ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလက်အောက်ရှိ ရန်ကုန်-ဒလ ကူတို့  သင်္ဘော
ဆိပ်( ပန်းဆိုးတန်း )တွင် နေစဉ်ခရီးသွား များထံမှ တန်ဆာခများကို ၀န်ထမ်းများမှ မတရားကောက်ခံနေသည်ဟုသိရပါသည်။
လက်မှတ်အရောင်း ဌာနများ ရှိသော်လည်း အ၀င်အ၀ တွင် ၀န်ထမ်း ၂ ဦးခန့်
အမြဲထားရှိပြီး ခရီးသွားပြည်သူတို့ထံမှ သာမန် ခရီဆောင် အိတ်များကိုပင် တန်ဆာခ ဆောင်ခိုင်း နေပါသည် ။
ဒလ-တွံတေး - ကွမ်းခြံကုန်း-ကော့မှုး စသည်ဒေသများမှ ခရီးသွားများသည် ကျေးလက်ဒေသ မှ ခရီးသွားအများဆုံးဖြစ်သည့်အတွက် ၀န်စည်စလှယ်များကို မြွေရေခွံအိတ်များ -ခြင်းများ - တောင်းများဖြင့်သာ သယ်ဆောင်လေ့ရှိကြပါသည် ။
ထို့  သို့  သယ်ဆောင်လာသော အိတ်မည်သည့်အရွယ်အစားကိုမဆို တန်စာခ အတင်းအကြပ်ကောက်ခံနေသည့်အပြင် ကောက်ခံသူဝန်ထမ်းမှာလည်း ဆက်ဆံရေးမပြေပြစ် ပဲ ဟိန်းဟောက်ခြောက်လှန့်ကာ ကျေးလက်နေ ပြည်သူများထံမှ သတ်မှတ်နှုန်းထားများ၊ ပြေစာဖြတ်ပိုင်းများ မရှိပဲ ပြေစာလွတ်ကောက်ခံနေသည်ဟုသိရပါသည် ။
ထို့ကြောင့် ရန်ကုန်-ဒလ ကူးတို့  သင်္ဘောဆိပ်ရှိဝန်ထမ်းများအား လိုအပ်သလိုစုံစမ်း စီစစ်ကြီးကြပ် ပေးရန်လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရသည် ။
Myanmar Mediamm
ရန်ကုန်-ဒလ ကူးတို့  သင်္ဘော ၀န်ထမ်းများ ပြေစာလွတ် တန်ဆာခ မတရားကောက်ခံနေ
Reviewed by သစ်ထူးလွင်
on
07:36
Rating:
6 comments:
မြန်မာနိုင်ငံမှာဝန်ထမ်းတွေ လဒ်စားတာ ခေါင်လူကြီးက အောက်ခြေထိဘဲ။ဘယ်တော့များမှ လဒ်စားခြင်းကင်းဝေးကြမလဲမသိဘူး
နေရာတိုင်းမှာဒီအတိုင်းပါပဲဒီလိုအကြာင်းလေးတွေတောင်မပြောင်းသေးပါဘူးနိုင်ငံသားတွေအစဉ်ပြေမဲ့ပြောင်းလဲမှုတွေမတွေ့ရသလောက်ပါ၊နိုင်ငံတကာကျေနပ်အောင်လုပ်ပြနေတာတွေကတော့အလျင်အမြန်ပါပဲ။
ဒီဒလသင်္ဘောလိုင်းကအရေးယူသင့်တာကြာပါပြီဗျာ...တော်တော်ကိုဆိုးဝါးလွန်းတဲ့လုပ်ရပ်ပါခရီသည်ကလက်မှတ်ဝယ်ရင်တောင်မ၀ယ်ပါနဲ့ဆိုပြီးငွေဘဲတောင်းနေတယ်ဗျာ ..ခရီသည်တွေကလည်းတော်တော့်ကိုစည်းကမ်းမဲ့ပါတယ်အလွယ်ရရင်ပြီးရောလုပ်နေကြတာသင်္ဘောပေါ်မှာလက်မှတ်စစ်ပြီးလက်မှတ်မပြနိုင်ရင်ဒဏ်ငွေ ၅၀၀၀လောက်ဆောင်ခိုင်းလိုက်ရင်ဒီလိုကိစ္စကိုပြုပြင်လို့ရမယ်လို့တော့ထင်ပါတယ် ဒါလည်းလက်မှတ်စစ်ကလုပ်စားအုံးမှာပါဘဲ တိုင်းပြည်ရဲ့ဝန်ထမ်းတွေရဲ့စိတ်ဓတ်ပိုင်းတွေကအကုန်လုံးလိုလိုပျက်ဆီးနေပြီလေ....
ကောင်းတယ် ဟိုးအရင်ကတည်းကလုပ်စားနေတာ ကျွန်တော်တို့ကိုယ်တွေ့ပေါ့ဗျာ။ တရားဝင် ဝင်ပေါက်ကဝင်ရင်အရင်က တစ်ဆယ်ပေါ့ဗျာ။ သူတို့တွေ လုပ်စားတဲ့ ဂိတ်ပေါက်က ဝင်ရင် ငါးဆယ်ခင်ဗျ။ အဲလို အဲလိုဗျာ
ကျွှန်တော်လည်း ဖျာပုံကအမြဲတမ်းခရီးသွားတဦးပါ ဒီအဆိုကိုထောက်ခံပါတယ် လုပ်ကြပါအုံး clean government good government တို့ရေ
လူတွေရဲ့စိတ်ဓာတ် စည်းကမ်း တွေကောင်းမှပြင်လို့ရမှာပါ ချက်ချင်းအပြောငိးအလဲဆိုတာမလွယ်ပါ။တကယ်တော့ဝန်ထမ်းဆိုတာလဲပြည် သူပါဘဲ။ပြည်သူလူထုတစ်ဦးချင်းစီစည်းကမ်းကောင်းမှဖြစ်နိုင်မှာပါ။
Post a Comment