ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၁)

သုံးခွမြို့နယ်တွင် ယနေ့ညနေ ၇နာရီခွဲအချိန်အထိ မဲရေတွက်နေမှုအရ ကျေးရွာပေါင်း ၆၂ ရွာတွင် NLD ပါတီက ၂၁၂၃၃ မဲ၊ USDP က ၈၀၁၉၊ NDF က ၆၂၈၊ လူ့ဘောင်သစ်ပါတီက ၃၇၄ မဲ ရရှိနေကြောင်း သတင်းရရှိသည်။
--------------------------------------
ရန်ကုန်တိုင်း (၆) နေရာ၊ နေပြည်တော် (၄) နေရာ၊ ၀ါးခယ်မ ၊ မြောင်းမြ ၊တောင်ငှု၊ လောင်းလုံ၊ ရေဦး ၊မင်းကင်း၊ မကွေး၊မြို့နယ် များတွင် NLD ပါတီမှ အများစု အနိုင်ရရှိကြောင်း ယင်းမြို့နယ်များ ရှိ ရွေးကောက် ပွဲအောင်နိုင်ရေး အဖွဲ့များသို့ ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။
----------------------------------------
နေပြည်တော်ကောင်စီနယ်မြေတွင် NLD ပါတီမှဝင်ရောက် ယှဉ်ပြိုင်သော ကိုယ်စားလှယ် ၄ ဦးစလုံး မြို့နယ် ၄ မြို့နယ် တွင် အနိုင်ရရှိ သွားပြီဖြစ်ကြောင်း နေပြည်တော်၏ NLD အသိုက်အ၀န်းမှသတင်းပေး ပို့ခဲ့သည်။
---------------------------------------
 မရမ်းကုန်း မြို့နယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မေ၀င်းမြင့် ရရှိသည့် မဲအရေအတွက် များနေသည့်အတွက် မိမိအနေဖြင့် စိတ်ပျက် မိကြောင်း တကယ်တမ်း မိမိ ရှုံးနိမ့်ခဲ့မည်ဆိုပါက ယင်းအရှုံးပေါ် မည်သို့မျှ မပြောလိုပါကြောင်းမရမ်းကုန်းမြိ
ု့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်း ဦးရဲထွဋ်က ယနေ့ည ၇နာရီင်္ ၁၅မိနစ်တွင် ပေါ်ပြူလာနယူးစ်
၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုအား ဖြေကြားသည်။
---------------------------------
 "ပဲခူးတိုင်းဒေသကြီးမှာလည်း NLD ပါတီက အများစုအနိုင်ရ"

ပဲခူးမြို့နယ် သနပ်ပင်ကျေးရွာ အထက်ကြုံပါ ရွာမဲရုံတွင် NLD ပါတီက ၄၀၀ မဲ၊ တစညပါတီက ၁၀၀မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၁၀၀ မဲ၊ပယ်မဲ ၄၀ ရှိကြောင်း၊ ကံကုန်းကျေးရွာတွင် NLD ပါတီက ၂၃၉ မဲ၊ တစညပါတီက ၂၄မဲ၊ ပြည်ခိုင် ဖြိုးပါတီက ၆၂မဲ၊ ပယ်မဲ ၃၇ မဲရှိကြောင်း၊ ငါးရှဥ့်ပိုင်းကျေးရွာတွင် NLD ပါတီက ၆၄၃ မဲ၊ တစည ပါတီက ၁၅ မဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၆၁ မဲ၊ ပယ်မဲ ၃၇ မဲရှိကြောင်း၊ အောက်စုကျေးရွာတွင် NLD ပါတီက ၅၂၉ မဲ၊ တစည ပါတီက ၇မဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၁၁၂ မဲ၊ ပယ်မဲ ၄၁ မဲရှိကြောင်း၊ နတ်ရေ ကန် ကျေးရွာတွင် NLD ပါတီက ၈၇၆မဲ၊ တစညပါတီက မဲမ ရရှိ၊ ပြည်ခိုင်ဖြိုး ပါတီက ၁၂၆ မဲ ၊ ပယ်မဲ ၄၄ မဲရှိကြောင်း၊ သနပ်ပင် မြို့နယ် ဘူတာရပ်ကွက် တွင် NLD ပါတီက၅၄၇မဲ၊ တစညပါတီက ၂၄မဲ၊ ပြည်ခိုင်ဖြိုး ပါတီက ၁၅၀မဲ၊ ပယ်မဲ ၃၇မဲ၊ ဖရဲကျေးရွာတွင် NLD ပါတီက ၆၆၈မဲ၊ တစညပါတီက ၄၅မဲ ၊ပြည်ခိုင်ဖြိုးပါတီက ၁၄၈မဲ၊ပယ်မဲ ၁၄၂ မဲရှိကြောင်း၊ ဖောင်မင်းကျေး ရွာတွင် NLD ပါတီက ၃၉၂ မဲ၊ တစညပါတီက ၅၀မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၉မဲ၊ ပယ်မဲ ၅၂ မဲရှိကြောင်း၊ ပြွန်ပေါက်ကျေးရွာ တွင် NLD ပါတီက၂၁၃ မဲ၊ တစည ပါတီက ၁၂ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၂၆၉မဲ ၊ပယ်မဲ ၆၉မဲရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မဲရုံ ၈၉ နေရာ တွင် ၅၇ နေရာ NLD ပါတီက အနိုင်ရရှိလျှက်ရှိကြောင်း သိရသည်။
မန်း မဟာအောင်မြေမြို့ နယ် အောင်နိုင်ရေးရုံးခန်းရှေ့ ရှိ ခွပ်ဒေါင်း ရုပ် နှင့် အတူ အောင်ပွဲခံနေကြ သည့် မန်းမြိုလူထု
Popular Myanmar News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၁) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၁) Reviewed by သစ်ထူးလွင် on 21:03 Rating: 5

15 comments:

ကျော်ထိုက် said...

ပျော်တယ်ဟေ့.....ပျော်တယ်ဟေ့......ငါ တို့ နိုင်ငံ နောက် ဆို ရင် တကယ် တိုးတက်တော့မှာ....ပျော်တယ် အမေေ၇...ပျော် တယ်အမေရဲ့.....နေပြည်တော် မှာ အကုန်နိုင်တဲ့အတွက် အပျော်ဆုံးပဲ....

shwebochokyi said...

မန်းသား/မန်းသူတွေနဲ့ ထပ်တူပျော်တယ်ဗျာ.....
ဝမ်လဲသာတယ်..ကိုသစ်ကိုလဲကျေးဇူးတင်ပါတယ်
အချိန်နဲ့ အမျှစောင့် မျှော်ဖတ်နေပါတယ်

Min Thit Sar said...

မဟာအောင်မြေကတော့ တကယ့်ကို မဟာ့ မဟာ အောင်မြေပါပဲဗျာ။ တာဝန်ကျေတဲ့ ပြည်သူတွေကို လေးစားဂုဏ်ယူပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး ဖွံဖြိုး တိုးတက် သာယာ စည်ပင် ၀ပြော ပါစေ။ တနိုင်ငံလုံးရှိ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ပိုမို ခိုင်မာမြဲမြံပြီး အဓွန့်ရှည်ကြာတည်တန့် ပါစေ။

khantkoko said...

Hi သစ်ထူးလွင်
Thank for your great effort and spending your valuable time to post all the latest polling news.
Great pleasure to view all these posts.

Cheer.

myo kyaw said...

Ko Thit,Thank you so much for your post.

Myanmar said...

အလွှဲလွှဲအမှားမှားတွေကြားထဲက အခုလို ချောချောမောမောပီးဆုံးသလောက်၇ှိသွားတဲ့အတွက် အ၇မ်းဝမ်းသာ၇ပါတယ်။ အေ၇းမပါတဲ့ မဲအတွက် ကြံ့ဖွတ်များ စိတ်ပျက်စ၇ာမ၇ှိပါ။ နိုင်ငံတကာကို မျက်နှာပြဘို့ကောင်းသွားတာပေါ့။ နှစ်ဦးနှစ်ဘက် အကျိုး၇ှိပါတယ်။ ။

George said...

This is a very good news! We all are happy! Thanks to all the citizens who fulfill their responsibilities the best for changing of Myanmar! And thanks for the updated news too!

tarya said...

ကော့မှူးနဲ.့နေပြည်တော်မှာနိုင်တာအပျော်ဆုံးဘဲ။ဒါပေမဲ့အမေစုပြောသလိုဘဲကိုယ်ပျော်တာသူများအတွက်အနှောက်အရှက်မဖြစ်စေချင်ပါ။

ရ္မေခွပ်ဒေါင်း said...

ြNLD ဘဲ နိုင်မယ်ဆိုတာသိပြီးသားပါ .....ဖြစ်ကို ဖြစ်သင့်ပါတယ်......

Gyittoo said...

ပြည်သူတွေရဲ့ တစ်ကယ့်ဆန္ဒကိုသိသွားကြပြီပေါ့။ မင်းတို့ဘာလုပ်ချင်ကြသေးလဲ...။ 2015 အတွက်ပါကြိုတင်မဲ ပေးရဦးမလား..။ ဟားဟားဟား။။။။ ပျောက်လိုက်တာ အတိုင်းမသိပဲ။

tarya said...

နေပြည်တော်နေရာအားလုံးမှာနိင်လိုက်တာအပျော်ဆုံးဘဲဟေ့။ဒါပေမဲ့အမေစုပြောသလိုကိုယ်ပျော်တာသူများအတွက်အနှောက်အရှက်မဖြစ်စေနဲ.့။

Shwe Mg said...

ဒီညက ဘ၀မှာအပျော်ဆုံးနေ့တွေထဲက တစ်ရက်ပဲ....ပြည်သူတွေဘ၀တွေ အမြဲတမ်း ပျော်ရွှင်နေရအောင် စွမ်းဆောင်ပေးပါအုံး...အမေ..........

Tony said...

ပျော်လိုက်တာဗျာ...ဖော်ပြမတတ်နိုင်အောင်ပဲ

Han Gyi said...

သိတယ်ဟုတ် အကုန်လုံးကရင်ဘက်ထဲကလာတဲ့ နှလုံးသားမှတ်တမ်းတွေပေါ့.... အရမ်းပျော်တယ်ဗျာ။ သတင်းတွေဖတ် မျက်ရည်တွေဝေ အရမ်းကိုပြန်ချင်လှပြီ တက်နိုင်သလောက်မြန်မာပြည်ကို အမြန်ဆုံးအပြီးပြန်နိုင်အောင်ကြိုးစားမယ်။ ဒို့ဦးနှောက်တွေကို ဒိုနိုင်ငံအတွက်ဘဲဖြစ်ရမယ်။ အဝေးရောက်ရွှေမြန်မာအားလုံးလဲကျွန်တော်လိုဘဲခံစားချက်ရှိမယ်လို့ထင်ပါတယ်။

la min nge said...

ဟုတ်ပါတယ်ဒီလိုနေ့မျိုးကတော့အပျော်ဆုံးနေ့တွေထဲက အမှတ်တရ နံပတ်၁နေရာမှာထားရမယ့်နေမျိုးလေးပါ အမေ သမီးလည်း အမေ့ကိုလေးစားရင်း အမေရဲ့အဖွဲ့ကြီးမှာတာဝန်ထမ်းဆောင်နိုင်အောင် ကြိုးစားနေပါတယ် အမေ

Powered by Blogger.