချမ်းသာတာလဲမဟုတ်ဘဲ တပ်ကြပ်တယောက်၊ အရာရှိတယောက်၊ ညွှန်းမှုးတယောက်၊ ဗိုလ်မှုးကြီးတယောက်၊ ၀န်ကြီးတယောက်၊ ...၊ ... ရဲ့ လစာနဲ့ ဘယ်လို့မှ စိတ်ကူးလို့မရနိုင်တဲ့ ပိုင်ဆိုင်မှုတွေရှိလာတာဟာ...
သကြားမင်းကိုစိတ်ဆိုးချင်တယ်၊
ဝရဇိန်လက်နက်ပျက်နေတာလား။
နောင်ဘ၀မှ ပြစ်ဒဏ်မပေးပါနဲ့၊
အနာဂတ်မဲ့နေတဲ့
နောင်လာနောင်သားတွေ အတုယူမမှားအောင်
ဒီဘ၀မှာဘဲ ပိုးဆိုးပက်စက် အပြစ်ပေးလိုက်စမ်းပါ သကြားမင်းရယ်။
ဟုတ်တယ်ဗျာ ဒီကောင်တွေဘာကောင်တွေလည်းမသိဘူး
ကျွန်တော်တို. ဆားလင်းကြီးမြို.နယ်နဲ. မြိုင်မြို.နယ်ခြားမှာရှိတဲ.ကျွန်တော်တို မြေနုကျွန်းတွေလဲ အရင် ဘိုစဉ် ဘောင်ဆက် လုပ်စားလာတာ အခုတော. ပြီခဲ.တဲ. နှစ်နှစ်လောက်ကစပြီ ရေစကြို တမာတန်း လမ်းဆုံနာက ဖူလုံတပ်က လာပြီ ၁ ဧက ကို ၁၀၀၀၀ နုန်းနဲ.လာကောက်နေတယ် နောက်ပြီ ကျွန်တော်တို လောင်စာအတွက်ထင်မွေးတဲ. တော.တွေလည်းသိမ်းပြီတော. စက်ကြီးတွေနဲ.ထိုးပြီတော. ပြန်ရောင်းစားတယ်
မြန်မာ မြန်မာနဲ့ကမ္ဘာကျော်နေခဲ့တာညံ့ဖျင်းတဲ့အစဉ်အလာတွေကိုလက်ကိုင်ထားတဲ့
မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဖြစ်ချင်တဲ့ မြန်မာ့အယုတ်ညံဆုံးအဆိုးရွားဆုံး
လူတွေရဲ့ သိမ်ဖျင်းတဲ့ တစ်ဦးကောင်း တစ်ယောက်ကောင်း အယူဆိုး အတွေးအခေါ်ဆိုးတွေကြောင့်လို့ပဲ ပြောရမယ်အတိတ်ကကံကိုပိုးဆိုးပက်စက်အသုံးချတဲ့ဒို့ဗမာအစုတ်ပလုတ်တွေဟာကံကံ၏အကျိုးကိုအပြည့်အစုံခံစားနိုင်ဖို့ငရဲပြည်မှာတောင်အခန်းတွေဖွဲ့နေရာထိုင်ခင်းတွေများချထားလေရော့လားပဲအားလုံးသောမြန်မာပြည်သူပြည်သားများအတွက်အားကိုးဖွယ်လေးစားဖွယ်ခေါင်းဆောင်ကောင်းများနဲ့တွေ့ဆုံဖို့သာမကကိုယ်တိုင်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အတွေးအခေါ်အယူအဆမျိုးလမ်းညွှန်မှုမျိုးပေးနိုင်မယ့်လူသားအရင်းအမြစ်ကိုအထောက်အကူပြုနိုင်မယ့်လူတစ်ယောက်ဖြစ်အောင်တွေးခေါ်နေထိုင်ပေးနိုင်ပါစေလို့ဆန္ဒပြုပါတယ်လွတ်လပ်အေးချမ်းတည်ငြိမ် လိမ္မာယဉ်ကျေးတဲ့မြန်မာ့နိုင်ငံသားကောင်းသမီးကောင်းများသာတွေ့မြင်စေလိုပါတယ်ခင်ဗျာ
သကြားမင်းကြီးက အပြစ်ပေးရမဲ့အာဏာရူးတွေများလွန်းလို့ အဝေစိ ကိုနှစ်ဆချဲ့နေတယ်။ (ဒီကောင်တွေ သူသောအကျိုးပေးမှာပါ၊ ပြေးမလွတ်ဘူး)။
Post a Comment