လက်နက်ရောင်းချမှုကလွဲယင် မြန်မာအစိုးရပေါ်ချမှတ်ထားတဲ့
စီးပွားရေးဒဏ်ခတ်မှုအားလုံးကို တနှစ် ရပ်ဆိုင်းဖို့ အီးယူနိုင်ငံတွေက
မူအားဖြင့်သဘောတူလိုက်ကြောင်း AFP သတင်းအရ သိရပါတယ်။
ရန်ကုန်ရှိ အိးယူသံတမာန်တဥိးက မြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မလုပ်ဆိုတာကို စောင့်ကြည့်ရမှာမို့ လောလောဆယ် တနှစ်ဘဲ ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပရယ်လ ၂၃ ရက် Luxembourg မှာလုပ်မဲ့ အိးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပုံမှန်လပတ်အစည်းအဝေးမှာ တရားဝင်ကြေငြာဖို့ ရှိကြောင်းလည်း ရန်ကုန်ရှိ အိးယူသံတမာန်တဥိးကို ကိုးကားပြိး AFP သတင်းမှာ ရေးသားထားပါတယ်။
ဒီဗွီဘီ

စီးပွားရေးဒဏ်ခတ်မှုအားလုံးကို တနှစ် ရပ်ဆိုင်းဖို့ အီးယူနိုင်ငံတွေက မူအားဖြင့်သဘောတူ
Reviewed by သစ်ထူးလွင်
on
16:45
Rating:
2 comments:
ထူးခြားပြောင်းလည်းမှု့ကို စောင့်ကြည့်လို့ဆိုလိုက်တာပေါ့နော်...
မြန်မာတွေ ကျွန်တော့် ပြသနာအပါအ၀င် အဆင်ပြေနိုင်သောနည်းလမ်းကောင်းများ မြန်မြန်ပေါ်ထွန်းပါစေသာ.
မဟုတ်ရင် ရေကြည်ရာမြက်နုရာ ရှာရင်း ဟိုဒင်းဖြစ်ကုန်တဲ့
ဗမာမိန်းကလေးတွေ အတွေးအခေါ်နိမ့်ပါးလို့ ဘ၀ခြေယိုင်နဲ့သူတွေကို
လမ်းမှန်ကလေးများပြပေးဖို့လိုပါသဗျာ
အမှန်တော့စီးပွားရေးပိတ်ဆို့တာ အထက်လူတွေမခံစားရပါဘူး။အောက်ခြေပြည်သူတွေဒုက္ခရောက်တာပါ။သူတို့ကတော့လုပ်ငန်းတွေတခုပြီးတခု တိုးပွားနေပါတယ်။
Post a Comment