ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ

ရန်ကုန်၊ ဧပြီ- ၂၀
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
 ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။ 

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား "အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်" ဆိုသည့်စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။ 

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျွန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်" ကိုယ်တိုင်သွားရောက်ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။ 

ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
 7Day News Journal
ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ Reviewed by သစ်ထူးလွင် on 17:12 Rating: 5

14 comments:

realism said...

ခင်ဗျားတို့လုပ်တာနဲ့နောက်ပြန်လှည့်တော့မယ်.......

Toe Toe said...

အပျက်အပျက်နဲ့ နှခေါင်းသွေးထွက်တော့မယ်ထင်တယ်။ကြည့်လုပ်ကြပါအုံး၊
လျော့သင့်တာလျော့ပေးကြပါအုံး။တောင်းဆိုသူကလဲနောင်ဒီစကားနဲ့ပြန်ချုပ်မှာ
စိုးရိမ်နေရတော့တောင်းမှာပါဘဲ။တိုင်းပြည်နဲ့လူမျိုးမျက်နှာထောက်ပြီးလုပ်သင့်
တာလုပ်ပေးကြပါ၊ဂျပန်ကတော့စပြီးအကြွေးလျော့ပေးနေပြီ။

ကျော်အေးမြင့် said...

သူတို့ဖက်ကလုပ်ပေးရမဲ့သဘောတူညီပြီးသားအချက်တွေကိုမလုပ်ပေးဘဲနဲ့တော့ လွတ်တော်ကိုသွားမတက်ပါနဲ့ ကိုယ့်ဘက်ကကျမ်းကျိမ်ပြီးသွားရင်ကိုယ့်အမှားဖြစ်သွားလိမ့်မယ်။ ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေကိုသူတို့ဘာမှမလုပ်ရဲပါဘူး။ကိုယ်စားလှယ်တွေရဲ့နောက်မှာပြည်သူတရပ်လုံးရှိပါတယ်။

ဇာမဏီ said...

ထောက်ခံပါတယ်။ ရွေးကောက်ပွဲဝင်ဖို့တောင်ပြင်ဆင်ပေးခဲ့သေးတာဘဲ။ စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေး စောပီး ခေါ်ယုတာ
ကိုက တမျိုးကြီးဖြစ်နေသလားလို့ပါ။

Anonymous said...

အခြေခံ ဥပဒေကို စပြီး ရေးထားကတည်းက အစိုးရအားသာချက်တွေနဲ့ စစ်တပ်အာဏာတည်မြဲရေးတွေကိုပဲ တစ်ဖက်သတ် ရေးထားတာပဲ ပြည်သူ့ ဘက်က အားသာချက်တွေက မရှိသလောက်ပဲ . . . ပြင်ရင် သူတို့ အခက်တွေ့ မယ် ဒီတော့ ညစ်ပြီးပေါ့ . . . . အန်တီစုကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်အောင်လုပ်မှာမဟုတ်လို့  ဒီစာသား မပြင်ရင်တော့ လွှတ်တော်ဝင်မယ် မထင်ဘူး . .
ခေါင်းဆောင်ကောင်းတို့ မည်သည် အပြော နဲ့ အလုပ် တစ်ထပ်ထဲကျအောင် လုပ်တတ်ကြပါသည် . . .

nandamoemoe said...

NLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်လို့ မရွတ်ဆိုဘဲ လေးစားလိုက်နာပါမည်ဟု ပြင်ဆင်မပေးလျှင် လွှတ်တော်မတက်ဘူးဆိုတဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက်ကို အရမ်းသဘောကျပါတယ်။ ပြောပြီးသား စကားဆိုရင်တည်တတ်တဲ့ သူတွေဆိုတော့ စကားတစ်လုံးဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိကြမှာပါ။ ကတိမတည်တဲ့သူတွေသာ လွယ်လွယ်ရွတ် လွယ်လွယ်မေ့။ လုပ်ချင်ရာလုပ်ကြတာပါ။ အမေစုနဲ့ NLD ကတော့ အဲဒီလို မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနေရာမှာ တစ်ခုပြန်စဉ်းစားရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်လို့ ရွတ်ဆိုခဲ့ပြီးသားဖြစ်နေတဲ့ NDF ပါတီမှပြောင်းလာခဲ့တဲ့ ဒေါက်တာ မြတ်ဥာဏစိုးနဲ့ အခြားအမတ် သုံးဦးတို့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ပါတီမူဘောင်နဲ့ မကိုက်ညီတဲ့ အဲ့ဒီလေးဦးကို ထုတ်ပြစ်ရပါမယ်။ စာသားပြင်မပေးရင် လုံးဝ လွှတ်တော်တက်စရာ မလိုပါဘူး။ အဲဒီလို ပြတ်ပြတ်သားသား ရပ်တည်ရပါမယ်။ ပြည်သူတွေဘာပြောပြောလည်း ဂရုစိုက်စရာ မလိုပါဘူး။ NLD ဘယ်လိုလဲဆိုတာ အားလုံး သိသွားအောင်လို့ပါ။
မြန်မာနိုင်ငံမှာ အဲဒီလို အမြော်အမြင်ရှိတဲ့ ၊ စကားတစ်လုံးကအစ အလေးအနက်ထားတတ်တဲ့၊ ရပ်တည်ချက်ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးပါတီတစ်ခု ရှိတဲ့အတွက် အရမ်းဝမ်းသာစရာကောင်းပါတယ်။ ကမ္ဘာမှာ မြန်မာဟေ့လို့တောင် ပြောလို့ရပါတယ်။
အမေစုနဲ့ NLD ဘာပဲလုပ်လုပ်ထောက်ခံပြီးသား၊ ကြိုက်ပြီးသား မစဉ်းစားတတ်တဲ့ နိုင်ငံရေးနားမလည်တဲ့ ကောင်တွေ ပြောချင်ရာ ပြောပါစေ။ ဂရုမစိုက်ပါနဲ့။ နိုင်ငံတကာကိုလည်း ဂရုစိုက်စရာ မလိုပါဘူး။ ဒါမှ ဒို့ NLD ကွ လို့တောင် အော်လိုက်ချင်ပါတယ်။
စာကြွင်း။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်လို့ ရွတ်ဆိုခဲ့ပြီးသားဖြစ်နေတဲ့ NDF ပါတီမှပြောင်းလာခဲ့တဲ့ ဒေါက်တာ မြတ်ဥာဏစိုးနဲ့ အခြားအမတ် သုံးဦးတို့ကို ထုတ်ပြစ်လိုက်နော်။ ဒါမှ မူနဲ့ကိုက်သွားမှာ။ လွှတ်တော်လည်း မတက်နဲ့နော်။ ဒါမှ ကြံ့ဖွတ်က ပျော်မှာ။ Sanction ကလည်း Lift လုပ်ပြီးပြီ ဆိုတော့လေ။ ဟဲ …. ဟဲ ….. ဟဲ ……

bomberman said...

ကျွန်တော်လည်း NLD အဖွဲ့ဝင် တစ်ယောက်ပါခင်ဗျာ
ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ကို
ပါတီမှတ်ပုံတင်စဉ်ကတည်းက ၀န်ခံကတိထိုးရတယ်လို့ သိထားပါတယ်
ကျွန်တော် အမှတ်မှားတာလည်းဖြစ်နိုင်ပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ အရေးအကြီးဆုံးက လွှတ်တော်ထဲရောက်ဖို့ပါ
လွှတ်တော်ထဲ ရောက်မှ ကိုယ်ဖြစ်ချင်တာ ဖြစ်သင့်တာတွေကို ရေတို ရေရှည်စီမံကိန်းတွေချပြီး လုပ်ကိုင်နိုင်မှာပါ

bomberman said...

ကျွန်တော်လည်း NLD အဖွဲ့ဝင် တစ်ယောက်ပါခင်ဗျာ
ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ကို
ပါတီမှတ်ပုံတင်စဉ်ကတည်းက ၀န်ခံကတိထိုးရတယ်လို့ သိထားပါတယ်
ကျွန်တော် အမှတ်မှားတာလည်းဖြစ်နိုင်ပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ အရေးအကြီးဆုံးက လွှတ်တော်ထဲရောက်ဖို့ပါ
လွှတ်တော်ထဲ ရောက်မှ ကိုယ်ဖြစ်ချင်တာ ဖြစ်သင့်တာတွေကို ရေတို ရေရှည်စီမံကိန်းတွေချပြီး လုပ်ကိုင်နိုင်မှာပါ

saw said...

အမေလုပ်တာမှန်ပါတယ်.ဒါပေမဲ့ လွတ်တော်ကိုတော.တက်စေချင်တယ်.လွတ်တော်မတက်ရင် အစိုးရကပိုပြီးဝမ်းသာနေလိမ့်မယ်.

lwannaymie said...

၂၀၀၈...ဖွဲ့စည်းပုံဥပဒေဟာ...ပြည်သူတွေထောက်ခံ၊အတည်ပြုခဲ့တာ မဟုတ်ဘူး။ အခုထဲကရိုးရိုးဖွင့်ပြောပြီး၊လွှတ်တော်တက်တာကောင်းပါတယ်။
NLD...ဟာဇွဲမရှိရင်...ဒီနေ့ထိNLDဆိုတာမရှိတော့ဘူး။ NLD...ထဲမှာ ပညာတတ်နဲ့ရှေ့နေတွေအများကြီးပါ၊အပြည့်ဝယုံကြည်တယ်။

အမျိုးသားနိုင်ငံရေးဝါဒီ said...

အတတ်ကျူးသော် အရူးဖြစ်အံ့....
ဒီစကားကို ကြားဖူကြမယ်ထင်ပါတယ်...
ဟိုတစ်ချိန်တုန်းက အီဂျစ်သမ္မတ မူဘာရတ်ဟာ ပြည်သူတွေရဲ့ အချစ်တော် တစ်ယောက်ဖြစ်ခဲ့တယ်.. ပြည်သူတွေရဲ့ ထောက်ခံမှုကို သူနဲ့သူပါတီဟာ အပြည့်အ၀ရခဲ့တယ်.. နောက်ဆုံးပြည်သူတွေရဲ့ယုံကြည်မှုလွန်ကဲမှုကြောင့် လုပ်ချင်ရာလုပ်ရင်းက အာဏာရှင်တစ်ယောက်လို ဖြစ်သွားတယ်...
အခုလဲ NLD အနေနဲ့ ပြည်သူ့ရဲ့ ထောက်ခံမှုကို အရမ်းရရှိနေပါတယ်...
ကိုယ့်ကိုယ်ကို ယုံကြည်မှု မလွန်ကဲစေချင်ပါ... ယုံကြည်မှု လွန်ကဲပြီး လုပ်ချင်ရာလုပ်မယ်ဆိုရင်... ရည်မှန်းချက်ရောက်မှာမဟုတ်ဘူးလို့ ထင်ပါတယ်.. ဒီနေ့ ပြည်သူတွေက ဘာလိုချင်နေတာလဲ.ဆိုတာကို မသိဘူးလား... စားဝတ်နေရေးချောင်လည်ရေးနဲ့ ငြိမ်းချမ်းရေးပဲ...
အဲဒါကို အရင်လုပ်ပေးပါ... လွှတ်တော်ကို တက်ပါ.. အရေးမကြီးတာတွေ နောက်မှ အေးဆေးလုပ်ပါ...လို့ အကြံပြုချင်ပါတယ်.

ဖိုးသူတော် said...

ဦးသိန်းစိန်ကလဲ သမ္မတလို့ သာပြောရတယ် အစိုးရအဖွဲ့ အပေါ်မှာ သြဇာရှိပုံမရဘူး။ ပြီးတော့ သိပ်ပြီးတော့လဲ အထင်မကြီးကြနဲ့ ဦး၊ အတောမသတ်နိုင်ပြီး အရိုးစွဲနေတဲ့ သူတို့ ရဲ့ လောဘတွေ ရာထူး အာဏာ နဲ့ စည်းစိမ်တွေကြောင့် လွယ်လင့်တကူ နေရာဖယ်ပေးလိမ့်မယ် မထင်ကြောင်းပါခင်ဗျား ။

ဘ၀ရဲ့အမှတ်တရလေးပါ..... said...

ခုန်ရုးံကလူကြီးတွေကဦးနှောက်ကောကောင်းရဲ့လားဗျာ ...ဥပဒေက လိုက်နာရမှာ...ဥပဒေဆိုတာ ထိမ်းသိမ်းထားဖို့မဟုတ်ပါဘူး...အရူးတွေရဲ့...

bk said...

realism & Toe Toe

မင်းတို.နိုင့်ငံရေးအကြောင်းမသိရင်စာများများဖတ်၊လေ့လာ။
မင်းတို.အခုအချိန်အထိအကြောက်တရားရှိနေသေးလား???
စကားတစ်လုံးမှာတန်ဖိုးအမျိုးမျိုးရှိသလို၊စကားတစ်လုံးမှားရင်တစ်ဘ၀လုံးခံသွား
ရနိုင်တယ်။

Powered by Blogger.