ကျောက်စိမ်းဈေးကွက် ပျက်

မြန်မာနိုင်ငံအထက်ပိုင်း ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ
ကျောက်စိမ်းအရောင်းအ၀ယ်တွေ မကောင်းတော့တာကြောင့် လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာနေရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက စတင်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် စတဲ့ ကျောက်စိမ်းထွက်တဲ့ ဒေသတစ်ခုလုံး အရောင်းအ၀ယ်တွေ သိသိသာသာ ကျဆင်းလာတာ ဖြစ်ပြီး အဲဒီလို ကျဆင်းရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ဖားကန့်ရှိ
ကျောက်စိမ်းလုပ်ငန်းရှင်တစ်ယောက်က ခုလိုပြောပါတယ်။

"ပုံမှန်ဈေးသတ်မှတ်ချက်မရှိဘူး ကြိုက်တဲ့လူက ကြိုက်သလောက်ပေးဝယ်၊ အဲလို ပုံစံဖြစ်နေတာပေါ့။ သိန်း ၁၀၀ တန်တဲ့ ကျောက်က လေးငါးသိန်းနဲ့လဲ
ရောင်းချင်ရောင်းကြတော့တာ၊ အဓိကက ၀ယ်တဲ့လူမရှိဖြစ်နေတာ၊ တရုတ်ပြည်နယ်စပ်က လာဝယ်တဲ့လူတော့ရှိပါတယ်။ဒါပေမဲ့ လေးလလောက်
ရှိပြီ။ ဈေးကွက်ပျက်နေတာ၊ တရုတ်ပြည်နယ်စပ်က ကျောက်စိမ်း လုပ်ငန်းနဲ့ပတ်သက်လို့ အခွန် ၃၇ ရာခိုင်နှုန်းကောက်တယ်လေ၊
ကျောက်စိမ်းဈေးကျတဲ့ နောက်တစ်ချက်ကလဲ ကျောက်တွေက
ပေါနေတော့ ပုံမှန်ဈေးထက်လျှော့ဝယ်တယ်။ အခွန်ကြောင့်မို့လည်း
လျှော့ဝယ်တယ် ဒါကျောက်ဈေးကွက် ကျရတဲ့ အဓိက အကြောင်းရင်းထဲမှာ ပါနေတယ်ဗျ။"

အရင်က တရုတ်ကုန်သည်တွေကို အခွန်ကောက်တာ ၃ ရာခိုင်နှုန်းလောက်ပဲရှိပီး မနှစ်ကစလို့ တရုတ်အစိုးရက ၃၀ ရာခိုင်နှုန်းကျော် တိုးကောက်လာပြီးတဲ့နောက် ကျောက်အရောင်းအ၀ယ်တွေ နည်းသွားပြီး ဈေးကွက်ကျဆင်းလာတာလို့ သူကပြောပါတယ်။
အခုလို ကျောက်စိမ်းဈေးကွက်ကျဆင်းတာကြောင့် ကုမ္ပဏီတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ ရေမဆေးကျောက်သမား လို့ခေါ်တဲ့ အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာကုန်တယ်လို့ သူက ဆက်ပြောပြပါတယ်။

"အထူးသဖြင့် ဒုက္ခရောက်ကြရတာကတော့ အောက်ခြေလူတန်းစားပေါ့ဗျာ။ အရင်တုံးက ရေမဆေးဆိုလဲ သိန်း ဆယ်ပိုင်းအထိလဲ ရှိတယ်ဗျ။ အခုကျတော့ဗျာ ကျောက်လေးငါးခြောက်လုံးမှ တစ်ထောင် နှစ်ထောင် ဆိုတော့ မပြေလည်နိုင်ကြတော့ဘူးဗျ။ ရတာနဲ့ ကုန်တာနဲ့ ပြီးတော့
ရေမဆေးဆိုတာကလဲ လမ်းလျှောက်သွားရတာမဟုတ်ဖူးလေ။ အကုန်လုံး ဆိုင်ကယ်နဲ့ သွားကြရတာဆိုတော့ ဆိုင်ကယ်ဆီဖိုး မိသားစုစားဝတ်နေရေး အတွက် ကျောက်က မရဘူးဆိုရင်တော့ စားဝတ်နေရေးအတွက်က
တော်တော်ကို ပြဿနာဖြစ်ကြတယ်။ ဒီတစ်နယ်လုံးဆို ရေမဆေးသမားက သိန်းနဲ့ချီရှိတယ်ဗျ။"

ကုမ္ပဏီကသွန်တဲ့ မြေဇာတွေအပေါ် လိုက်ပီး ရှာဖွေရတဲ့ရေမဆေး
ကျောက်သမားတွေ ဟာ ကျပ် တစ်သိန်း နစ်သိန်းကနေ သိန်း ရာချီရတာတွေလဲ ရှိပြီး အနည်းဆုံးစားဝတ်နေရေး အဆင်ပြေတဲ့
ငွေရရှိပေမယ့် အခုအချိန်မှာ မရောင်းရတော့လောက်အောင်
အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီလို ကျောက်အရောင်းအ၀ယ်တွေ မကောင်းပေမဲ့ နိုင်ငံတော်နဲ့ အကျိုးတူလို့ နာမည်ကြီးတဲ့ ကြိုင်ကြိုင် အင်တာနေရှင်နယ်၊ မက်စ်မြန်မာနဲ့ အဲဗားဝင်းနား စတဲ့ ကုမ္ပဏီတွေ ကတော့ စက်ယန္တရားအမြောက်အများနဲ့ ဖားကန့်၊ လုံးခင်းနဲ့ ဆိုင်းတောင် ကျောက်စိမ်းဒေသတစ်ခုလုံး
ကျောက်စိမ်းတူးဖေါ်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။


RFA
ကျောက်စိမ်းဈေးကွက် ပျက် ကျောက်စိမ်းဈေးကွက် ပျက် Reviewed by သစ်ထူးလွင် on 04:06 Rating: 5

7 comments:

phoesein07 said...

တရုတ်ကတော့ ယုတ်မာပြီးရင်းယုတ်မာနေပြန်ပြီ . . .
အခွန်တက်တော့ ကျောက်မရောင်းရ . . မရောင်းရတော့ဈေးကွက်ပျက် . . ဈေးကွက်ပျက်တော့ လျှော့ရောင်း . . မရောင်းရတော့ထက်လျှော့ . . နောက်ဆုံး တရုတ်ကုန်သည်တွေက အလကားနီးပါးလာယူ . . လုပ်ထားဦးပေါ့ အိမ်နီးချင်းကောင်းကြီးရယ် . . sanction ပွင့်သွားတဲ့အထိတော့ လုပ်ဦးပေါ့ . .

la woon said...

ကြိုင်ကြိုင် အင်တာနေရှင်နယ် ဆိုတာ ဘယ်သူကုမ္ပဏီလဲ
ဧကန်န ဟိုဟာမကြီး ပိုင်တာများလား

Golden Tiger said...

လာပြန်ပြီ၊ ကျောက်စိမ်းဈေးကွက်ကျတာ တရုပ်တွေနဲ့ ဘာဆိုင်လဲ။ ဈေးကွက်အရ တွက်ခြေမကိုက်လို့ ကျောင်မ၀ယ်တာ ဘာဖြစ်လို့ ယုတ်မာ တယ်ဖြစ်ရတာလဲ။

ကိုယ့်ကြိုက်ဈေးနဲ့ကိုယ်ရောင်း ကိုယ့်ကြိုက်ဈေးနဲ့ဝယ် အရောင်းလိုက်ရင်ဈေးတက် အရောင်းထိုင်းရင်ဈေးကျ အဲဒါခလေးကစသိနေတဲ့ ဈေးကွက်စနစ်ပဲ။

ဒီကိစ္စမှာ သမ္မတ ဦးသိန်းစိန်ကို အပြစ်တင်ကြဦးမှာလား၊

Anonymous said...

အဲဒါကြောင့် အဘတို့ရဲ့အဖေ တယုတ် လို့
အခုလို သတ်ပုံပြင်ရေးလိုက်တာ
ဒါမှ အဓိပ္ပါယ်တိကျပြီး အနှစ်သာရရှိသွားတာ
ပိုက်ဆံကလွဲလို့ ခေါင်းထဲ ဘာမှမရှိတဲ့ကောင်တွေ
ငွေရမယ်ဆိုရင် ကမ်းကုန်အောင် ယုတ်မာတဲ့သူတွေ
ခင်ဗျားတို့ ဆွေစဉ်မျိုးဆက်
လက်ဆင့်ကမ်းပြီး သေချာသာမှတ်

pyaponthu said...

ကျောက်စိမ်းဈေးကျတာ တယုတ်နဲ့တိုက်ရိုက်သက်ဆိုင်တာပေါ့။တယုတ်ကယုတ်မာပြီး အခွန်တွေတိုးကောက်တာတို့တခြားနည်းနဲ့ယုတ်ကမ်းတာတွေရှိနေတာ။မြန်မာပြည်မှာနေပြီးမြန်မာပြည်ကပစ္စတွေနဲ့စီးပွားသူတိုင်းမြန်မာပြည်ရဲ့ကျေးဇူးကိုသိပါ။ကြေးမဆွတ်ပါနဲ့

myominnhein said...

မှန်တယ် pyaponthu ပြောတာထောက်ခံတယ် ကျောက်စိမ်းဈေးကွက်ကတရုတ်နဲ့တိုက်ရိုက်သက်ဆိုင်တယ် နောက်ပြီးပြပွဲမှာဆိုရင်လဲ ကျောက်ကြည့်ရင်တောင်မှခြေထောက်နဲ့ပွတ်ကြည့်တယ် သူများကတယုတယနဲ့ထားတာ သူတို့ကလုပ်ချင်တိုင်းလုပ်တယ် ကွဲသွားရင်တောင်မှသူတို့နဲ့မဆိုင်သလိုနေတာ
လူယုတ်မာတွေ မြန်မာပြည်လာပြီးသောင်းကျန်နေတာ

Anonymous said...

ကျောက်စိမ်းဈေးကွက်မကောင်းရင် မိုးကုတ်ကျောက်ပြောင်းလုပ်ပါ...

Powered by Blogger.