ချေးငွေမဆပ်နိုင်ကြတဲ့ တောင်သူတွေ ထောင်ချခံရမယ့်


မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေပြီး ၂၀၁၁ - ၂၀၁၂ အတွက် တောင်သူ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ချေးငွေကို ၂ ရက် အတွင်း
ပြန်မဆပ်နိုင်ရင် လယ်ယာမြေသိမ်းယူတာ ၊ လယ်ပိုင်ရှင်တွေကို ဖမ်းဆီးထောင်ချတာ လုပ်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက
ပြောဆိုတာကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ်က ချေးငွေမဆပ်နိုင်ကြတဲ့
ဒေသခံတောင်သူတွေဟာ ထောင်ချခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

စပါးနဲ့ပဲ တွေပျက်စီးခဲ့လို့ တောင်သူတွေ ငွေပြန်မပေါ်ပဲ ဆုံးရှုံးခဲ့သလို စိုက်ဘဏ်က ချေးငွေတွေပါ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက်ဖြန် ဧပြီ ၂၇ ရက်နေ့ နောက်ဆုံးထား မပေးရင် လယ်မြေတွေ သိမ်းဆည်းပြီး လယ်ပိုင်ရှင်တွေကိုပါ ထောင်ချမယ်
ဆိုပြီး အသိပေးလာတာဖြစ်တယ်လို့ သဲကုန်းတူးမြောင်းကျေးရွာမှာ
နေထိုင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

"ဒီနှစ်က ရာသီဥတုတွေ ဖောက်ပြန်တော့ သီးနှံတွေ ဆုံးတယ်၊ စပါးက မထွက်ဘူးဗျား၊ ပဲကြတော့လည်း ပိုးဖျက်တယ်၊ အဲ့ဒီအတွက် ကျနော်တို့ ကြပ်တည်းမှုတွေ ဖြစ်တယ်၊ အခု အဲ့ဒါကို ပြန်မဆပ်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၅ ရက်နေ့ သုံးခွက ဒုမန်နေဂျာ ဦးတင်ဝင်း ရယ် နောက် တိုင်းက လူကြီးလို့ ပြောတာပဲ နာမည်တော့ မသိဘူး၊ ကျေးရွာ ဥက္ကဌ နဲ့ပဲ လာကြတာ၊ မဆပ်နိုင်လို့ရှိရင် သူက လယ်သိမ်းမယ်၊ အိမ်ကိုဝရမ်းကပ်မယ်၊ လူကို ထောင်ချမယ်၊ နောက်ဆုံးက နက်ဖန်ခါနောက်ဆုံးပဲ။ လယ်သမားတွေက အယောက် ၂၀ ရှိတယ် ကျနော်တို့ ရွာမှာတင်။"

သုံးခွမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူတွေကို အတိုးငွေ တစ်ကျပ်ခွဲနှုန်းနဲ့ လယ်တစ်ဧက လေးသောင်းကျပ်စီ မြန်မာ့ စိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်ချေးပေးခဲ့ဖြစ်ပါတယ်

သဲကုန်းတူးမြောင်းကျေးရွာနဲ့ တဆက်တည်းရှိ အဖောင်ကျေးရွာကိုလည်း ဧပြီ ၂၄ ရက်နေ့က အလားတူ လာရောက်သတိပေးထားတဲ့ အတွက် ချေးငွေ ပြန်မဆပ်နိုင်တဲ့ ဒေသခံ လယ်သမား တွေ စိုးရိမ်နေကြကြောင်း အဲ့ဒီရွာမှာ သတင်းသုံးနေထိုင်တဲ့ ဦးဇင်းတစ်ပါးက မိန့်ကြားပါတယ်။

"ဦးဇင်းတို့ အဖောင်ရွာကိုလည်း ဒီလိုပဲ အချိန်ကလေးကလည်း ၂ ရက်ပဲ သူက ကန့်သတ်ပြီး တောင်းတယ်၊ လယ်သမားတွေက နေလို့ မရတော့ဘူး။ ငါတို့များ ရဲလာဖမ်းတာလားဆိုပြီး အကြောက်တရားကြောင့် မိသားစုတွေက အကုန်လုံး စိုးရိမ်သောကတွေ ရောက်နေကြပြီ။"

ဒီကိစ္စနဲ့ ပတ်သက်ပြီး သုံးခွမြို့နယ်က စိုက်ဘဏ်ရုံးကို ဆက်သွယ်မေးမြန်းရာ ဘဏ်တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။


"ဒီငွေဟာ ဒါ နိုင်ငံတော် ဘဏ္ဍာငွေလေ၊ နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရှုံးဖို့ လုပ်ရတဲ့ ကိစ္စရပ်ဖြစ်ပါတယ်၊ ဒီလိုမှ မလုပ်ရင် ဒီ နိုင်ငံတော် ဘဏ္ဍာငွေက ဆုံးရှုံးသွားနိုင်တယ်လေ၊ နိုင်ငံတော် ဘဏ္ဍာငွေကို ပေးတဲ့နေရာမှာ စပါးပဲ ပျက်ပျက် မိုးပဲဖျက်ဖျက် ပေါ့ဗျား။ ကျနော်တို့က ငွေပေးတာ ငွေပြန်ဆပ်ရင် ပြီးတာပဲ။ အဲ သူတို့က သတ်မှတ်တဲ့ ကာလအတွင်းမှာ ပြန်ဆပ်ရင် ဒီကိစ္စက ပြီးတာပဲကို အချိန်တန်ရင် ပြန်ထုတ်ပေးပေါ့၊ ဒါ ကျနော်တို့ ဘဏ်ရဲ့ လုပ်ငန်း တစ်ခုပါပဲ။"

သုံးခွမြို့နယ်အတွင်းမှာ မနှောသုခစပါးနဲ့ ရွှေဝါထွန်းစပါးကို အဓိက စိုက်ပျိုးကြပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးရေ တစ်သောင်း သုံးထောင်ကျော် ရှိကြောင်း သိရပါတယ်။
By: RFA Burmese

ချေးငွေမဆပ်နိုင်ကြတဲ့ တောင်သူတွေ ထောင်ချခံရမယ့် ချေးငွေမဆပ်နိုင်ကြတဲ့ တောင်သူတွေ ထောင်ချခံရမယ့် Reviewed by သစ်ထူးလွင် on 03:02 Rating: 5

8 comments:

I love NLD said...

ဂျပန်နိုင်ငံက မြန်မာပြည်ရဲ့ အကြွေး တွေလျှော်ပေးခဲ့တယ် မြန်မာအစိုးရက အဲဒီလောက်သဘောထားမကောင်းနိုင်တာ ဘာကြောင့်လည်း

Ko Nyo Khant ( Mdy university.) said...

အဲဒါပြောတာပေါ့..၀န်ထမ်းစိတ်ဓာတ်ဆိုတာ...ကိုယ်မစားရရင်ဥပဒေအတိုင်း လုပ်မယ်၊ကိုယ်စားရရင်နှာစေးနေပေးမယ်၊ဒီလိုလူတွေဒီစိတ်ဓာတ်ရှိနေသမျှ ကာလပါတ်လုံးဒေါ်အောင်းဆန်းစုကြည်ခေါင်းဆောင်ဖြစ်လည်းဒီနိုင်ငံတိုးတက်မှာမဟုတ်ဘူး။ဝန်ထမ်းလုပ်လာတော့ဝန်ထမ်းတွေအကြောင်းအကုန်သိပါတယ်။
လယ်လည်းမလုပ်ဘူးတော့လယ်သမားကိုနားလည်စာနာနိုင်မှာမဟုတ်ဘူး၊၀န်ထမ်းစိတ်တွေဖျောက်ကြပါတော့။နာလည်မှု၊စာနာမှု၊သနားငဲ့ညှာမှုရှိစမ်းပါ။အထက် အဖွဲ့အစည်းကိုတင်ပြရင်ရပါတယ်။ဆိုင်းငံ့ကာလထားလို့ရပါတယ်။

mon lay said...

အေးကောင်းရောဗျာ..ဒါမျိုးတော့လုပ်တတ်တယ်ဆိုသိပြီးသားပါဗျာ..

MG MG said...

လယ်သမားတွေဘ၀မလွယ်ပါဘူး ဒီနှစ်ကတော့သီးနှံဈေးလည်းကျတော့ ပြန်ဆပ်ချိန်မှာတချို့ နွားရှိယင်နွားရောင်း လယ်ရှိယင်လယ်ရောင်းလုပ်ရတယ်။ အယင်တုံးကချစ်တီးခေတ်ကတော့အကြွေးသိမ်းတာ သူများလူမျိုးဆိုတော့အပြစ်ပြောကြတယ်။ ခုကတော့မပြောနိုင်တော့ဘူးပေါ့ ဗျာ။ အတိုးနှုံးသက်သက်သာသာနဲ့ ငွေချေးပေးတာပါ။ဒါပေမယ့်လည်းတောသူတောင်သားတွေဒီနှစ်တော့မလွယ်ဘူး ဒုက္ခရောက်ကြတယ်။

mad dog said...

ချစ်တီးကုလား သေလို့ဝင်စားတဲ့ ဘဏ်တာဝန်၇ှိသူ......
မင်းတို့ကြောင့် လယ်သမားတွေလည်း လူမွှေးပြောင်မှာကို မဟုတ်တော့ဘူး။ သမီးသာ၇ှိ၇င် ဟိုလယ်ကွက်လေးပါ သိမ်းမယ်ဆိုတဲ့ ကောင်တွေ။

aung aung said...

နိုင်ငံတော်ရဲ့ဘဏ္ဍာငွေအကျပ်တည်းကြောင့်လုပ်ရတာမှန်ပေမဲ့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ ဆင်းရဲတဲ့လူတစ်မျို့ကို ကြည့်ပါ..သူတို့လေးတွေအရမ်းသနားပါတယ် မတောင်းနဲ့မဆိုလိုဘူး နည်းနည်းလေး အချိန်လေးတော့ ပေးသင့်ပါတယ်.....။

Su Mon said...

အဲ့ဒါမြန်မာတဲ့... ကြားလို့မှမကောင်းဘူး စိတ်ဓာတ်တွေကအလွန်စုတ်ပြတ်နေတာပဲ ရှက်စရာကောင်းတယ် ထောင်ချမယ်ဆိုတဲ့ အကောင်တွေကိုပြောတာနော် ကိုယ့်ကိုယ်ကို မြန်မာလို့ပြောရမှာတောင်ရှက်လာပြီဟေ့ အုံးနောက်မရှိဘူးလား မစဉ်းစားတက်ဘူးလား ရှက်ရောရှက်တက်လား တော်ပြီ ငါတော်တော်စိတ်တိုလာပြီ

honey said...

သူများနိုင်ငံကကိုယ့်တိုင်းပြည်ကိုတောင်
အကြွေးတွေလျှော်ပေးသေးတာ..
ကိုယ့်လူမျိုးအချင်းချင်းဆင်းရဲသား
အခြေခံလူတန်းစားတွေကိုထွက်ပေါက်တော့ပေးသင့်တာပေါ့။
သူတို့ကငွေကိုလိမ်ပြီးရှောင်နေတာမှမဟုတ်တာ။
တကယ်အလုပ်လုပ်တာ..လုပ်ရင်းနစ်သွားတာကို
ပြန်ပြီးထူထောင်နိုင်အောင်ဆွဲထူသင့်တာပေါ့။
သိမ်းမယ်ဆိုတာချည်းပဲ။
တောင်ကိုရီးယားမှာဆိုငွေကိုဘဏ်ကထုတ်ချေးတယ်။
တခါချေးလို့ရှုံးတယ်။နောက်တခါထပ်ချေးပေးတယ်။
တိုင်းပြည်ကနေထွက်ပြေးပြိးမရှောင်မချင်း
ဘာမှအရေးမယူဘူး။ထပ်ပြီးလုပ်ငန်းလုပ်ဖို့
အချိန်တွေထပ်ပေးတယ်။နဲနဲချင်းနိုင်သလောက်
ဆပ်လို့လည်းရတယ်။တမင်လိမ်လည်မှန်းတွေ့ရှိ၇င်ဖမ်းတယ်။
သူတို့လူမျိုးတွေရဲ့ဘ၀ကိုမရိုက်ချိုးဘူး။

Powered by Blogger.