အမေရိကန်အမတ်နှင့် အန်အယ်လ်ဒီ နာယက တွေ့ဆုံမည့်အစီအစဉ် ဖျက်သိမ်း

မစ္စတာ ဂျင်ဝက်ဘ် နှင့် ဦးတင်ဦး
မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦးတို့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

နှစ်ဖက် တွေ့ဆုံဖို့ ဒီနေ့ ချိန်းဆိုထားပေမယ့် မစ္စတာ ဂျင်ဝက်ဘ်က မအား လပ်တဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးဥာဏ်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ ဒီနေ့မနက်ပိုင်းက ပဲခူးမြို့ကို သွားရောက်ပြီး ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသွားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောပါတယ်။

မစ္စတာ ဂျင်ဝက်ဘ်ဟာ ဧပြီ ၉ ရက်နေ့တုန်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် လွှတ်တော် အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဂျင်ဝက်ဘ်ရဲ့ အခုခရီးစဉ်နဲ့ ပက်သက်ပြီး ဧပြီ ၁၁ ရက်နေ့မှာ  သတင်း စာရှင်းလင်းပွဲကို အမေရိကန်သံရုံးတွင် ပြုလုပ်မှာ ဖြစ်ပါတယ်

ဒီဗွီဘီ
အမေရိကန်အမတ်နှင့် အန်အယ်လ်ဒီ နာယက တွေ့ဆုံမည့်အစီအစဉ် ဖျက်သိမ်း အမေရိကန်အမတ်နှင့် အန်အယ်လ်ဒီ နာယက တွေ့ဆုံမည့်အစီအစဉ် ဖျက်သိမ်း Reviewed by သစ်ထူးလွင် on 16:24 Rating: 5

2 comments:

မျှော်ရဇ် said...

အမေစု ခင်ဗျာ.....ကျွှန်တော်စိတ်ထဲမှာ ဒီကောင်ဂျင်ဝတ်ကို မသင်ကာပါဘူး ခင်ဗျာ...။ ဒီကောင်က အကြံသမားပါ။ သူနိင်ငံမှာ နိင်ငံရေးအရ မျက်နှာရအောင် မြန်မာပြည်နဲမြန်မာလူမျိုးတွေကို လာပြီး အသုံချတာလိုမြင်ပါတယ်။ ပထမ အခေါက်လာတုန်းကေ-ာက်ရူးကြက်တေားနဲ နအဖ ကို အသုံးချပြီး အမေစု ကို အိမ်ထဲးပြန်ထဲသွားတာ သူလက်ချက်အကင်းဘူလို မြင်ပါတယ်။ အခုလဲ သူနိင်ငံမှာရွေးကောက်ပွဲး လုပ်နေတုန် မျက်နှာရအောင် မြန်မာပြည်ကို လာပြီး အသုံချတာ၊ အမေစု ကအလုပ်များလို ခရီးတွေပန်း ရွေးကောက်ပွဲးကိစ္စတွေနဲ နောက်လွှတ်တော်တက်ဖိုပြင်နေရတာတွေနဲ မတွေဖြစ်တာကို စိတ်ထားက မမှန်တာကိုပြချင်တော့ အဘ ဦးတင်ဦးကို တမင် အကြောင်းရှာပြီး မတွေအောင် ဖန်တီးလိုက်တာပါ။ အမေရိက အစိုးရထဲမှာ လူကောင်တွေရှိသလို ဂျင်ဝတ်လို ကိုယ်ကောင်းစာဖိုအတွက် ဒူးရင်သီးလို လူယုတ်မာအုပ်စုတွေလဲရှိပါတယ်။ လိုရင်တမျိုး မလိုရင်တစ်မျိုးလုပ်မည် လူယုတ်မာအုပ်စုတွေ ဖြစ်ပါတယ်။ အမေစု အနေနှင့် မည်သည် အစိုးရအဖွဲးကို မဆို မိမိနှင့် ပင်တိုင် ဆက်စံနိင်မည် စိတ်ထားမူမှန်သည် လူပုဂ္ဂိုလ်မျိုးကို ရွေးချယ်ပြီး ဆက်စံပေးပါလို တိုက်တွန်းချင်ပါသည်။ ဘာဖြစ်လိုအကြံပြုပါသလဲဆိုရင် စပြီတက်ခါစ အမေစု မြန်မာပြည်နဲ မညှိ့ပဲ ဂျင်ဝတ်လို တိုင်သပါသား လူယုတ်တွေနဲ ညှိ့ပြီး အမေစုအတွက် စိတ်အနှောက်အရှက်ဖြစ်သွားမှကို စိုးရိမ်မိပါသည်။

Saw K Shan said...

မျှော်ရဇ်ရေ..ကောင်းတယ်ဗျာ၊ဗဟုသုတရတယ်။ကျွန်တော်တို.မှာခုမှနိုင်ငံ
တကာဗဟုသုတကို၊ ကိုသစ်ကျေးဇူးကြောင်.သိလာရတာ။ကိုသစ်ရေရွေး
ကောက်ပွဲနေ.သတင်းတွေကိုကျေးဇူးပါဗျာ၊ကော်မန်.ပေးတဲ.ညီအကိုတွေ
ရေးတာထိမိချက်ကတော.စာအုပ်ကိုထုတ်စေချင်သေးတယ်ဗျာဂန္ဒ၀င်ပဲ
(စာလုံးပေါင်းမှား၍ sorry ပါ)၊အရေးအသားတွေမပျောက်စေချင်ဘူးဗျ။
ခေါင်စဉ်နဲ.မဆိုင်လို.ညီတွေမအော်ခင်ရပ်မယ်ဗျာ။

Powered by Blogger.