ရန်ကုန် ၊ ဧပြီ ၃
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အမျိုးသားအချုပ်ခန်းမှ
တရားခံများက ဧပြီ ၂ရက်နေ့ နံနက် ၂နာရီ ၁၅မိနစ်ခန့်တွင် အချုပ်ဖောက်ရန်
ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အချုပ်သား
နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့်
ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ရဲစခန်း အချုပ်ခန်းအမှတ် (၃) ခန်းတွင် သစ်သားဖြတ်သံ ကြားရသဖြင့်
တာဝန်ကျကင်းမှ ကြည့်ရှု့ စစ်ဆေးရာ အချုပ်တံခါးသစ်တန်းသားများကို ဖျက်ဆီးကာ
ဘူးဝ တံခါး (အချုပ်ခန်း အပြင်တံခါး) သို့ ရောက်ရှိနေပြီဖြစ်၍
ဝိုင်းဝန်းတာဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သေနတ် ၅ချက်
အပေါ်ထောင်ဖောက်ကာ ချောက်လှန်ရာတွင် အချုပ်သားများက စောင်၊
အ၀တ်အစားတို့ကို မီးရှို့သည်အတွက် သေနတ် ၅ချက် ပစ်ခတ်သောလည်း
ငြိမ်သက်မှုမရှိသောကြောင့် ၇ချက် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းက
ပြောဆိုထားကြောင်း မိုးညှင်းမြို့ခံများက The Voice Weekly သို့ ပြောကြားသည်။
မိုးညှင်းမြို့နယ် ရဲစခန်းတွင် ကျားအချုပ်ခန်း ၄ခန်း နှင့် မ အချုပ်ခန်း
၁ခန်းရှိပြီး အမျိုးသားတရားခံ ၁၁၅ ဦး၊ အမျိုးသမီး တရားခံ ၃၀ ဦး ရှိပြီး
ပစ်ခတ်ထိန်းသိမ်းခဲ့သည့်ဆိုသော အချုပ်ခန်းအမှတ် ၃ တွင် အချုပ်သား ၇၀ ဦး
ရှိသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒဏ်ရာ ရရှိသူ အချုပ်သားတစ်ဦး၏
မိသားစုဝင်ကို ဆက်သွယ်မေးမြန်ရာ “အချုပ်ခန်းကို ဖြတ်ကြတာတော့ဟုတ်ပါတယ်။
ဘူးဝကို မရောက်သေး ပါဘူး။ သေနတ်ထောင်ပစ်တယ်။ပြီးတော့ ၀ပ်ဆိုပြီး
ကျည်ဆန်ကို ကပ်လိုက်ဆွဲ(ပစ်)သွားတာလို့ ပြောတယ်” ဒဏ်ရာရသူအချုပ်သား၏
ပြောဆိုချက်ကို ကိုးကားကာ ပြောဆိုသည်။
ရဲတပ်ဖွဲ့ဝင်များက အချုပ်ခန်းတွင်းသို့ သေနတ်ဖြင့်
ပစ်ခတ်ထိန်းသိမ်းမှုကြောင့် မူးယစ်ဆေးဝါမှုဖြင့် ဖမ်းဆီးထားသော အချုပ်သား
အောင်မြင့်သန်း (၃၇နှစ်) နှင့် လက်နက်မှုအချုပ်သား မောင်ဇော် (၃၅
)နှစ်တို့မှာ သေဆုံးခဲ့ပြီး ၁၀ဦးမှာ မိုးညှင်းမြို့
ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ်ကုသနေကြောင် ၀န်း ထမ်းအရာရှိတစ်ဦးက
ပြောကြားသည်။
မိုးညှင်းမြို့ဒေသခံတစ်ဦးကမူ “ သေတဲ့တစ်ယောက်ကတော့ နဖူးမှာ မှန်ပြီး
နောက်စေ့ပွင့်(ပေါက်)ထွက်သွားတယ်။ နောက်တစ်ယောက်က လည်ပင်မှာ မှန်တယ်။ခု
ဆေးရုံမှာ နောက်တစ်ယောက်လည်း အခြေနေမကောင်းဘူး”ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး
အောင်မြင့်နိုင်မှ ဦးစီးကာ စုံစမ်းစစ်နေသည်။
The Voice Weekly

နောက်စေ့ပွင့်(ပေါက်)ထွက်သွားတယ
ဆေးရုံမှာ နောက်တစ်ယောက်လည်း အခြေနေမကောင်းဘူး”ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး
အောင်မြင့်နိုင်မှ ဦးစီးကာ စုံစမ်းစစ်နေသည်။
The Voice Weekly
အချုပ်ခန်းဖောက်မှုကြောင့် သေနတ်ဖြင့်ပစ်ခတ် နှစ်ဦးသေ ဆယ်ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
16:13
Rating:
9 comments:
သနားပါတယ်။
ထောင်ဖောက်တဲ့လုပ်ရပ် ကိုတော့ လုံးဝ မကြိုက်တာ..ထိထိရောက်ရောက်ဆုံးမ သင့်တယ်..
အကျဉ်းသားတွေမှာ လက်နက်ရှိလို့လား?အဲဒီလောက် သေနတ်ပစ်ပြီးထိန်းဖို့မလိုလောက်ဘူးလို့တော့ထင်တာဘဲ။မီးရှို့တယ်ဆိုရင်လည်း မီးချစ်က ဘယ်သူ့ခွင့်ပြုချက်နဲ့အချုပ်သားဆီရောက်နေတာလဲ?
နဖူးမှန်ပြီး နောက်စေ့ပွင့်သွားတယ်ဆိုတော့ ဒီတရားခံက နောက်ပြန်ပြေးလို့နေမှာပေါ့။ မင်းတို့လက်ထဲမှာ ဒီလိုလက်နက်တွေရှိရင် အရူးဘုံမြှောက်ထားသလို နေမှာပါကွာ။ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ စည်းကမ်းပိုင်းမှာ တိတိကျကျရှိရတယ် အခုလို စိတ်လိုက်မာန်ပါလုပ်လို့ကတော့ ရင်လေးပါတယ်ကွာ။ အဲဒါတရားဝင် လူသတ်မှုပေါ့။
ဦးနှောက်နဲ့ စဉ်းစားပြီးComment ရေးကြပါဗျာ
နေရာတစ်ကာ...အဆိုးမြင်နေတာတော့အောက်လွန်းပါတယ်(စိတ်ညစ်ပါ့)
စဉ်စားပြီးရေးကြရင်ကောင်းမယ်။တစ်ဖက်တည်းမကြည့်ဘဲကိုယ်ရဲ့ရှု့ထောင့်ကဘဲရေးမယ်ဆိုရင်အမှားပါသွားတတ်ပါတယ်။

အချူပ်ခန်းဖောက်တယ်ဆိုတာကတော့သူတို့အပြစ်ဖြစ်သွားပြီလေ နှစ်ဖက်လုံးကိုမျှမျှတတတွေးပေးကြပါနော် သူတို့သေတာကတော့စိတ်မကောင်းပါဘူး ဒါပေမယ့် အချူပ်ခန်းဖောက်ပြီးဘာလို့ထွက်ပြေးရတာလဲ
ဒီမိုကရေစီရလည်း စည်းမရှိကမ်းမရှိ၊ လုပ်လို့၊ပြောလို့မရပါဘူး၊ လွတ်လပ်မှုနှင့် စည်းကမ်းရှိမှုတွေတွဲလျှက်ရှိပါတယ်။ မှတ်ချက်ပေးတာ လွတ်လပ်စွာပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့အတွေးအခေါ်ဘယ်အဆင့်မှာရောက်နေတယ်၊ ကိုယ့်အယူအဆဟာဘယ်လောက်တစ်ဖက်စောင်းနင်းနိုင်တယ်ဆိုတာကို ဖော်ပြနေတတ်ပါတယ်၊ ဒါကြောင့် မှတ်ချက်ရေးသူများ အထူးသတိထားရေးကြပါ၊ အရေးမတော်ရင် အများပြည်သူက ကိုယ်ကို “ကျဉ်”သွားတတ်ကြပါတယ်။ လက်ရှိအချိန် အတိုက်အခံများကြား၊ဖိနှိပ်ခံ၊ အချုပ်ချယ်ခံပြီးတော့ နေလာကြတယ့် ပြည်သူတွေဆန္ဒတွေကို နားလည်ကြပေမယ့် တစ်ဖက်စောင်းနင်းမဖြစ်ကြဖို့တိုက်တွန်းလိုပါတယ်။ အချုပ်ကြတယ်ဆိုတာ ၊ မတရားကျခံရတာလား((၅ ည )နိုင်ငံရေးမှုလား၊ ဒါဆိုရင် လူထုခေါင်းဆောင်တွေ၊ တောင်းဆိုဆန္ဒ္ဒပြကြလို့ ထောင်ထဲမှာကျန်တယ်ဆိုပေမယ့်၊ အတော်များများလွတ်လာကြပြီ၊ အဲဒီလူတွေကိုလည်း ပြည်သူတွေက ချစ်ခင်နှစ်သက်ကြပါတယ်။ လူသတ်၊မုဒိန်းမှု၊ခိုးဆိုး၊မူးယစ်ဆေးဝါးကြောင့်လား၊ဒါဆိုရင်တော့ ဥပဒေအရ ကျူးလွန်တဲ့ အပြစ်ကို ဆေးကျောရမှာပါပဲ၊
Post a Comment