ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့ စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ

အစိုးရကသာ ကာလကြာရှည်လုပ်ကိုင်ခဲ့သော ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့
စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး၊ အာမခံကုမ္ပဏီတည်ထောင်လိုသူများမှာ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့(ဧပြီ၂၆)ရက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။

ယခင် ပြည်တွင်းအာမခံလုပ်ငန်းများကို အစိုးရ၏ မြန်မာအာမခံလုပ်ငန်းတစ်ခုတည်းကသာ
လုပ်ကိုင်ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအခါ ပုဂ္ဂလိကပိုင်၊အများပိုင်ကုမ္ပဏီအများအဖြစ် တည်ထောင်ခွင့်ပြုမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊နိုင်ငံတကာနှင့်တန်းတူ ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရန်၊
နိုင်ငံပိုင်၊ အများပိုင်၊ပုဂ္ဂလိပိုင် စီးပွားရေးလုပ်ငန်းများအား သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ပါက
ဆုံးရှုံးပျက်စီးမှုများမှ ကာကွယ်နိုင်ရန်အတွက် အာမခံလုပ်ငန်း ပိုမိုကျယ်ပြန့်အားကောင်းလာရန် ထိုသို့
စတင်ခွင့်ပြုခြင်းဖြစ်ကြောင်းလည်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အာမခံကုမ္ပဏီများ တည်ထောင်ခွင့်ပြုရန်အတွက်လည်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို
ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး၊ ကြိုတင်ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားသည်ဟုဆိုသည်။
ထို့ကြောင့် ၂၀၁၂ မေ၂ရက်မှစ၍ အာမခံကုမ္ပဏီတည်ထောင်လိုသူများသည် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
7Day News Journal
ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့ စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့ စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ Reviewed by သစ်ထူးလွင် on 17:36 Rating: 5

2 comments:

aristhteinwin said...

စိတ်မချရပါဘူး - ဟိုတုန်းက အကျိုးဆောင်လုပ်ငန်းတွေ မှိုလိုပေါက်ခဲ့တာဘဲ။ နောက်ပိုင်း လူထုဘဲ ခံရတာ။ အကျိုးဆောင်ကုမ္ပဏီတွေ ထွက်ပြေးတော့ ဘယ်သူမှ တာဝန်ယူ ဖြေရှင်းမပေးဘူး။ အစိုးရ တာဝန်ရှိသူကလဲ ခွဲတမ်းရတော့ မသိကျိုးကျွံပေယျာ လကန်ပြုထားတယ်။ သေခြာစိတ်ချရတဲ့ ဥပဒေတွေ ရှိမှ လုပ်ကြနော်။ သိပ်မယုံကြနဲ့ -

zay mg said...

သိပ်ကောင်းတာပေါ့ဗျာ။
ဝမ်းမြောက်စွာကြိုဆိုပါတယ်....
ကိုသစ်ရေကျေးဇူးခင်ဗျာ...မျှဝေလိုက်ပါတယ်ခင်ဗျ...
သတင်းကောင်းလေဆိုတော့...

Powered by Blogger.