ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့်လယ်မကျေးရွာသို့ ကူညီထောက်ပံ့မှုများဆက်လက်ရောက်ရှိလာခြင်း

ယနေ့(၉-၄-၂၀၁၂) တနင်္လာနေ့တွင် ပြင်ဦးလွင်မြို့ သန္တိသုခ
လူမှုကူညီရေးအသင်းနှင့် ပညာ့ရောင်ခြည့် ပညာရေးကူညီထောက်ပံ့မှုအဖွဲ့မှ
တာဝန်ရှိသူများလိုက်ပါလျှက် အလှူရှင်တစ်စုတို့သည် လေဘေးဒဏ်ခံရသည့်
လယ်မကျေးရွာသို့သွားရောက်၍ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြပါသည်။ 


သန္တိသုခလူမှုကူညီရေးအသင်းမှ လေဘေးဒဏ်ခံရသည့် ရွာသူ/သားများအတွက် ဆန်(၁၀)အိတ်
ထောက်ပံ့ကူညီပေးခဲ့ပြီး သီးခြားအလှူရှင်များမှ
အလှူငွေ(၄၀၀၀၀၀ိ/)ကျပ်နှင့် မိုးကာဖျင်စများလှူဒါန်းပေးအပ်
ခဲ့ပါသည်။
 
လေဘေးသင့် ရွာသူ/သားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် လှူဒါန်းထောက်ပံ့လိုသူများ
အောက်ပါအတိုင်းဆက်သွယ်လှူဒါန်းန
ိုင်ပါသည်။
 
(က) သန္တိသုခ လူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်မြို့(ဖုန်း- ၀၈၅-၂၈၀၄၆)
(ခ)  ပညာ့ရောင်ခြည် ပညာရေးကူညီထောက်ပံ့မှုအဖွဲ့ (ဖုန်း-၀၉၂၀-၄၄၂၉၃၊ ၀၉၅၀-၁၂၄၈၅)


Myanmar News Now
ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့်လယ်မကျေးရွာသို့ ကူညီထောက်ပံ့မှုများဆက်လက်ရောက်ရှိလာခြင်း ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့်လယ်မကျေးရွာသို့    ကူညီထောက်ပံ့မှုများဆက်လက်ရောက်ရှိလာခြင်း Reviewed by သစ်ထူးလွင် on 05:18 Rating: 5

4 comments:

The Nature Myanmar said...

ကူညီတာကို လေးစားပါတယ်...အားပေးပါတယ်...
နာဂစ်နမူနာတွေကိုတော့ သင်ခန်းစာယူရမယ်...
အားလုံးကို မဆိုလိုပါဘူး ခင်ဗျာ...
ကျနော့် အတွေ့အကြုံအရ ကူညီကယ်ဆယ်ရေး၊ လူမှုဖွံ့ဖြိုးရေးလုပ်သူများဟာ
တဖြည်းဖြည်း ကိုယ့်ကိုကိုယ် ကယ်တင်ရှင်ရုပ် ဖမ်းလာကြတယ်...
ကျုပ်တို့နိုင်ငံ အဲဒီရောဂါပွားလာမှာ သိပ်စိုးရိမ်မိလို့...

တြိရတနာ said...

သာဓု သာဓု သာဓု ပါခင်ဗျား။ ကျွန်တော်ကတော့ ဒီလဝက် နဲ့ လကုန်တွေမှာ ဝင်းကုန်းကျေးရွာအတွက် အဆောင်မှာလိုက်အလှူခံလိုက်ပါအုံးမယ်။ဒီဖြစ်စဉ်မှာ ကိုမလှူ မကူနှိုင်ပေမဲ့ လှူနှိုင်သူတွေ ကူနှိုင်သူတွေကို လေးစားပါတယ်။

lwannaymie said...

လေးစားတယ်။ သာဓု...သာဓု....သာဓု။

pyaponthu said...

ဘာဘဲ ဖြစ်ဖြစ် ကူညီတာကို ကျေးဇူးတင်ရမယ်။အစိုးရ ကမှ ဖိဖိစီးစီးမလုပ်နိုင်တာကို NGO တွေက တဘက်တလမ်းကူညီတာ ကောင်းပါတယ်။

Powered by Blogger.