စာမတတ်သူလင်မယား မဲပေးမည့်ကိစ္စအား ရိုင်းစိုင်းစွာ တားမြစ်သည့် ရာအိမ်မှူးအား မြို့နယ်တရားလွှတ်တော် သို့တိုင်ပြီ
ကျေးလက်က ဆင်းရဲသားတချို့ ရဲ့ နားခိုးရာပါ |
မတ်(၃၁)ရက်နေ့က ရွာသစ်တိုက်နယ၊် စပါးထားကျေးရွာ တွင် စာမတတ်သူ ကိုဖိုးသက်ရှည် နှင့် မမြင့် ကြည် တို့လင်မယားနှစ်ဦးမဲပေးမည့်ကိစ္စကို မေးမြန်းပြီး ရိုင်းစိုင်းစွာပြောဆို တားမြစ်ခဲ့သော ရာအိမ်မှူး ဦးပိုးတုတ်အား အရေးယူပေးပါရန် အဆိုပါ လင်မယားက မြို့နယ်တရားလွှတ်တော်သို့ ဦးတိုက် တိုင်ကြားလိုက်ကြောင်းသိရှိ ရသည်။
“ ကျနော်တို့လင်မယားက စာကို ရေးလည်းမရေးတတ် ဖတ်လည်းမဖတ်တတ်ဘူး ကြုံရာလုပ်ပြီးထမင်း စားနေရတာ၊ အဲဒီနေ့က မနက်ကိုးနာရီခွဲ လောက်မှာ သူ(ရာအိမ်မှူး) ရောက်လာပြီး နင်တို့ဘယ်သူ့ကိုမဲပေး မှာလည်းလာမေးတော့ မိန်းမက ကျမကြားဘူးတာ ဒေါ်စုဆိုတော့ သူ့ကိုပဲမဲပေးမယ် ပြောလိုက်တာနဲ့ အရမ်း စိတ်ဆိုးသွားပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတော့တာပဲ” ဟုကိုဖိုးသက်ရှည် ကရှင်းပြသည်။
ထိုနောက် ရာအိမ်မှူးဦးပိုးတုတ်က ဒါဆိုနင်တို့ ငါ့ရွာမှာမနေနဲ့ အိမ်တိုင်ချွတ်ပြီး တခါတည်းပြောင်း၊ ကရင်ရွာမှာ သောက်ဗမာမက သောက်ကြောလာရှည်နေတယ် ဟုခြိမ်းခြောက်ဆဲဆိုခဲ့ကြောင်း အဆိုပါလင်မယားက ပြောပြသည်။
စပါးထားကျေးရွာတွင် နေထိုင်သူတစ်ဦးကတော့ “ကျမတိုလည်းအဲဒီအချိန် ဆူဆူညံညံအသံတွေကြား လို့လှမ်းကြည့်တော့ သူတို့လင်မယားက အိမ်ထဲမှာ ဦးပိုးတုတ်က သူတို့ကို အိမ်ရှေ့ကနေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲနေတာတွေ့တယ်” ဟုပြောသည်။
ဧပြီလ (၁) ရက်နေ့ကလည်း မဲရုံများ၏ အနီးအနားတစ်ဝိုက်တွင် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ် များက မဲလာရောက်ပေးသည့် ကရင်လူမျိုးများအား ခြိမ်းခြောက်မှုများ မဲဆွယ်မှုများ ပြုလုပ်ခဲ့ကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရှိရသည်။
ထိုကဲ့သို့တိုင်ကြားခဲ့မှုအပေါ် ပုသိမ်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ “ဒီလိုကိစ္စတွေ ကြားရတာ အရမ်းစိတ်မကောင်းစရာပဲ၊ ဆင်းရဲပြီး အသိပညာ ချို့တဲ့နေတဲ့ ရွာတွေမှာ နေထိုင်သူတွေကို ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓါတ်ရှိပြီးသား ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေက ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်နေတာတွေ ကို ဥပဒေစိုးမိုးမှုရှိအောင် ထိထိရောက်ရောက်ဆောင်ရွက်ပေးသင့်တယ်” ဟု ပြောပြသည်။
စပါးထားကျေးရွာ သည် ပုသိမ်၏အနောက်ဘက် (၁၂) မိုင်ခန့် အကွာတွင်တည်ရှိသောရွာလေး တစ်ရွာဖြစ်ပြီး ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်အတွင်း မဲရုံ (၂၀၂)ရုံရှိသည့်အနက် NLD ပါတီ ရှုံးနိမ့်ခဲ့သည့် မဲရုံအနည်းငယ်ထဲတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း NLD မြို့နယ်အောင်နိုင်ရေးရုံး မှ မဲစာရင်းများအရသိရှိရသည်။ ။
Yangon Press International
စာမတတ်သူလင်မယား မဲပေးမည့်ကိစ္စအား ရိုင်းစိုင်းစွာ တားမြစ်သည့် ရာအိမ်မှူးအား မြို့နယ်တရားလွှတ်တော် သို့တိုင်ပြီ
Reviewed by သစ်ထူးလွင်
on
17:35
Rating:
10 comments:
တွတ်ပီလည်းစာမတတ်ဘူး.. ဒါပေမဲ့ အုံးနောက်ရှိတယ်..စဉ်းစားတတ်တယ်
ချစ်တတ်တယ်..ဒီတော့ခွပ်ခေါင်းကို ချစ်ခဲ့တယ်..ရင်ထဲကလည်းချစ်တယ်
လက်ဖျားလေးနဲ့ လည်းခြစ်တယ်..
လူမျိုးခွဲခြားတဲ့ကရင်ပိုးတုတ်ရယ်....ဖွတ်ဘဲဖြစ်မှာဘဲ
ကောင်းတယ်ဗျို့။တရားဥပဒေစိုးမိုးရေး ဒို့အရေး...။
အဲဒါ နိုင်ငံကြီးသားတွေလေ နိုင်ငံကြီးသားပီသရမပေါ့နော် ။။
တခါက သာသနာငါးထောင် ဟုတ်မဟုတ်ငြင်းသော ဥပုသ်သည်နှစ်ဦးကို ဘုန်းကြီးမှ မှန်သူ အရင်ရိုက်ခံရ သကဲံ့သို့ ။။ အရုးမ မှန်တာပြောရင် သြူံကီးက ရိုက်သတဲ့ အဲဒိလိုဖြစ်နေပါပီလား
နိုင်ငံကြီးသားရယ်
ဟာဗျာ...
ဘယ်သူ့ ကို အပြစ်ပြောရမလဲ အခုအချိန်မှာ ဘယ်သူ့ ဘယ်သူ့ ကိုမှအပြစ်မတင်ဘဲ ကိုယ့်မြန်မာတိုင်းရင်းသားတွေ အားလုံးစည်းလုံးသင့်ပြီထင်တယ် ကြံခိုင်ရေးလဲ ပြည်သူပါဘဲ NLDလဲ ပြည်သူပါဘဲ စည်းလုံးညီညွှတ်စွာနဲ့  တိုင်းပြည်တိုးတက်ရေးကို လုပ်သင့်ပါပြီ လိုအပ်ချက်ဆိုတာတော့ လူတိုင်းရှိမှာပါ အပြစ်တွေကို လက်ညှိုးထိုးနေမဲ့အစား အားလုံးစည်းလုံးပြီး တိုးတက်ရေးကို အာရုံစိုက်ကြပါ
ဖြေရှင်းရမဲ့ပြသာနာတွေ ဗမာပြည်မှာအများကြီးပါ ရန်ဖြစ်နေတာတွေရပ်ကြပါတော့ မစ္စစ်ကလင်တန်တောင် ဗမာပြည်ကို အပြေးလာတာ ကျွန်တော်တို့ တိုင်းပြည်မှာဘယ်လိုအန္တရယ်ကြုံနေတယ်ဆိုတာသိအောင်လုပ်ကြပါအုံး ရေးကြပါအုံး သတင်းတွေတင်ကြပါအုံး
ကျေးရွာအုပ်ချုပ်သူတွေကိုလည်း သေချာသင်ကြားထားပေးသင့်ပါတယ်..
တစ်ကမ္ဘာလုံးက ၀ိုင်းတားနေလဲ၊မိုက်မြဲ၊ပေမြဲလုပ်နေတဲ့ ငါတို့နိုင်ငံက လူကြီးတွေ အချိန်လဲ စီး သင့်ပါပြီ။ လုပ်ချင်တာလုပ်မယ်ဆိုပြီး မြန်မာနိုင်ငံမှာ ဖွားပြီး လူမျိုးခွဲခြားတဲ့ကရင်ပိုးတုတ် မြန်မာလူမျိုးတစ်မျိုးသားလုံးကို မလေးစားတာ အလွန် ခံပြင်းတယ်ကွာ။
အဲဒီဆယ်အိမ်မှူး ရာအိမ်မှူး ဥကဌ ဆိုတာတွေက န၀တ လက်ထက်ကတည်းက အဆင့်ဆင့် အရေခွံပြောင်းပြီး ရပ်ကွက်ထဲမှာစွာကျယ်ကျယ် နဲ့ အချောင်လုပ်စားလာတဲ့သူတွေများပါတယ်.
ကျန်လူတွေက လက်ရှိအစိုးရကို ခံစားလို့မရတော့ အဲဒီလို အပေါစားအလုပ်တွေမလုပ်ချင် ကြပါဘူး.
ကြံဖွတ်ပါဖြစ်နေတော့ အာဏာလေးကပါသုံးချင်သေး .
ရှိပါဗျာ. ကျုပ်တိုရပ်ကွက်မှာ တရားသူကြီးအိမ် ဧည်သည်ညအိပ်လာလို့
ဆိုက်ကားဆရာ ရာအိမ်မှူးက ဧည့်စားရင်းတိုင်ဘို့ လာဟောက်ပါတယ်ဆို.
ဟေ့ရောင်...မင်းကရာအိမ်မှူးလုပ်ပြီး...ဘယ်လောက်များတော်နေတတ်နေ...လို့ လဲ....ဝါးလုံးခေါင်းထဲလသာမနေနဲ့ ကွ....မင်းကြောင့်တို့ တွေ..သိက္ခာကျတယ်.....ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးအပုပ်မခံနိုင်ဘူး..................................................
ပုပ်တဲ့ငါးခုံးမကို..မြေမြှုပ်ပစ်မယ်.သတိထား
Post a Comment