ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည်

ပုဂ္ဂလိက ဝန်ထမ်းများ
ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို ထည့်ဝင်ရမည်ဟု ဥပဒေမူကြမ်းပါ အချက်အလက်များအရ သိရသည်။ အသက် ၆၄ နှစ်အရွယ်ရှိ စာနယ်ဇင်းဆိုင်ရာ ကုမ္ပဏီဝန်ထမ်း တစ်ဦးက “ဒီလိုပင်စင်လစာ ပေးတာ အရမ်းကောင်းပါတယ်။ ပေးလလည်း ပေးသင့်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းလစာထဲက ဖြတ်တောက်ပြီး ပင်စင်လစာ ထုတ်ပေးမယ့် အဖွဲ့က အရင်းအနှီးလုပ်တဲ့အခါမှာ အရှုံးများ ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ ဒါကလည်း အရေးသိပ်ကြီးတယ်။ အဲဒီတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တယ်လို့ပဲ ထင်တယ်။ ကုမ္ပဏီပိုင်ရှင်တွေရဲ့ အမြတ်ငွေကနေ သီးခြား စုစုပေးသွားရင် ပိုကောင်းတာပေါ့” ဟု ဆိုသည်။

ပုဂ္ဂလိက ဝန်ထမ်းများ အလုပ်မှ အနားယူသွားပါက ပင်စင်လစာပေးခြင်း စနစ်ကို စင်ကာပူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများ လက်ရှိတွင် ကျင့်သုံးနေကြောင်း လူမှုဖူလုံရေး ဥက္ကဋ္ဌထံမှ သိရသည်။ ဥပဒေသာ အတည်ပြုလိုက်ပါက မူလလစာ၏ ၁၅ ဆအား အရစ်ကျ သို့တည်းမဟုတ် ရာခိုင်နှုန်းအလိုက် လစဉ်ခွဲဝေမှုဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သွားမည်ဟု သိရသည်။ အသက် ၃၅ နှစ်ကျော် လုပ်သက် ငါးနှစ်ရှိ ဆေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “တစ်လ နည်းနည်းချင်း ထည့်ပြီး ကိုယ်မလုပ်ချင်တော့တဲ့ အချိန်မှာ မူလ လစာရဲ့ ၁၅ ဆ ရမယ်ဆိုတာက ဝမ်းသာစရာ သတင်းပါပဲ။ အဲဒီလို ပြောပြီး ဖြစ်မယ်ဆိုရင် ကောင်းပါတယ်။ ပင်စင်ဆိုတာမျိုးက အစိုးရဝန်ထမ်း အသုးံအနှုန်းဆိုတာလောက်ပဲ သိထားတော့ သိပ်တော့ မယုံချင်သေးဘူး”ဟု ပြောသည်။ အချိန် ခြောက်လမှ တစ်နှစ်အထိယူ၍ ပင်စင်လစာ ကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းများအား အသိပညာများ ဖြန့်ဝေခြင်းကိုပါ ပူးတွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု အဖွဲ့ဥက္ကဋ္ဌထံမှ ထပ်မံသိရသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ကျွန်တော်တို့ သိရသလောက် တော်တော်လေးကို ကောင်းတဲ့ ဥပဒေမျိုးလို့ သိထားရပါတယ်။ နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေ ဖြစ်လာခဲ့ရင်က အစ လုပ်ငန်းရှင်က ဆောင်ရွက်ပေးရမယ့် အချက်တွေ၊ အဖွဲ့မှာ မှတ်ပုံတင်ပြီးရင် အဖွဲ့က လုပ်ပေးရမယ့် ကိစ္စတွေ ဒါတွေကအစ အသေးစိတ် ထည့်သွင်းထားတာပါ။ ဒါတင် မကသေးဘူး။ နောင်ရေး နေထိုင်ရေးအတွက်ကိုပါ စီစဉ်မှုက ရှိနေတော့ တော်တော်လေး ကောင်းတဲ့ ဥပဒေဆိုတာမျိုးလို့ ကျွန်တော် ပြောနိုင်တယ်” ဟု ပြောသည်။

ဧပရယ်ဦး (ပေါ်ပြူလာဂျာနယ်)
ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည် ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည် Reviewed by သစ်ထူးလွင် on 07:46 Rating: 5

17 comments:

KYAW ZIN said...

A very good news for Myanmar!

kyaw said...

ပုဂ္ဂလိက အ လုပ် မှာလုပ်သက် ၁၅ နှစ် ရှိ နိုင် ဖို့ ဘယ် လွယ် မ လဲ...........

Truth Seeker said...

လခနည်းလို့ သို့မဟုတ် လုပ်ငန်းခွင်မှာ အဆင်မပြေလို့ သို့မဟုတ် မိမိတက်လမ်းအတွက် အလုပ်ပြောင်းနေရတဲ့ ဒီခေတ်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည်ဆိုတာက ယုတ္တိမတန် အခြေအနေနဲ့ မဆီလျှော်ဘူးဖြစ်နေတယ်။ ပြင်ပလုပ်ငန်းတွေဟာ အစိုးရလုပ်ငန်းတွေလို စနစ်တကျ မရှိဘူး။ လုပ်သက်ဘယ်လောက်မှာ ဘယ်ရာထူးတိုး ဖြေခွင့်ရှိတယ်၊ လစာဘယ်လောက်တိုးရမယ် ဆိုတဲ့ ခိုင်မာတဲ့ သတ်မှတ်ချက်တွေ မရှိဘူး။ ဒီဥပဒေဟာ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ထင်တိုင်းလုပ်လို့ရအောင် လုပ်ပေးသလို ဖြစ်နေတယ်။ ပင်စင်ရဖို့အတွက် လုပ်ငန်းရှင်ဖိနှိပ်သမျှ ငြိမ်ခံနေရမယ့်သဘောဖြစ်နေတယ်။ လုပ်ခဲ့သမျှ လုပ်ငန်းအားလုံးပေါင်းရဲ့ လုပ်သက် ၁၅နှစ်ပဲ ဖြစ်သင့်တယ်။

The Middle said...

Truth seeker ပြောသလိုဆိုရင် နောက်ဆုံးကုမ္ပဏီကဘဲ ပင်စင်ပေးရမလိုဖြစ်နေတာပေါ့ ။ အဲလိုဆိုရင် အသက်ကြီးတဲ့ သူတွေကို ဘယ်သူကမှအလုပ်ခန့်တော့မှမဟုတ်ပါဘူး ။ ဖြစ်သင့်တာက ၀န်ထမ်းတိုင်းက ပင်စင်အတွက် Bank account တစ်ခုဖွင့်ပြီး အစိုးရကထိန်းထား သင့်ပါတယ် ။ ဘယ်ကုမ္ပဏီမျာဘဲလုပ်လုပ် လခရဲ့ ၇ာခိုင်နှုန်းတစ်ခုကို Account ထဲထည့်ပေးထားရင်ရပါတယ်။ လစာကိုတော့ မှန်မှန်ကန်ကန် တင်ပြဖို့လိုတာပေါ့။ ဒါပေမယ့်အခုက income tax အတွက် မလိမ့်တပါတ်နဲ့ စာရင်းကောက်သလို လြဲဖစ်နေအုန်းမယ်။ သတိလဲထားပြီးစောင့်ကြည့်ကြပါအုန်း

Nay Nwaye said...

ဒီ ၁၅ နှစ်အတွင်းမှာ company တွေဘက်က အလုပ်ထွက်ဖို့ ဖိအားတွေမပေးခဲ့ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖိုးတောက် said...

ပင်စင်ရမယ်ဆိုတာတော့ ပျော်စရာပါ... ၀န်ထမ်းလုပ်သက် 15 နှစ်ဆိုတာ ပိုကောင်းပါတယ်..ကုမ္ပဏီတခုတည်းမှာ ၁၅ နှစ်ဆိုတာတော့ မဖြစ်နိုင်ဘူး.. မပေးချင်တဲ့ကုမ္ပဏီဆိုရင် ၁၄ နှစ်ခွဲလုပ်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် အလုပ်နားရရင် သွားရော...

thawdar said...

အလုပ်လုပ်တဲ.လူတယောက်ကကိုယ်.အလုပ်ပေါ်စေတနာထားပြီးတာဝန်ကျေ
ကျေလုပ်ပေးရင်..၁၅ နှစ် မကပါဘူးလုပ်နိုင်သမျှ တာဝန်ပေးနေမှာဘဲ။
Online ပေါ်တက်ပြီးနေ.စဉ်အရည်မရ အဖတ်မရလျှောက် ပြီး Comment
ရေးတဲ.လူတွေကတော ၁လ တောင်လုပ်နိုင်မှာမဟုတ်ဘူး ။ ရေပေါ်ဆီ တွေ
လေ။

Thar Htet said...

The middle ပြောတာကို ခောက်ခံပါတယ်။ ဘယ်အခုပ်ရှင်ဆိမှာလုပ်လုပ် ရတဲ့လစာရဲ့ ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်ကရော အလုပ်သမားဘက်ကပါ အချိုးကျ နှုတ်ယူပိး အစိုးရက စုပေးထားသင့်ပါတယ်။ နောက်အသက်ခြောက်ဆယ်ကျော်တဲ့အချိန်မှာဖြစ်ဖြစ် နာမကျန်းဆေးကုရန်ဖြစ်ဖြစ် အိမ်ဝယ်ရန်ဖြစ်ဖြစ် တိကျခိုင်မာတဲ့ ထောက်ခံချက်ယူပိးတော့ တချို့တဝက်ကိုပြတ်ထုတ်ပေးသင့်ပါတယ်

ပုသိမ်သား...ဆင်မ said...

တော်လိုက်တဲ့ ဥပဒေ မိုက်တယ်..နောင်ဘ၀အထိမှတ်ထားမယ်..ကောင်းလို့ 

မောင် said...

ကိုယ်က ကောင်းဘို့ အရင်ကြိုးစားပါ။

Anonymous said...

ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့ နိုင်ငံတွေမှာ ဒီစနစ်ကို ကျင့်သုံးကြပါတယ်။ တရုတ်လိုကွန်မြူနစ်နိုင်ငံမှာတောင် တချို့ပြည်နယ်တွေမှာ ကျင့်သုံးပါတယ်။
တစ်ခုတော့ရှိတယ်.. ဒီမိုလမ်းကြောင်းကို လျှောက်တဲ့အခါ ဒီလိုအခွင့်အရေးတွေ ရဖို့ဆိုတာ ပြည်သူတွေကိုယ်တိုင်ကလည်း ရိုးသားရမယ်။ ဖြောင့်မတ်ရမယ်။ အုပ်ချုပ်မှု ယန္တရားနဲ့ ပြည်သူကြားမှာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး စည်းကမ်းရှိရပါမယ်။
The Middle စိုးရိမ်သလို Income Tax အတွက် မလှိမ့်တပတ်နဲ့ စာရင်းကောင်တာဆိုရင်လည်း သိပ်ပြီးကရုစိုက်စရာ မလိုဘူးလို့ထင်ပါတယ်။ ဘယ်လိုပဲ စာရင်းကောက်ကောက် ထင်သာမြင်သာရှိပြီး အပြန်အလှန် ထိမ်းကြောင်းပြုပြင်တဲ့ လူ့အဖွဲ့အစည်းနဲ့ အစိုးရစနစ် ပေါ်ပေါက်လာခဲ့ရင် အဲဒီအချိန်မှာ ကိုယ်ဖက်ကလည်း ရိုးသားမှုရှိဖို့လိုပါတယ်။ အဲဒီအချိန် ရောက်လာရင် ကိုယ်ကတော့ ၀င်ငွေအမှန်ကို မဖော်ပြပဲနဲ့ အခွင့်အရေးကြတော့ လိုချင်နေလို့ မဖြစ်နိုင်ပါဘူး။

salai said...

လူမှုဖူလုံရေးဥပဒေအရခံစားခွင့်ရမယ့် ပင်စင်လစာ ဆိုတာမျိုးက
အရင် အသက်အာမခံထားတဲ့ပုံစံမျိုးပါကွာ။
ကိုယ့်ငွေစုပြန်ထုတ်တာက ငွေစုငွေချေး သဘောမျိုးလုပ်တာပဲ။
သိပ်လည်းဝမ်းမသာနေကြပါနဲ့။

nang said...

စင်္ကာပူနိုင်ငံက CPF လိုသဘောမျိုးလုပ်ရင် အကောင်းဆုံးဖြစ်မှာပါ ... အသေးစိတ်တော့ မသိဘူး .... ဒါပေမဲ့ The Middle ပြောသွားတဲ့ သဘောတရားနဲ့ တူတူပါပဲ .... အလုပ်ရှင် အလုပ်သမား အချိုးကျ လစဉ်ထည့်ဝင်ငွေကို အစိုးရက ထိန်းသိမ်းထားပေးတယ် ... အိမ်ဝယ်ချင်ရင် သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို ထုတ်သုံးလို့ရတယ် ....... အသက်ခြောက်ဆယ်ကျော်ရင် လစဉ်ပြန်ထုတ်ပေးတယ်

salai said...

လူမှုဖူလုံရေးဥပဒေအရခံစားခွင့်ရမယ့် ပင်စင်လစာ ဆိုတာမျိုးက
အရင် အသက်အာမခံထားတဲ့ပုံစံမျိုးပါကွာ။
ကိုယ့်ငွေစုပြန်ထုတ်တာက ငွေစုငွေချေး သဘောမျိုးလုပ်တာပဲ။
သိပ်လည်းဝမ်းမသာနေကြပါနဲ့။

Mascot Computer Services said...

သူများအလုပ်ကို ၁၅ နစ်လုပ်ရမှာဆိုတော့ ကိုယ်ပိုင်အလုပ်မလုပ်ပဲ တစ်သက်လုံးကျွန်ခံခိုင်းတာလား...... ပင်စင်လစာမက်ပြီး လုပ်နေတဲ့သူကတော့ တစ်ကယ်နွားပဲဖြစ်မယ်......... သူများဆီမှာလုပ်တယ်ဆို တာကိုယ်ပိုင်ဖြစ်အောင် ကျိုးစားနေတာမဟုတ်ဘူးလား ...........

Anonymous said...

ကောင်းပါ့ဗျာ

မန်းလေးသား said...

ဆိုင်မဆိုင် တော့မသိပါဘူး... ကျွန်တော်သိသလောက်ပြောရရင် မလေးရှားမှာလည်း အဲဒီလိုလစာဖြတ်ပါတယ်....အသက် ၆၀ကျော်သွားရင် အတိုးပုံစံနဲ့ ဘဏ်ကနေပြန်ထုတ်ယူလို့ရပါတယ်..... ဒီမှာကတော့ ဘယ် company ဘဲပြောင်းပြောင်း ဖြတ်ပါတယ်...... company တစ်ခုထဲမှာလုပ်သက် ဘယ်လောက်ဆိုပြီးတော့မဟုတ်ပါဘူး.........အခုထုတ်တဲ့ ဥပဒေကတော့ အစီစဉ်မကျဘူးဖြစ်နေတယ်..... အစိုးရမဟုတ်တဲ့ ဝန်ထမ်းတွေက လုပ်သက် ၁၅ နှစ်ဆိုတာကတော့ ၉၀ရာခိုင်နှုန်း မဖြစ်နိုင်ဘူးထင်တယ်....... ဘာလို့လဲဆိုတော့ အောက်ခြေဝန်ထမ်းတွေအတွက် ဥပမာတစ်လစာ ၅၀၀၀၀ ဆိုပါတော့ .... 2012 မှာအဲဒီလစာက လောက်နိုင်ပေမယ့် 2013 ကျရင်ကော လောက်နိုင်မှာလား.... လောက်အေင်ကော company ကပေးမှာလား... .နှစ်စဉ်နှစ်တိုင်း ပေးမယ်ဆိုရင်တော့ ဝန်ထမ်းတွေကတော်ယုံနဲ့ အလုပ်မထွက်တာသေချာတယ်........... နောက်ပြီးဝန်ထမ်းတွေအတွက် ဘာခံစားခွင့်တွေလုပ်ပေးနိုင်မလဲ ( သက်ဆိုင်ရာ ဋ္ဌာနအလိုက် ရာထူးတိုးတာ ..) ကျွန်တော် နဲ့ သူငယ်ချင်းတစ်ယောက် အဖြစ်ပျက်လေးပါ....သူနဲ့ကျွန်တော်က ၁၀တန်းဖြေပြီးပြီးချင်း ဆေးသုတ် сompany တစ်ခုမှာအလုပ်စဝင်တယ် 2002 ကပေါ့.... ၁၀တန်းအောင်တဲ့အခါ စတိုခန်းမှာ အကူလုပ်ရတယ်.... 2004ပေါ့ ... အဲဒီမှာ ကျွန်တော်တို့ နဲ့ သက်တူရွယ်တူ ပညာအရည်ချင်းတူတစ်ယောက်က စတိုမှူးအဖြစ်ဝင်လာတယ်.. အဲဒီတစ်ယောက်က လုပ်ငန်းအကြောင်း ( ဆေးစပ်တာ ) ဘာမှမသိဘူးနော်... လစာလည်းကျွန်တော်တို့ထက်များတယ်... နောက်ကျွန်တော်ကအဲဒီအလုပ်ထက် လစာများတဲ့ဆီကိုပြောင်းတယ်...သူက ကျန်ခဲ့တယ် .. ကျွန်တော်တို့နှစ်ယောက်လုံး 2005-2006မှာကျောင်းပြီးတယ်... ဘွဲ့ရပေါ့ ..သူက 2011 သင်္ကြန်ထိလုပ်တယ်.... သူ့လုပ်သက်က ၉နှစ် ဒါပေမယ့် သူဘာမှအကျိုးကျေးဇူးမခံစားရဘူး.... စတိုအကူက စတိုအကူပဲ..... 2007 ကျွန်တော် I.B.T.C company မှာလစာ ၈၀၀၀၀ ရတဲ့အချိန်မှာ သူကလစာ ၄၅၀၀၀ ပဲရတယ်.... အဲဒီလိုမျိုးဆိုရင် ဘယ်လိုလုပ် ၁၅ နှစ်ပြည့်မလဲ..... ကိုသော်တာ နဲ့ မောင် ရေးတဲ့ comment ကိုတွေ့ပြီးရေးတာပါ.... ကို သော်တာ နဲ့ မောင် သေသေချာချာ စဉ်းစားပါ... The middle ရေးတဲ့ပုံစံမျိုးဆိုရင်တော့ တစ်မျိုးပေါ့.........

Powered by Blogger.