၂၀၁၂ ခုနှစ် တောင်ကြီးမြို့ သကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လာဘ်စားမှုကြီး
တောင်ကြီးမြို့၊ ( ) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ( )အနီး၌ 10th April,2012 ည ၁၀နာရီနှင့် ၁၀း၃၀ အချိန်အတွင်း၌ ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယဉ်တိုက်မှုဖြစ်ပွားပုံမှာ ယဉ်အမှတ် --/2324 တပ်ဆင်ထားသော လိုင်စင်မဲ့ယဉ် မတ်တူး {Mark 2} ကားအဖြူရောင်မှာ မြို့ပတ်လမ်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လမ်း ( ) ရှိအိမ်ဝိုင်း နံရံကိုပွတ်တိုက်ပြီး တစ်ဆင့်ပြန်ထွက်လာကာ လမ်းဘေး၌ ရပ်နေသော (ဖုန်းပြောနေသော) ကို( )၊ မိထ္ထီလာ ( ) ယဉ်လိုင်းမောင်းနှင်သူအား ၀င်တိုက်မိခဲ့သည်။ ထိုသို့ဖြစ်ပွားမှု၌ ကားပေါ်တွင် မောင်းနှင်သူမှာ တောင်ကြီးမြို့မှ ဆီစက်ပိုင်ရှင် ဦးဖီးယား၏ မြေးဖြစ်သူနှင့် တောင်ကြီးမြို့မှ “အရှေ့တိုင်း” ကားပစ္စည်းရောင်းဝယ်ရေးမှ သားဖြစ်သူတို့ နှစ်ဦးပါရှိလာကြောင်း သိရသည်။
ကားတိုက်မှု အခင်းဖြစ်ပွားပြီး မကြာမှီတွင် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအ၀င် ရဲများ ရောက်ရှိလာကာ ပြဿနာအားဖြေရှင်းပေးကြသည်။ အဆိုပါ ဖြေရှင်းမှု၌ ကားအတိုက်ခံရသူကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်မှု မရှိခြင်း။ ကားမောင်းသူဘက်မှ ရောက်ရှိလာသော သူများနှင့် ကားတိုက်ခံရသူဘက်မှရောက်ရှိလာသူ တို့ ရိုက်နှက်သည်အထိ ပြဿနာဖြစ်ရခြင်း။ ဆိုင်ရာ ယဉ်ထိမ်းများကို ခေါ်ဆိုမှုမရှိဘဲ ရဲရေးဖြင့်သာ ရှင်းခြင်းများ ဖြစ်ပွားခဲ့သည်။
အဓိကအားဖြင့် ဖြစ်ပွားသော ယဉ်တိုက်မှုကို မဖြေရှင်းဘဲ ကားပေါ်တွင်ပါလာသော မူးယစ်ဆေးဝါးများ (ကိစ္စ)ကိုသာ ဖြေရှင်းနေကြကြောင်းသိရသည်။ ထိုကားပေါ်တွင် စက္ကူဖြင့်ပါတ်ထုပ်ထားသော ပုလင်းတစ်လုံးနှင့် ဆေးပြားများပါရှိလာသည်။ ထိုပစ္စည်းများကို ယဉ်မောင်းသူများမှနေ၍ ရဲများထံမှ ငွေ ငါးသိန်း (သို့) ဆယ်သိန်းဖြင့် ပြန်လည် ရယူလိုကြောင်းပြောဆိုနေကြသည်။ ရဲများမှလည်း ထိုပစ္စည်း စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည် ဟုပြောဆိုသံကြားရသည်။ အမှုကိစ္စကို ယဉ်မောင်းသူဘက်မှ ငွေကြေးဖြင့် လိုက်လံမည်ဆိုကြောင်းကိုလည်း သိရှိရသည်။
နောက်နေ့တွင် အဆိုပါ ကိစ္စအား စုံစမ်းကြည့်ချိန်၌ ကားကိုဖမ်းဆီးထားခြင်းမရှိ လူများ(ယဉ်မောင်း)ကို ဖမ်းဆီးအရေးယူထားခြင်းမရှိ။ ထိုကိစ္စကို အမှုဖွင့်ထားခြင်းမရှိကြောင်းသိ
ရသည်။ ဆေးရုံရောက်လူနာမှာလည်း ထိုတစ်ညလုံး ဆေးဝါးကုသမှုခံယူရခြင်းမရှိပဲ ကြီးစွာသော ဝေဒနာကို ခံစားနေရကြောင်းခြေထောက်ကို ၀ါးဂွမ်းပတ်၍ ဤအတိုင်းသာ ထားထားကြောင်းသိရသည်။ တစ်ဘက်သော လူတို့၏ ဖိအားများကြောင့် ဤအတိုင်းပြစ်ထားခြင်းမျိုး ဖြစ်နိုင်သည်။
ဤဖြစ်ပွားမှုနှင့် ပတ်သတ်၍ တောင်ကြီးမြို့၌ ငွေများတရားနိုင် ကိစ္စများ ဖြစ်ပေါ်လျက်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုလျှက် တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှု
တရားဥပဒေအား လှည့်စားထိန်ချန်မှုများ ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြသည်။
Pointer (တောင်ကြီး)
တောင်ကြီးမြို့၊ ( ) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ( )အနီး၌ 10th April,2012 ည ၁၀နာရီနှင့် ၁၀း၃၀ အချိန်အတွင်း၌ ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယဉ်တိုက်မှုဖြစ်ပွားပုံမှာ ယဉ်အမှတ် --/2324 တပ်ဆင်ထားသော လိုင်စင်မဲ့ယဉ် မတ်တူး {Mark 2} ကားအဖြူရောင်မှာ မြို့ပတ်လမ်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လမ်း ( ) ရှိအိမ်ဝိုင်း နံရံကိုပွတ်တိုက်ပြီး တစ်ဆင့်ပြန်ထွက်လာကာ လမ်းဘေး၌ ရပ်နေသော (ဖုန်းပြောနေသော) ကို( )၊ မိထ္ထီလာ ( ) ယဉ်လိုင်းမောင်းနှင်သူအား ၀င်တိုက်မိခဲ့သည်။ ထိုသို့ဖြစ်ပွားမှု၌ ကားပေါ်တွင် မောင်းနှင်သူမှာ တောင်ကြီးမြို့မှ ဆီစက်ပိုင်ရှင် ဦးဖီးယား၏ မြေးဖြစ်သူနှင့် တောင်ကြီးမြို့မှ “အရှေ့တိုင်း” ကားပစ္စည်းရောင်းဝယ်ရေးမှ သားဖြစ်သူတို့ နှစ်ဦးပါရှိလာကြောင်း သိရသည်။
ကားတိုက်မှု အခင်းဖြစ်ပွားပြီး မကြာမှီတွင် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအ၀င် ရဲများ ရောက်ရှိလာကာ ပြဿနာအားဖြေရှင်းပေးကြသည်။ အဆိုပါ ဖြေရှင်းမှု၌ ကားအတိုက်ခံရသူကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်မှု မရှိခြင်း။ ကားမောင်းသူဘက်မှ ရောက်ရှိလာသော သူများနှင့် ကားတိုက်ခံရသူဘက်မှရောက်ရှိလာသူ
အဓိကအားဖြင့် ဖြစ်ပွားသော ယဉ်တိုက်မှုကို မဖြေရှင်းဘဲ ကားပေါ်တွင်ပါလာသော မူးယစ်ဆေးဝါးများ (ကိစ္စ)ကိုသာ ဖြေရှင်းနေကြကြောင်းသိရသည်။ ထိုကားပေါ်တွင် စက္ကူဖြင့်ပါတ်ထုပ်ထားသော ပုလင်းတစ်လုံးနှင့် ဆေးပြားများပါရှိလာသည်။ ထိုပစ္စည်းများကို ယဉ်မောင်းသူများမှနေ၍ ရဲများထံမှ ငွေ ငါးသိန်း (သို့) ဆယ်သိန်းဖြင့် ပြန်လည် ရယူလိုကြောင်းပြောဆိုနေကြသည်။ ရဲများမှလည်း ထိုပစ္စည်း စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည် ဟုပြောဆိုသံကြားရသည်။ အမှုကိစ္စကို ယဉ်မောင်းသူဘက်မှ ငွေကြေးဖြင့် လိုက်လံမည်ဆိုကြောင်းကိုလည်း သိရှိရသည်။
နောက်နေ့တွင် အဆိုပါ ကိစ္စအား စုံစမ်းကြည့်ချိန်၌ ကားကိုဖမ်းဆီးထားခြင်းမရှိ လူများ(ယဉ်မောင်း)ကို ဖမ်းဆီးအရေးယူထားခြင်းမရှိ။ ထိုကိစ္စကို အမှုဖွင့်ထားခြင်းမရှိကြောင်းသိ
ဤဖြစ်ပွားမှုနှင့် ပတ်သတ်၍ တောင်ကြီးမြို့၌ ငွေများတရားနိုင် ကိစ္စများ ဖြစ်ပေါ်လျက်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုလျှက် တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှု
တရားဥပဒေအား လှည့်စားထိန်ချန်မှုများ ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြသည်။
Pointer (တောင်ကြီး)
တောင်ကြီးမြို့ သကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး (ပေးစာ)
Reviewed by သစ်ထူးလွင်
on
04:44
Rating:
10 comments:
ဥပဒေရဲ့ အထက်မှာ ဒါမျိုးတွေရှိနေသေးသရွေ့ တိုင်းပြည်တိုးတက်မှာ မဟုတ်သေးပါ။ အစိုးရဝန်ထမ်းအားလုံး အထက်ကအစ အောက်ခြေတိုင်အောင် ထိထိရောက်ရောက် ပြုပြင်ဖို့၊ အရေးယူဖို့ အမှန်တကယ်လိုအပ်နေပါပြီ။ စာရွက်ပေါ်၊ သတင်းစာပေါ်သာ လူကြားကောင်းအောင်ပြုပြင်တာမျိုးရပ်တန်းကရပ်ကြပါစို့။ အမိန့်တခုထုတ်ပြန်ပြီးရင်ပြီးရော သဘောမထားပဲ အောက်ခြေက တကယ်လိုက်နာဆောင်ရွက်မှု ရှိ၊မရှိဆိုတာ စုံစမ်းစစ်ဆေးသင့်ပါတယ်။
ဒါလိုမျိုးအဖြစ်အပျက်ကဒါတောင်ကြီးမှာဖြစ်တာ ပထမဆုံးမဟုတ်ဘူးနော်လွန်ခဲ့တဲ့၂၀၀၂ လောက်ကလည်းဖြစ်ခဲ့ဖူးတယ်၊ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့အိမ်တော်သို့ဝင်သောလမ်း တောင့်တွင်ယဉ်တိုက်မှုတစ်ခုဖြစ်ခဲ့တယ်၊ဆိုင်ကယ်နှင့်ကားတိုက်ခြင်း ဖြစ်ပြီး ဆိုင်ကယ်ကဗိုလ်ချုပ်လမ်းအတိုင်းတောင်မှမြောက်သို့မောင်းလာခြင်းဖြစ်ပြီး ကားမှာဆရာဝန်ကြီးသားတစ်ဦးမောင်းလာကာ နိုင်ငံခြားခရီးသွားဧည်သည်ကိုတင်ဆောင်လာပြီး ဗိုလ်ချုပ်လမ်းမှအိမ်တောင်သို့ကွေ့ဝင်လာစဉ်တိုက်မိခြင်းဖြစ်သည်၊ဆိုင်ကယ်မောင်းနှင်သူမှာထိုနေရာ၌ပင်ပွဲခြင်းပြီးသေဆုံးခဲ့သည်၊ သို့သော်အမှုရင်ဆိုင်ရာတွင်ကားမောင်းသူမှာနဂိုယဉ်မောင်းဆရာဝန်ကြီးသားမဟုတ်ဘဲသူ့အိမ်မှကားမောင်းသမားဖြစ်နေသည်၊ ဖြစ်ပွားမှုမှာမှန်ကန်သည် သို့သော်ဤသတင်း၏ဖြစ်စဉ်ကိုလည်းသူ၏မိသားစုမှအသေးစိတ်ပြန်လည်၍သစ်ထူးလွင်သို့တင်ပြစေလိုပါသည်၊
အခုလို ပဲ သူတို့လုပ်သမျှကို အထက်က အစိုးရ တင် မဟုတ်ပဲ တတိုင်းပြည်လုံးသိအောင်သာ ဖြန့်ဝေပေးကြပါ..... အဲဒါမှ ဆက်လုပ်ရင် လည်း အလုပ်ပြုတ်ခံနိုင်လို့ပဲ .လုပ်ကြစမ်းပါစေ.....
ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အခါ ဖြေးဖြေး ခြင်းဟန်ချက် ညီညီ လုပ်နေသေ၇ွှ့ ၁၀ နှစ်...၊ ဒီအတိုင်း ပဲဖြစ် နေ မှာ ပဲ...ဖြုတ် နုတ် ထုတ် တွေ ကို ရဲရဲ ရင့်ရင့် လုပ်ပြီး၊ အမှန်တကယ် နား လယ်တတ်ကျွှမ်းသူတွေကိုသာ နိုင်ငံတော် အတွက် တာဝန်ပေးသင့်ပါတယ်။
အမှုမှန်များမပေါ်ပေါက်ခြင်းမှာ၇ဲများ၏လာဘ်စားမှုကြောင့် ဖြစ်ကြ၇သည်ကများ၏။ငွေများတ၇ားနိုင်ခေတ်မို့ အမှန်တ၇ားပျောက်ကွယ်နေသည့် အချိန်ဖြစ်၏။အပြစ်ရှိသောလာဘ်စားသည့် ဝန်ထမ်းများကိုထိေ၇ာက်စွာအပြစ်ပေးအေ၇းယူသင့် ၏။ခေါင်ကမိုးမလုံတော့ တ၇ားဥပဒေစိုးမိုးမှုမဲ့ နေ၏။ဒီလိုနဲ့ သေဆုံးခဲ့ ၇သည့် ကြောမွဲလူတန်းစားများေ၇တွက်ရွေ့ မနိုင်တော့ ပါ။
ဟုတ်ပါသည်တောင်ကြီးမြို့ အိမ်တော်ကွေ့တွင် လွန်ခဲ့သော ၈နှစ်က ၅.၃.၂၀၀၄ ခုနှစ် တန်ပေါင်းလပြည့်နေ့တွင် ရာထူးအကြီးကြီးပိုင်ဆိုင်ထားတဲ့(ကျန်းမာရေး)သူရဲ့သားကားနဲ့ ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်း ဆိုင်ကယ် တိုက်မိပြီး ကျွန်တော့သူငယ်ချင်းဆုံးသွားခဲ့ပါတယ်။ုယခုပြန်မေးလျှင်တောင်ကြီးတစ်မြို့လုံးသိ ပါသည်။သိတဲ့အတိုင်းပါပဲ ငွေများတရားနိုင်ဆိုတော့ ပြောစရာတောင်မလိုဘူး ရာထူးကလည်းကြီးပိုက်ဆံကိုလည်းပုံပေးနိုင်တယ်တော့ အမှုလျော့ရုံတင်မကဘူး လူစားတောင် လဲပြီးထောင်ကျသွားတဲ့အထိ အနိုင်ရသွားပါတယ်။ မြန်မာနိုင်ငံမှာ အမှုတစ်ခုဖြစ်ပြီဆိုရင် ရဲတွေနဲ့ ပီကေတွေကလွဲလို့ ဘယ်သူမှ ထိလို့ရတာမဟုတ်ဘူး အဲ့ဒါကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားရတာတွေ မရည်မတွက်နိုင်အောင်ပါ။အခုကိစ္စမှာ ဘယ်သူတရားခံအစစ်လဲဆိုတာတော့ တိုက်တဲ့လူက ပိုသိမှာပါ။ ဖြစ်တာက ညနေ၆နာရီ လူနာဆေးရုံရောက်တာက ၈နာရီမှတ်တင်းပါ။ ဖြစ်ပြီးပြီးချင်း ရဲနဲ့ ပီကေတွေ မှတ်တမ်းတင်နေတာနဲ့ လူနာသွေးထွက်လွန်မှန်းမသိ သူတို့မှတ်တမ်းတင်နိုင်ရေးကို ပဲရှေးရှုတာနဲ့တင် အဲ့မှာ ၁နာရီနီးပါးကြာတယ်လို့ မြင်သူတွေ ပြောပြချက်အရသိရပါတယ်။ စဝ်စံထွန်းဆေးရုံရောက်တော့လည်း ပို့တဲ့လူက ပြင်ပလူနာဌာနမှာတင် လူနာကို တာဝန်မဲ့စွာထားခဲ့ပါတယ်။ တစ်ကယ်လို့သာ လူနာကို ဖြစ်ဖြစ်ချင်း ဆေးရုံကိုအချိန်မှီ ပို့သပြီး ဆေးကုသမှုအချိန်မှီသာခံယူနိုင်မယ်ဆိုရင် အသက်ရှင်ကောင်းရှင်လာနိုင်ပါတယ်။ ယခုတော့လူနာမိသားစုတွေ လူနာဘယ်အချိန်အသက်ထွက်သွားလဲဆိုတာ မသိလိုက်တဲ့အဖြစ်ပါ။ ကျွန်တော့သူငယ်ချင်းဆုံးတော့ အသက် ၂၃နှစ်ပဲ ရှိပါသေးတယ်။ GTI ပြီးကာစ၊ တက္ကသိုလ်က ဘွဲ့ယူဖို့ ရက်ပိုင်းအလိုမှာ ဖြစ်သွားတာပါ။ မွေးချင်းမောင်နှမလည်းမရှိတော့ မိဘတွေ ဘယ်လောက်ရင်ကျိုးလိမ့်မလဲဆိုတာ တိုက်သွားတဲ့ တရားခံမိသားစု ကိုယ်ချင်းစာနာတတ်မယ်လို့ ထင်ပါတယ်။ ဝဋ်ဆိုတာလည်စမြဲပါ နောင်ဘဝမကူးပါဘူး။ ခင်ဗျားတို့ မိသားစုထဲမှာအခုမွေးလာတဲ့ ကလေးတွေက ကြီးလာမှာပါ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကထဲကနေ မထွက်သွားရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ အဲ့ဒီအချိန်တုန်းက အင်တာနက်တွေ ဒီလောက်ခေတ်မစားလို့ ခင်ဗျားတို့် ကံကောင်းသွားတယ်မှတ်ပါ။ ဒါပေမဲ့(လူသတ်တရားခံဆိုတဲ့) နာမည်အမည်းစက်တစ်ခုတော့ ကျန်ခဲ့ပါတယ်။ ယခုလည်းဒီအတိုင်းပါပဲ တိုက်တဲ့လူကိုသေသေချာချာသိနေပြီဆိုတော့ လူလဲနိုင်စရာအကြောင်းတော့မရှိတော့ဘူး။ ဘာဖြစ်ဖြစ် အဲ့ဒီအဂတိလိုက်စားမှုတွေ အမြန်ဆုံးပပျောက်စေချင်ပါတယ်။ ဒါမှလဲ ခေတ်မီတိုးတက်တဲ့ နိုင်ငံကို အမြန်ဆုံးတည်ဆောက်နိုင်မှာပါ။ ကိုသစ်ထူးလွင်ရေ ကျေးဇူးပါ ဒီလိုတန်ဖိုးရှိတဲ့သတင်းတွေ တင်ပေးတာ။ ဒါမှလဲ ပုံးကွယ်နေတဲ့ မတရားမှုတွေကို ပြည်သူတွေဆီကို များများတင်ပြနိုင်မှာပါ။ အပေးအယူလုပ်နေတဲ့ ရဲကို နာမည်အတိအကျတော့ ယူထားသင့်တယ်လို့ထင်ပါတယ်။ အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကိုင်း......သမတကြီးလူတွေကလည်း လာဘ်ပဲ စား စားနိုင်လွန်းတယ်။တစ်ခုလောက်မသိလို့ မေးပါရစေ.......အဲဒီလာဘ်စားတဲ့အစုတ်အပျက်ရဲတွေကို ကားနဲ့ မတော်တဆ တိုက်မိရင် အခုလိုမျိုးလုပ်လို့ ရပါသလား.............။
ကိုင်း......သမတကြီးလူတွေကလည်း လာဘ်ပဲ စား စားနိုင်လွန်းတယ်။တစ်ခုလောက်မသိလို့ မေးပါရစေ.......အဲဒီလာဘ်စားတဲ့အစုတ်အပျက်ရဲတွေကို ကားနဲ့ မတော်တဆ တိုက်မိရင် အခုလိုမျိုးလုပ်လို့ ရပါသလား.............။
လွန်ခဲ့သော ၂၀၀၄ ခုနှစ်လောက် တုန်း ကအထက် ကိုတော်တော်လေး ပေါက် ရောက်တဲ့ အမျိုးသမီး ကြီး တစ် ဦး မှ ၄င်း၏ ခင်ပွန်း ကို အိမ်ထောင်ရေး ဖောက်ပြန် မှု စွဲချက် ဖြင့် ၄င်း ကိုယ် တိုင် ခင်ပွန်း ၏ အမျိုး သား လိင်အင်္ဂါ ကို အက်ဆစ် ဖြင့် ပက်ခဲ့သည်။
တစ်လခန်.ပြင်း ထန် သော ဝေဒနာ ကိုအလူး အလဲ ခံစား ရင်း ခင် ပွန်း မှာ ၄င်း ဒဏ်ရာ ဖြင်. သေဆုံး ခဲ့ သည်။ တောင်ကြီးမြို. ခံလူ တော်တော်များများ ထိုကိစွ သိကြ ပြော ကြ သော်လည်း တောင်ကြီး အမှတ်(၁) ရဲစခန်း မှစုံစမ်း ခြင်း အရေး ယူခြင်းမရှိခဲ့ပါ။ ထိုကြောင့် ….တောင်ကြီး က ငွေများရင်တရားနိုင်တယ် အထက်ကိုပိုင်ရင်လဲ အခုလို အမှုပျောက်အောင် လုပ်လို.ရတယ်.....
ကိုသစ်ရေ နှစ်သက်မှာ ကောင်းတာလေးတွေ ရေးရအောင် ရှာပြီး တင်ပေးလို့ မရဘူးလား။
Post a Comment