ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး

မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ့ ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ၀ိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေး အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီးတော့ ဒါဟာ မြန်မာအစိုးရကနေ ကျယ်ကျယ် ပြန့်ပြန့် ပွင့်လင်းလာတာ၊ ထင်သာ မြင်သာ ရှိလာတာနဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ဆက်လက် လျှောက်လှမ်းဖို့ ရည်ရွယ်တဲ့ လက္ခဏာ တရပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အိမ်ဖြူတော်က ဒီကနေ့ နေ့စွဲနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲကို ကြိုဆိုကြောင်းနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း မနေ့က တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။

VOA

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး Reviewed by သစ်ထူးလွင် on 04:48 Rating: 5

11 comments:

လွတ်လပ်ရေးကောင်းကင် said...

NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူပြည်သားတွေအတွက် ဂုဏ်ယူစရာဖြစ်ပါတယ် ၊ မှန်ကန်ပြီး သတ္တိရှိတဲ့ ဆုံးဖြတ်ချက်ပါ ။

Anonymous said...

အင်းးးးးးးးးးးးး ရင်မောရပါလား အမေရိကန်ကနယ်ချဲ့တော့မယ် ဂုဏ်ယူစရာဖြစ်မလား နောင်တရစရာဖြစ်မလားးးးးးး ထိုင်နိုင်ငံလို ယဉ်ကျေးမှုလည်းပျောက် လူမျိုးလည်းပျောက် မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံမှ တပါး တခြားမရှိ

မျိုးချစ်မြန်မာလူငယ် said...

အမေရိကန်သမ္မတ အိုဘားမား နှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ သတိမထားမိတာ ဖြစ်နေမလားတော့မသိဘူးဗျ။
မြန်မာပြည်သူလူထုကို အရူးလုပ်ချင်လို့ April Fool Day မှာကျင်းပသွားတာကိုက ပြည်သူလူထုကို အာဏာရူးတွေ ကမ္ဘာကို အရူးမလုပ်သွားဖို့ အရေးကြီးပါတယ်။

မုဒိတာ said...

မြန်မာပြည်အတွက် ဘာမှ မလုပ်ပေးတဲ့သူနဲ့
ပြည်သူတွေက မကြိုက်တဲ့ သူတွေ ပြိုင်ကြရာတွင်
ဘာမှ မလုပ်ပေးတဲ့သူက အနိုင်ရရှိသွားတဲ့အတွက်
ဝမ်းလည်းမသာပါဘူး..၀မ်းလည်းမနည်းပါဘူး...

မုဒိတာ said...

အစိုးရကို ဆန့်ကျင်သာလေးတစ်ခုနဲ့တင်
ပြည်သူတွေမဲ (၉၀) ရာခိုင်နှုန်းကျော်ကို ရသွားတဲ့အတွက်
အံ့သြခြင်းကြီးစွာ ဖြစ်ရပါသည်။
ပြည်သူတွေဟာ လက်ရှိအစိုးရကို ဘယ်လောက်ထိ မကြိုက်လဲဆိုတာ သိရပါပြီးဗျာ..

အာကာ said...

ချီးကျူး ဂုဏ်ပြုတာတွေ ပြီးရင်လဲ ပြောထားတဲ့ စကားတွေအတိုင်း စီးပွားရေးပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းပေးသင့်ပါတယ်။
နိုင်ငံတခု တိုးတက်ဖို့ စီးပွားရေးအင်အားကောင်းမှ ဖြစ်မှာပါ။eleven မှာ ရေးထားတာတော့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ယခုလအတွင်း ထပ်မံ ဖြေလျှော့ပေးမည့်အလားအလာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်တဲ့ အလားအလာရှိရုံနဲ့မရပါဘူး။နိုင်ငံစီးပွားရေးတိုးတက်ဖို့ အမြန်ဆုံးဖြေလျော့သင့်နေပါပြီ။ဥရောပသမဂ္ဂက အလားအလာရှိနေတယ်ပြောပေမယ့် အမေရိကန်ဘက်က ဘာသတင်းမှလဲ မကြားရသေးပါဘူး။

Myanmar said...

စီးပွားေ၇းပိတ်တာက ပိတ်တာ တစ်ပိုင်းပါ။ ပြည်တွင်းမှာ ချွတ်ခြုံကျနေတာက အစိုး၇အ၇ာ၇ှိတွေ လွန်လွန်ကျူးကျူး အဂတိလိုက်စားကြလို့ပါ။ အစွမ်းအစမ၇ှိတဲ့ အ၇ာ၇ှိတွေဟာ ပြည်သူတွေကို အမျိုးမျိုးချိုးနှိမ်ပါတယ်။ တိုင်းပြည်အပေါ်စေတနာ၇ှိပါတယ်ဆိုတဲ့သူတွေကလည်း လုပ်၇ည်ကိုင်၇ည်နည်းလွန်းနေပြန်ပါေ၇ာ။ မကောင်းတဲ့ဘက်မှာတော်လွန်းတဲ့ မြန်မာတွေ ဘယ်တော့မတိုးတက်ဘူး။ ။

kyaw thu said...

အမေရိကန်၊အီးယူကိုယ်တော်တို့...
NLDလွှတ်တော်ထဲရောက်လာပြီလေ..Sanction lift လုပ်ဖို့အရိပ်အရောင်မပြသေးပါလား..နောက်ထပ်ဘာတွေအကြောင်းပြအုံးမှာလဲ..တို့ပြည်သူတွေကိုသနားပါအုံး၊အမေစုကိုဘာတွေထပ်ညာခိုင်းအုံးမှာလဲ..ပင်ပန်းနေပြီ..မောင်ရင်တို့လိုချင်တာတစ်ဝက်ရပြီဆိုတော့ဆတူပြန်ပေးသင့်ပြီ။

amtkhunlay said...

ပြည်သူတွေ မကြိုက်တဲ့အစိုးရကို နေရာကျဉ်းအောင် လုပ်ပေးနိုင်တာဟာ ပြည်သူတွေအတွက် လုပ်ပေးတာပဲ မဟုတ်လား ကိုမုဒုံသားရယ်။ ကြည့်တတ်ရင် မြင်ပါတယ်။

တောသားလေး said...

ရှေ့ကိုလှမ်းဘို့အဝေးကြီးလိုပါသေးတယ်ဗျာ.....အချိန်တွေကအဆုံးအဖြတ်ပေးသွားပါလိမ့်မယ် စောင့်ကြည့်ရျမှာကကျနော်တို့တာဝန်ပဲလေ..

blacknight said...

မြန်မာပြည် အတွက် ဘာမှမလုပ်ပေးတဲ့သူများမဟုတ်ပါ ၊ ဘာမှလုပ်ပေးခွင့်မရသူများ ဟုဆိုမှပြည့်စုံမည်ထင်ပါသည်။
မြန်မာပြည် အတွက် လုပ်ပေးခွင့်ရရန် ကြိုးစားယုံနှင့် ထောင်ကျခံ၊ အနှိပ်စက်ခံ၊ အသက်စတေး ခံသူများ ဖြစ်ကြ၍ မြန်မာပြည် အတွက် တစုံတရာ လုပ်ပေးခွင့်ရလျှင် ကိုယ့်ကျိုးမဖက် ယုံမျှမက ကိုယ့်ကျိုးပင်စွန့်ကျပါလိမ့်မည့် အကြောင်း ပြည်သူအားလုံးမြင်သလို ကိုမုဒုံသားကို လည်းမြင်စေချင်ပါသည်။ ပြည်သူအားလုံးပျော်နေသလို ကိုမုဒုံသား လည်း ကြည့်တက်မြင်တက်၍ ၀မ်းသာပျော်ရွင်နိုင်ပါစေ။

Powered by Blogger.