မီးပူဖြင့်ကပ်ခံရသည့် မအေးယုအောင် အမှု သက်သေများကို စစ်ဆေး


မအေးယုအောင်အား တရားသူကြီးကတော်မှ မီးပူဖြင့်ကပ်သည့်ကိစ္စကို နေပြည်တော်မှ
ညွန်ကြားသဖြင့် လူကုန်ကူးမှုတိုက်ဖြတ်ရေးအဖွဲ့မှ ရဲအုပ် မောင်မောင်ဝင်း၊
တပ်ကြပ်ကြီး အောင်ကျော်လင်း တို့မှ ပတ်ဝန်ကျင်ရှိ ဦးကြည်လင်း၊ မမာမာအေး၊
ကိုအောင်နေလင်း သက်သေသုံးဦးအား (၆၊ ၄၊ ၂၀၁၂)နေ့တွင် လာရောက်စစ်ဆေး
ခဲ့ကြောင်း (လမ်းပြကြယ်)အဖွဲ့ မှ သတင်းပေးပို့ ထားပါသည်။



Myanmar News Now
မီးပူဖြင့်ကပ်ခံရသည့် မအေးယုအောင် အမှု သက်သေများကို စစ်ဆေး မီးပူဖြင့်ကပ်ခံရသည့် မအေးယုအောင် အမှု သက်သေများကို စစ်ဆေး Reviewed by သစ်ထူးလွင် on 18:57 Rating: 5

18 comments:

Topsidon21 said...

လူသားမဆန်တဲ့ညှင်းပမ်းနှိပ်စက်မှုအတွက်-အပြစ်ရှိခဲ့ရင် တူညီတဲ့ပြစ်ဒဏ်
ကို ကျခံစေသင့်သလို၊နောင်ကျင်အောင် လူပုံအလည်ခေါင်မှာ - public punishment ပုံစံမျိုး လုပ်ကြဘို့ဝိုင်းတောင်းဆိုကြပါ။ တော်ကြာတရားသူကြီး
အချင်းချင်းမို့လို့ဒဏ်ငွေတစ်ထောင်ထဲနဲ့ပြီးသွားမဲ့-မြန်မာ့တရားစီရင်ရေး ကိုကြောက်လို့....ပြီးရင်ငွေများတရားနိုင်တဲ့ စီရင်ရေးမျိုးကလူမျိုးတုန်းစေဦးမယ်။

Myanmar said...

သမ္မတကြီးကိုအ၇မ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီသတင်းကြောင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ များစွားအားတက်၇ပါတယ်ခင်ဗျာ။ လွှတ်တော်ဥက္ကဌကြီးကိုလဲ တ၇ားေ၇းမဏ္ဌိုင်တိုးတက်ခိုင်မာလာအောင် ဆောင်၇ွက်ပေးပါ၇န် အားကိုးစွာတောင်းဆိုပါ၇စေခင်ဗျာ။ ပြည်သူကေ၇ွးချယ်တဲ့အစိုး၇မှန်ဖြစ်လာစေဘို့ ဆုတောင်းလျှက်ပါ။ ။

kaungkinn said...

သက်ဆိုင်ရာမှ မအေးယုအောင် အတွက် တရားသဖြင့် ဖြေရှင်းပေးသင့်ပါတယ်...တရားသူကြီး ကတော်ကိုလည်း ထိုက်တန်တဲ့ အရေးယူမှု ပြုလုပ်ပေးကြပါ..လို့ တောင်းဆိုပါတယ်...

noung said...

ဒီအစိုးရလက်ထက် မှာသန့်ရှင်းသော အစိုးရတရပ် အနေ နှင့် မှန်မှန်ကန်ကန်ဖြစ်စေချင်ပါတယ်။ ခလေးငယ်ကို ကိုယ်ချင်းစာမိတာတော့ အမှန်ဘဲ စိတ်မချမ်း သာမှုလည်းဖြစ်ရပါတယ်ဗျာ။ မြန်မာပြည်သူပြည်သားတွေကြီးနိုင် ငယ်ညှင်းဘ၀ မှ အမြန်ဆုံး လွတ်မြှောက်နိုင်ကြပါစေဗျာ

tkm said...

ဘာတွေဆက်ဖြစ်မလဲ သိချင်ပါတယ်
အဲဒီလိုယုတ်မာပြီးလူမဆန်တဲ့မိန်းမတွေကို
အမြန်မဆုံးအရေးယူပေးကြပါ..
ကောင်မလေးကိုသနားပါတယ်...
အဲဒီမိန်းမကြီးကို...အဲလိုပြန်လုပ်ခိုင်းရမယ်...

Thet said...

မြန်မြန်အရေးယူပါ။ ဒါမှ မတရားလုပ်သူတွေ နောင်ကျဉ်မှာ....

တို့ခေတ် said...

အခု လို အရေးယူ ဖို့ အတွက် ဒီသတင်း ကို ဖော်ပြပြီး ကြိုးစားအားထုတ်တဲ့ မီဒီယာ တွေ ကို ကျေးဇူးတင်ပါတယ်

ဇင်မွန် said...

၇က်စက်လိုက်တာ ၊ စာနာဖို.ကောင်းပါတယ်၊-- ၇ဲတွေလည်း စာနာမှာပါဗျာ ၊

ဒီလူ said...

ဒီအမှုအတွက်...
-နေပြည်တော်မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊
-ပဲခူးမြို့ မှလမ်းပြကြယ် အဖွဲ့နှင့် တာဝန်သိမိဘပြည်သူများ
-Media ပီသသော သစ်ထူးလွင် Web Site နှင့် တာဝန်သိ Media များ
-တာဝန်ရှိ ပြည်သူ့ဝန်ထမ်းများ
အားလုံးကို Democracy လူ့အဖွဲ့အစည်း၏ စံထားထိုက်သော လူမှုဝန်ထမ်းထူးချွန်သူများအဖြစ် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်...

ko ko tin said...

မြန်မာပြည်မှာ ကြီးနိုင်ငယ်ညှင်း ဖြစ်နေပါတယ်
အထူးသဖြင့် အာဏာရှိသူများကပိုကျူးလွန်ကြတယ်
စစ်မှန်သောတရာဒဥပဒေစိုးမိုးရေးကိုလိုလားပါတယ်
ကျောသားရင်သားမခွဲခြားတဲ့ဥပဒေကိုလိုလားပါတယ်
သားရေကွင်းဥပဒေအလိုမရှိ

sitmonelu said...

အမိန့်ချမယ်..၁၀၀၀ကျပ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ..စမ်းချောင်းက taxi driver ကို ရိုက်ပြီးလူသတ်တဲ့အမှုတောင် တရားသူကြီးက နာကျင်စေမှုဆိုပြီးအမိန့် ချချင်သလိုချခဲ့သေးတာပဲ..

Anonymous said...

ဒီအမှုက ကြာရင်ပျောက်သွားမယ်လို့ထင်တယ်... ဘာဖြစ်လို့လဲဆိုတော့..
တရားဥပဒေစိုးမိုးရေးမရှိလို့ပါ...
လက်တွေ့လက်တွေ့
အောက်ခြေမှာ နအဖအတိုင်းပါဘဲ...
တရားရေးတင်မက ၀န်ကြီးဌာနအားလုံး ဒီအတိုင်းဖြစ်နေတယ်ဆိုတာ
သိထားကြပါ...
ဦးသိန်းစိန်ပြောတာ...ဘယ်လောက်ကြာအုံးလဲမသိဘူး.....
ခုဘဲကြည့်လေ...ကြာလေအမှုပေါ့လေ...
မေ့သွားမှာပါ..
တရားစီရင်ရေးဆိုတာဘာလဲ..
................. ပြောစရာအများကြီးပါ...

ko ko said...

သက်သေကိုဘေးပတ်ဝန်းကျင်ကလူတွေမေးစရာလိုပါသလား?..ခလေးမလေးရဲ
ပုခုံးနှင့်လည်ပင်းဒဏ်ရာတွေကဖေါ်ပြနေပြီဘဲ..ရရှိထားတဲ့ဒဏ်ရာသက်သေ
ကခိုင်လုံမှုမရှိလို.လား?...

Baby taster said...

ရုပ်ရှင် မင်းသမီးပါးရိုက်တာ ဒဏ်ငွေ တစ်ထောင်ဆိုတော့
တရားသူကြီးကတော်ဆိုရင်တော့ ဒဏ်ငွေ တစ်ရာဖြစ်သွားရင်တော့
ဒုက္ခပဲ။

yelpaing said...

သမ္မတကြီးဦးသိန်းစိန်နှင့်တစ်ကွ နေပြည်တော်တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် လေးစားပါတယ်ဗျာ။ ။ကျနော်တို့ တိုင်းပြည်မှာ နယ်ချဲ့ရဲ့ ဒဏ်ကနေလွတ်မြောက်ပြီနောက်ပိုင်း ယခုလိုမျိုး ကိုယ်လူမျိုးအချင်းချင်း ပြန်မျိုမတတ်အဖြစ်အပျက်တွေများပါပြီဗျာ။။ကျေလက်နေတောင်သူလယ်လုပ် အခြေခံလူတန်းစားတွေကအများဆုံးပါပဲ။ ယခုလိုနေပြည်တော်မှတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အနေနဲ့ မြို့ နေလူထုမကျန် ကျေလက်လူထုအဆုံး ပြည်ပရောက် ရွှေ့ ပြောင်းအလုပ်သမား တွေအတွက်ရော ဒီလိုထိထိရောက်ရောက် နဲ့ လုံ့ ခြုံမှုရှိမယ့် အစီအမံများ ချမှတ်လုဆောင်နှိင်မယ်ဆိုရင် အတိုင်းမသိကြိုဆိုပါတယ်။

my love said...

ကလေးမလေးက ဗွီဒီယိုကလက်တစ်ခုမှာ သူကိုယ်တိုင်ပြောထားပြီးပဲ အဲဒီ့ဗွီဒီယိုကလက်ကလေးကြည့်လိုက်ပါလား အသိသာအထင်ရှားကြီးပဲ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရ အားလုံးအပေါ်မှာ သာတူညီမျှ တရားစီရင်နိုင်ပါစေလို့ဆုတောင်းပါတယ်၊ အပြစ်ဒဏ်ငွေတစ်ထောင်လောက်ဆိုတဲ့ တရားစီရင်မှုမျိုးနောက်ထပ် မြန်မာ့တရားစီရင်ရေးမှာမဖြစ်ဖို့ ၀ိုင်းဝန်းကာကွယ်ကြရပါမယ်

nandarllay said...

မြန်မာနိုင်ငံရဲ့တရားစီရင် ရေးဇာတိရုပ်အမှန် မကြာခင်မြင်ရပါ့တော့မယ် ။မျက်နှာ ကြီးရာဟင်းဖတ်ပါ ။နောက်ဆုံးတော့ လူဆိုးက လူကောင်းဖြစ် လူကောင်းကလူဆိုးဖြစ် ။ပိုက်ဆံပေးနိုင်ရင် ကြီးတဲ့အမှု ကပျောက် မပေးနိုင်ရင် ငယ်တဲ့သေးတဲ့အမှုက မဟာတရားကြီး ။တရားသူကြီးစားပွဲ ပေါ်ကကျမ်းကျိန်တယ်ဆိုတဲ့အနီရောင်အထုတ်က အထဲမှာ ဘာတွေ ထည့်ထားတာလဲ။ မရှက်တတ်ကြဘူးလား။ကိုယ်မိသားစုကို ယောက်ျားကြီးတန်မဲ့ခိုးလိမ် ကျွေးနေတာ။ဆိုက်ကားသမားတောင် မင်းတို့ထက်အဆင့် မြင့်တယ်။

ARTARLOOT said...

ထက်ထက်မိုးဦးပါးရိုက်တဲ့အမှုတောင် ၁နှစ်နဲ့ ၁၀ လကြာတယ်။ ဒီလို တရားသူကြီး ကိုယ်တိုင်ပတ်သတ်နေတဲ့အမှုဆိုရင်တော့ ဒိထက်မက ကြာသွားမယ်။ မကြာသေးခင်က ကျောင်းအုပ်ဆရာမကြီး က နှစ်ငါးဆယ်ကျော်လောက်က ပျောက်သွားခဲ့တဲ့ မိန်းမသားတစ်ဦးကို သူ့ အိမ်မှာ စာမသင်ပေးဘဲမျက်စိကွယ် သွားခဲ့တဲ့အထိ ခိုင်းစားထားတဲ့အမှု လဲ ဘယ်ရောက်သွားလဲမသိဘူး။ ဒီဇာတ်လမ်းလဲဒီလိုပဲအဆုံးသတ်သွားဖို့ များပါတယ်။နေပြည်တော်က စုံစမ်းခိုင်းလို့ ဆိုတာ လောလောဆယ် tension တွေကျသွားအောင်လုပ်တာပါ။ ဒါပါပဲ။ မြန်မာတွေ က အတက်အကျ အရမ်းမြန်တယ် ။ ပြီးရင်မေ့သွားရော။ အခုတောင်ဘာ မှ ရုံးတော်ပေါ်ရောက်မလာသေးဘူး။ လူမှုထူးချွန်ဆုတွေဘာတွေ တောင်ကြိုပေးနေပီ အပေါ်ကကွန်မန့် တွေမှာ။

Powered by Blogger.