မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး

ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI

မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။

ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင် ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးပေ။

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။ ။


Yangon Press International
မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး Reviewed by သစ်ထူးလွင် on 22:40 Rating: 5

14 comments:

SHEIN said...

အကြမ်:ဖက်လုပ်ရပ်အာ: ရှုက်ချပါသည်။။။။။။။.

Beggar said...

ခ လ ရ ၃၇ - အလွန် နန်းကွေ့ အနီး လို့ နောက်ဆုံး ဖုံးသတင်း ရရှိပါတယ်။

Unknown said...

မြစ်ကြီးနား ပေါက်ကွဲမှု သတင်းနောက်ဆက်တွဲ၊

ဧပြီ ၁၄ ရက်၊ ည ၁၀နာရီ ၅၀ မိနစ်၊ ၂၀၁၂ ခုနှစ်-ဆိုင်းဆွတ်

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှာ မြို့သစ်ကြီး ရပ်ကွက်အနီး မနောမြေ မဏ္ဍပ် ဖြစ်သည်ဟု နောက်ပိုင်း ၀င်ရောက်လာသည့် သတင်းများအရ သိရှိရသည်။
မနောမြေ မဏ္ဍပ်မှာ ဦးဇခုန်တိန့်ယိန်းက ဦးစီး တည်ဆောက်သည့် မဏ္ဍပ်ဖြစ်သည်ဟု သိရသည်။
မြစ်ကြီးနားမြို့ ဆေးရုံသို့ ဆက်သွယ်မေးမြန်းချက်အရ ဒဏ်ရာရသူ တဦးမျှ ရောက်ရှိလာခြင်း မရှိဟုလည်း သိရသည်။ Yangon Press International (မြစ်ကြီးနား ရဲစခန်းနှင့် ဆေးရုံတို့မှ မဟုတ်ကြောင်း ငြင်းဆိုထားသည်)

kothantun said...

အရင်စစ်အစိုးရလက်ထက်မှာတုန်းက ဗုံးဖေါက်တဲ့တရားခံစစ်ကို သိရှိပါလျှက်နဲ့ လွှတ်ထားပေးပြီး မဟုတ်တဲ့သူတွေကို သက်သေအခထောက်အထားမရှိပဲ မတရားသက်သတွေနဲ့ လုပ်ကြံဖန်းဆီးခဲ့ပြီးပြီ အခုလဲလာပြန်ပြီ ဒီတကြိမ်မှာတော့ သင်္ကြန်မဏဌပ်မှာ ဗုံးဖေါက်တာချင်းအတူတူ အစိုးရကတော့မတူတော့ဘူး ကဲအဲဒီတော့ လက်ရှိအစိုးရအနေနဲ့ တရားခံစစ်စစ်ကို ရအောင်ဖေါ်ထုတ်ပေးမှာလား ဒါမှဟုတ်ရင် အရင်အစိုးရ ဖြေရှင်းတဲ့နည်းအတိုင်းဘဲ လုပ်မှာလာဆိုတာ စောင့်ကြည့်ကြရအောင်

Richard said...

စပြီထင်တယ် အစိုးရတပ်က KIA စခန်းကိုတိုက်တယ် သင်္ကြန်မဏ္ဍာပ်မှာ
ဗုံးပေါက်တယ် စစ်သံသရာဆက်လည်ကြဦးမှာလား ပြည်သူကို ဘယ်သူချစ်သလဲ မဟောသဓာဇာတ်ထဲက သားလုခန်းမှာတော့
တစ်ဖက်ကမိခင်ပါတယ် အခုတော့နှစ်ဖက်စလုံး ဘီလူးတွေများဖြစ်နေသလား

ကိုယ်တော်ချော said...

ကြွက်မနိုင် ကျီ မီးနဲ့ရှို့တော့ မလုပ်ကြပါနဲ့ဗျာ ကိုယ့်ဟာကိုယ်မကျေနပ်ရင် မကျေနပ်တဲ့သူကိုလုပ်ကြပါ တို့ပြည်သူတွေ ဘာမှမသိပါဘူးကွယ် တစ်နှစ်တစ်ခါ ဒီသင်္ကြန်ပွဲလေးကိုတော့ မဖျက် ဆီးကြပါနဲ့နော် တောင်းပန်ပါတယ် တောင်းပန်ပါတယ်

fucker135 said...

မိုက်ရိုင်းကြပြန်ပြီကွာ
ဆုတောင်းပါတယ် ထိခိုက်မှုနည်းပါစေ

Bravo said...

စစ်နဲ့ ငြိမ်းချမ်းရေး လဲယူနိုင်ကြပါစေ။
ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ခြင်းတူတူ ကချင်နဲ့ မြန်မာ တူယှဉ်လက်တွဲနိုင်ပါစေ။

ဘကြီးမောင် said...

ပေါက်နေကြ...ပေါက်နေကြ...မြန်မာပြည်မှာ သင်္ကြန်ဆို ဗုံးကပေါက်နေကြ...ဗုံးပေါက်တာကိုမစိုးရိမ်နဲ့ ဘာမှမဖြစ်ဘူး..သူတို့ သောက်မြင်ကပ်တဲ့ သူတွေကို ဖမ်းချင်လို့လုပ်တာ.....

tkm said...

အင်းဟုတ်ချင်တော့ဘူး
ဒီကောင်တွေတော့
မလုပ်သင့်တာတွေ
ကြားထဲက ပြည်သူတွေနာတယ်နော်

tat said...

သတင်းတိတိကျကျ နဲ့ သေကြေပျက်စီးမှု.ထိခိုက်ဒဏ်ရာ ရရှိမှု့ စာရင်း သိ
ချင်ပါတယ်။ တစ်ခါတလေကြတော့ လည်း ပျော်ရွှင်နေတဲ့လူထုကို စိတ်အ
နှောက်အယှက်ပေးတာလဲ ဖြစ်တတ်ပါတယ်။

kyaw said...

အစိုးရနဲ့မွန်ပြည်သစ်ပါတီ စကားများတော့ မွန်ပြည်နယ်မှာ ဗုံးကွဲတယ်။ KNU နဲ့ အစိုးရတိုက်ပွဲဖြစ်တော့ ဖြူး၊တောင်ငူ၊ကျောက်ကြီးမှာ ဗုံးကွဲတယ်၊DKBA နဲ့အစိုးရ တိုက်ပွဲဖြစ်တော့ မြဝတီမှာ ဗုံးကွဲတယ်၊KIO နဲ့ အစိုးရ တိုက်ပွဲဖြစ်တော့ မြစ်ကြီးနားမှာ ဗုံးကွဲတယ် ဘယ်သူတွေဗုံးခွဲတယ်ဆိုတာ အဖြေက ရှင်းပြီးနော်။ပြီးခဲ့တဲ့ လပိုင်းကတောင် DKBA ကို KNU က ဗုံးခွဲလုပ်ကြံတာကို DKBA က သက်သေအထောက်အထားနဲ့ ရှင်းပြတာကို KNU က ဘူးခံပြီးငြင်းခဲ့သေးတယ်။ထုံးစံအတိုင်း KIO က ကျွန်တော်၊ကျမတို့မလုပ်ပါဘူး ဆိုတာကို ငြင်းကြမယ်။

lwannaymie said...

မင်းတို့အချင်းချင်းမတည့်ရင်သတ္တိရှိရှိဆော်ကြလေကွာ...ပြည်သူမှာ ဘာအပြစ်ရှိလိုလဲ။ သင်္ကြန်ကိုအရမ်းချစ်ပါတယ်...ဒါပေမဲ့လည်ခြင်စိတ်ကို...တကယ်မရှိဘူး အချောင်သေမှာဆိုလို့...။

Htun Min Zaw said...

စိတ်မပူနဲ့ အဲဒါသင်္ကြန်ဗုံး ဗုံးပေါက်တယ်ဆိုတဲ့ အသံမြည်မယ် ဘာမှတော့ ထိခိုက်မှာ မဟုတ်ဘူး။ သင်္ကြန်အမြှောက်တွေ ပုံပြောင်းဖောက်တာ..

Powered by Blogger.