ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူးမြို့ နယ် သက်ကြီးပူဇော်ပွဲ (ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးရွာပေါင်း (၆၀)ကျော်ကရာနဲ့ ချီတဲ့သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့ပြီး အနုပညာ၇ှင် တွေဖြစ်တဲ့ လူမင်း၊ ဝေလုကျော်၊ မျိုးကြော့မြိုင်၊ သျှီ၊သံသာဝင်း၊ အနဂ ၊ ဆောင်းဦးလှိုင်၊ လင်းနစ်၊ သားထွေး၊ ကိုရဲလွင် စသူတို့ ကလည်း ရွာသားတွေကို သီဆိုဖျော်ဖြေမှု တွေပြုလုပ်ခဲ့ပါ တယ်။
10 comments:
su said...
ပြည်သူကို ဘယ်လိုဆက်ဆံရတယ်ဆိုတာကို ကောင်းကောင်း မသိသေးတဲ့ လူ့ဗာလတွေကို ပြည်သူကို ဘယ်လိုသဘောထားရတယ်၊ ဘယ်လိုဆက်ဆံ၇တယ်ဆိုတာကို သင်ပေးလိုက်ပါအုံး အမေရေ။
hhzaw said...
ွှဆံပင်တွေပွနေတာမြင်ရတိုင်း အမေ အရမ်းပင်ပန်းနေပြီင်္လားလို.စိုးရိမ်မိတယ်၊
လျှောက်ရမဲ.လမ်းကရှည်လွန်းတော.ကျန်းမာမှ ဖြစ်မယ်စုရေ....
...
aungaung said...
အနေုပညာရှင်ဆိုတာပြည်သူကအားပေးလို့ နေရာတစ်ခုဆီနဲ့ ရပ်တည်နိုင်ကြတာပါ ကိုလူမင်း၊ဝေလုကျော် နဲ့ အခြာပါဝင်သူများ၊အမေစု ကိုကူညီတာဟာပြည်သူတွေကိုကူညီနေတယ်လို့ မြင်ပါတယ် အမေစုနဲ့ ပူးပေါင်းပါဝင်ဖို့ ခက်ခဲနေတဲ့ အခြာအနုပညာ၇ှင်တွေပြည်သူတွေအားပေးလို့ ဒီလိုနေရာတစ်ခုရှိနေတယ်ဆိုတာမမေ့ စေချင်ပါဘူး
Han Gyi said...
ဒီလိုခေါင်းဆောင်မျိုးကတော့ ကမ္ဘာမှာစံပြုရမဲ့ခေါင်းဆောင်ဘဲ ဘယ်ဘုရင် ဘယ်သမ္မတမှ ပြည်သူတွေနဲ့တစ်သားတည်းအတူထိုင် အတူစားဖူးလား ကျွန်တော်အမြင်ကမ္ဘာမှာ နယ်ဆင်မင်ဒရယ်လား နဲ့ အမေစုကလွဲပြီး ဘယ်သူမှရှိမယ်မထင်ဘူး။ ကြည့်ပါလား ပြည်သူတွေမြေကြီးမှာထိုင်တော့ ဒို့အမေလဲ မြေကြီးမှာထိုင်နေတာကိုကြည့်ရင် ပြည်သူနဲ့တန်းတူ နေနိုင်တယ်ဆိုတာ အားလုံးအသိပါ။
Anonymous said...
အမေစု နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်ချမ်းမြေ့ပြီး ထာဝစဉ်အေးချမ်းပါစေလို့ ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်။ အမေစုရဲ့ကုသိုလ်ကောင်းမှုတွေ သက်ကြီးပူဇော်ပွဲမှာ ဂါရ၀ပြုတာတွေကို အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။ sweet ကလည်း အမေစုနဲ့ မိမိထက်အသက်ကြီး သူတွေ အားလုံးကို လက်အုပ်ချီပြီး ဂါရ၀ပြုပါတယ်။
နှစ်သစ်မှာ ကိုသစ် နဲ့ ပြည်သူပြည်သားတွေ အားလုံး စိတ်ပျော်ရွှင်ချမ်းမြေ့ပြီး အရာရာတိုင်း ပြီးပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
nandar said...
အမေ ဒီနှစ်ဟာ အလွန်ကျက်သရေမဂ်လာရှိလှပါတယ်။ ယခုနှစ်မှစ နှစ်ပေါင်းများစွာတိုင် အမေချစ်တဲ့ ပြည်သူတွေ နဲ့ပျော်ရွင်စွာ နေနိုင်ပါစေ
Anonymous said...
အမေစုကိုကြည့်ရတာအမြဲတန်းအေးချမ်းတယ်။ မေတ္တာဓါတ်ဟာအရမ်းကြီး မားတယ်။ အမေစုက တိမ်ကင်းစင်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ထွက်ပေါ်လာတဲ့ လမင်းကြီးနဲ့တူပါတယ်။ လမင်းကြီးဟာ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းဆိုတာမရှိ။ တန်းတူညီတူ တူညီတဲ့အလင်း၊ တူညီတဲ့ အေးမြခြင်းကို ပေးဆောင်သလိုပါဘဲ။ အမေစုကလည်း ပြည်သူ ပြည်သားတွေအပေါ်မှာ ပညာအလင်းတွေ စိတ်ဓါတ်ခွန်အားတွေ နဲ့ အေးမြတဲ့မေတ္တာတွေကို ပေးစွမ်းနိုင်ပါတယ်။
အမေစုဘေးရန်အန္တရာယ်တွေကင်းဝေးပါစေ။
winmyanmarmg said...
ပြည်သူတွေနဲ့ တစ်သားတည် မြေကြီးပေါ်မှာ ထိုင်နေတာ အမေစုရဲ့  စိတ်ဓါတ်အရင်းခံပါ။
Anonymous said...
မြန်မာပြည်ကြီး နှစ်သစ်မှာ မကောင်းတဲ့ အဟောင်းတွေ ကင်းစင်လို့  . . . အားလုံး အာလုံးသော အသစ်တွေနဲ့ မင်္ဂလာရှိပါစေလို့ ဆုတောင်ပါတယ် . . အန်တီစု ရဲ့ ဦးဆောင်မှု့ ကြောင့် မြန်မာပြည်ကြီး နှစ်သစ်မှာ ကျက်သရေ အပေါင်းနဲ့ ပြည်စုံခဲ့ပါပြီ . . .
paing said...
ုရဲတိုက်ကိုလေးစားပါတယ်
Powered by Blogger.