ဝင်​ငွေ​ကောင်း​ပြီး​ချမ်း​သာလွန်း​သူများ​ အခွန်တိုး​ပေး​ရ​တော့​မည်

ဦး မောင် သန်း
မြန်မာနိုင်ငံမှာ အခု ဘဏ္ဍာ​ရေး​နှစ်ကစပြီး​ တစ်ဦး​ချင်း​ ဝင်​ငွေ ၁လ ကျပ်​ငွေ ၁သိန်း​ ၂ ​သောင်း​ရှိ သူ​တွေ အခွန် စတင်​ဆောင်ရ​တော့​မှာ ဖြစ်ပါ တယ်။ ဒီသတ်မှတ်ချက်မှာ အစိုး​ရ၊​ ပုဂ္ဂလိက အား​လုံး​အကျုံး​ ဝင်တယ်တယ်လို့​ သတ်မှတ် ထား​ပါ တယ်။

အရင်က​တော့​ တဦး​ချင်း​ ၁ လ ကျပ် ၃ ​သောင်း​ အထက်ကို အခွန်​ဆောင်ဖို့​ သတ်မှတ် ထား​ရာက​နေ ဘဏ္ဍာ​ရေး​နဲ့​အခွန်ဝန်ကြီး​ဌာနက ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က ​ပြောင်း​လဲ သတ်မှတ်ခဲ့​ တာပါ။

၁ ကျပ်က​နေ ၅ သိန်း​အထိ အခွန်ကို ၁ ရာခိုင်နှုန်း​ ဖြစ်ပြီး​ ၅ သိန်း​ ကွား​ခြား​သွား​တိုင်း​ ၁ ရာခိုင်နှုန်း​ အခွန်တိုး​ကောက်ခံသွား​မှာ ဖြစ်ပါတယ်။ ကျပ်သိန်း​ ၂၀၀ အထက်ကို​တော့​ ၂၀ ရာခိုင်နှုန်း​ ​ပေး​ဆောင်ရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာ​ရေး​နဲ့​ငွေ​ကြေး​ဆိုင်ရာ နိုင်ငံ​တော်အကြံ​ပေး​အဖွဲ့​ဝင် ဦး​မော်သန်း​က “လုပ်ငန်း​အသီး​သီး​လုပ်​နေကြတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ တ​ပြေး​ညီတည်း​ အခွန်ထမ်း​ဆောင် သင့်​တယ်။ ထူး​ကုမ္ပဏီတို့​(​တေဇတို့​) အများ​ကြီး​ရှိတယ်​လေ။ သူတို့​ကအခွန် ​ဆောင်သင့်​ သ​လောက် မ​ဆောင်​တော့​ဘူး​။ သူတို့​လည်း​ ​ဆောင်ရမှာ​ပေါ့​၊​ အဲဒါဆိုရင်ပို ​ကောင်း​မှာ..။”

စီး​ပွား​ရေး​လုပ်ငန်း​တွေကို ၁ ကျပ်မှ ၅ သိန်း​အထိ ၂ ရာခိုင်နှုန်း​၊​ ၅ သိန်း​ တိုး​သွား​တိုင်း​ ၂ ရာခိုင်နှုန်း​ တိုး​သွား​မှာ ဖြစ်ပါတယ်။ သိန်း​ ၃၀၀ နဲ့​အထက်က​တော့​ ၃၀ ရာခိုင်နှုန်း​ ဖြစ်ပါတယ်။ အိမ်ခြံ​မြေ ​ရောင်း​ဝယ်ခြင်း​ လုပ်ငန်း​မျိုး​ကို​တော့​ တလ ကျပ် ၁၂ သိန်း​ဝင်ရင် အခွန် စ​ပေး​ရမှာ ဖြစ်ပါတယ်။

ဦး​မော်သန်း​က “မြန်မာနိုင်ငံမှာပြဿနာက အစိုး​ရကလည်း​ ရသင့်​ရထိုက်တဲ့​ အခွန်ကိုမရဘူး​။ ကုန်သည်များ​အတွက်လည်း​ အခွန်​ဆောင်ရတာ မတရား​ဖိစီး​တယ်။ မရတာကလည်း​ ​ကောက်တဲ့​အခွန်က မ်ွမ်ွတတ ​ကောက်ရင်​ပေး​တဲ့​ သူကလည်း​ ​ပေး​ချင်တာ​ပေါ့​။ မတရား​ ​ကောက်တဲ့​အခါကြ​တော့​ အခွန်​ရှောင်တိမ်း​တာ​တွေ ဖြစ်တာ​ပေါ့​။ ဦး​ပိုင်ကို အခု​ကောက်​တော့​မယ်။ ဒါကလည်း​ ဆရာတို့​လက်မှတ်ရ စာရင်း​ကိုင်များ​အသင်း​က ဆိုတာထက် ပုဂ္ဂလိက စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက ​အော်တာ​ပေါ့​။ ဦး​ပိုင်ကြ​တော့​ အခွန်မ​ကောက်ဘူး​။ ကျွန်​တော်တို့​ကျ ​တော့​ အခွန်​ကောက်တယ်။ အရင်တုန်း​ကလည်း​ အစိုး​ရဝန်ထမ်း​တွေအတွက် အခွန်မရှိဘူး​။ အပြင်လူ​တွေကြ​တော့​ အခွန်​ကောက်တယ်။ အဲ့​ဒါ​တွေလည်း​ အခုကြ​တော့​ တ​ပြေး​ညီ​ပေါ့​။ သူတို့​က​တော့​ လက်သိပ်ထိုး​ပြီး​ နည်း​နည်း​ညှာချင် ညှာမှာ​ပေါ့​လေ။ မ်ွမ်ွတတ မရှိ​တော့​ လူထုရဲ့​ ယုံကြည်မှုလည်း​ မရှိဘူး​လေ။ ဘာပဲဖြစ်ဖြစ် မ်ွမ်ွတတ​ပေါ့​။”

အခွန်နှုန်း​ထား​ပြောင်း​လဲ သတ်မှတ်လိုက်တဲ့​အ​ပေါ် လုပ်ငန်း​ရှင်​တွေနဲ့​ ဝင်​ငွေနည်း​ ဝန်ထမ်း​တွေက ကြိုဆိုကြပါတယ်။ အခွန်ကို ထမ်း​ဆောင်တဲ့​ ​နေရာမှာ မ်ွမ်ွတတနဲ့​ လူတန်း​စား​မ​ရွေး​ ​ပေး​ဆောင်ရမည်ဆိုရင် သူတို့​အ​နေနဲ့​ ​ပေး​သင့်​ပေး​ထိုက်တဲ့​ အခွန်ဖြစ်တယ်လို့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။

“လုပ်ငန်း​အသီး​သီး​လုပ်​နေကြတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ တ​ပြေး​ညီတည်း​ အခွန်ထမ်း​ ​ဆောင် သင့်​တယ် လုပ်ငန်း​ရှင်ကြီး​တွေ အများ​ကြီး​ရှိတယ်​လေ။ သူတို့​က အခွန်​ဆောင် သင့်​သ ​လောက် မ​ဆောင်​တော့​ဘူး​။ သူတို့​လည်း​ ​ဆောင်ရမှာ​ပေါ့​။ အဲဒါဆိုရင်ပို​ကောင်း​မှာ။”

မြန်မာပြည်ဟာ ပြည်သူ​တွေရဲ့​ အခွန်​ငွေက ရရှိတဲ့​ငွေ နည်း​ပါး​တဲ့​ နိုင်ငံဖြစ်ပါတယ်။ ပြည်သူ ​တွေကို အခွန်​ဆောင်ဖို့​ ပညာ​ပေး​မူ​တွေ လုပ်ဖို့​လိုသလို အခွန်​ပေး​ ​ဆောင် မူ​တွေကို မှန်မှန် ကန်ကန် ကြီး​ကြပ်စစ်​ဆေး​ဖို့​။ လုပ်ငန်း​ရှင်​တွေ အား​လုံး​ကို ဘက်မလိုက်ဘဲ မ်ွမ်ွတတ အခွန်​ဆောင် ​စေဖို့​ကိုလည်း​ လုပ်​ဆောင်ဖို့​ လိုအပ်​နေပါ တယ်။

ဒီဗွီဘီ
ဝင်​ငွေ​ကောင်း​ပြီး​ချမ်း​သာလွန်း​သူများ​ အခွန်တိုး​ပေး​ရ​တော့​မည် ဝင်​ငွေ​ကောင်း​ပြီး​ချမ်း​သာလွန်း​သူများ​ အခွန်တိုး​ပေး​ရ​တော့​မည် Reviewed by သစ်ထူးလွင် on 15:13 Rating: 5

9 comments:

Ko Htet said...

ကြိုဆိုပါတယ်ခင်ဗျာ၊
ဖြစ်သင့်တာကြာပါပြီ။

မောင်ငွေ said...

အခွန်ထမ်းမည့် စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံ အသိပေးထားသင့်ပါတယ်။ နိုင်ငံတော်အတွက်ပေးရတာဆိုပေးသင့်တယ်။
ပုဂ္ဂိုလ်ရေး(အခွန်ဦးစီးဆိုသူတွေဆီ)ပေးရတာကိုသာ မသထာကြတာပါ။
နိုင်ငံအတွက်ဆိုက အလှူလို့သဘောထားရင် ကုသိုလ်တောင်ရသေးပေါ့။

တွတ်ပီ said...

တွတ်ပီကိုတော့ချမ်းသာပေးပါ.. ဂုန်နီအိပ်ရောင်ဝတ်ပြည်တွင်းအခွန်ဦးစီးမှုးမှ
ဗိုလ်ကြီးများ..ဗိုလ်မှုးများ ဦးစီးမှုးများ ခင်ဗျား
တွတ်ပီလည်း.. တေဇတို့ သစ်ခုတ်လို့ ရိုးမလည်းပြောင်ဘီ..တော့မလိုက်ပဲ
ချဲရောင်းနေရတယ်..ဗျ..ချမ်းသာပေးပါ..ချမ်းသာပေးပါ

saw 00 said...

တရားမ၀င် ၀င်ငွေ ရှိတဲ့ သူတွေကို ကြတော့ ဘယ်လိုလုပ်ကြမှာလဲ ၊

Myanmar said...

သန်းခေါင်းစာ၇င်းမှန်မှန်ကန်ကန်မှ၇ှိဘို့ သိပ်ကိုအေ၇းကြီးပါတယ်။ သန်းခေါင်းစာ၇င်းမှန်မှန်ကန်ကန်မ၇ှိတော့ ဘေးက တ၇ုတ်ကုလား လုပ်သမျှ ခံ၇မယ်။ ။

Unknown said...

အခွန်ဆောင်ထားတဲ့ငွေတွေ တိုင်ပြည်ဘဏ်ဏာထဲ တကယ်ေ၇ာက်မှာလားဗျာ

ksquare said...

တရားမှမဝင်တာပေးစရာမလိုဘူးလေ

ponenya said...

ဦးတေဇ တို့ asia world တို့တော့ သေပြီပေါ့
ဒါပေမဲ့လဲ ဒီစစ်အုပ်စုအပေါင်းအပါတွေက အခွန်ကို အကုန်ဆောင်မယ်မထင်ပါဘူးေ၇ှာင်လိမ့်မယ်နော်
ကြည့်ကြသေးတာပေါ့

mad dog said...

ဦးမောင်သန်းေ၇.... ၀န်ကြီးတွေကိုသာ အ၇င်သေချာ စစ်ပြီး အခွန်ဆောင်ခိုင်းပါဗျာ.....

Powered by Blogger.