မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ သားရေစက်ရုံတွင် မီးလောင်းကျွမ်းမှု ဖြစ်ပွား

မင်းမင်းလတ်(မြစ်မခ-မန္တလေး)
by Myit Makha Mediagroup on 10 Apr, 2012
၂၀၁၂ ခုနှစ် ဧပြီလ ၁၀ရက်နေ့ နံနက်(၄)နာရီအချိန်က မန္တလေးမြို့
ပြည်ကြီးတံခွန်မြို့နယ် ၊  တံခွန်တိုင် ကမ္မ၀ါတန်းရှိ
သားရေစက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုသည်ဖိနပ်အောက်ခံသာရေးကရစ်စများထားသောစက်ရုံဖြစ်ပြီး
ဖိုက်ဘာစများပုံထားရာမှအပူများပြီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
မန္တလေးဗဟိုမီးသတ်သတင်းမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ပေနှစ်ဆယ် ပေသုံးဆယ်
နံကပ်သွပ်မိုးအဆောက်အဦးတစ်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေ
ခုနှစ်သိန်းခွဲ ဆုံးရှုံးမှုရှိကြောင်းသိရသည်။

မီးလောင်ရာနေရာသို့ မီးသတ်ယဉ်ဆယ်စီးခန့်ရောက်ရှိလာပြီး
နာရီဝက်ခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

“ မီးလောင်တာကိုတော့ ချက်ချင်းမသိကြဘူး ၊ သူတို့ အလုပ်သမားတွေနဲ့
ဝိုင်းငြိမ်းနေကြတာ ၊ မနိုင်တော့မှ ပတ်ဝန်းကျင်ကသိတာ ၊ အဲဒီအချိန်က
ကျနော်လဲ နိုးနေတဲ့အချိန်ဆိုတော့ ၀ိုင်းငြိမ်းပေးလိုက်နိုင်တယ် ” ဟု
အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ သားရေစက်ရုံတွင် မီးလောင်းကျွမ်းမှု ဖြစ်ပွား မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ သားရေစက်ရုံတွင် မီးလောင်းကျွမ်းမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:50 Rating: 5

3 comments:

Anonymous said...

မီးကိုဂရုစိုက်ကြပါ

ကဗျာပျံသန်း(တောင်ကြီး) said...

သင့်ကြောင့် မီးမလောင်ပါစေနှင့်၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။

ကဗျာပျံသန်း(တောင်ကြီး) said...

ပစ္စည်းလည်းကုန်၊ လူလည်းထောင်ကျမည့် အဖြစ်မျိုးမဖြစ်ပါစေနဲ့

Powered by Blogger.