ရန်ကုန်၊ ဧပြီ - ၂
ရွေးကောက်ပွဲကျင်းပအပြီး စတင်သည့် အလှည့်ကျ မီးပေးစနစ်ကြောင့် ရန်ကုန်မြို့လူထုမှာစိတ်ပိုင်းဆိုင်ရာမပျော်ရွှင်မှုများနှင့်စတင်ကြုံတွေ့နေရပြီး လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ် တိုးလာနိုင်ကြောင်း မြို့ခံတို့က ပြောဆိုကြသည်။
“မီးပြတ်တာကတော့ ရွေး ကောက်ပွဲနဲ့ မဆိုင်ဘူးထင်တယ်။ အုပ်ချုပ်မှုယန္တရား ညံ့တယ်လို့ပဲ ထင်တယ်။ ရာသီဥတုပူပြင်းတဲ့ ဒဏ်ကို ခံနေရတဲ့အချိန်မှာ အိမ်ပြန်လာတော့ မီးကမလာတော့ စိတ်ညစ်စရာတွေဖြစ်ပြီး မပျော်နိုင်ဘူး။ အလုပ်မှာလည်း ကုန်ကျစရိတ်တွေ တက်လာတာပေါ့”ဟုပုဂလိကဆေးရုံတွင် တာဝန်ထမ်းဆောင်နေ
သော ဒေါက်တာကျော် စွာဦးက ပြောသည်။ထို့အတူ ပဲခွဲစက်လုပ်ငန်းတွင် ဒါရိုက်တာတာဝန် ထမ်းဆောင်နေသူ ဦးသိန်းဝင်းကလည်း “မီးမလာတဲ့အတွက် အလုပ်လုပ်လို့မရဘူး။ မီးစက်သုံးရတဲ့အတွက် ဆီဖိုးပိုကုန်မယ်။ ကုန်ဈေးနှုန်းကတော့ လျှပ်စစ်တစ်ခုတည်းနဲ့ မဆိုင်ပါဘူး”ဟု မှတ်ချက်ပြုသည်။
ရန်ကုန်မြို့တွင် မီးပေးဝေမှုအား ဧပြီလ ၂ ရက်မှစ၍ A, B, C အုပ်စု သုံးခုခွဲကာ နံနက် ၅ နာရီမှ၁၁ နာရီ ထိတစ်ကြိမ်၊ နေ့ လယ် ၁၁ နာရီမှ ညနေ ၅ နာရီထိ တစ်ကြိမ်၊
ညနေ ၅ နာရီမှ ည ၁၁နာရီထိ တစ်ကြိမ်၊ည ၁၁ နာရီမှ နံနက် ၅ နာရီထိတစ်ကြိမ်ဖြင့် အလှည့်ကျ မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ “နိုင်ငံခြားသားတွေ အခုလို အများကြီး ရောက်နေတဲ့အချိန် မှာ မီးပြတ်တာ သိက္ခာကျစရာပဲ။ ဆည်တွေလည်း အသစ်ဆောက်ထားရဲ့သားနဲ့
မီးပြတ်တာ မကောင်းဘူး”ဟု ဒို့မိုးယံမော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်လုပ်ကိုင်သူ ဦးကျော်ထင်ကျော်က ဆိုသည်။ ယခုကဲ့သို့ အုပ်စုခွဲ၍ မီးပေးရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏ မြင့်တက်လာပြီး ထုတ်လုပ်မှုအပိုင်းတွင် တိုး၍မထုတ်လုပ်နိုင်ခြင်း ကြောင့် ဓာတ်အားလိုအပ်ချက်မြင့်မားနေသဖြင့် အလှည့်ကျစနစ် အားဆောင်ရွက်ရခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးမောင်မောင်လတ်ကပြောသည်။
သို့သော် အရေးကြီးနေရာ ဟု သတ်မှတ်ထားသော H အုပ်စု နေရာများဖြစ်သည့် လုံခြုံရေးဆိုင် ရာနေရာများ၊ ဆေးရုံများ၊ ဘဏ် များ၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံးနှင့် စီအင်န်ဂျီဓာတ်ငွေ့ပေး ဝေရာ နေရာများတွင်မူ မီးအပြည့် ပေးသွားမည်ဟု အဆိုပါတာဝန် ရှိသူကပြောသည်။ ယခုနှစ် အလှည့်ကျ မီးပေး သောစနစ်
စတင်သောအချိန် သည် နိုင်ငံတော်တွင် မြန်မာကျပ် ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းပြင်ဆင်မည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ထိုကဲ့သို့ငွေလဲနှုန်းပြောင်းလဲမှုကြောင့် အခွန်ကောက်ခံမှုတိုးလာနိုင်ရာ ဒီဇယ်ဆီဈေးနှုန်းမှာလည်းလက်ကျန်ကုန်ပြီးနောက် ဈေးတက်လာနိုင်
ကြောင်း သုံးသပ်ကြသည်။ ပြီးခဲ့သည့်နွေက
လျှပ်စစ်မီး အပြည့်ရရှိခဲ့ခြင်းကြောင့် အများပြည်သူ စိတ်ချမ်းသာခဲ့ရပြီး၊ နောက်နှစ်များတွင်လည်း လျှပ်စစ်မီးအပြည့်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
7Day News Journal

အချိန်ပိုင်းလျှပ်စစ်မီးကြောင့် ရန်ကုန်လူထု စိတ်ပျက်
Reviewed by သစ်ထူးလွင်
on
14:47
Rating:
18 comments:
မျှော်နေရင် ရင်မောရတယ်။ မမျှော်တာက ပိုကောင်းမယ်။ အရင်တုန်းကလဲ ဒီလိုပဲမဟုတ်လား။ ကျင့်သားရနေပါပီ။
ကဲဇော်ဖျင်းရေ..
မင်းပြောတော့.လျှပ်စစ်တွေပိုနေတယ်ဆို.
ခုဘယ်လိုဖြစ်တာလဲ.မင်းတော်တော်အရှက်မရှိတဲ့ကောင်ပဲ.
ကဲမှတ်ပလား
အခုတလော လူငယ်အတော်များများ (အများအားဖြင့် လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ပေါင်းစားနေတဲ့ မိဘများရဲ့သားသမီးများ ဆိုပိုမှန်မယ်) ပြောပြောနေတာကြားရတယ် ´ဘယ်အစိုးရတတ်တတ်ပါကွာ ရှာစားရမှာပါပဲဆိုတာ` မျိုးလေးတွေပြောပြောနေတယ်
ကဲအခုမှတ်ပြီလား ရှာစားရတာတော့ရှာစားရတာပဲကွ ရှာစားရတာခြင်းမတူဘူးဆိုတာ လက်တွေ့ပြနေတယ်လေ သူများတိုင်းပြည်တွေမှာ ဆိုငလေးတွေဆို ဘာမီးစက်မှမတွေ့ ခုလုပ်ဖွင့်လိုက်မီးလာတယ် လျှပ်စစ်နဲ့အကုန်လုပ်တယ် မြန်မာနိုင်ငံမှာတော့မတူဘူးကွ မီးစက်အတွက်ပူရ ဆီအတွက်ပူရ မီးစက်နိုးနိုင်တော့လည်းနားညီးတာကတမျိုး ပတ်ဝန်းကျင်ညစ်ညမ်းတာကတမျိုး မှောင်နဲ့မဲမဲရှာစားကြရတယ်လေ
စိတ်ပျက်လွန်းလို့ comment တောင်ရေးချင်စိတ်မရှိတော့ဘူး
ရွေးကောက်ပွဲမနိုင်လို့ မစားရတဲ့အမဲ သဲနဲ့ပက်တာဘဲဖြစ်မှာပါ။
ကြံ့ဖွတ်ကို မဲမထည့်တဲ့ ဟာတွေ မီးဖြတ်ပြ လိုက်မယ်ဆို ပြီး စောက်ကျင့်ရုတ်တာလို့ဘဲ ထင်တယ်။
ပြောတော့ ပိုနေလို့ အပြင်တောင် ရောင်းစားနေရတယ်တဲ့....ရီစရာပဲ ပြည်တွင်းတောင် လောက်ငှအောင်မပေးနိုင်ပဲနဲ့......မီဒီယာကနေ ထအော်လိုက်သေးတယ်.......မီးမရတဲ့နေရာတွေ လက်ညှိုးထိုးမလွတ်ပါဘူး နေပြည်တော်မှ လူနေတယ်ထင်နေကြတာ ပြောတဲ့သူများလို့ အရေထူနေပြီထင်တယ် သူ့အစားရှက်စရာပဲ..........အော်မေ့လို့ အဲ့ဒါ သူငယ်တန်း ကလေးတောင်သိတယ်နော်.....
ကဲ....ဦးဇော်မင်းရေပြည်သူတွေကတော့ပြောကုန်ကြပြီနော်..
ပြောလိုက်တာကတော့..လျှပ်စစ်ဓါတ်အားတွေပိုလျံနေလို့ေ၇ာင်း
တာဆို...ခုတော့ကိုယ့်နိုင်ငံမှာတောင်မီးတောင်ပုံမှန်မလာတာရှက်
တတ်ရင်တော့..ရာထူးကနေထွက်သင့်နေပြီနော်.....ကိုယ်ယူထားတဲ့ရာထူးနဲ့ လုပ်နေတာတွေကတစ်ခြားစီ...သမ္မတကြီးကလည်းအခုလိုကိစ္စမျိုးကိုသေသေချာချာဖြေရှင်းပေးသင့်ပါတယ်....
ဟုတ်တယ်ဗျ မီးကအလှည့်ကျပေးနေတာအဆင်မပြေဘူး
အင်တာနက်ဆိုင်တွလဲမီးစက်နိုးထားရ လိုင်းကလဲတစ်ချက်တစ်ချက်ကျသေး မီးစက်နဲ့မို့ ဈေးလဲပိုကောက်လို့မရ မီးလာတော့လဲမီးအားကမကောင်းနဲ့စိတ်ညစ်ဖို့တော်တော်ကောင်းပါတယ်.........အလုပ်မဖြစ်ဘူး.....
ပြည်သူလူထု အားလုံးအစိုးရဆင်တဲ့ ထောင်ချောက်ကို သတိထားကြပါ။ လျှပ်စစ် မီးတွေကို တစ်နိုင်ငံလုံးရုတ်တရက်ကြီး ဖြတ်လိုက်တယ်ဆိုတာ သာမာန်မဖြစ်နိုင်ဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်စချင်လို့ "တွေ့လား ငါတို့တိုင်းပြည် မီးမလုံလောက်ဘူး ဒီစီမံကိန်းပြန်လုပ်မှဖြစ်မယ်" ဆိုပြီး ဇွတ်လုပ်ချင်လို့ဖြစ်မယ်။ ဧရာဝတီကိုရင်းပြီးမှ မီးရမယ်ဆို အမှောင်ထဲမှာ နေလိုက်မယ်။ ဧရာဝတီကို ကာကွယ်ကြပါ။ လျှပ်စစ်ထုတ်နိုင်တဲ့ တခြားအရင်းအမြစ်များစွာရှိပါတယ်။ ဒီဧရာဝတီကိုရင်းပြီးရတဲ့ လျှပ်စစ်ကလည်း တရုတ်ကို ရောင်းစားဖို့ပဲ။ မြန်မာပြည်အတန်အသင့်ရမယ် ဆိုသည့်တိုင် ဧရာဝတီကို ရင်းဖို့ မတန်ဘူး။ ရွေးကောက်ပွဲ ကို အဆင်ပြေအောင်လုပ်ပေးပြီးတာနဲ့ တန်းပြီး မီးတွေဖြတ် လိုက်တာရယ် မြစ်ဆုံမှာ တရုတ်တွေ ပြန်ဝင်မယ်ဆိုတဲ့ သတင်းတွေက တော်ရုံတိုက်ဆိုင်တာ မဟုတ်ဘူး ...
ပြည်သူလူထု လူမှုဒုက္ခ တွေနေ့စဉ်ကြုံတွေ့ နေရပါလား
လွှတ်တော်ကိုယ်စားလှယ်တော်ကြီး များခင်ဗျား မီးကိစ္စသတိအရေးကြီးပါတယ်။။
လျှပ်စစ်(၁)၊ လျှပ်စစ်(၂) ၀န်ကြီး နှင့် အပေါင်းပါများခင်ဗျား... မြန်မာပြည်လူဦးရေရဲ့ ၂၅% မပြည့်သော မီးသုံးသူ ပြည်သူလူထု ကိုတောင်မှ မီးမှန်မှန်လာဖို့ မလုပ်ဆောင်နိုင်သေးရင်၊ အာမခံချက်မပေးနိုင်သေးရင် ဘယ်လိုအကြောင်းကြောင်းနဲ့မှ ပြည်သူတွေက ရွေးကောက်တာဝန်ပေးထားတဲ့ ၀န်ကြီးနေရာတွေမှာ ဆက်ထိုင်နေရန် အကြောင်းမရှိတော့ပါ... ဂုဏ်သိက္ခာရှိစွာဖြင့် နုတ်ထွက်ပေးပြီး လုပ်နိုင်သူတွေ..လုပ်တတ်သူတွေကို တာဝန်လွှဲပေးလိုက်ခြင်းဖြင့် အားလုံးအတွက် အကျိုးရှိပါလိမ့်မည်.. ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေသရွှေ့ ဘယ်တော့မှ တိုးတက်လာမည် မဟုတ်ပါဟု.. ရိုးသားစွာ အကြံပေးပါရစေ....
နိုင်ငံရေး ရင့်ကျက်တယ်ဆိုတာ တာဝန်ယူတတ်စိတ်တော့ရှိရမယ်၊ မြန်မာနိုင်ငံ အစိုးရ အတွင်းမှာတော့ နိုင်ငံရေး မရင့်ကျက်သေးတာနဲ့တူတယ် တာဝန်ယူစိတ် လုံးဝ ကိုမတွေ့ရပါဘူး၊နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ယခုထိအောင် မီးမှန်မှန်မလာသေးဘူး၊ပြည်သူကို လုပ်ချင်သလိုလုပ်နေတယ် ပြီးတော့ တိုင်းပြည် ကိုချစ်လိုက်တာလဲသူတို့လောက်မရှိဘူး၊လုပ်လိုက်တော့ တလွဲ၊ ဘာplant မလဲမရှိဘူး၊နောက်လဲ မီးကတော့ ပျက်နေအုံးမှာဘဲ ( အုပ်ချုပ်မှုမပြောင်းရင်)
ဟုတ်တယ်တာဝန်မယူနိုင်ရင်ထွက်သင့်နေပြီဦးဇော်ဖျင်းရေ။။။။။။။။။။။။။။
သမ္မတဆိုတဲ့လူကိုတော့ ပြောမနေနဲ့တော့။ သမ္မတထိုင်ခုံမှာထိုင်ပြီး
ဘာတွေလုပ်နေမှန်းကိုမသိတာ။သူ့ကိုသမ္မတကြီးလို့အသိအမှတ်ပြုလေ
သူကပိုပြီး အောက်ခြေလွတ်လေပဲ။ သူကိုယ်တိုင်ကိုကပြည်သူအပေါ်
စေတနာမရှိတာအသိသာကြီး။ ၀န်ကြီးဦးဇော်မင်းတစ်ယောက်တည်း
ကိုလဲသွားပြီးအပြစ်တင်မနေဲ့။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စတွေဆိုတာ
သူ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ပြီးတာမဟုတ်ဘူး။ အထက်အမိန့်မရှိရင် ဘာမှလုပ်ရဲတာမဟုတ်ဘူး။ သိန်းစိန်ကညွှန်ကြားလို့ လုပ်ရတာ။ သူတို့တွေအားလုံးဇာတ်တိုက်ပြီးသား။ သူတို့အုပ်စုက မတ္တာပိြု့
ပီးတောင်ပန်ခယနေလို့ ရမယ့်အစားတွေမဟုတ်ဘူး။ လူလိမ်တွေ။
မြစ်ဆုံကိစ္စကြည့်ပါလား။ရပ်ထားမယ်ပြောပြီး နောက်ကွယ်မှာပြန်စေနေပြီလေ။ ဘယ်တုန်းကမှ ပြည်သူ့မျက်နှာကိုကြည့်ခဲ့တဲ့လူတွေမဟုတ်သလို ဘယ်တော့မှလဲကြည့်မှာမဟုတ်ဘူးဆိုတာ ကိုယ်တို့ကတော့ယုံတယ်။
မိုးကောင်းတုန်းရွာထားအုံးပေါ့ကွာ။
ဟေ့.
အခုတစ်လော ဆက်သွယ်ရေးက အလုပ်ဖြစ်နေတယ်လေ.ရိုက်ကွက်တွေကထိနေတာကိုး.
ဒီတော့ EPC က ငါလဲမညံဘူးဆိုတာပြန်ပြတာပေါ့.
ညစ်ပြီညစ်ပြီ။ ဦးမင်းဇော်တို့ ဗြောင်ကလိမ်ကကျစ်လုပ်ပြီ.။
ပြည်သူတွေဘက်ကိုလည်း ငဲ့ညာပေးကြပါဗျာ..
မီးပျက်တဲ့ကိစ္စကို အော်နေကြလို့ မနေနိုင်တာနဲ့ ဘာကြောင့်ပါလိမ့်ဆိုပြီး စုံစမ်းခဲ့ပါတယ်။
အမှတ်(၁)လျှပ်စစ် ဘက်က (၁)ရက်ကို အမြင့်ဆုံးလိုအပ်တဲ့အချိန် Peak Time မှာ (၁၂၀၀)MW ခန့် နေ့စဉ်ထုတ်ပေးနေပါတယ်။ ကီလိုဝပ် နာရီသန်းပေါင်းနဲ့ဆိုရင် (၂၂)သန်းခန့် ထုတ်ပေးနေကြောင်း သိရပါတယ်။
အမှတ်(၂)လျှပ်စစ် ဘက်ကလည်း (၁)ရက်ကို အမြင့်ဆုံးလိုအပ်တဲ့အချိန် Peak Time မှာ (၃၃၀)MW ခန့် နေ့စဉ်ထုတ်ပေးနေပါတယ်။ ကီလိုဝပ် နာရီသန်းပေါင်းနဲ့ဆိုရင် (၇.၅)သန်းခန့် ထုတ်ပေး နေကြောင်း သိရပါတယ်။
အမှတ်(၁)လျှပ်စစ် နဲ့ အမှတ်(၂) လျှပ်စစ် ပေါင်းလိုက်ရင် (၁)ရက်ကို အမြင့်ဆုံးလိုအပ်တဲ့အချိန် Peak Time မှာ (၁၅၃၀)MW ကျော် နေ့စဉ်ထုတ်ပေးနေပါတယ်။ ကီလိုဝပ် နာရီသန်းပေါင်းနဲ့ဆိုရင် (၂၈.၅)သန်းခန့် ထုတ်ပေးနေကြောင်း သိရပါတယ်။
ပမာဏအနေနဲ့ ပြီးခဲ့တဲ့နွေရာသီထက်တော် ဓါတ်အားပိုထုတ်ပေးနေကြောင်းသိရပါတယ်။
ဒါဆိုရင် ရန်ကုန်မြို့ မှာ အချိန်ပြည့် မပေးဘဲ အဆိုင်းနဲ့ အလှည့်ကျပေးမယ်ဆိုတာ ဘာကြောင့်လဲ ?
ဒီလိုမျိုး နွေရာသီရောက်လို့ မီးလိုလာပြီဆိုရင်….ဆည်တွေမှာရေနည်းသွားပြီဆိုပြီး … လုပ်စားတာကတော့ ရိုးလဲရိုးနေပါပြီ။ ဒီနည်းနဲ့တော့ မလုပ်စားသင့်တော့ပါဘူး။
ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ ဆိုတာကို ပုဂ္ဂလိက ကိုပေးပြီး လုပ်ခိုင်းလိုက်တာက အကောင်းဆုံးပါ။
Post a Comment