နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရေးကို သံချပ်ဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြောင်း ဒါရိုက်တာကုသိုလ်ပြောဆို

နိုင်ငံ၏ လိုအပ်ချက်များကို သံချပ်ဖြင့် ပျော်ပျော်ရွင်ရွင်ထုတ်ပြခွင့်ရသဖြင့် ၀မ်းမြောက်ကျေနပ်ကြောင်း သင်္ကြန်အတတ်နေ့၌ အမျိုးသားဒီမိုကရေစီပါတီသစ်တွင် သွားရောက်ဖျော်ဖြေခဲ့သူ  သာဓုပါဗျာ သံချပ်အဖွဲ့က ကုသိုလ်က ပြောသည်။

 “အကိုတို့အနေနဲ့ သင်္ကြန်မှာ ဒီလိုသံချပ်ထိုးရတာ နိုင်ငံရဲ့ လိုအပ်ချက်လေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ထောက်ပြ
တဲ့သဘောပါ ၊ ပိုက်ဆံမယူပါဘူး ပြည်သူတွေခေါ်ရင်လာပါတယ်” ဟု သာဓုပါဗျာ သံချပ်အဖွဲ့ မှ အနုပညာရှင်
ကုသိုလ် ကပြောသည်။

သင်္ယန်းကျွန်းမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ်တွင် သာဓုပါဗျာ သံချပ်အဖွဲ့ က သင်္ကြန်အကြတ်နေ့ ၁၁နာရီဝန်းကျင်၌ ဖျော်ဖြေခဲ့ရာ သံချပ်မကြားဖူးသော လူငယ်ထုက ပျော်ရွင်စွာအားပေးခဲ့သည်။

 “ညီမတို့ ပြည်သူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် အခု အသက် ၂၅ နှစ် ရှိနေပြီ သံချပ်ဆိုတာကို အခုမှကြားဖူးတော့ ရင်ထဲမှာတော်တော်ပျော်တယ်၊ စိတ်လည်း တက်ကြွတယ်” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်အသင်းသားဖြစ်သော မသက်မွန်ထွန်းကပြောသည်။

 သာဓုပါဗျာ သံချပ်အဖွဲ့ လာရောက်ဖျော်ဖြေသဖြင့် မိမိတို့ပါတီအတွက် ဂုဏ်ယူမိကြောင်း ၄င်းက ဆက်ပြောသည်။

 သာဓုပါဗျာသံချပ်အဖွဲသည် သင်္ကြန်အကြိုနေ့ကလည်း အင်းလျားကန်အနီးပြည်လမ်းမပေါ်တွင် ဆောက်လုပ်
ထားသောAirBagan(အာရှလေကြောင်း)ရေကစားမဏ္ဍပ်တွင် ဖျော်ဖြေခဲ့သည်။

 “ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ် ၊ ဒီဖက်ကမ်းကမီးထိန်ထိန် ကျွန်တော်တို့နေတဲ့အိမ်
ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့အိမ် ၊ ဒီဖက်ကမ်းကမီးထိန်ထိန် ကျွန်တော်တို့နေတဲ့အိမ်”ဟုသာဓုပါဗျာသံချပ်အဖွဲ့မှ မြန်မာနိုင်ငံ၏လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးအမြဲတမ်းရရှိရေးကို ထောက်ပြကာသံချပ်ထိုးခဲ့ကြသည်။

 သံချပ်ကားထွက်ခွင့်ရရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနတွင် ခွင့်ပြုချက်တင်ရပြီး သံချပ်ကားတစ်စီးကို
သိန်းနှစ်ဆယ်ခန့်အကုန်အကျခံကာ ပြင်ဆင်ရကြောင်း သံချပ်ကားစီမံရေးတာဝန်ခံ ဦးအောင်သိန်း၏
ပြောပြချက်အရသိရှိရသည်။

 သာဓုပါဗျာသံချပ်အဖွဲ့တွင် အနုပညာရှင်များဖြစ်သော ကုသိုလ် ၊ မေတ္တာ ၊ ဗေလုဝနှင့် သံချပ်အဖွဲ့သား ငါးဆယ်ခန့်ပါဝင်သည်။

ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup
နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရေးကို သံချပ်ဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြောင်း ဒါရိုက်တာကုသိုလ်ပြောဆို နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရေးကို သံချပ်ဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြောင်း ဒါရိုက်တာကုသိုလ်ပြောဆို Reviewed by သစ်ထူးလွင် on 06:49 Rating: 5

4 comments:

ka joe ka jaung said...

ဆရာမှားနေပြီ စာဓုတွေပြောတာ ဒီဘက် ကမ်းက မီးမှိန်မှိန် ကျနော်တို့နေတဲ့အိမ်

Sayar said...

Information အမှားမပေးမိစေနဲ့ ။ Air Bagan ဟာ Air Bagan၊ အာရှလေကြောင်းဟာ အာရှလေကြောင်း။ မတူဘူးဆရာရေ့ ။ Air Asia and Asian Wings ဆိုပြီးအာရှနဲ့ ပါတ်သက်တဲ့လေကြောင်း လိုင်းနှစ်လိုင်းမြန်မာပြည်မှာရှိလေရဲ့ ။

Moegok Thu said...

အဲ့ဒီ ဟာကို ကိုဗေလုဝ ကိုယ်တိုင်ရေးထားပါတယ်.... အဲ့နေ့ညက သူတို့ ဆုငွေတွေလည်း အများကြီး ရကျတယ်.....

Anonymous said...

သာဓုပါဗျာ.....သာဓုပါ.......

Powered by Blogger.