ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၂)

  ရေစကြိုမြို့နယ်မှာ ရှိသည့် မဲရုံ ၂၃၃ ရုံအနက် ယနေ့ညနေ ၇နာရီအထိ
 ရောက်ရှိလာသော စာရင်းများအရ မဲရုံ၁၂၀ ကျော်တွင်
ဆင်ချောင်း၊ နီပဆေးတော၊ ကျက်ဆူကျင်း၊ မြေဖြူ၊ စသည့်ကျေးရွာငါးရွာခန့် သာ
ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး ကျန်ရွာများမှာ NLD
ကအပြတ်အသပ်နိုင်နေကြောင်း သိရသည်။

------------------------------------------------------
မကွေးမြို့ ရပ်၊ကျေး မဲရုံများ၏ သတင်း ပေးပို့ မှု အရ ည ၈း၃၀ အထိ မဲ၇ုံများ တွင် NLD မှ မဲအောင်နိုင်မှု ၉၀ ၇ာခိုင်နှုန်း၇ှိနေပါသည်။
ဝန်ကြီး ဦးဘုန်းမော်ရွှေ ပေးသော အမှတ် ၅ မဲရုံတွင် ပင် NLD မှ အနိုင်ရ ရှိထားပါတယ်။

-------------------------------------------------
 မင်းကင်း နိုင်ပြီ။
××××××
ဧပြီ (၁) ရက်နေ့တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်
မင်းကင်းမြို့နယ်၊  NLD မှ  အနိုင်ရကြောင်း သိရသည်။
မင်းကင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်န
ှင့်
ယှဉ်ပြိုင်ဘက်များမှာ ပြည်ခိုင်ဖြိုး နှင့် တစည တို့ဖြစ်ပြီး
မင်းကင်းမြို့နယ် ၊ အမျိုးသား ဒီမိုကရေစိ အဖွဲ့ချုပ် ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် မှာ ဒေါ်ခင်မွှေးလွင် ဖြစ်ကြောင်း သိရသည်။

------------------------------------ 
ကျောက်ပန်းတောင်းမြို့နယ်တွင် မဲရုံ စုစုပေါင်း (  ၃၈၃  ) ရုံ ရှိနေပီး

အမြောက်တပ်၊ အနော်ရထာ တပ်မ ၇၈ နှင့် ပြည်သူ့ဆေးရုံမဲ ဆန္ဒနယ်ကျေးရွာတစ်ရွာ စုစုပေါင်း လေးခုတွင်သာ NLD ပါတီမှ ရှုံးနိမ့် သည်ဟုသိရ ပြီး နောက်ဆုံး အထိ ကြားသမျှမဲ ဆန္ဒနယ်များတွင် NLD မှအပြတ်အသတ်အနိုင် ရ လျှက်ရှိကြောင်း နှင့်  ပြည့်သူ့ဆေးရုံ တွင် ၃၀ / ၃၃  နှင့် NLD မှ ရှုံး ကာ ကျေးရွာတစ်ရွာတွင် ၆၀ / ၆၁ နှင့်  ကပ်ရှုံးပါသည်။ စစ်တပ် ၂ ခုတို့တွင်တော့ ကြံခိုင်ရေးမှ အပြတ်အသတ် နိုင်သွားပါသည်။ သတင်းအတိအကျ ရပြီး သော ကျေးရွာများတွင်  ကြံခိုင်ရေး မဲ  ၀ % ရှိသော ကျေးရွာသုံးရွာပါသည် ဟုသိရပြီး အခြားကျေးရွာများ နှင့်မြို့ပေါ် ရပ်ကွက်များတွင် NLD မှ အပြတ်အသတ်အောင်ပွဲ ခံ လျှက် ရှိပါသည် ။


 Myanmar News Now
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ရက်စွဲ ။ ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂

ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။

ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။

သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် ထုတ်ပြန်
 
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၂) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၂) Reviewed by သစ်ထူးလွင် on 21:14 Rating: 5

23 comments:

the` maung said...

တရား ရှိ လိုက်ပါဘိ၊ အမေစု အား အ ကြီမ်ကြီမ်လေးစားမိပါ သည်။

kyaw said...

ငါတို့ခေတ်ရောက်ရမည်မှာမလွဲပါ။
မွန်းတည့်ချိန်တွင်နေ၀င်မည့်သူများအားလည်းစာနာ၇န်အကြောင်းမရှိပါ။
ကိုကျော်

Jack said...

Thanks you, Blogger, for posting the update time by time.
Very good job.

Thet said...

ပြည်သူတွေက ဘယ်သူ့ကိုယုံကြည်တယ် အားကိုးတယ် ချစ်ခင်မြတ်နိုးတယ် ဆိုတာ အထွေအထူးပြောနေစရာ လိုမယ်မထင်ပါဘူး။ နေပူပူထဲမှာ ဇွဲနဘဲ ကြီးစွာနဲ့ ကိုယ့်ထမင်း ကိုယ်စားပြီး အပြုံးမပျက်ဘဲ ကြိုနေကြတဲ့ မျက်နှာတွေ မြင်ရတာနဲ့ သိနိုင်ပါတယ်။ ရုပ်ရှင် သရုပ်ဆောင် ကိုလူမင်းပြောသလို ရွေးကောက်ပွဲ တောင်လုပ်စရာမလိုပါဘူး။ အဖြေက ထွက်ပြီးသားပါ။

nandar said...

အမေရဲ့ စိတ်ထားကတော့ တကယ်ကိုမြင့်မြတ်လှပါတယ်။ ဒီလိုမြင့်မြတ်တဲ့စိတ်ထားတွေကြောင့် သမီးတို့လေးစားဂုဏ်ယူနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဖြစ် The whole world ကလေးစားရတဲ့ လူထုခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာဘယ်လိုမှလက်မခံနိုင်စရာမရှိပါ
ကြောင်း

naung said...

Very special thanks to Ko Thit for
up to the minute news

Chit Chit said...

With Fully Respect to Daw Aung San Su Kyi ............

ngwelamin said...

အမေသားတွေလဲ တစ်ခါတစ်လေ လွတ်လပ်စွာပျော်ပါ၇စေအမေ။ဒါပေမယ့် အမေမှာတော့လဲ.........

ဒီမိုကရေစီလိုလားသူ said...

အမေ့လိုနှလုံးသားမျိုး
ဟိုအာဏာရူးတွေထားနိုင်မှာမဟုတ်

Unknown said...

ဝ % ရွာသုံးရွာကို ကွန်ကရစ်မခင်းပေးတော့ရင် ဘယ်လိုလုပ်မလဲ၊ ဟီး။

su said...

အမေစုကို အားပေးထောက်ခံကြတဲ့ ပြည်သူများ ကိုယ်စား ကိုသစ်ထူးလွင်အား အထူးကျေးဇူးတင် လေးစား ဂုဏ်ယူပါကြောင်း ပြောချင်ပါတယ်။

tkm said...

ငါတိုံလဲပြန်လာပြီးမြန်မာပြည်မှာလုပ်ကိုင်စားတော့မယ်ကွာ
ကမ္ဘာမှာ မြန်မာနိုင်ငံဆိုတာ ပြန်ပြီး ပေါ်လာပြီပေါ့

su said...

အမေစုကို အားပေးထောက်ခံကြတဲ့ ပြည်သူများ ကိုယ်စား ကိုသစ်ထူးလွင်အား အထူးကျေးဇူးတင် လေးစား ဂုဏ်ယူပါကြောင်း ပြောချင်ပါတယ်။

Anonymous said...

အမေစုခင်ဗျား
အတိုင်းအဆ မ၇ှိ မြန်မာ ပြည်သူတစ်၇ပ်လုံး ၀မ်းသာနေ ကြပါတယ်။
အမေ ကျမ်းမာရေး ဂရုစိုက်ပါ
မျိုးသစ်၈၈၈၈

ဧနဒီ said...

အမေရေ..... အဲဒါတွေကြောင့်အမေ့ကိုကြည်ညိုတာပါဗျာ။

pyaponthu said...

သစ်ထူးလွင်ဆိုဒ် ကတော့ ရှယ်ဘဲ up date news။ပြည်သူတွေ ကို မျက်စိဖွင့်ပေးထားတဲ့ဆိုဒ်။thanks alot

ရ္မေခွပ်ဒေါင်း said...

အမေစု ကို အရမ်းလေးစားပါတယ်...

Anonymous said...

အမေဒေါ်စုသည် ရှေ့နောက်ဆင်ခြင်တွေးတောနိုင်သောအစွမ်းနှင့်ပြည့်စုံပါပေသည်။ လက်ရှိပြည်သူလူထုတွေပျော်ရွှင်နေသည်ကိုလည်းသိသည်။
ပြည်သူလူထုပျော်ရွှင်နေသည့်အတိုင်း အမေဒေါ်စုလည်း ပျော်ရွှင်နေမည်မှာ
ကျွန်တော်တို့အားလုံးခန့်မှန်းမိပါသည်။
သို့သော် မိမိတို့ပြည်သူလူထုပျော်ရွှင်နေမှုသည် တဖက်သားရှုံးနိမ့်မှု အတွက်
အငြိုးအတေး အာဂါတ မရှိစေရန် ရှေ့ လုပ်ဆောင်ရမည့် အနာဂတ်များ
ကျွန်တော်တို့ထက် အဆပေါင်းမရေမတွက်နိုင်အောင် စဉ်းစားတွေးခေါ်နိုင်စွမ်း
ရှိပါဘိသည် အို အမေဒေါ်စု အောင်နိုင်ပြီ....အမေဒေါ်စုပြန်လာပြီ...

sithuhtut said...

NLD ပါဝင် ယှဉ်ပြိုင်ရွေးချယ်ခံ ခဲ့တဲမြို.နယ်တိုင်းလိုလို မဲအသာများဖြင့်အောင်နိုင်ခဲ့သောကြောင့် အတိုင်းအဆမရှိ ၀မ်းသာပီတိဖြစ်ရပါတယ်...တစ်ဖက်ကိုလည်း အနိုင်ကျင့်လွန်းတာတွေ တွေ့နေ/မြင်နေ/ကြာနေရတော့ ရှုတ်ချခြင်တာအမှန်ပါဘဲ....ဒါပေမဲ့လို့ ပညာအမျော်အမြင်ကြီးလှသော အမေ့ ရဲ့ ပန်ကြားချက်သည် လုံလောက်သည်ဟု ယုံကြည်သောကြောင့် မည်ကဲ့သို့သော ပြစ်တင်ဝေဖန်ရှုတ်ချမှူ့မျိုးကိုမှ မပြုလုပ်ကြပါ၇န် ပြည်သူတစ်ယောက်အနေဖြင့် တိုက်တွန်းခြင်ပါသည်........အချိန်နှင့် တစ်ပြေညီ သတင်းများကို အဆက်မပြတ် တင်ပေးနေသော ကိုသစ်ကြီးအား အထူးပင် ကျေးဇူးတင်ရှိပါသည်....

မြန်မာ့မြေ said...

မေစု နှင့် ကိုယ်စားလှယ်လောင်းများ ကျန်းမာကြပါစေ
မနက် (၆း၀၀)နာရီ လောက်ကတည်းက ထပြီး ရင်ခုန်နေရတာ
အခုမှပဲ စိတ်ချမ်းသာသွားတော့တယ် ဗျာ

လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီ နိုင်ငံတော်ကို မေစု နှင့် ကိုယ်စားလှယ်များ အတူတကွဖော်ဆောင်နိုင်ပါစေ

ဖီးလာသူ said...

တို့အမေက
အရာရာ နှစ်ဖက်မြင်တတ်တယ်
ကျေးဇူးပါအမေ...

Speedcomputer said...

ကျွန်တော်အရမ်းအပျော်ဆုံးနေ့နှစ်ရက်ရှိတယ်
မြစ်ဆုံစီမံကိန်းရပ်လိုက်တယ်နေ့ရယ်၊ NLD မဲအောင်တဲ့နေ့ရယ်

thihathuya said...

ပညာရှိပီသပါပေ့အမေရယ်..မြင့်မြတ်တဲ့စိတ်ထားအပေါ်အမြဲကြည်ညိုနေပါ့မယ်...

Powered by Blogger.