ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည်

ဦးခင်ညွန့် လူဝတ်လဲပြီး တွေ့ ရစဉ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ယခင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ထောက်လှမ်းရေး
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အနေနဲ့
ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံပါက ခံဝန်ကတိဖေါက်ဖျက်မှုဖြင့် ပြန်လည်
အကျဉ်းကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ
အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက ပြောပါတယ်။

သူက ဦးခင်ညွန့်ကို
နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်အခါက ပြည်ပ မီဒီယာများနှင့်
တွေ့ဆုံခြင်း မပြုရန်၊ တပ်မတော်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့
အတွင်းရေးသတင်းများကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်၊
စည်းကမ်းချိုးဖေါက်ပါက ကျန်ရှိ ထောင်ဒဏ်များကို ပြန်လည် ကျခံရမည်ကို
သိရှိပါကြောင်း လက်မှတ်ရေးထိုးခဲ့ရကြောင်း ရှင်းပြပါတယ်။


 ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ကနေဒါရောက်
မြန်မာတစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပဲယင်း
အရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်လှမ်းရေး တပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရတယ် ဆိုပြီး ဦးခင်ညွန့်က ပြောဆိုတယ်လို့ ဖော်ပြထားတဲ့အတွက် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်း က သွားရောက် စစ်ဆေးမေးမြန်းခဲ့ရပါသေးတယ်။ 


အဲဒီ့ အချိန်က ရဟန်းဘောင်ဝင်နေတဲ့ ဦးခင်ညွန့်က ဦးမြင့်ဆွေကို သတင်းထောက်တစ်ယောက် အနေနဲ့ မဟုတ်ပဲ သုတေသီ တစ်ဦးအနေနဲ့သာ
တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပြောဆိုမှုတွေကိုလည်း မည်သည့်မီဒီယာတွင်မှ
ရေးသားဖော်ပြခြင်း မပြုရန် ကြိုတင် သဘောတူညီချက် ရယူခဲ့ကြောင်း၊
ဒီပဲယင်းကိစ္စလည်း မပြောကြောင်း စသဖြင့် ရှင်းပြတယ်လို့ သိရပါတယ်။


ဒီဗွီဘီ
ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည် ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည် Reviewed by သစ်ထူးလွင် on 17:57 Rating: 5

26 comments:

Yee Yint Aung said...

ပေါ်မှာစိုးလို့ လိုက်အုပ်နေတာ ဗျို့

ဇာမဏီ said...

ဟဟဟ ဒါမျိုးကျ ကြောက်တတ်ကြတယ် ဟုတ်လား။
မဟုတ်တာလုပ်ထားတဲ့သူတွေဆိုတော့လည်း ကိုယ့်အတွင်းလူ
တစ်ယောက်က ဖွင့်ချမှာ ကြောက်ကြပေမပေါ့ဗျာ။။ ဟား ဟား
အခြေခံဥပဒေ နဲ့ကာကွယ်သွားတာတောင် ဒီလောက်ကြောက်
မနေကြပါနဲ့ဗျာ။အခြေခံဥပဒေကိုထိမှာစိုးလို့လွှတ်တော်တက်မဲ့အမတ်တိုင်းကိုတောင် ကျမ်းသစ္စာ ကျိန်ဆိုခိုင်းသတဲ့။ အန်အယ်ဒီက အမတ်တွေလည်း ခုသူတို့ တောင်းဆိုသလို နည်းနည်းလေး ပြင်ဆင်မကျိန်ဆိုရရင် လွှတ်တော်ထဲမှာ ခုရှိ
တဲ့ အမတ်တွေလိုဘဲ ထိုင်၊ထ၊ ခေါင်းညိတ် အဲလိုဘဲဖြစ်နေမှာ
ပေါ့။တော်တော်လည်းဥာဏ်များတဲ့ လူတွေဘဲဗျာ ဟဟဟဟ

Anonymous said...

ဦးခင်ညွန့် ကထောက်လှမ်းရေးဆရာကြီးဆိုတော့၊ မျိုးချစ်တပ်မတော်ခေါင်း
ဆောင်အားလုံးရဲ့ လူသိမခံနိုင်တာတွေကိုအထောက်အထားတွေနဲ့ တော်တော်
သိထားတာကြောင့်၊လူသိမခံနိုင်ကြတာ။ ဒါပေမဲ့မကြာတော့သောအချိန်မှာ
ပြည်သူတွေ တစ်နည်းနည်းနဲ့ သိလာကြမှာပါ။ သမိုင်းဆိုတာဖျက်လို့ ရရိုး
မရှိပါဘူး၊ မဟုတ်တာလုပ်ထားရင်သစ်ရွက်ကြွေရင်တောင်ကြောက်နေရမျိုးပါ။

ကျော်အေးမြင့် said...

လွတ်မြောက်လာသူအားလုံး အကြောင်းရှာပြီး ပြန်ဖမ်းနိုင်သည်ကို သတိထားကြစေလိုပါသည်။ ဒါကြောင့် ကိုသူရက အစောကြီးထဲက ပြောထားတာပေါ့။ လွတ်လွတ်လပ်လပ် လွတ်ပေးလီုက်တာမဟုတ်ဘူး လို့

Anonymous said...

ဦးခင်ညွန့်ဝဋ်လည်နေတာပေါ့နော်။
ကျန်ရှိနေသောတာဝန်ထမ်းဆောင်နေဆဲ
ဗိုလ်ချုပ်..အရာရှိအပေါင်းတို့..
ကိုယ်သေသွားလည်းကိုယ့်မျိုးဆက်နဲ့ကိုယ့်
သမိုင်းကြောင်းကောင်းဖို့ကဘ၀မှာအေ၇းကြီးဆုံးပါ။
ချမ်းသာမှုသေရင်မပါ။ရာထူးဆိုတာလည်း
ယူဆောင်မသွားနိုင်။နာမည်ဆိုးနဲ့မသေဖို့ကအဓိကပဲ။

Anonymous said...

မှန်ပါတယ်... တိုင်းပြည်ရဲ့ အတွင်းရေးနဲ့ လူထုကို အကျိုးယုတ်စေမယ့် ကိစ္စကို ဘယ်တော့မှ မပြောသင့်ပါဘူး.. မပြောဘူးလို့လဲ ထင်ပါတယ်..ဗျာ..

Anonymous said...

ဖမ်းရင်ဖမ်းပစေပြောသာပြော.
ဒီကောင်တွေယုတ်မာထားတာတွေအကုန်သာဖော်ပြစ်.

FAMILY KARUNAR said...

အေးအေးချမ်းချမ်းလဲပဲ နေချင်တော့ရင်လည်း ဘယ်သတင်းထောက်နဲ့မှ မတွေ့ပါနဲ့တော့ဗျာ။အေးချမ်းချင်တဲ့ လူကိုလဲ မီဒီယာတွေက ထပ်ပြီး မနှောက်ယှက်ကြရင် ကောင်းမယ်ဗျာနော။ သာမှကောင်းကြတဲ့ ပေါင်းချင်ကြတဲ့ လူတွေမဖြစ်ကြဖို့ လိုသလို ကိုယ့်ကြောင့် တဖက်သား ဒုက္ခရောက်မယ့် အလုပ်မျိုးကိုလဲ မလုပ်သင့်ကြပါဘူးဗျာ။ သူလဲ အသက်ကလေး ရလာလို့ အသိလဲ ရလာတယ်ထင်ပါတယ်။ ဒါကြောင့်လည်း အေးရိပ်ကလေးကို ၀င်ခိုလိုတဲ့ စိတ်ကလေးကြောင့် ခုလို အအေးအလုပ်ကလေးကို လုပ်နေဖြစ်သွားတာ ထင်ပါရဲ့။ အားလုံး အေးအေးချမ်းချမ်းနဲ့ သာသာယာယာ ရှိကြပါစေဗျာ။

kothantun said...

ဦးခင်ညွန့်ရေ ခင်ဗျားကြီးအသက်အရွယ်နဲ့ သေလမ်းဖြောင့်ဖို့ ခင်ဗျားကြီး တစ်ခုခုတော့ဆုံးဖြတ်ရလိမ့်မယ် အကျဉ်းပြန်ကျခံမလား ဒါမှမဟုတ် နှစ်ပေါင်း၂၀ ကျော်အတွင်း ခင်ဗျားတို့ ခေတ်ကောင်းတဲ့ကာလတုံးက လုပ်ခဲ့သမျှ မကောင်းမှုတွေကို ပြည်သူကို ပွင့်ပွင့်လင်းလင်းအသိပေးမလားဆိုတာပါဘဲ မြန်မာလူမျိုးတွေက ခွင့်လွှတ်သီးခံစိတ် ကြီးကြပါတယ် လမ်းမှန်ကိုလဲ ရွေးစေချင်ပါတယ် ခင်းဗျားကြီး တစ်ယောက်တည်းရဲ့ ဘဝနဲ့ စစ်အုပ်စုက သတ်ဖြတ်ခဲ့တဲ့ ဖမ်းဆီးထောင်ချခဲ့တဲ့ လူတွေ ကျန်ရစ်သူတွေရဲ့ဘဝတွေ နှိုင်းယှဉ် လိုက်ရင် အဆပေါင်းမြောက်များစွာကွာပါတယ်

win said...

ဦးခင်ညွန့် တစ်ယောက် သနားပါတယ်.
သူ့ခင်များ အပြည့်အ၀ လွှတ်လပ်ခွင့် မရရှာသေးဘူး
သူ့ဘ၀ကမှတကယ်ပဲ စကားတန်ဖိုး ရွှေထက်ရှားသွားတယ်နော်
စစ်အစိုးရက ဘာလို့ ပွင့်လင်းမြင်သာဖို့ တာဝန်မယူချင်သေးလည်းဆိုတာ
ရှေ့ ဘာတွေကြုံတွေ့ရဦးမလည်းဆိုတာ
အမှန်တကယ် လက်ရှိမှာအကောင်းဖက်ကို မျှော့်လင့်တဲ့ပြည်သူရဲ့သဘောထားတွေ
အမှန်ဖြစ်လာဖို့ဆိုတာ ဘယ်သူ့ကစပြီးတော့ ဘယ်လိုထင်သာမြင်သာအောင် လမ်းပြပေးမယ်လို့ ရမလည်းမသိဘူးနော်

ကျော်သူဦး said...

သတင်းဗျာ နောက် အတင်း လူထု ဦးစိန်ဝင် ပြောသွားတဲ့
သတင်း နဲ့ ပတ်သက်လို့ သူပြောခဲ့ သူရေးခဲ့တာတွေတော်
တော်များများဖတ်ဖူး မှတ်သားဖူးပါတယ်။ အချိန်ရယ် နေရာရယ်
ဖြစ်ပျက်ပုံရယ် မှန်ကန်တိကျဖို့လိုတယ်။
နောက် တစ်ခုက သုံးသပ်တင်ပြသူရဲ့ ရှု့ထောင့်( ဆိုလိုတာက သူ့အမြင် သူ့ အတွေး သူ့ အရေး မှန်ကန်စွာ မြင်ပြီး တွေးတတ် ရေးတတ်
မြင်တတ်ဖို့ လိုကြောင်း) .....
ဒါမှသာ ပြည်သူလူထု အတွက် အကျိုးရှိတဲ့ သတင်းတစ်ပုဒ် ဖြစ်ပြီး ပြည်သူလူထု ယုံထင်ကြောင်ထင် ဖြစ်စရာမျိုး မဖြစ်စေ
ပဲ နိုင်ငံနဲ့ ပြည်သူ အားလုံး တွက် မှန်ကန်တဲ့ လမ်း ကြောင်း ကိုတည့်မတ်စွာတွေးနိုင်ဖို့ မြင်နိုင်ဖို့ ဖော်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ မြင်ပါသည်။
သတင်းမှားလို့ သုံးသပ်ဆုံးဖြတ်မှုတွေရာ စိတ်ကူးတွေရော အ
မြင်တွေပါမှားယွင်းပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေသာ ခံ ရမှာ ပြည်သူတွေသာဖြစ်ပါတယ်ခင်ဗျား။
ဖွတဲ့ သတင်းတွေ မဖြစ်စေဖို့ ...ဖွတယ်ဆိုတာ သူလည်းဖွ
နိုင်တယ် ငါလည်းဖွနိုင်တယ် ဟိုကလည်းဖွနိုင်တယ် ဒီကလည်းဖွနိုင်တယ် ဖွရင်း ဖွရင်း လုံးခြားလိုက် ပြီး ရှင်း မနိုင်
ရှင်းရင်း ရှုပ်ရင်း ရည်ရွယ်ချက် မရောက် ရည်ရွယ်ချက် တွေ
ပျောက်ပြီး ဒီ မိုကရေစိဆိုတာနဲ့ အလှမ်းဝေးမှာ ကို စိုးရိမ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ရင် တိုင်းပြည်ကိုချစ်ရင် ပြည်သူလူထုကိုချစ်ရင် ဒေါ်အောင်ဆန်းစု
ကြည် မြင်တဲ့ တွေးတဲ့ ကြည့်တဲ့ ....
ပျော့ ပြောင်းညင်သာစွာ လုပ်သွားပြောသွားတာတွေကို
အတွင်းကျ ကျ နက်နက်နဲနဲ မြင်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်နေတယ်လို့ အကြံပြုပါရစေခင်ဗျား။

ကျော်သူဦး said...

ခြင်ထောင်ထဲနေပြီးခြင်ကိုက်ခံနေရတဲ့ ကိုယ့် အဖြစ်။
ခြင်ထောင်ထဲမှာခြင်တွေရှိနေမှန်း ကိုယ်ကမှမသိပဲကိုး
အဖြစ်မှန်ဆိုတာ အမှန်ဖြစ်နေမှန်းသိချင်မှသိတာကိုး။
မှတ်ချက်တွေဖတ်ရတာလည်း ပြောတိုင်းယုံပြီး မကြေနပ်ချက်
အမြင်မကြည်လင်မှု ဆိုတဲ့ ကိုယ်ခံအားအခံနဲ့ ဆုံးဖြတ်သုံးသပ်
နေကြတာလည်းသိပ်မဟန်လှဘူးထင်တယ်။
ဒါပေမဲ့ ဒါဟာသူတို့ ရဲ့ အမြင် သူတို့ရဲ့ အတွေး သူတို့ရဲ့ ဆန္ဒ
တစ်နည်းအားဖြင့် ဟစ်တိုင်တစ်ခုလို့ ထင်ပါတယ် ။
ကောင်းပါတယ် ဟုတ် ဟုတ် မဟုတ် ဟုတ် ပြော ကြပါ။
ဒါမှ အား လုံးရဲ့ သဘောထားလေးတွေကိုမြင်ရတာလေ။

sein said...

ခင်ညွန့်လား ဘယ်မီဒီယာ နဲ့မှ မတွေ့လေ ကောင်းလေပဲ ...

Toe Gyi said...

နိုင်ငံတော်ကို မရှက်တန်း ဝန်ခံကြေငြာချက် ထုတ်ရင် ကောင်းမယ်။

KO NAING said...

honey comment လေးကောင်းပါတယ်။ နာမည်ဆိုးကိုလူတိုင်းမလိုချင်တာအကောင်းဆုံးပါဘဲ။

ဥုံဖွ said...

ကမ္ဘာပေါ်မှာ ပြန်ပြင်လို.မရတာ ကုန်ဆုံးသွားတဲ့အချိန်တွေပဲ တနည်းအားဖြင့်သမိုင်းပေါ့နော် ဘူးတစ်ထောင်ပဲဆို.လို.ရမယ်
ပါးစပ်ပေါက်တစ်ထောင်တော့ဆို.လို.ရမယ်မထင်........

မြန်မာပြည်သား said...

ခင်ညွန့်က ထုတ်ဖော်ပြီပဲထား ဒီကောင်တွေကို ဘယ်သူဖမ်းပေးမှာလဲ သိချင်တယ် ...

komaung said...

်ဦးခင်ညွှန့်ပာာ စုံထောက်တစ်ယောက်ဆိုတာလဲမမေ့ပါနဲ့ ဒီလိုအကွက်လောက်ကတော့သူ့အတွက် ပါးပါးလေးပါ ၊ ဆင်သေကိုဆိတ်သရေနဲ့ ဖုံးလို့မရပါဘူး။ ဦးခင်ညွှန့်ကဒေါ်စုကို သူကယ်ခဲ့ပါတယ်လို့ မကြားကြားအောင်တိုးတိုး လေးပြောတယ် ဒါကိုအမည်မသိတဲ့ ရဲဆိုတဲ့ ဦးခင်ညွှန့်ကပဲ အရင်ကပာာတွေပြောရင်ဖမ်းမယ်လို့ ချောက်လိုက်တယ် နောက်ဆုံးတော့ ဦးခင်ညွှန့် ခေါ်စုကို တကယ်ကယ်ခဲ့ပါတယ်လို့ထင်သွားရော။ သမိုင်းရဲ့အမဲစက်ကိုဒီလိုပျောက်ချင်လို့ဘယ်ရမလဲ။

tat said...

တိုင်းသူပြည်သားတွေ အတွက် ငဲ့ညှာသော အားဖြင့် မသေခင်တော့ သမိုင်း
ကို အမှန်အတိုင်း ဖြစ်စေ ခြင်တယ်ဗျာ ..အဲဒါကိုလည်း ဦးခင်ညွန့်ကိုယ်တိုင်
ဖော်ထုတ်မှ ရမှာဆိုတော့ ..အကုန်လုံးကို ထုတ်ဖော်ပြောစေချင်တယ်..
အမှန်ကိုအမှန်အတိုင်း ဖြစ်စေချင်ပါတယ်..ရှင်းရှင်းပြော ရရင်ဇာတ်တူသား
သာစားလိုက်ပါတော့ ဗျာ..ခင်ဗျားမစားရင်လည်း သူတို့ကတော့ ခင်ဗျားကို
သတိပေးနေ ပြီလေ ခင်ဗျားကိုစားတော့မှာ..စားမလားးးအစားခံမလား
ကြိုက်တာသာ ရွေးပေ တော့ TV မင်းသားကြီးရေ..အော်ဝဍ် ၀ဍ်
ဝဍ်ဆိုတာ နောက်ဘ၀တောင် မကူးပါလားနော်..

Hawk97 said...

နိုင်ငံနဲ့လူမျိုးအတွက် ကောင်းမယ်ဆိုရင်တော့ ဖော်ထုတ်သင့်ပါတယ်။ တစ်ခုတော့ ရှိတယ်။ တနွယ်ငင် တစဉ်ပါဆိုသလိုမျိုးဆိုရင်တော့ စဉ်းစားရပါလိမ့်မယ်။ လက်ရှိအစိုးရမှာ အရင်လူတွေ အများအပြားပြန်ပါနေလို့ပါပဲ။ အကောင်းဘက်ကို သူတို့တွေ ဦးတည်သွားမယ်ဆိုရင်တော့ ဒီအတိုင်း ထားပေးလိုက်ပါ။ အဆိုးဘက်ကို သွားတယ်လို့ မြင်သာထင်ဖြစ်လာရင်တော့ ဖော်ထုတ်သင့်တယ်။

thein sein naing said...

ဟ.ဒီအတိုင်းသာဆိုမြန်မာနှိုင်ငံမှာအာဏာရှင်မရှိဘူးဗျို့ ဆန္ဒမဲနဲ့ဘဲတင်တင် အားနဲ့ဘဲတက်တက် သတ်ချင်သလိုသတ် ပြစ်ချင်သပြစ် ယူချင်သလောက်ယူ အာ ကမ်းကုန်အောင်ရက်စက်လည်း ဒီကောင်တွေကိုနည်းနည်းလေးလုပ်ပေးလိုက်တာနဲ့အကုန်ခွင့်လွှတ်ကြတယ် ဟေ့ ဂဂ.မှသည်.၂၀၁၀.အထိရက်စက်ခဲ့တဲ့ဟာတွေကြောက်မနေပါနဲ့တောရဲဘော်တို့...

phyu phyu said...

ဦးခင်ညွန့်ကို ဘယ်လိုပဲ control လုပ်နေပါစေ
မြန်မာပြည်ဘွား ပြည်သူပြည်သား တွေက အကုန်လုံးနီးပါး သိနေပြီးသားပါ သမ္မတ အသစ်မတိုင်ခင် အရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး ဦးဆောင်တဲ့ လူတချို့ဟာ ကိုယ့်မြန်မာပြည်က ပြည်တွင်း သယံဇာတ ကိုနီးအမျိုးမျိုးနဲ့ ဖြုန်းတီးနေတာတွေကအစ သိပြီးသားမို့
ဘယ်လိုပဲ control လုပ်နေပါစေ သိပြီးသားတွေပါ
အားမတန်လို့ မာန်လျှော့နေရတာ ကို သိစေချင်ပါတယ် ..

kyaw said...

သတိရ၇င် 7th july တုံးကအကြောင်းပြန်ဖေါ်တာမှတ်မိကြမယ်ထင်ပါတယ်။u nay win က u aung gyi လို့ဖေါ်ပါတယ်။ခံရတာကကျောင်းသားနဲ့
အဖြိုခံရတာသမဂအဆောက်အဦးပါ။ဒီနေ့ထိလက်သည်အစစ်
ဘယ်သူလဲဆိုတာမပေါ်သေးပါ။နှစ်ပေါင်း၅၀၇ှိပါပြီ။ဒါကြောင့်ဒီပဲ
ယင်းအကြောင်းတိတိကျကျဖေါ်ကြပြောကြမှသမိုင်းအမှန်ပေါ်မှာ
ပါ။ ဒါဟာ genocide ပါ။ပါဝင်ပတ်သက်သူများအမှန်ဖေါ်ပေးကြပါ။
ုko kyaw

super hero said...

ဘေးက သီလရှင်တွေကလည်း သိက္ခါမရှိတောဘူးလား နောက်ကနေ လက်အုပ်ချီလိုက်ပါလာတာ ဂုဏ်ယူစ၇ာမျာ ထင်မှတ်နေကြလား တိုင်ူးပည်ကို တရုပ်ေ၇ာင်စားထာတာ မမှတ်သေးဘူးလား ဟင်း... အဆစ်ပါသွားမယ်နော်၊

Anonymous said...

သူ့ဘ၀က ထောင်ကသာထွက်လာတယ် လက်တစ်ဖက်က လက်ထိပ်နဲ့လို ဖြစ်နေပြီ။ မောင်ခင်ညွှန့် မင်းခံပေအုံးပေါ့ကွာ

demo said...

COMMENT ရေးနေကြတဲ့ ဘော်ဒါအပေါင်းတို့.....

ဦးခင်ညွန့် ဘာကြောင့် အကျဉ်းချခံရသလဲဆိုတာ ပြန်ပြီးစဉ်းစား
ပေးကြပါ.........
အဲဒီ အချိန်တုန်းက ဦးခင်ညွန့်က ဒီမိုကရေစီလမ်းကြောင်းဘက်ကို
ဦးတည်ပြီး အမေစုနဲ့ ပေါင်းမိသွားမှာကို စိုးရိမ်လို့ အပြစ်မရှိ အပြစ်ရှာ
ပြီး အဖမ်းခံခဲ့ရတာပါ
ဦးခင်ညွန့်က လူတော်တစ်ယောက်ပါ အာဏာရှိစဉ်က တိုင်းရင်း
သားတွေနဲ့ ချစ်ကြည်ရေးရအောင်ယူခဲ့တာလဲ သူပါဘဲ
ဦးခင်ညွန့်ကို အမေစုနဲ့ပူးပေါင်းနိုင်အောင် အကြံပေးလိုပါတယ်
အမေနဲ့ ဦးခင်ညွန့်ပူးပေါင်းမိရင် စစ်အာဏာရှင်တွေ ဘယ်ပြေးမလဲ
မိချိုသဲဘဲလေ.......

Powered by Blogger.