ထိုင်းဝန်ကြီးချုပ်Yingluck Shinawatra |
ထိုင်းနိုင်ငံ သင်္ကြန်ကာလ ၃ ရက်(ဧပြီ ၁၁-၁၃ ရက်နေ့ အထိ)အတွင်း သေဆုံးသူ ၁၄၄ ဦး၊ ထိခိုက်ဒါဏ်ရာရသူ ၁၆၆၈ ဦးရှိသွားပြီးထိုင်းနိုင်ငံ သင်္ကြန်ကာလအတွင်း ယဉ်တိုက်မှု၊ ရန်ဖြစ်ထိခိုက်မှု
ကြောင့် နှစ်စဉ်လူသေဆုံးမှု ဖြစ်တာကြောင့် ဘေးအန္တရာယ်ရှိတဲ့
သင်္ကြန်ကာလ ၇
ရက်သတ်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့ အထိဖြစ်ပါတယ်။ ဘေးအန္တရာယ်လျှော့ကျရေး
အတွက် သက်ဆိုင်ရာက ကြိုးစားလုပ်ဆောင်နေပေမယ့် သေဆုံးမှုနှစ်စဉ် ဖြစ်ပွား
ပါတယ်၊ အများစုက အရက်မူးယဉ်မောင်တာကြောင့် ယဉ်တိုက်မှုဖြစ်ပွားတာများတယ်။
ဘီဘီစီ ၀င်းမြင့် BBC (Facebook)
ထိုင်း သင်္ကြန် သေဆုံး ဒါဏ်ရာရသူများ
Reviewed by သစ်ထူးလွင်
on
12:53
Rating:
5 comments:
သေကြဟေ့အေးတာပဲ
မင်းတို့ထိုင်းကလည်းဆိုးနေရောပဲ
ဒို့မြန်မာတွေ ..အသေ၊အနာတရမရှိဘဲ နှစ်ကူးသွားတာ ပြလိုက်ကြစို့...
မြန်မာတွေမသေပဲနေမလားဟ။ နယ်တွေမှာ မူးပြီးဆိုင်ကယ်မှောက်/တိုက်/ ကားမှောက်/တိုက် တွေများမှများ။ အခုပဲ နယ်ခရီးကပြန်ရောက်တာ။ လူငယ်တွေ မူးနေကြတာပဲ။ မြန်မာ့ရိုးရာရဲ့ အငွေ့အသက်လည်း နည်းနည်းမှ မတွေ့ရတော့ဘူး။ သူတို့က သတင်းအမှန်ထုတ်ပြန်လို့၊ ဒီမှာက သတင်းမထုတ်ပြန်လို့ အသေအပျောက် စာရင်းမသိရတာ။ ကျိုက်ထိုမြို့မှာဆို အကြိုအကျအကြတ် သုံးရက်တင် ၆ ယောက် မူးပြီးဆိုင်ကယ်မှောက်သေတယ် လို့မြို့ခံတွေပြောတယ်။ ဒါတစ်မြို့ထဲပဲရှိသေးတယ်။ သေတဲ့လူပဲရှိသေးတယ် ဒဏ်ရာရသူကတော့ ပြောမနေနဲ့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို စဉ်းစားသာကြည့်တော့။
ယိုးဒယာတောင်အဲလောက်သေတယ်ဆိုတော့နော် မြန်မာလဲ သတင်းအမှန်တွေထုတ်ပြန်ပေးရင် မြန်မာလဲ များမယ်ထင်တယ်နော် .....
ပုံမှာ ပြထားတာက ၀န်ကြီးချုပ် ရေကစားတာပါ.. ထိုင်းရိုးရာမှာ သကြီန်ဆိုရင် ကောင်မလေးရဲ့ပါး ကို သနပ်ခါးပေါင်ဒါ သုတ်လိမ်းခွင့် ပြုကြပါတယ်... မြန်မာ ကျနော် သူငယ်ချင်းက ထိုင်းမချောချောလေးကို ပေါင်ဒါမသုတ်ဘဲ ပါးကိုနမ်းခဲ့လို့ အနားကထိုင်းကောင်တွ က ဓားနဲ့ လိုက်လို့ ပြေးခဲ့ရတယ်တဲ့ဗျာ..........
ဲပြည်သူနဲ့ ၀န်ကြီးချုပ် ရင်းနှီးမှုက ချစ်စရာပုံလေးပါဗျာ.....
Post a Comment