ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့်
လက်ရောက်ကျူးလွန်ပြီးနောက် အမှုမပေါ်ပေါက်စေရန် ထိန်းချုပ်ခြင်းကို
ခံထားရသည်ဟု သတင်းထွက်နေသောအသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း မိခင်ဒေါ်ကြူကြူက ပြောဆိုသည်။
ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ ပျက်စီးသည်အထိ ကျူးလွန်ခဲ့ပြီး တလခန့် မိဘထံ ပြန်မပို့ဘဲ ထိန်းသိမ်းထားပြီးနောက် ဒဏ်ရာများပျောက်ကင်းမှ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။
“မနေ့ညနေပိုင်းက ဦးအောင်ဖုန်းဝင်းကိုယ်တိုင် သမီးကို ကားနဲ့လာပို့သွားတယ်။ ကလေးပြန်ရရှိကြောင်းလည်း လက်မှတ် ပြန်ထိုး ပေးလိုက်တယ်”ဟု ဒေါ်ကြူကြူက ဧရာဝတီသို့ ပြောသည်။
မအေးယုအောင် အိမ်သို့ ပြန်ရောက်လာသော်လည်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့၏ နောက်ကွယ်မှ ထိန်းချုပ် ခြိမ်းခြောက်ထားခြင်းကို ခံထားရကြောင်းနှင့် စိတ်ကျမ်းမာရေးချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မိခင်ဖြစ် သူ ဒေါ်ကြူကြူက စွပ်စွဲ ပြောဆိုသည်။
“ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သမီးက မပြောပြချင်ဘူး။ ညရောက်မှ ချော့မေးကြည့်တော့မှ ဒေါ်ဖြူဝင်းသက်က သူမီးပူနဲ့ ကပ်တဲ့ ကိစ္စကို သူတို့မိသားစု တခုလုံး ဒုက္ခရောက်သွားမှာဖြစ်တဲ့အတွက် မပြောပါနဲ့ ဆိုပြီး သမီးဆီက ကတိတောင်းတယ် ပြောတယ်။ နောက် ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ခိုင်းတယ်တဲ့။ ဒီဘဝတင် မကဘူး နောက်ဘဝထိပါ မပြောပါဘူး။ ပြောရင် ကျမတို့ မိသားစုလည်း ဒုက္ခရောက်ရပါစေဆိုပြီးတော့”ဟု ဒေါ်ကြူကြူက သမီးဖြစ်သူ ပြောပြချက်များကို ကိုးကား ပြောဆိုသည်။
ကျော်ခ (ဧရာဝတီ)

မအေးယုအောင် အိမ်ပြန်ရောက်ပြီ
Reviewed by သစ်ထူးလွင်
on
09:38
Rating:
31 comments:
ဒီကိစ္စ ဒီလောက်နဲ့ မပြီးသင့်ပါ။ မတရားတာကို သစ္စာရေးသောက်လို့ မပြောဘဲ ထားခြင်းက ပို၍ဆိုးပါသည်။ အမှန်တရားအတိုင်းဖြစ်စေရန် အမှန်ကိုဖွင့်ဟပါ။ သစ္စာမစူးပါ။
ဒီကိစ္စ ဒီလောက်နဲ့ မပြီးသင့်ပါ။ မတရားတာကို သစ္စာရေးသောက်လို့ မပြောဘဲ ထားခြင်းက ပို၍ဆိုးပါသည်။ အမှန်တရားအတိုင်းဖြစ်စေရန် အမှန်ကိုဖွင့်ဟပါ။ သစ္စာမစူးပါ။
ကဲဘယ်လိုလုပ်မလဲလွတ်တော်အမတ်ကြီးများ
ကူညီကြပါအုံး၊
မြန်မာပြည်တရားသူကြီးများကိုဆုံးမဖို့လိုနေပါပြီ
ဒီလောက်နဲ့ပဲ ပြီးသွားပြီပေါ့ ဒီအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ဒီအိမ်ကိုနောက်ထပ်အစားထိုးဝင်ရောက်မယ့် အိမ်ဖော်များသတိချပ်စေလိုပါတယ် နောက်ထပ်ဒါမျိုးထပ်မလုပ်ပါဘူးလို့ အာမခံနိုင်တဲ့သူမရှိလို့ပါ။
ကံ . . ကံ၏အကျိုးဆိုတာ ပြုသူမှာသာ အဓိက သက်ရောက်မှာပါ . . သမီးလည်း ၀ဍ်ရှိလို့ ခံခဲ့ရတယ်လို့ ပဲမှတ်ပေါ့ . . . ပြုသူ အသစ် ဖြစ်သူအဟောင်းတဲ့ . . သမီးကတော့ အဟောင်းကို ဆပ်ပြီးသွားပြီ အသစ်ကိုတော့ ဒေါ်ဖြူဝင်းသက် လက်ဆင့်ကမ်း သည်ယူ သွားပါလိမ့်မယ် . . ၀ဍ်ဆိုတာ အကြွေးကျန်လေ့ မရှိဘူး လက်ငင်းအကျိုးပေးတတ်တယ် . .
ကဲ......ကြည့်စမ်း။ ကိုယ့်ကျ ဒုက္ခရောက်မှာကြောက်လိုက်တာ။ သူများကျ ဘုရားမှာတောင် နောင်ဘ၀ထိလှမ်းပြီး သစ္စာဆိုခိုင်းလိုက်သေးတယ်။ ဘယ်လောက်များ မတရားလိုက်သလဲ။ ဘာပဲဖြစ်ဖြစ်...သမီးလေးရယ်... ဘ၀၀ဋ်ကြွေးလို့ပဲ.. သတ်မှတ်လိုက်ပါတော့။ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့ တော်တော်ကုစားယူရမှာပဲ။ သမီးလေးဘ၀ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေကွယ်။
ကျမ်းကြိမ် တဲ့အတိုင်းဖြစ်မယ်ဆိုရင် သူတို့ကြိမ်ခဲ့ပေါင်းများပြီ သူတို့ဖြစ်တာကြာပြီ။
ကျမ်းကြိမ် တဲ့အတိုင်းဖြစ်မယ်ဆိုရင် သူတို့ကြိမ်ခဲ့ပေါင်းများပြီ သူတို့ဖြစ်တာကြာပြီ။
တရားဥပဒေရေ..ခင်ဗျားဘယ်ရောက်နေလဲဗျ။
ွှအပြစ်လုပ်ထားသူ အပြစ်ပေးမခံရဘူးဆိုရင်တော့ မဟုတ်သေးဘူးနော် . . တရားဥပဒေ စိုးမိုးရေး ရှိမရှိ စောင့်ကြည့်နေကြသည် . .
အခုတော့ သစ္စာရေသောက်ခိုင်းတာကအစ ပေါ်သွားပြီလေ။ ကယ့်ဘာတတ်နိုင်အုန်းမှာလဲ။ နောက်ဘဝမပြောနဲ့ ဒီဘဝမှာတောင်သူသစ္စာရေသောက်ခိုင်းပြီး ကျိန်ခိုင်းတာတော် တလမခံဘူး။ ဟဟ ရီရတယ်။
သြော် အခုမှကြောက်တတ်နေလိုက်တာ
ကလေးကိုများ သစ္စာဆိုခိုင်းရတယ်လို
ကလေးကိုပညာမသင်ပေးပဲ ခိုင်းစားတဲ့မိဘကိုလဲ အံ့သြမိပါတယ်
ဒါ ကလေးတွေကို ညဉ်းပမ်းနှိပ်စက်တာပဲ
အန်တီစုအပါအဝင် လူကြီးများ တခုခုလုပ်ပေးပါစေ
ဒေါ်ဖြူဝင်းသက်ကတော့ တရားသူကြီး မိန်းမဖြစ်ပြီး
မလုပ်သင့်တာလုပ်နေတော့တာဘဲ
ကလေးမလေးကိုတော့ မီးပူနဲ့ ကပ်ပြီး နာကျင်အောင်လုပ်တယ်
သူတို့ မိသားစု ဒုက္ခရောက်မှာတော့ ကြောက်တယ်တဲ့
သစ္စာရေတောင်သောက်ခိုင်းပြီး ကျိန်ခိုင်းလိုက်သေးတယ်
ကဲ ဒါဆိုလဲ ကြေသွားအောင် ဒေါ်ဖြူဝင်းသက် ကို မအေးယုအောင်က
ပြန်ပြီး မီးပူနဲ့  ကပ်စေ။
ပုံ
ပေါင်ချိန်
သစ္စာအရာ တည်သော်ခါတွင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ အခုဟာက ဘာသစ္စာမှ မတည်တော့ဘူး သစ္စာရေသောက်လည်း သေးပေါက်ကောင်းတာတော့ အဖတ်တင်မှာပေါ့ ငါးပါးသီလ မလုံခြုံပဲနှင့် ကိုယ်ကျင့်သီလ မပြည့်စုံပဲနှင့် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ ကျွန်တော်ရဲရဲကြီး ပြောရဲတယ်။ ဒီလိုလုပ်လို့ ရမှန်းသိရင် နောက်လည်း လာဦးမှာပဲ။ဒီကောင်မလေးကို မကြောက်ဖို့ သတ္တိမွဲပေးပြီး တရားဥပဒေနည်းလမ်းနှင့် ပြင်းပြင်းထန်ထန် အရေးယူနိုင်အောင် ၀ိုင်းဝန်းကူညီးပေးကြပါ။
ဒေါ်ဖြူဝင်းသက်ကတော့ တရားသူကြီး မိန်းမဖြစ်ပြီး
မလုပ်သင့်တာလုပ်နေတော့တာဘဲ
ကလေးမလေးကိုတော့ မီးပူနဲ့ ကပ်ပြီး နာကျင်အောင်လုပ်တယ်
သူတို့ မိသားစု ဒုက္ခရောက်မှာတော့ ကြောက်တယ်တဲ့
သစ္စာရေတောင်သောက်ခိုင်းပြီး ကျိန်ခိုင်းလိုက်သေးတယ်
ကဲ ဒါဆိုလဲ ကြေသွားအောင် ဒေါ်ဖြူဝင်းသက် ကို မအေးယုအောင်က
ပြန်ပြီး မီးပူနဲ့  ကပ်စေ။
ပုံ
ပေါင်ချိန်
မြန်မာတွေတော်တော်များများ စာနာတရား နဲလာကြပါပီ။
မိန်းမဖျက်ပြည်ပျက်တဲ့။မိန်းမရဲ့လောဘကအကြောက်တရားမသိဘူး။
သူများအတွက်နားမလည်ဘူး။
ဒါကြောင့်မိန်းမကိုအပြစ်ကြီးကြီးပေးလိုက်ခြင်းကစံပြလုပ်
တာဖြစ်ပါတယ်။နောင်သားစဉ်မြေးစဉ်မြေးဆက်သင်ခန်း
စာယူဘို့အပြစ်ပေးပါလို့မှတ်ချက်ပေးချင်ပါတယ်။
ဒီလို အတင်းအကျပ် တိုင်တည်ခိုင်းတဲ့ သစ္စာက ထိရောက်မှာတဲ့လား။ ကလေးကို ဘယ်လောက်များ ခြိမ်းခြောက်ထားလိုက်ကြမလဲ။
တော်တော်ဆိုးတဲ့ လင်မယားပါလား။
သူများသားသမီးကို လုပ်တုံးက လုပ်ပြီး ခုကျမှ ကြောက်တတ်နေလိုက်တာ...
ဟာ မိုက်ရိုင်းလိုက်တာ အတော်လူမဆန်တဲ့ လုပ်ရပ်ပဲ .................
မြန်မာပြည်ရဲ့တရားရေးဟာ ဘာပြုလို့မမျှတကြတာလဲ။တရားသူကြီးကစပြီးဥပဒေကိုချိုးဖောက်တာမှတ်လောက်အောင်အပြစ်ပေးသင့်ပါတယ်။ပြည်သူတွေစောင့်မျှော်နေတယ်။မြန်မာနိုင်ငံရဲ့တရားရေး
သက်ဦးဆံပိုင် ဘုရင်စနစ် မပျောက်သေးလိုပါပဲလား...
မြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ မအေးယုအောင်အမှုရဲ့ အဖြကို
ကြည့်ခြင်းအားဖြင့် သိနိုင်တယ်...
ကြည့်ကြသေးတာပေါ့..........
ဒီကိစ္စ က နိုင်ငံ ပေါ်လစီနဲ.အများကြီးဆက်နွယ်မှု ရှိနေပါတယ် ၊ နောက်ပြန်ဆွဲ ဒီမိုကေ၇စီကိုသွားနေတာပါ ၊
ခွေးမျိုးတွေ ဘာသစ္စာဆိုခိုင်းတာလဲကွဟင်၊ ဘာနောင်ဘဝအထိလဲ လုပ်တုံးကလုပ်ပြီးတော့ ဘာနာမည်ပျက်မှာကြောက်နေတာလဲ၊ ဒီကောင်မလေးရဲ့နောင်ရေးက အမြဲတမ်းအမာရွတ်နဲ့နေရတော့မှာလား။ လူစိတ်မရှိတဲ့လူတွေ။
သူများကိုမီးပူနဲ့ကပ်တဲ့ဒေါ်ဖြူဝင်းသက်ကိုလည်း မီးပူနဲ့ ပြန်ကပ်မယ်.ကဲ ဘယ်လိုလဲ ဒေါ်ဖြူဝင်းသက်!ခံနိင်မလား
အလကားပါကွာ သူ့ယောက်ကြားအညိမ်မနေနိုင်တာကို ကောင်မလေးကိုကြံတာနေမှာပေါ့ ယောက်ကျားကိုသူမှ မနိုင်တော့ နိုင်တဲ့လူကို မီးပူနဲ့ကပ်တာနေမှာပေါ့ ဒါတွေကရိုးနေပြီ ကလားမနိုင်ရခိုင်မဲ တာနေမှာပေါ့
ကြိန်တာလိမ်တာပဲ...
ဝိုး...သစ္စာဆူးမယ်ဆိုရင်အစိုးရ၀န်ထမ်း
ကလိမ်ကကျစ်များအရင်ဆူးမည်။
တရားသူကြီးမိန်းမကိုတရားစွဲကြပါ။
တရားသူကြီးပီပီကလိန်ကကျစ်ဂျပိုးကိုလိပ်ဖြစ်အောင်
လုပ်လိုက်ပြန်ပြီ...အော်...လွတ်တော်..လွတ်တော်..
သူတို့ကိုယ်သူတို့လွတ်ပေးတဲ့နေရာအတော်ဆုံးပဲ...
လွတ်တော်ကပုတ်သင်ညိုတွေ.ဒီအကြောင်းဘာတစ်ခုမှပြောသံမကြား
ပါလား.တရားသူကြီးဆိုပီးထင်ရာလုပ်လို့ရတယ်ဆိုတဲ့စံနစ်ကိုသွားနေတာလား. ဘာတွေပြောင်းလဲတာလဲ.သမတရေ.ဘောင်းဘီချွှတ်ပီးခေါင်းပေါင်း.ပေါင်းပြ
လိုက်တာလား.
ဒီလိုပုံစံနဲ့လုပ်လို့ရရင်ကျွန်တော်အဲ့ဒီလုပ်တဲ့လူကိုပိုက်ဆံဘယ်လောက်လိုချင်လဲကျွန်တော်လုပ်ပစ်လိုက်ချင်တယ်....အဲ့ဒါဟာတရားလာ....ဦးနှောက်မှမှန်သေးရဲ့လား...ခင်ဗျားလို့မပြောထိုက်ပေမယ့်ပြောကိုပြောရမယ်....တော်တောာ်အောက်တန်းကျတဲ့လူတွေ...သားသမီချင်းကိုယ်ချင်းမစာမနာ..ညှင်းခင်ဗျားတို့ထိမယ်အဲ့ဒါမြဲမြဲမှတ်ထားပါ
တရားကိုနတ်စောင့်ပါတယ်သမီးအားမငယ်ပါနဲ့ တရားသူကြိးနဲ့သူ့မိသားစုအချိန်တန်ပြန်ခံရပါလိမ့်မယ် နိုင်ထက်ပြုမှုလောကကြီးအမြန်ငြိမ်းချမ်းပါစေ
Post a Comment